ဆေးပြိုင်ပွဲ ၃
Vol. 011 Ch. 1022
နေ့လည်ရောက်သောအခါ အရင်နေ့က ပြိုင်ပွဲရလဒ်များထွက်လာ သည်။
ရလဒ်များမှာ မျှော်လင့်ထားသည့်အတိုင်းပင်။ ရှီမာယူယူသည် စာရင်း ထိပ်ဆုံးတွင်ရှိနေကာ ဒုတိယနှင့်အမှတ်ကွာနေကာ တတိယသည် ဒုတိယနှင့် သိပ်မကွာလှပေ။
မုန့်ဆန်းချွယ်နှင့် တခြားသူများသည် ရလဒ်ကိုသိသောအခါ ပီတိဖြစ် ကြသည်။ သူမ အမှတ်ကိုအခြေခံလျှင် အဆင့်၁၀၀အတွင်းရောက်သည်ကို ပင်မပြောနှင့် ပထမနေရာကိုပင်ရနိုင်သည်။ နောက်ဆုံးတော့ ဂိုဏ်းသည် နားထင်မှ ချွေးကိုသုတ်နိုင်တော့မည်။
ရှီမာယူယူသည် ပြိုင်ပွဲရလဒ်အပေါ် ဘာတုန့်ပြန်မှုမှမပေးပေ။ သူမ မေးရုံသာမေးလေသည် “ပြိုင်ပွဲမှာ ပွဲစဉ်ဘယ်နခုပါတာလဲ အကုန်ပြီးမှ ပျော် လည်းနောက်မကျပါဘူး”
သူမသည် ရှီမာလွီရွှမ်၏ အသက်ကျောက်စိမ်းကိုယူထားသည်။ သူ၏ တည်နေရာကို မသိသေးသဖြင့် သူမ မပျော်နိုင်သေးပါ။
သူမ ဒီတစ်ခေါက်ကြိုးစားရသည့်အကြောင်းအရင်းမှာလည်း သူ့ အတွက် ဂုဏ်ယူစရာသမီးတစ်ယောက်ဖြစ်လိုခြင်းကြောင့်ဖြစ်သည်။ သို့သော် ထိုအရာကို သူ့မျက်လုံးနှင့်ပင် မမြင်နိုင်ပေ။
သူမ သူ့ကိုသွားရှာချင်သော်လည်း မလုပ်နိုင်ပေ။ သူမ လုပ်နိုင်သည်မှာ ကျင့်ကြံခြင်း၊ ကျင့်ကြံပြီးရင်း ကျင့်ကြံခြင်းသာဖြစ်သည်။
သူမ သန်မာလာသည်နှင့် သူ့ကိုသွားရှာနိုင်မည်။ သူမ အမေ ဘာဖြစ် သွားသည်ကိုလည်း သိနိုင်မည်ဖြစ်သည်။
သူမ ကိုယ်ပိုင်အင်အားကြီးတည်ထောင်သည်မှာလည်း လမ်းကြောင်း တည့်နေလေပြီ။ နောက်ပိုင်းကိစ္စများကို ဝင်စွက်ဖက်ရန် မလိုတော့ပေ။ သူမ ပခုံးပေါ်တွင် ထမ်းထားရသည့်ကိစ္စများကိုတွေးကြည့်လိုက်ချိန်တွင် ဒီတစ်ကြိမ်ပြိုင်ပွဲပြီးသည်နှင့် အားအင်တိုးရန် တံခါးပိတ်ကျင့်ကြံခြင်းကို သေချာလုပ်ရမည်ဟု ခံစားရသည်။
နောက်နေ့မနက်တွင် ပြိုင်ပွဲဒုတိယပွဲစလေသည်။ ပြိုင်ပွဲဝင်အရေ အတွက်မှာ တစ်ဝက်လျော့သွားသည်။
“ဒီနေ့ပြိုင်ပွဲအတွက်ကတော့ မင်းတို့ကျွမ်းကျင်တဲ့ ဆေးသုံးမျိုးကို ဖော် ရမယ်၊ ကိုယ့်ဆေးဖက်ဝင်ပစ္စည်းတွေပဲ ပြင်ဆင်ရမယ်၊ ရလဒ်ကတော့ အဆင့် အချိန်၊ ပြိုင်ပွဲဝင်မယ့် ဆေးအရည်အသွေးအစရှိသဖြင့် ပေးသွားမယ်၊ ကံကောင်းပါစေ”
ဒီတစ်ခေါက်ပွဲကို အားလုံးသိထားသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် ပင် သူတို့လိုအပ်မည့်ဆေးပစ္စည်းများကို မှော်ဝင်ပစ္စည်းများထဲတွင် ပြင်ဆင် ထားပြီးဖြစ်သည်။ ဂျီချင်းယွမ် ကြေညာပြီးသည်နှင့် ပစ္စည်းကိရိယာများထုတ် ကာ ကျွမ်းကျင်သည့် ဆေးဖော်ရန် စတင်လေသည်။
သူတို့ယူရမည့်အချိန်မှာ ပြီးခဲ့သည့်ပွဲထက် နည်းသည်။ ထို့အပြင် မည်သည့် ဆေးဖိုပေါက်ကွဲမှုမှရှိမည့်ပုံမပေါက်ပေ။ အားလုံးသည် အချိန်ကိုက် ပင် ဆေးဖော်ပြီးလေသည်။ ရှီမာယူယူကဲ့သို့ ပါရမီရှင်ကတော့ တခြားသူများ ထက် မြန်လေသည်။
နောက်ဆုံးရလဒ်ကို နောက်တစ်နေ့တွင် ကြေညာလေသည်။ ရှီမာယူယူ ပထမရသောအခါ အံ့သြမည့်သူမရှိတော့ပေ။
ဒီတစ်ခေါက်ပွဲတွင် ပြိုင်ပွဲဝင်ရာချီ ပြုတ်သွားရာ အဆင့်၁၀၀ထိရသော ပြိုင်ပွဲဝင်သာ နောက်တစ်ဆင့်တက်ရလေသည်။
ပြိုင်ပွဲ ၃ပွဲမြောက်စတင်ချိန်တွင် အဖွဲ့၂မှ ပြိုင်ဝင်၁၀၀ကျန်ရှိလေသည်။ နောက်ပိုင်းပြိုင်ပွဲမှာ ပိုစိတ်လှုပ်ရှားစရာကောင်းလာသဖြင့် တတိယပွဲစတင် သည်နှင့် အဖွဲ့နှစ်ဖွဲ့မှာ တစ်ချိန်တည်းမပြိုင်တော့ပဲ တစ်ရက်စီခွဲလိုက်သည်။ ပြိုင်ပွဲ၂ခုလုံးကို ကြည့်ရန် အားလုံးကိုခွင့်ပြုထားသည်။
“မင်းမှာ ဒီလိုအဂ္ဂိရတ်ပညာအရည်အချင်းရှိမယ်လို့ မထင်ထားဘူးပဲ၊ ဒါပေမဲ့ ကြက်ကန်းဆန်အိုးတိုးတဲ့အချိန်လည်းရှိတတ်တာပဲ ဟုတ်တယ်မလား” ဂူရှီဖင်သည် ရှီမာယူယူကိုဖြတ်လျှောက်ပြီး နှာခေါင်းရှုံ့လေသည်။
ရှီမာယူယူသည် မကြားချင်ဟန်ဆောင်ကာ ခေါင်းငုံ့ပြီး လက်သည်းများ ကိုကစားနေလိုက်သည်။
သူ့လိုလူမျိုးကြောင့် ဒေါသထွက်ဖို့မလိုဘူး။
ဂူရှီဖင်သည် အဖြေကိုမျှော်လင့်ထားသော်လည်း သူမ တစ်ချက်ကြည့် လိုက်သည်နှင့် သူ့နေရာသို့ပြန်သွားလေသည်။
တတိယပွဲသည် ဆေးအစုံလိုက်ဖော်ရမည်ဖြစ်သည်။ သို့သော် ပထမပွဲ နှင့်မတူပေ။ ဆေးများသည် သာမန်ကျသော်လည်း ဖော်ရန်ခက်သည်။
ထို့အပြင် ဒီတစ်ခေါက်ပွဲတွင် ဖော်ရမည့်ဆေးကို လက်ဆင့်မကမ်းရပေ။ အသင်းသည် ဆေးနည်းလမ်းနှင့် ဆေးဖက်ဝင်များကို ပေးထားကာ ဆေးဖော် သည့်ရိုးရာအတိုင်း ပြိုင်ပွဲဝင်များကို လေ့လာမည့်အချိန်ပေးထားသည်။
စားပွဲတစ်ခုစီတွင် ဆေးပစ္စည်းသုံးပုံရှိသည်။ ဆိုလိုသည်မှာ လူတိုင်းတွင် အခွင့်အရေး ၃ကြိမ်ရှိသည်။ အခွင့်အရေးအားလုံးကိုသုံးလိုက်ပါက သူတို့ သည် ချက်ချင်းပင် အရည်အချင်းမမှီတော့ပေ။
ဂျီချင်းယွမ် ပြိုင်ပွဲစတင်သည်ကိုကြေညာလိုက်သည်နှင့် ပြိုင်ပွဲဝင်များ သည် ဆေးညွှန်းကိုထုတ်ကာ စတင်လေ့လာတော့သည်။ တချို့သူများသည် သူတို့မြင်ဖူးသည့် ဆေးများဖြစ်သဖြင့် ပျော်ရွှင်ကြသူများလည်းရှိသည်။ သူတို့ သည် ချက်ချင်းပင် ဆေးစတင်ဖော်တော့သည်။
ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့သည် ဒီအဖြစ်မျိုးဖြစ်မည်ကို သိ ထားသည်မှာကြာပြီဖြစ်သည်။ ဆေးညွှန်းကိုအရင်က ဘယ်သူမှမမြင်ဖူးခြင်း မှာမဖြစ်နိုင်ပေ။ မျှမျှတတဖြစ်စေရန် သူတို့သည် ဆေးညွှန်းနှင့် ဆေးပစ္စည်း များကို အနည်းငယ်စီပြောင်းထားသည်။ ထို့ကြောင့် နည်းလမ်းမှာလည်း ကွဲပြားရမည်ဖြစ်သည်။
“ဘုန်း”
ပေါက်ကွဲသံသည် အားလုံးကိုလန့်သွားစေပြီး လှည့်ကြည့်ကြလေ သည်။
နောက်တစ်ယောက်ကျရှုံးသည်ကိုမြင်သည့်အခါတွင်တော့ ပျော်ရွှင် သော အမူအရာကိုပြကြလေသည်။
ရှီမာယူယူသည် တစ်ချက်လောက်သာကြည့်ပြီး စိတ်ပြန်စုကာ လက်ထဲ မှ ဆေးညွှန်းကိုဆက်လေ့လာသည်။
သူသည် ထိုနည်းလမ်းကိုအရင်ကတွေ့ဖူးသည်။ သို့သော် သေချာ ကြည့်လျှင် အလယ်ပိုင်းနားတွင် အပြောင်းအလဲအနည်းငယ်ရှိသည်ကို တွေ့ လိုက်ရသည်။ ထို့ကြောင့်ပင် သူမသည် ဆေးမဖော်သေးခြင်းဖြစ်သည်။ မစ ခင်တွင် အချိန်ယူပြီးသေချာစွာ လေ့လာရန် ဆုံးဖြတ်ထားသည်။
တစ်နာရီကုန်ဆုံးပြီးနောက်တွင် အများစုမှာ ဆေးစတင်ဖော်နေကြပြီ ဖြစ်သည်။ ရှီမာယူယူသည်လည်း ဆေးပစ္စည်းများကို စတင်စစ်ဆေးနေပြီဖြစ် သည်။
“ဘုန်း”
နောက်ဆေးဖိုတစ်လုံး ပေါက်ကွဲပြန်သည်။
“ဘုန်း”
“အုန်း”
ပေါက်ကွဲသံများ ပိုထွက်လာရာ ပြိုင်ပွဲဝင်များသည် စိတ်လှုပ်ရှားပြီး ပို အာရုံစိုက်ကြလေသည်။
ရှီမာယူယူသည် ဆေးပစ္စည်းများကို စစ်ဆေးပြီးနောက်တွင် ပင့်သက် ပြင်းပြင်းရှိုက်ကာ ဆေးစတင်ဖော်တော့သည်။
“အုန်း”
“ဘုန်း”
ပေါက်ကွဲသံများသည် ရှီမာယူယူ၏ အရှေ့၊ ဘေးမှထွက်လာကြသည်။ သို့သော် သူမကို အနှောင့်အယှက်မဖြစ်ပေ။ သို့သော် ပေါင်းစပ်ကျိုသည့် လုပ်ငန်းစဉ်တွင် ဆေးပစ္စည်းနှစ်ခုထည့်ရမည့် အချိန်လွဲသွားသဖြင့် ဆေး ပစ္စည်းများအကြား အနည်းငယ်ပဋိပက္ခဖြစ်သောကြောင့် သူမဆေးဖိုသည် လည်း တူညီသောကံကြမ္မာကိုရင်ဆိုင်ရလေသည်။
သူမသည် တခြားသူများနှင့်မတူပေ။ သူမသည် ကျရှုံးသွားသော ဆေး အရည်များကို ချက်ချင်းသွန်မပစ်ပေ။ ထိုအစား သူမ ထုတ်ပြီးနောက် သေချာ စစ်ဆေးပြီးမှ ဘေးသို့ထားကာ ပြန်လည်စတင်သည်။
ဒီတစ်ကြိမ်တွင် သူမ ဆေးဖော်မှုသည် ချောမွေ့နေသည်။ သူမသည် အချက်များအားလုံးကို မှတ်ယူကာ ပြီးခဲ့သည့်တစ်ခေါက်ပေါက်ကွဲခဲ့သည့် နေရာအရောက်တွင် ပိုဂရုစိုက်လေသည်။ ဆေးဖိုထဲမှ အသံများထွက်လာ သော်လည်း သူမ၏ အတွေ့အကြုံကြောင့် အထဲတွင်ဆူညံသံဖြစ်အပြီးတွင် ငြိမ်ကျသွားလေသည်။
ဆေးအရည် လုံးဝအရည်ပျော်ပြီးသည်နှင့် နောက်ပိုင်းလုပ်ငန်းစဉ် သည် သူမအတွက် ပြဿနာမဖြစ်တော့ပေ။
လျင်မြန်စွာပင် ဆေးအနံ့မှာ လွှင့်ပျံလာကာ သူမ၏ ချည်နှောင်ခြင်း လုပ်ငန်းစဉ်အောင်မြင်လေသည်။
သူမသည် ဆေးများကို ကျောက်စိမ်းပုလင်းထဲထည့်ရာ လူတစ်ယောက် သည် ချက်ချင်းပင် သူမ၏ အမှတ်ကိုယူလေသည်။ သူမ နောက်မှသိရသည် မှာ သူမသည် ပထမဆုံးအောင်မြင်သည့်သူမဟုတ်ပေ။ သူမနောက်တွင် လည်း အောင်မြင်သည့်သူများစွာရှိကြသည်။
သူမအတွက် ပိုအံ့သြစရာမှာ ဂူရှီဖင်သည် သူမထက်ပင် အရင်ပြီးနှင့် ခြင်းဖြစ်သည်။ သူ့လို တခြားသူကိုရန်စတတ်သူသည် ခေါင်းမရှိဟုထင်ခဲ့ သည်။ သူ့အတွင်ခိုင်မာမှုတစ်ခုရှိလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။
ဒီနေ့ပြိုင်ပွဲတွင် နောက်ဆုံးပြိုင်ပွဲသို့တက်ရောက်ရမည့် ပြိုင်ပွဲဝင်များကို ရွေးချယ်မည်ဖြစ်သည်။ ရှီမာယူယူသည် သူမ ပတ်ပတ်လည်ကိုကြည့်ပြီး အဆင့်တက်နိုင်မည့်သူများကို ခန့်မှန်းလိုက်သည်။
နောက်တစ်နေ့တွင် အဖွဲ့၂မှာ အနားယူကာ အရင်နေ့မှ ရလဒ်ကို စောင့် ပြီး အဖွဲ့၁မှာ ပြိုင်ပွဲကိုစိတ်လှုပ်ရှားစွာပင် စတင်လေသည်။
ဒီတစ်ခေါက်တွင် ရှီမာယူယူသည် ပြိုင်ပွဲနားနေသည့်နေရာမှ ကြည့်ရှု သူနေရာဖြစ်သွားသောကြောင့် နေရာမတူတော့ပေ။ သူမ ကြည့်ရသည့် ထောင့်မှာလည်းမတူတော့ပေ။
လူတစ်ယောက်သည် သူမဘေးတွင်ထိုင်နေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်ပြီးပြောလိုက်သည် “ဒီမှာဘာလာလုပ်တာ လဲ မင်းကို တစ်ယောက်ယောက်ကသတ်မှာမကြောက်ဘူးလား”
ရှီချန်းကျိသည် ယပ်တောင်ကိုဖွင့်ပြီး လှုပ်ရမ်းကာ “ငါကြောက်တယ် ဆိုရင် ရှီချန်းကျိ မဟုတ်တော့ဘူး”
“ဘဝင်မြင့်နေတယ်” ရှီမာယူယူသည် ထိုမျှလောက်ပြောပြီး “အဲဒါ သူ ပဲမလား အစတုန်းက သူ ကျန်းမျိုးနွယ်ထဲဝင်ရောနေတာမလား ပြိုင်ပွဲကျ တခြားပုံစံနဲ့ ဘာလို့ပေါ်လာတာလဲ”
“ပြိုင်ပွဲကိုဖျက်တာထက် သူတို့မျက်နှာကိုရိုက်တာက ကောင်းတယ်လို့ မင်းပဲပြောတာမလား” ရှီချန်းကျိသည် သူမကို မေးခွန်းပြန်ထုတ်လေသည်။
ရှီမာယူယူသည် မှင်တက်သွားသည်။ သူမသည် ထိုအတိုင်းပြောခဲ့သည် မှာမှန်သည်။ သို့သော် ဟန့်မြောင်ရွှမ်နှင့် တခြားသူများကိုပြောခဲ့ခြင်းဖြစ် သည်။ သေချာစဉ်းစားကြည့်လိုက်ရာ သူသည် သူမနှုတ်ခမ်းလှုပ်ရှားပုံကို ကြည့်ပြီး သူမပြောလိုက်သည့်စကားကို သိသွားသဖြင့် အစီအစဉ်ပြောင်း လိုက်ခြင်းဖြစ်မည်။
***