ဆေးပြိုင်ပွဲ ၅
Vol. 011 Ch. 1023
ရှီမာယူယူ သံသယဝင်နေသည်ကို ရှီချန်းကျိမြင်သည်နှင့် ပြုံးပြီးပြော လိုက်သည် “မင်းကြည့်ရတာ မင်းက သူ့အတွက် ဘယ်လောက်အရေးကြီးလဲ ဆိုတာကို မသိဘူးထင်တယ်”
“အဲလိုပြောလား” သူမသည် ကျန်းကျူရှန့်ဟုသံသယရှိသော လူစိမ်းကို ကြည့်ပြီး မတတ်သာစွာအနည်းငယ်ပြုံးပြီး ရေရွတ်လိုက်သည်။
“သူ့ရင်ထဲမှာခါးသက်နေလို့ပါ” ရှီချန်းကျိ ပြောလေသည် “နည်းနည်း အပိုလုပ်ပြီးပြောတယ်ဆိုပေမယ့် သူ့ကိုနှစ်တစ်ရာကျော်သိလာတာ သူ့ မျက်လုံးကနေ သူ့စိတ်ကိုဖတ်နိုင်တယ်၊ သူ့ရဲ့ ဒေါသတွေ အမုန်းတရားတွေ ခံစားမှုကင်းတာတွေ၊ သက်တောင့်သက်သာမရှိတာတွေ အဲဒါတွေငါအကုန် သိတယ်”
“ခင်ဗျားက သူနဲ့ပတ်သတ်ပြီးတော့ စိတ်အားထက်သန်လွန်းတဲ့ ပုံပေါက်နေတယ်” ရှီမာယူယူသည် ကြက်သီးများထသွားသလိုပင်။
“ဟီးဟီး ငါက အဖြောင့်သမားလေးပါ၊ မိန်းကလေးတွေကိုပဲစိတ်ဝင်စား တယ်” ရှီချန်းကျိ ပြောလေသည်။
“အင်းအင်း ခင်ဗျားကြိုက်တာ ရှီချူးရှောင်ပါ ဒါပေမဲ့ သူက မိန်းကလေး တစ်ယောက်ပဲလေ မိန်းကလေးတွေအကုန်လုံးကိုကိုယ်စားမပြုဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ဒါကိုတောင်သိလိုက်သေးတယ်” ရှီချန်းကျိသည် မငြင်းဆန်ပေ “သူမက ငါ့ကိုအရင်ကတည်းက ထည့်အတွက်တာတော့နှမြောဖို့ကောင်း တယ်”
“အရင်ကတည်းကလို့ ခင်ဗျားကိုယ်တိုင်ပြောတာနော် အခုတော့ မတူ တော့ဘူး၊ သူမက ခင်ဗျားကိုမခွဲနိုင်ဘူးဆိုတာ ကျွန်တော်ပြောနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒါကလည်း သူမက ငါ့ကိုချစ်လို့မဟုတ်ဘူးလေ ဒါပေမဲ့ အဲဒါ ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူကဂရုစိုက်မှာလဲ သူမက ငါ့ဘေးမှာရှိနေရင် လုံလောက်ပြီလေ” ရှီချန်းကျိ၏ အပြုံးသည် အနည်းငယ်နာကျင်နေသည်။
“စဉ်းစားတာတော်တယ်” ရှီမာယူယူ ပြောလိုက်သည် “တစ်ခါတလေ လူနှစ်ယောက်ကအတူရှိပေမယ့် စိတ်ထဲမှာမရှိတဲ့အချိန်တွေလည်းရှိတယ် လေ”
“မင်းက အရင်ကကြုံတွေ့ဖူးတဲ့သူကျနေတာပဲ” ရှီချန်းကျိ ပြုံးလိုက် သည်။
“မတွေ့ကြုံရဘဲနဲ့ ကြည့်ရုံနဲ့တင်သိနိုင်တဲ့ တချို့အရာ တွေရှိတယ်လေ” ရှီမာယူယူ ပြောလိုက်သည်။
“ဟီးဟီး ဟုတ်မှာပေါ့” ရှီချန်းကျိသည် ရယ်ရုံသာရယ်လေသည်။ သူမ သည် သူနှင့်သဘောတူသည် မတူသည်ကို သူ မသိပေ။
နောက်ပိုင်းတွင် သူတို့နှစ်ယောက်သည် စကားမပြောကြပဲ အောက်မှ ပြိုင်ပွဲကိုသာကြည့်ကြလေသည်။ ကျန်းကျူရှန့်အပြင် ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့လည်း အောင်မြင်ကြသည်။ ဂိုဏ်းမှ တခြားကျောင်းသား များသည် ထိုအဆင့်အတွက် အရည်အချင်းမမှီကြပေ။
ကျန်းကျူရှန့် နားနေချိန်တွင် ကျန်းကျူကျိကိုကြည့်လိုက်သည်။
ပြိုင်ပွဲပြီးသွားသည့်အခါ ကျန်းကျူကျိသည် အဆင့်၁၀အတွင်း သေချာ ပေါက်မဝင်နိုင်ပေ။ သူတို့စွန့်ပစ်ခဲ့သောသူက ပါရမီရှင်ဖြစ်တာကို သိသွားရင် ဘယ်လိုအမူအရာတွေဖြစ်သွားကြမှာပါလိမ့်။
ရှီမာယူယူသည် ကျန်းကျူရှန့်၏မျက်လုံးများကိုကြည့်ပြီး မသိမသာ သက်ပြင်းချမိသည်။
အချိန်ကုန်ဆုံးပြီးနောက်တွင် အများစုမှာဆေးဖော်ပြီးကာ တာဝန်ရှိသူ သည် အမှတ်များကိုချရေးလေသည်။ ထို့နောက်တွင် သူတို့သည် နားနေ သည့်နေရာသို့ပြန်ကြလေသည်။
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် ပြီးပြည့်စုံလှသည်တော့ မဟုတ်။ အများစုမှာ သူတို့ထက် စောပြီးကြလေသည်။ သို့သော် သူတို့ အမူအရာပျက်မနေကြပေ။ သူတို့သည် တခြားသူများကဲ့သို့ ပျာယာခတ်ခြင်း ဒေါသထွက်ခြင်းတို့မဖြစ်ကြပေ။
“ကျူရှန့် အဆင့်၁၀အတွင်းဝင်မယ်လို့ထင်လား” ရှီချန်းကျိ မေးလေ သည်။
“သူဝင်တာမဝင်တာတော့မသိဘူး ဒါပေမဲ့ ကျန်းကျူကျိကတော့ လုံးဝ မဝင်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
ကျန်းကျူရှန့်ပြီးသွားသည့်အချိန်တွင် လူ၁၀ယောက်မျှကျန်သေးသည်။ အကယ်၍ သူတို့ရလဒ်မှာ သူ့ထက်မြင့်လျှင် သူမဝင်နိုင်ပေ။ သို့သော် သူ့ထက် ဆိုးသောလူရှိလျှင် သူအခွင့်အရေးရှိသည်။
“အဲလူကြည့်ရတာ အမြဲတမ်းစွမ်းဆောင်ရည်ရှိတယ်၊ ဒါပေမဲ့ သူ တကယ်မလုပ်တာရယ်၊ သူ အဆင့်၁၀၀ အတွင်းဝင်တာကိုက အံ့သြဖို့ ကောင်းနေပြီ၊ သူကပ်ပြုတ်မယ်လို့ ငါလောင်းရဲတယ်” ရှီချန်းကျိ ပြောလေ သည်။
“လောင်းဖို့မလိုဘူးလို့ထင်တာပဲ”
“ဘုန်း”
ရှီမာယူယူ ပြောပြီးသည်နှင့် ကျန်းကျူကျိ၏ ဆေးဖိုသည် ပေါက်ကွဲလေ သည်။
ထိုအချိန်တွင် သူ၏ဆေးဖိုသည် သုံးကြိမ်လုံး ပေါက်ကွဲပြီးဖြစ်လေ သည်။ သူသည် အခွင့်အရေးအားလုံး ဆုံးရှုံးပြီးဖြစ်ကာ အမှတ်ဥမကွဲတော့ ပေ။
သို့သော် သူသည် ထိုပွဲစဉ်အထိတက်လာနိုင်သဖြင့် အဆင့်၁၀၀ အတွင်းဝင်လေသည်။
“ကျန်းမျိုးနွယ်ကလူတွေကိုကြည့်လိုက် အစိမ်းရောင်ဖြစ်နေပြီ ဟဟ” ရှီချန်းကျိသည် ကျန်းမျိုးနွယ်ကိုညွှန်ပြပြီးရယ်မောရာ တခြားသူများသည် သူတို့ဘက်သို့ကြည့်ကြလေသည်။
တခြားသူကို မျက်နှာပြောင်တိုက်ပြီးရယ်တာ သူက တကယ့်ကို ပထမ ဆုံးပဲ။
“နည်းနည်းလောက်နူးညံ့လို့ရမလား” ရှီမာယူယူသည် မျက်လုံးလှန် လိုက်သည်။
“အောင်ပွဲခံစရာရှိတာကို ဘာလို့နူးညံ့နေရမှာလဲ” ရှီချန်းကျိသည် သူမ ကို မေးခွန်းပြန်ထုတ်လေသည်။
သူသည် နိမ့်ချစွာနေတတ်သူမဟုတ်ပေ။ တစ်ဖက်တွင် သူသည် ထင်ပေါ်စွာနေရာသည်ကို နှစ်သက်သဖြင့် အတွင်းဒေသမှ အင်အားစုအများ စုသည် သူ့ကိုသိကြသည်။
သို့သော် ရှီမာယူယူ မျက်လုံးလှန်လိုက်သည်ကို သူမြင်သောအခါ အနည်းငယ် အသိတရားရပြီး ကျယ်လောင်စွာမရယ်တော့ပေ။
ပြိုင်ပွဲပြီးသွားချိန်တွင် ရှီချန်းကျိသည် ပထမဆုံးထွက်သွားသူဖြစ်သည်။ ရှီမာယူယူသည် သူထွက်သွားသည်ကို ဝမ်းသာမိသည်။ အဘယ့်ကြောင့် ဆိုသော် သူတို့အတူရှိနေပါက သူမကို သူတို့နှင့်တစ်ဖွဲ့သားတည်းဟု သတ်မှတ်သွားမည်။
သူတို့ တည်းခိုဆောင်သို့ပြန်ချိန်တွင် အရင်နေ့ကရလဒ်များထွက်လာ သည်။ ရှီမာယူယူသည် ဆေးပြိုင်ပွဲနောက်ဆုံးပွဲစဉ်ကို အဆင့်၁ဖြင့်တက်လေ သည်။
မုန့်ဆန်းချွယ်သည် အရေများတင်းကြပ်သွားသည်ထိ ပြုံးလေသည်။ ထို သည်မှာ ဂိုဏ်းအတွက် နှစ်ပေါင်းများစွာအတွင်း မျက်ခုံးပင့်နိုင်ခြင်းဖြစ်သည်။ နောက်ကွယ်တွင် လှောင်ခံရသော သူတို့သည် အားလုံးမေးပြုတ်ကျနိုင် လောက်သည့် လူတစ်ယောက်ကိုမွေးထုတ်နိုင်ခဲ့သည်။
နောက်ဆုံးပြိုင်ပွဲတွင် ရှီမာယူယူသည် ပထမရကာ ဂူရှီဖင့်သည် အဆင့် ၇ဖြစ်ပြီး ကျန်သည့် ၈ယောက်မှ ၃ယောက်သည် အလယ်ပိုင်းဒေသမှဖြစ်ကာ ကျန်သူများသည် အတွင်းဒေသမှဖြစ်သည်။ ထိုအရာကိုကြည့်လျှင် အတွင်း ဒေသနှင့် အပြင်ဒေသများ၏ ကွာခြားချက်ကြီးမားသည်ကိုတွေ့နိုင်သည်။
အတွင်းဒေသမှ ၃ယောက်ကို သူမ သိသည်။ တစ်ယောက်သည် ဟော့ဘာမျိုးနွယ်မှ ဟော့ဘာယန်ဖြစ်ကာ နောက်တစ်ယောက်မှာ ချန်လန် မျိုးနွယ်မှ ချန်လန်ရှီဖြစ်ပြီး ကျန်တစ်ယောက်မှာ အနောက်ပိုင်းလျန်၏ မိုမျိုးနွယ်မှ မိုယွိဖြစ်သည်။
အရှေ့ဘက်တောင်မှ ဟော့ဘာ၊ မြောက်ဘက်ကျတ်တီးမြေမှ ချန်လန်နှင့် တောင်ပိုင်းလွင်တီးခေါင်ပြင်မှ ချင်းမျိုးနွယ်မှ လာပြိုင်ကြသည်။ သူတို့သည် လူအားလုံးကိုလွှတ်လိုက်ကြသော်လည်း ချင်းမျိုးနွယ်သည် လစ်ဟာသွားသောကြောင့် အဆင့်၁၀အတွင်း မရောက်လိုက်ပေ။
ရှီမာယူယူ နားနေခန်းသို့လာသည်နှင့် ကျန် ၉ယောက်သည် ရောက်နှင့် ပြီးဖြစ်လေသည်။ သူမ ဝင်လာသည်ကို သူတို့မြင်သည်နှင့် သူမကို စိုက် ကြည့်ကြလေသည်။
“ရှီမာယူယူ ရှီမာမျိုးနွယ်ကလား” ပြီးခဲ့သည့်ပြိုင်ပွဲတွင် အဆင့်၃ရခဲ့ သော ရှန်းယယ်ရွှမ်းသည် မေးလေသည်။
“ရှီမာမျိုးနွယ်ဟုတ်လား ဘယ်ကရှီမာမျိုးနွယ်လဲ” ရှီမာယူယူသည် ရှုပ်ထွေးသောအမူအရာဖြင့် သူ့ကိုကြည့်လေသည်။
“မင်းကရှီမာမျိုးနွယ်ကမဟုတ်ဘူးလား” ရှန်းယယ်ရွှမ်း မေးလေသည်။
“ခင်ဗျားပြောတဲ့ ရှီမာမျိုးနွယ်ကို ကျွန်တော်မသိဘူး” ရှီမာယူယူသည် ခေါင်းရမ်းပြီးပြောလေသည်။
“ရွှမ်းရွှမ်း သူက ရှီမာမျိုးနွယ်ကမဟုတ်ဘူး ဒီတစ်ခေါက်ကို ရှီမာမျိုးနွယ် က ရှီမာယိယွင်နဲ့ ရှီမာချီချီတို့ကိုလွှတ်လိုက်တာ၊ သူတို့က ပြီးခဲ့တဲ့ပွဲစဉ်မှာ ပြုတ်ခဲ့ပြီ” ဂူရှီဖင် ပြောလေသည် “ငါလည်း ရှီမာမျိုးနွယ်က ရှီမာယူယူဆိုတာ ကိုတစ်ခါမှမကြားဖူးဘူး”
ရှန်းယယ်ရွှမ်းသည် ဂူရှီဖင်ကိုကြည့်ပြီး ရှီမာယူယူဘက် လှည့်ကာ မေး လေသည် “ဒါဆိုရင် မင်းကဘယ်ကလာတာလဲ”
ထိုလူသည် အတွင်းဒေသမှဖြစ်ကြသည်။ ဒီမတိုင်ခင်တွင် သူသည် တခြားသူများ၏ နာမည်များ သရုပ်မှန်ကိုမသိခဲ့ပေ။ ရှီမာယူယူ၏ ရလဒ်မှာ သူ့ ထက်ကောင်းနေခြင်းကြောင့်သာမဟုတ်လျှင် သူမကို စကားလာပြောမည့် အစီအစဉ်မရှိပေ။
“ကျွန်တော်က ကောင်းကင်ဂိုဏ်းကကျောင်းသားပါ” သူမသည် ထိုစကားကိုသာပြောလေသည်။
“အပြင်ပိုင်းဒေသကလား ကောင်းကင်ဂိုဏ်းကလူက အရင်က အဆင့် ၁၀၀အတွင်းမဝင်ဖူးပါဘူး” ရှန်းယယ်ရွှမ်းနှင့် ထိုင်နေသော ဆုန့်မင်ကျူ ပြော လေသည်။
“ဘယ်သူမှမဝင်ဖူးတာနဲ့ ဝင်မယ်လို့လည်း မသိနိုင်ဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းကင်ဂိုဏ်းက အစတုန်းက ဆေးအဖွဲ့ခွဲကြောင့် ကျသွားတော့ မလိုဆို ဒါပေမဲ့ ပြီးခဲ့တဲ့မတော်တဆမှုကြောင့် မင်းကကယ်လိုက်တာဆို ဒါပေမဲ့ ကျန်နေခဲ့ဖို့ အဲလိုနည်းလမ်းသုံးတာက မက်မောစရာမရှိဘူးလေ ဟုတ်တယ်မလား”
“အဲလိုမဟုတ်ရင် အပြင်ပိုင်းဒေသက အင်အားနည်းနည်းပဲရှိတဲ့ ဂိုဏ်းတစ်ခုလောက်က ဒီလိုမျိုးလုပ်နိုင်မယ်ထင်လို့လား”
ရှီမာယူယူသည် မသိမသာနှာရှုတ်လိုက်သည်။ သူမသည် ထိုလူများကို သိပင်မသိပေ။ သို့သော် သူမ၏ဂိုဏ်းကို အပုပ်ချနေသည်။ ကြည့်ရသည်မှာ ထိုလူများသည် ကောင်းသည့်စရိုက်ရှိသူများမဟုတ်ကြပေ။
“ဒါပေမဲ့ ကျွန်တော်သိသလောက်ဆိုရင် ကျွန်တော် အဆင့်၁၀၀အတွင်း ဝင်နိုင်တာနဲ့ ဂိုဏ်းက ဆေးအဖွဲ့ခွဲမှာ ရဲရဲတင်းတင်းနေလို့ရသွားပြီ ကျွန်တော် က အခုခင်ဗျားတို့နဲ့အတူတူရပ်နေတာမလား၊ အခုခင်ဗျားတို့ပြောမှာပဲ ပြီးခဲ့ တဲ့ သုံးပွဲလုံးမှာ ကျွန်တော့်ရလဒ်က ခင်ဗျားတို့ထက် နည်းနည်းမြင့်နေတာပဲ၊ အစကတည်းက အမှတ်ပြည့်ရတာကျွန်တော်တစ်ယောက်တည်းပဲလေ ဟုတ် တယ်မလား” သူမသည် ထေ့ငေါ့စွာပြောလိုက်သည်။
***