← Chapters

ဆေးပြိုင်ပွဲ ၆

Vol. 011 Ch. 1024

ဆေးပြိုင်ပွဲ ၆

Vol. 011 Ch. 1024

“အစပိုင်းပြိုင်ပွဲလောက်ကိုပဲ ပထမရတာပါ ဒီပြိုင်ပွဲရဲ့ နောက်ဆုံးရလဒ် က မင်းရဲ့အစောပိုင်းရလဒ်တွေကိုမူမတည်ဘူး” ဆုန့်မင်ကျူ ပြောလေသည် “မင်းက နေရာအသေးလေးတစ်ခုကလာလို့မသိတာရယ် ဒါပေမဲ့ တကယ့် အင်အားအစစ်အမှန်က နောက်ဆုံးစင်ပေါ်မှထွက်လာတာ၊ မင်းက အစော ပိုင်းပြိုင်ပွဲတွေမှာ အခြေခိုင်ရုံပဲ၊ မင်းက အစပိုင်းမှာနိုင်လို့ နောက်ဆုံးမှာ အဆင့်၁ရမယ်လို့ မဆိုလိုဘူး”

“ခင်ဗျားပြောတာ မှန်ပါတယ် ကျွန်တော်လည်းအဲလိုခံစားရတယ်” ရှီမာယူယူသည် သဘောတူစွာဖြင့် ခေါင်းညိတ်လေသည်။

ပြောပြီးနောက်တွင် သူမသည် စင်ပေါ်တွင်ရှိနေသာ ဂျီချင်းယွမ်ကို ကြည့်လိုက်သည်။ သူမသည် ထိုလူများကိုစိတ်ထဲတွင်မထားတော့ပဲ လှည့်ပြီး စင်ပေါ်သို့တက်သွားလေသည်။

ထိုအရာကိုဆုန့်မင်ကျိမြင်သောအခါ သူမကို မုန်းတီးစွာဖြင့်ပြန်ကြည့် ကာ ရှန်းယယ်ရွှမ်းနှင့် တခြားသူများဆီသို့သွားလေသည်။

ဂျီချင်းယွမ်သည် သူတို့အားလုံး စင်ပေါ်ရောက်သည်အထိစောင့်ပြီး ကြေညာလေသည် “ဒီနေ့က နောက်ဆုံးပြိုင်ပွဲပါ၊ မေးခွန်ကရိုးရှင်းပါတယ် ကိုယ်ဆန္ဒရှိတဲ့ဆေးကိုဖော်လို့ရပါတယ်၊ အချိန်ရော အမျိုးအစားရော ဘာ ကန့်သတ်ချက်မှမရှိပါဘူး လူတိုင်းမှာ အခွင့်အရေး၃ခုရှိပါတယ်၊ နောက်ဆုံး ရလဒ်ကတော့ အဆင့်ပေါ်မှာမူတည်သွားမှာပါ အဆင့်အမြင့်ဆုံးက အနိုင်ရ သူပဲ အဆင့်တူတယ်ဆိုရင် အမှတ်နဲ့ ဆုံးဖြတ်သွားမှာပါ၊ အဆင့်နဲ့ အမှတ်တူ နေတယ်ဆိုရင် မင်းတို့ယူတဲ့အချိန်ကိုတွက်သွားမှာပါ ဒါက မင်းတို့ရဲ့ နောက်ဆုံးပြိုင်ပွဲပဲ အားအကုန်သုံးလိုက်တော့”

ပြောပြီးနောက်တွင် သူ စင်ပေါ်မှဆင်းသွားလေသည်။

ဒီတစ်ခေါက်ပွဲတွင် သူတို့ရွေးချယ်သည့်နည်းလမ်းသည် ဒုတိယပွဲစဉ်နှင့် ဆင်တူသည်။ သို့သော် ဒီတစ်ခေါက်တွင် အောင့်အည်းသည်းခံမှုများမရှိပေ။

“ဘုန်း”

ဆုန့်မင်ကျူသည် ဆေးဖိုကိုထုတ်လိုက်သည်။ ထိုဆေးဖိုမှာ လေးလံ သဖြင့် ကြမ်းပေါ်သို့ကျလေသည်။

ရှီမာယူယူ ကြည့်လိုက်ရာ လေးလံသော ရှေးဟောင်းဆေးဖိုဖြစ်ကာ ရှေးဟောင်းပန်းဖော်မှုများလည်းရှိနေသည်။ ထိုဆေးဖိုမျိုးသည် ပုံမှန်အချိန် တွင်ပေါ်လာလေ့မရှိပေ။

“ရှေးဟောင်းဆေးဖိုထဲမှာကို ဒါက အဆင့်၂၅လောက်ရှိတဲ့ ပန်းပွင့် ဆေးဖိုပဲ” ဆုန့်မင်ကျူသည် မောက်မာစွာဖြင့် မေးမော့လေသည်။

ရှီမာယူူယူသည် ပန်းပွင့်ပုံဖော်မှုကိုကြည့်ပြီး နှုတ်ခမ်းတွန့်လုကိသည်။ ထိုပန်းများသည် သူမကို မူးဝေသွားစေသည်။

သို့သော် အဆင့်၂၅ရှိသော ဆေးဖိုသည် ဆေးအရည်အသွေးကို မြှင့် ပေးနိုင်သည်။

“ဘယ်လိုလဲ အရင်ကမမြင်ဖူးဘူးမလား မြင်ဖူးလား” ဆုန့်မင်ကျူသည် ရှီမာယူယူ၏ တွန့်ကွေးနေသောနှုတ်ခမ်းကို ဘဝင်လေဟပ်သော အမူအရာ ဖြင့် မကျေမနပ်ဖြင့်ကြည့်လေသည်။ “ဒီကလူအားလုံးမှာ ဘောင်ဝင်တဲ့ ဆေးဖိုရှိကြတယ် မင်းမှာရှိလား”

ရှီမာယူယူ ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ စာရင်းဝင် ဆေးဖို… သူမမှာ ရှိလား။

ထို့နောက်တွင် ရှန်းယယ်ရွှမ်းနှင့် တခြားသူများလည်း ကိုယ်ပိုင်ဆေးဖို များကိုထုတ်ကြလေသည်။ ပြီးခဲ့သည့်ပြိုင်ပွဲများတွင်အသုံးပြုခဲ့သည့်ဆေးဖို များလည်းရှိကာ ပထမဆုံးထုတ်သည့် ဆေးဖိုများလည်းရှိသည်။ ဆုန့်မင်ကျူ ပြောသည်နှင့် အားလုံးသည် ထိပ်တန်းအဆင့်၅၀အတွင်းဝင်သော ဆေးဖိုများ ထုတ်ကြလေသည်။ ထိုအထဲတွင် ရှန်းယွမ်ရွှမ်း၏ဆေးဖိုသည် အဆင့် ၁၅ရှိ သော သားရဲတစ်ရာဆေးဖိုဖြစ်ကာ အကောင်းဆုံးဖြစ်သည်။

“အကုန်လုံးက ဆေးဖိုတွေထုတ်ပြီးနေပြီ အဲတော့ မင်းဟာကိုကြည့်ရ အောင်” ဆုန့်မင်ကျူ ပြောလိုက်သည် “ပြီးခဲ့တဲ့ပွဲတုန်းက သုံးခဲ့တဲ့ ဆေးဖို စုတ်စုတ်ပြတ်ပြတ်ကိုသုံးမှာပဲ မဟုတ်ဘူးမလား”

“ဟား ဟား”

အားလုံးသည် ရယ်ကွဲကြလေသည်။ သူတို့သည် ရှီမာယူယူ၏ ဆေးဖို ကို အရင်ကမြင်ဖူးကြသည်။ အမှန်တကယ်ကွဲအက်စုတ်ပြတ်ခြင်းမရှိသော် လည်း တခြားသူများ၏ဆေးဖိုနှင့် ယှဉ်လျှင် ရွံ့သာသာဖြစ်လေသည်။

ရှီမာယူူယသည် သူမ ပတ်ပတ်လည်ကိုကြည့်လိုက်သည်။ သူတို့ အားလုံးက သူမကိုလှောင်ပြောင်ဖို့ စောင့်နေကြတာလား

အတွေးတစ်ခုနှင့်ပင် သူမသည် ဝိညာဉ်စေတီအတွင်းရှိနေသော ဆေးဖို ကိုထုတ်ယူလိုက်သည်။

“ဘုန်း”

လေးလံသော ဆေးဖိုကြောင့် ကြမ်းပြင်သည်တုန်ခါသွားသည်။ ကြမ်းပြင်သာ ကျောက်မဟုတ်ပါက ကွဲအက်သွားလောက်ပြီ။

“မင်္ဂလာနဂါးဇာမဏီလား… မင်္ဂလာနဂါးဇာမဏီကအဆင့်၁၀အတွင်း ဝင်တယ်မလား၊ ရွှမ်းရွှမ်း မင်းမှားသွားပြီမလား” ဆုန့်မင်ကျူသည် မယုံရဲပေ။

“အဲဒါအသေအချာပဲ စာအုပ်ထဲမှာငါမြင်ဖူးတယ်” ရှန်းယယ်ရွှမ်း ပြော လေသည်။

“မင်္ဂလာနဂါးဇာမဏီက ပျောက်နေတာ နှစ်တွေကြာနေပြီလို့ မပြောကြ ဘူးလား”

“ငါတို့ဂိုဏ်း ရှာနေတာနှစ်တွေကြာနေပြီ သူ့လက်ထဲမှာရှိနေမယ်လို့ ဘယ်သူထင်မိမှာလဲ” ရှန်းယယ်ရွှမ်း ပြောလိုက်သည်။

သူမ တစ်ယောက်တည်းသာမဟုတ်ပေ။ တခြားသူများလည်း အံ့သြကြ လေသည်။ သူမတွင် ထိုကဲ့သို့ဆေးဖိုပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့မထင် ထားကြပေ။

ရှီမာယူယူသည် သူတို့အံ့သြနေပုံကိုမြင်သောအခါ ထိုဆေးဖိုထုတ် လိုက်သည့်အတွက် ဝမ်းသာမိလေသည်။ သူမသာ တခြားနှစ်ခုကိုထုတ်မိ လျှင် သူတို့ပိုအံ့သြသွားမည်။

တခြားဆေးဖိုနှစ်ခု၏ အမည်ကို သူမ မသိသော်လည်း သူတို့အဆင့် သည် မင်္ဂလာနဂါးဇာမဏီထက်ထက်ပင် သေချာပေါက်အဆင့်မြင့်သည်။

ထိုဆေးဖိုအားလုံးသည် ဝိညာဉ်လေး၏ အရင်ပိုင်ရှင်များပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် အရင်ကအားနည်းသဖြင့် ထိုဆေးဖိုများကို သေချာစွာ ထိန်းချုပ်နိုင်ခြင်းမရှိကာ သာမန်ရှေးဟောင်းဆေးဖိုများကိုသာ အသုံးပြုခဲ့ရ သည်။ သူမ သန်မာလာသည်နှင့် မင်္ဂလာနဂါးဇာမဏီကိုစတင်အသုံးပြုခဲ့ သည်။

ရှန်းယယ်ရွှမ်းနှင့် တခြားသူများသည် အံ့သြသည်ထက်ပင် ပိုလေသည်။ သို့သော် သူတို့သည် အလျင်အမြန်ပင်စိတ်ကိုစုစည်းပြီး သူတို့၏ ဆေးပစ္စည်း များကို စတင်ပြင်ဆင်လေသည်။

သူတို့သည် ဒီနေ့ဖော်ရမည့်ဆေးကို သေချာအာရုံစိုက်ထားရမည်။ အကယ်၍ ဆေးအဆင့်နိမ့်သွားပါက သူတို့ထက်ဆေးအဆင့်မြင့်သောသူကို အရှုံးပေးလိုက်ရမည်။ သူတို့ဆေးအဆင့်မြင့်လွန်းပါက အောင်မြင်စွာဖော်နိုင် မည်မဟုတ်ပေ။

တကယ်တော့ အားလုံး၏ အားမှာ နှိုင်းယှဉ်နိုင်သည်။ သူတို့သည် အသက်၁၀၀အောက်တွင် အဆင့်၇ဆေးဖော်နိုင်သည်ကပင် အံ့သြစရာ ကောင်းလှပြီဖြစ်သည်။ သူတို့အတွက် အဆင့်၈ဆေးဖော်ချင်လျှင် မဖြစ်နိုင် သေးပေ။ သို့သော် ပါရမီရှင်တစ်ယောက်အတွက် ဖြစ်နိုင်ချေကိုမထိုးဖောက်ရ ဟု စည်းမျဉ်းမရှိပေ။

ထို့ကြောင့်ပင် သူတို့ရွေးချယ်မှုသည် နိမ့်သည်ဖြစ်စေ အလယ်အလတ် ဖြစ်စေ အမြင့်သည်ဖြစ်စေ အဆင့်၇ဆေးသည် သူတို့၏ကိုယ်ပိုင်အရည် အချင်း၏ အခြေခံဖြစ်သည်။

ရှီမာယူယူသည် သူမရွေးလိုက်သည့်ဆေးအပေါ် စိတ်လှုပ်ရှားမှုမရှိပေ။ သူမသည် အရင်ဆုံး တခြားသူများရွေးထားသည့် ဆေးပစ္စည်းများကိုကြည့်ပြီး သူတို့ဖော်မည့်ဆေးကို မှန်းဆလိုက်သည်။ မိုယွိနှင့် ရှန်းယယ်ရွှမ်း၏ ဆေး ပစ္စည်းများကို သူမ မြင်သောအခါ မျက်လုံးများအရောင်တောက်သွားလေ သည်။

သေချာစဉ်းစားပြီးနောက်တွင် သူမသည် ဆေးပစ္စည်းများကိုထုတ်ကာ စားပွဲအပြည့်ခင်းလိုက်သည်။ ဆေးပစ္စည်းများသည် တောင်သဖွယ်ပုံနေလေ သည်။

“ယူယူက ဘာလို့ဆေးပစ္စည်းကို အဲလောက်အများကြီးသုံးရတာလဲ တခြားသူတွေက သူမထက် ဆေးပစ္စည်းနည်းတယ်” ရှောင်ချီသည် သူတို့ ဆေးဖော်သည်ကိုကြည့်ပြီး နားမလည်သေးပေ။

သူမတွင် တခြားသူများထက် ဆေးပစ္စည်းပိုများသည်မှာ သူမသည် သန့်စင်ခြင်း၊ ပေါင်းစပ်ခြင်း ချည်နှောင်ခြင်းအဆင့်များကို အချိန်ပိုယူရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသည်မှာ ပိုမတည်ငြိမ်နိုင်ကာ ကျရှုံးနိုင်ခြေများသည်။

ထို့ကြောင့်ပင် တခြားသူများသည် ဆေးပစ္စည်းနည်းသည့် ဆေးကို ရွေး ချယ်ခြင်းဖြစ်သည်။ သူတို့သည် ကြာမည့်အချိန်ကိုသာ ဦးစားပေးတွက်ချက် ခြင်းဖြစ်သည်။

“သူမက ကိစ္စတွေကိုလုပ်ရင် အကြောင်းအရင်းရှိတယ် ဆက်ကြည့်ကြ တာပေါ့” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ၏ရွေးချယ်ထားသော ဆေးပစ္စည်း များကိုကြည့်ပြီး ရင်ခုန်မိသည်။

သူမများ…

အဆင့်တူသော ဆေးများသည် အချိန်ယူသည့်အပေါ်မူတည်ပြီး အမျိုးအစားအပေါ် သက်ရောက်မှုရှိသည်။ ထိုသည်မှာ သူတို့အားလုံး နားလည်ထားသည့်အရာဖြစ်သည်။ အားလုံး၏အရည်အချင်းမှာ မတိမ်းမယိမ်းဖြစ်နေသဖြင့် အရင်ပြီးဆုံးခြင်းမှာ အရေးကြီးသည်။ သူတို့သည် ပြင်ဆင်မှုပြီးဆုံးသည်နှင့် တစ်ယောက်ပြီးတစ်ယောက် ဆေးစတင်ဖော်တော့ သည်။

ရှီမာယူယူလည်း တူညီစွာပင်။ သူမ ဆေးပစ္စည်းများကိုစစ်ဆေးပြီးသည် နှင့် သန့်စင်ခြင်းလုပ်ငန်းစဉ်ကို စတင်လေသည်။

သန့်စင်ခြင်းသည် သူတို့အားလုံးအတွက် ပြဿနာမဟုတ်ပေ။ တစ် ချိန်တည်းမှာပင် ထိုဆေးပစ္စည်းများကို ကိုင်တွယ်ရာတွင်လည်း မခက်ခဲလှ ပေ။ တစ်နာရီကုန်ဆုံးပြီးနောက်တွင် အားလုံးသည် သန့်စင်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားလေသည်။

သန့်စင်ခြင်းလုပ်ငန်းစဉ်အတွင်းတွင် ထိုလူများသည် စတင်ပြီး တစ်ယောက်နှင့်တစ်ယောက် ကွာခြားလာသည်။ ၁၀မျိုးသောအဆီအနှစ် တွင် အနှေး အမြန်ကွာခြားမှုများရှိလာသည်။

ရှီမာယူယူသည် တခြားသူများထက် များစွာနှေးနေသဖြင့် ဆေးဖိုထဲမှ အခြေအနေကို ဂရုတစိုက်ထိန်းချုပ်သည်။ တခြားသူများ ထိုအဆင့်ပြီးချိန် တွင် သူမသည် သုံးပုံတစ်ပုံလောက်သာ ပြီးသည်။

“ကြည့်ဦး ဆေးပစ္စည်းအများကြီးသုံးတာက နှေးတယ်လို့ ရှောင်ချီ ပြော တယ်မလား” ရှောင်ချီသည် တုန်လှုပ်ပြီး ရှီမာယူယူအတွက် စတင် စိတ်ပူလာ သည်။

“စိတ်အေးအေးထား ဂျူနီယာညီလေးအဆင်ပြေမှာပါ” စူးရှောင်ရှောင် ပြောလိုက်သည်။

ရှီမာယူယူသည် ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်ပြီးသည့်အချိန်တွင် တခြားသူ များ၏ ဆေးဖိုမှ ဆေးအနံ့များထွက်လာပြီဖြစ်သည်။ ထိုသည်မှာ သူတို့သည် ဆေးဖော်ခြင်းကို အောင်မြင်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။ ဘာမှမဖြစ်သည် ကို မျှော်လင့်ထားသည့်အတိုင်းပင် ဆေးများကို အောင်မြင်စွာဖော်နိုင်ကြ သည်။

လျင်မြန်စွာပင် တစ်ယောက်သည် ကျယ်လောင်စွာအော်ပြီး အဖုံးကို ဖွင့်လိုက်သည်။ သူသည် လက်မြှောက်ကာ ဆေးဖိုဘေးကိုရိုက်လိုက်သည် နှင့် ဆေးနှစ်လုံးသည်ပျံထွက်လာရာ လက်ဖြင့်ဖမ်းလိုက်လေသည်။

***

All Chapters