ဆေးပြိုင်ပွဲ ၇
Vol. 011 Ch. 1025
ထိုလူသည် ရလဒ်ကိုအားလုံးမြင်နိုင်ရန် ဆေးထည့်ထားသော ကျောက်စိမ်းပုလင်းကို စားပွဲပေါ်တင်လိုက်သည်။
အဆင့်မြင့်၇ ဆေးပဲ….
ထိုရလဒ်မှာမဆိုးလှကာ သူသည် ပထမဆုံး ပြီးသည့်သူဖြစ်သည်။ အဆင့်မြင့် အဆင့်၇ဆေးထက်နိမ့်သော ဆေးဖော်သည့်ပြိုင်ပွဲဝင်များသည် အရည် အချင်းမမှီပေ။
ရလဒ်ထွက်လာသည်နှင့် အားလုံးသည် ဖိအားများစွာခံစားရလေသည်။ အားလုံးသည် အစပိုင်းတွင်ပြိုင်ဆိုင်နေကြသော်လည်း သူ့လိုရလဒ်နှင့်ဆို လျှင် အနိုင်ရရန်မလွယ်ကူပေ။
ထို့အပြင် အဆင့်မြင့်ဆေးထက်ကောင်းအောင် ဖော်နိုင်သည့်သူမှာ နည်းသည်။
ပြိုင်ပွဲဝင်နှစ်ယောက်သည် စိတ်လှုပ်ရှားလာကာ ထိုခဏအတွက် ဖိအား ကိုမထိန်းချုပ်နိုင်တော့ပဲ လက်များသည် လှုပ်ရှားမှုမှ ရပ်လေသည်။ သူတို့ ချက်ချင်းပင်တုန့်ပြန်နိုင်လိုက်သော်လည်း သူတို့ဆေးရလဒ်အပေါ်သက် ရောက်မှုသည် ဆေးအရည်အသွေးကိုနိမ့်ကျစေသည်။
သို့သော် တုန်လှုပ်ခြင်းမရှိသူများလည်း ရှိသည်။ ရှန်းယယ်ရွှမ်း၊ မိုယွိ နှင့် ရှီမာယူယူတို့သည် ထိုလူကို သတိထားမိသည့်ပုံပင်မရှိကာ သူတို့ဆေးကို သာ ဂရုစိုက်ကြလေသည်။
ထို့နောက်တွင် နောက်ထပ်လူအနည်းငယ်ဆေးဖော်မှု ပြီးဆုံးလေ သည်။ အလယ်အလတ်အဆင့်၇ဆေးဖော်နိုင်သူ သုံးဦး၊ အဆင့်မြင့် ဆေးဖော် နိုင်သူသုံးဦးနှင့် ထိုလူအပါအဝင် ၇ဦးသည် ဆေးဖော်မှုပြီးစီးလေသည်။ ရှီမာယူယူနှင့် တခြားနှစ်ယောက်သာ ကျန်ခဲ့လေသည်။
သူတို့သည် တခြားသူများထက် အချိန်ကြာလေသည်။ တခြားသူများ ပြီးနောက် နာရီဝက်အကြာတွင် မိုယွိပြီးလေသည်။ သူမဆေးဖွင့်လိုက်သည် နှင့် အဆင့်၇ဆေးနှစ်လုံးဖြစ်သည်ကို ချက်ချင်းပင် အားလုံးကသိလိုက်သည်။ သူမသည် ပထမလူကိုအနိုင်ရလေသည်။
ရှီမာယူယူနှင့် ရှန်းယယ်ရွှမ်းတို့ အဆင့်၇ဆေးကိုသာဖော်နိုင်ပါက သူမ သည် ပထမနေရာကိုယူသွားနိုင်သည်။ သူတို့နှစ်ယောက်လုံး အဆင့်၈ဆေး ဖော်နိုင်ပါက သူမသည် တတိယနေရာသာရမည်။
ဒါပေမဲ့ အဆင့်၈ဆေးဖော်မယ်ဟုတ်လား။ ဒီလိုကိစ္စဖြစ်လာမယ်လို့ ယုံ သည့်သူမရှိပေ။ ထို့ကြောင့်ပင် မိုယွိ အဆင့်၁ရမည်ကို အားလုံးသည် သေချာ နေကြသည်။
ရှန်းမျိုးနွယ်နှင့် ဆုန့်မျိုးနွယ်တို့သည် အတူထိုင်ကြလေသည်။ ရှန်းမင် ကျူသည် ဒီတစ်ကြိမ်တွင်ကျရှုံးလေသည်။ သူသည် အဆင့်၇ဆေးအကောင်း စား ထုတ်ရန်ဖြစ်သည်။ သို့သော် သူသည် အဆင့်မြင့်ဆေးကိုသာဖော်နိုင် လေသည်။
“အမလေး ငါတို့မင်ကျူက မတည်မငြိမ်ဖြစ်လွန်းတယ်၊ ဒီလောက် ပုံမှန် ဖြစ်တဲ့ အဆင့်ကိုတောင်ကျရှုံးနိုင်ရတာလဲ” ဆုန့်မျိုးနွယ်ခေါင်းဆောင်၏ စကားများသည် သနားသည်ဟုပြောနေသော်လည်း သူ့မျက်နှာထားမှာ ထိုကဲ့ သို့မဟုတ်ပေ။ သူ့အပြုံးသည် ရှန်းမျိုးနွယ်၏ မျက်လုံးထဲတွင် ဖောက်ဝင်နေ သည်။
“ဒီတစ်ခေါက်ကို မင်းတို့က ထိပ်ပိုင်းအဆင့်ကိုဝယ်မလို့ဆို ဒါပေမဲ့ ကြည့်ရတာအဲလိုမဖြစ်နိုင်တော့ဘူးပဲ” ဆုန့်ကျား၊ ဆုန့်မျိုးနွယ်၏ ခေါင်း ဆောင်သည် နှာရှုတ်လေသည်။ “ရှန်းယယ်ရွှမ်းနဲ့ မင်ကျူရဲ့ အဆင့်က အတူတူပဲကို အဆင့်၇တွေလေ၊ မိုမျိုးနွယ်ကကလေးက အဆင့်၇ဆေးအရင် ပြီးသွားပြီ၊ သူတို့က သူတို့ရဲ့ပုံမှန်အဆင့်ကိုထိန်းနိုင်တယ်ဆိုရင်တောင် အဆင့်၁မရနိုင်တော့ဘူး”
“ဟီးဟီး အဲဒါခင်ဗျားလွဲနေတာပဲ” ရှန်းချင်း ရယ်မောလေသည် “ကျွန်တော်တို့ သခင်မလေးက အဆင့်၈တက်သွားတာသိပ်မကြာသေးဘူး သူမက အဆင့်၇ဂ္ဂိရတ်ပညာရှင်မဟုတ်ဘူး”
“ဘာ” ဆုန့်ကျားသည် တအံ့တသြဖြင့် အော်လေသည် “သူမက အသက်၈၀ပဲရှိသေးတာ ဘယ်လိုလုပ် အဆင့်၈အဂ္ဂိရတ်ပညာရှင်ဖြစ်နိုင်တာ လဲ”
ရှန်းချင်း၏ အမူအရာသည် မျှော်လင့်ထားသည့်ဘဝင်မြင့်သည့် အမူအရာဖြင့် ငဲ့စောင်းပြောလေသည် “ကျွန်တော်တို့က သခင်မလေးက တခြားသူတွေထက် ပိုအောင်မြင်တယ်လေ အဆင့်၈အဂ္ဂိရတ်ပညာရှင်ဖြစ် တာမဆန်းပါဘူး”
“ဟင်း အဲဒါကိုလျှို့ဝှက်ထားမယ်လို့ထင်မထားဘူးပဲ” ဆုန့်ကျား နှာရှုတ် လေသည်။
“ကျွန်တော်တို့ သခင်မလေးက နိမ့်ချနေတတ်တယ် သူမက အဆင့်၈ အဂ္ဂိရတ်ပညာရှင်ဖြစ်တာကို ကိစ္စကြီးတစ်ခုလိုလုပ်မနေချင်ဘူး၊ ခင်ဗျားတို့ ဆုန့်မင်ကျူလိုမဟုတ်ဘူးလေ၊ သူမသာ အဆင့်တက်သွားရင် အကုန်လုံးကို ပတ်ပြနေမှာစိုးရယ်”
“ကျွန်တော်တို့သခင်မလေးက အပျော်ကိုမျှဝေတတ်တာ” ဆုန့်ကျား ပြောလေသည် “ဒါပေမဲ့ ကျွန်တော်ပြောချင်တာက ရှန်းယယ်ရွှမ်းက ခဏ လေးနဲ့ အဆင့်၈တက်သွားတာ ကျင့်သားမရသေးဘူး၊ ဒီအခြေအနေမှာ အဆင့်၈ဆေးကိုဖော်ချင်တယ်ဆိုရင် ခက်ခဲမှာပဲ”
“ကျွန်တော်တို့သခင်မလေးကအရမ်းအားကောင်းတယ်” ရှန်းချင်းသည် ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည် “ဒီပြိုင်ပွဲမှာ သူမ သေချာပေါက် အဆင့်၁ရမှာ”
“ဟုတ်လား” ဆုန့်ကျား ပြုံးလိုက်သည်။ “တခြားသူတစ်ယောက်လည်း ဖြစ်နိုင်တာပဲ၊ အဲဒီရှီမာယူယူက အဆင့်၁ဆက်တိုက်ရလာတာ”
“သူလား ကျွန်တော်တို့ သူ့နောက်ခံကိုကြည့်ပြီးပြီ ကောင်းကင်ဂိုဏ်းက ကျောင်းသားတစ်ယောက်ပဲ ပြီးခဲ့တဲ့ပွဲတွေတုန်းက သူ့ရလဒ်က မမျှော်လင့်ပဲ ရသွားတာပဲ၊ သူရုတ်တရက်ရသွားတာဆိုတာ ဘယ်သူသိနိုင်မလဲ”
“မမျှော်လင့်ထားတဲ့ရလဒ်ရသွားတယ်ဆိုတာက သူ မသန်မာတာကို မဆိုလိုဘူး၊ သူက နိမ့်ချနေတတ်လို့ပဲ” ဆုန့်ကျားပြုံးပြီးပြောလိုက်သည် “သူက ဒီအတိုင်းပဲ ခင်ဗျားတို့သခင်မလေးထက် ပိုပြီးနိမ့်ချနေတတ်လို့ပဲ”
“ဟင်း အဲလိုဖြစ်ရင်တောင် သူက အဆင့်၈အဂ္ဂိရတ်ပညာရှင်ဖြစ်ဖို့က မဖြစ်နိုင်ဘူး” ရှန်းချန်း ပြောလိုက်သည် “အမှန်တော့ အသက်၃၀အရွယ် အဆင့်၇ အဂ္ဂိရတ်ပညာရှင်ဆိုတာက အံ့သြလောက်စရာကောင်းနေပြီ”
“အမှန်ပဲ” ဆုန့်ကျား၏ တက်ကြွမှုသည် ချက်ချင်းပင် ငြှိမ်းသက်လိုက် သလိုပင်။
အဆင့်၇ အဂ္ဂိရတ်ပညာရှင်ဆိုသည်ကပင် အံ့သြစရာကောင်းနေပြီ။ သူမသာ အဆင့်၈အဂ္ဂိရတ်ပညာရှင်ဖြစ်နေပါက မနှစ်မြို့စရာပင်။ အမှန် တကယ်သာ အဲလိုဆိုရင် တခြားသူတွေက ဘယ်လိုနေရမလဲ။
နှမြောစရာကောင်းလိုက်တာ။ သူက တကယ်ပဲ ရှန်းယယ်ရွှမ်းကို မာန် စွယ်ချိုးချင်နေတာပဲ။ မဟုတ်ရင် ဒီလူရဲ့ ခေါင်းကကြီးလွန်းလို့ ပေါက်ကွဲတော့ မှာပဲ။
သူတို့ပြောနေစဉ်တွင် ရှန်းယယ်ရွှမ်း၏ ဆေးဖိုသည် လှုပ်ရှားသံစတင် ထွက်လာသည်။ မွှေးပျံ့သောအနံ့သည် စတင်ထွက်လာရာ အကုန်လုံး ဆေးနံ့ရလိုက်ကြသည်။
“အောင်မြင်တယ်” ရှန်းမျိုးနွယ်ဝင်တစ်ယောက် အော်လေသည်။
ရှန်းယယ်ရွှမ်းလည်း အပျော်လွန်နေသည်။ ဆေးဖိုသည် အောင်မြင်မှု ၏ သက်သေဖြစ်ကာ အန္တရာယ်များသော အပိုင်းကိုကျော်လွှားနိုင်ခဲ့သည်။ သူမသည် မျှတစွာစီမံခဲ့သဖြင့် ပြဿနာမဖြစ်ခဲ့ပေ။
သို့သော် ကိစ္စများသည် သူမမျှော်လင့်ထားသလိုမဖြစ်ခဲ့ပေ။ နောက်ပိုင်း အဆင့်၈ဆေး၏ ဆေးဖော်သည့်အဆင့်များသည် အာရုံစိုက်ရန်လိုအပ်သည်။ သူမ တစ်ခဏမျှ စိတ်အေးသွားလျှင် ဆေးပျက်ဆီးသွားမည်။ သူမ အခြေခံ အုတ်မြစ်မှာ သန်မာပြီး သူမ ကယ်လိုက်နိုင်သည်မှာ ကောင်းသွားသည်။ သို့သော် အရင်ကလောက်မကောင်းပေ။
“အောင်မြင်တယ်”
အားလုံးသည် စိတ်လှုပ်ရှားစွာ အော်ကြလေသည်။ အသက်၈၀အရွယ် အဂ္ဂိရတ်ပညာရှင်တစ်ယောက်က အဂ္ဂိရတ်လောကမှာ မှတ်တမ်းတစ်ခု သေချာပေါက်စိုက်ထူနိုင်သွားပြီ။
မီးငြှိမ်းသတ်ချိန်တွင် ရှန်းယယ်ရွှမ်း၏ မျက်နှာသည် ရွှင်ပျနေကာ ဆေး ကိုယူပြီး ကျောက်စိမ်းပုလင်းသို့ထည့်လိုက်သည်။
“အဆင့်၈ဆေး တကယ်ပဲ အဆင့်၈ဆေးပဲ”
ဆေးကိုအောင်မြင်စွာဖော်နိုင်သည်ကို မြင်သောအခါ အားလုံးသည် ပို စိတ်လှုပ်ရှားလာကြသည်။
“ဒီပြိုင်ပွဲမှာ သူမ သေချာပေါက် အဆင့်၁ရမှာပဲ”
“သေချာတာပေါ့”
“ထင်ထားတဲ့အတိုင်းပဲ”
“အဲဒီရှီမာယူယူကတော့ ဖော်နေတုန်းပဲ”
“အချိန်ဖြုန်းတာပဲ”
ရှန်းယယ်ရွှမ်း ဆေးဖော်ပြီးချိန်တွင် ရှီမာယူယူသည် တစ်ခဏမျှကြည့် ပြီး အာရုံထဲမထားတော့ပေ။ ရှန်းယယ်ရွှမ်သည် သူမ၏ တည်ငြိမ်မှုကို အနည်းငယ် လေးစားသွားသည်။ သူမသည် ခေတ္တမျှ ချီးကျူးသည့်အကြည့် ဖြင့်ကြည့်ပြီးနောက် တခြားသူများနှင့်သွားရပ်ကာ ရှီမာယူယူ ပြိုင်နေသည်ကို ကြည့်နေလိုက်သည်။
ရှီမာယူယူသည် အာရုံလုံးဝစိုက်ကာ အထဲကအခြေအနေကို စောင့်ကြည့်လေသည်။ တစ်ခုခုမှားယွင်းသွားပါက ချက်ချင်းပင် ကယ်တင်နိုင် ရန်ဖြစ်သည်။
သူမသည် တခြားသူများကို လုံးဝဂရုမစိုက်ကာ ဘာမှမမြင်နိုင်သည်ကို ခံစားရသည်။ သူမ စိတ်တွင်မြင်နေရသည်မှာ ဆေးတစ်ခုသာဖြစ်သည်။ ထိုကဲ့သို့ ဗလာကျင်းနေသော စိတ်အခြေအနေသည် ကြယ်ကိုးပွင့်သမုဒ္ဒရာ တွင်ဆေးဖော်ခဲ့သည့် အခြေအနေနှင့်တူလေသည်။
အရည်ပျော်သည့်လုပ်ငန်းစဉ်တွင် အနည်းငယ်ခက်ခဲသော်လည်း ဆေး အရည်သည် အစိုင်အခဲဖြစ်ရာမှ ဆေးလုံးတဖြည်းဖြည်းဖြစ်လာသည်။
“သူလည်း အောင်မြင်တာပဲ” ဆုန့်မင်ကျူသည် တိုးညင်းစွာအော်လေ သည်။
“ဒီအနံ့က….”
တခြားသူများလည်း အံ့သြကြသည်။ ထိုအနံ့သည်… အဆင့်၈ ဆေး ဖြစ်သည်ကို သူတို့သိနိုင်ကြသည်။
“သူလည်း အဆင့်၈ အဂ္ဂိရတ်ပညာရှင်ပဲ” ပြိုင်ပွဲနေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားလေသည်။ အရင် ကဲ့သို့ ဆူညံခြင်းများမရှိခြင်းမှာ အံ့သြသဖြင့် စကားပြောမထွက်ကြခြင်းဖြစ် သည်။
“ဟင်း သူက အဆင့်၈အဂ္ဂိရတ်ပညာရှင်ဖြစ်ရင်တောင် ရွှမ်းရွှမ်းက ဆေး အရင်ပြီးတာ အဲဒါကြောင့် သူ အဆင့်၁မရနိုင်ဘူး”
***