← Chapters

ဆေးပြိုင်ပွဲ ၈

Vol. 011 Ch. 1026

ဆေးပြိုင်ပွဲ ၈

Vol. 011 Ch. 1026

ရှီမာယူယူ အဆင့်၈ဆေးဖော်လိုက်သည်ကို အားလုံးပြောနိုင်ကြသည်။ သို့သော် သူမ နိုင်လိမ့်မည်ဟု တစ်ယောက်မှတွေးမထားကြပေ။

အနံ့ပြင်းလာလေလေ သူမ ဆေးဖော်ခြင်းအောင်မြင်သည်ကို အားလုံး ရှင်းလင်းစွာ သိကြလေသည်။

“ဘာလို့မပြီးသေးတာလဲ” ဆုန့်မင်ကျူ မေးလိုက်သည်။

ရှန်းယယ်ရွှမ်းသည် ထိုအချိန်တွင် ဆေးဖော်မှုအောင်မြင်သွားပြီဖြစ် သည်။ သို့သော် သူမသည် ဆက်သွားနေတုန်းပင်။ သူမသည် မီးတောက်ကို မငြှိမ်းသေးပေ။

“သူက အဆင့်၈ဆေးထက်မြင့်တဲ့ဆေးကို ဖော်ဖို့ကြိုးစားနေတာလား”

“အဲလိုမဖြစ်နိုင်ဘူး” ဆုန့်ယယ်ရွှမ်း ပြောလေသည် “သူက အဆင့်၈ အဂ္ဂိရတ်ပညာရှင်ဖြစ်တာတောင် ကောင်းကင်ကိုခြောက်လန့်နေပြီ ငါ့ထက် တော့ အဆင့်မမြင့်နိုင်ပါဘူး”

“ဒါဆို သူကဘာလို့ ဆက်ဆေးဖော်နေတာလဲ”

“မကြာခင်ပြီးတော့မှာပါ”

“ကိုယ့်လူတွေ ကြည့်လိုက်” မိုယွိသည် မိုးပေါ်မှ ပြောင်းလဲမှုကိုမြင်ပြီး အော်လေသည်။

အားလုံးသည် ခေါင်းမော့ပြီးကြည့်ရာ မိုးပေါ်တွင် တိမ်တိုက်မည်းများ စတင်စုလာသည်ကို မြင်လိုက်ရသည်။

“ဆေးဘေးသင့်မှု၊ တကယ်ပဲ ဘေးသင့်မှုတိမ်တိုက်ကို လှုပ်နှိုးလိုက်တာ ပဲ” ရှန်းယယ်ရွှမ်းသည် မယုံနိုင်စွာဖြင့် အော်လိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“တကယ်ပဲ ဆေးဘေးသင့်မှုပဲ၊ သူက တကယ်ပဲ ဆေးဘေးသင့်မှုကို ဖြစ်စေတာပဲ”

ဘယ်သူမှနားမလည်လိုက်ချိန်တွင် မိုးပေါ်တွင် တိမ်တိုက်များသည် ပိုပို ပြီးထူထဲလာသည်။ သူတို့မြင်ရသည်ကိုပင် မယုံနိုင်ဖြစ်ကြလေသည်။

ရှီမာယူယူသည် ခေါင်းမော့လိုက်ရာ ဘေးသင့်မှုတိမ်တိုက်သည် သူမ အထက်သို့ရောက်နေသည်ကို မြင်လိုက်ရသည်။ နီးကပ်လာသည်ကို သူမ ခံစားမိဖြင့် မီးတောက်ကိုငြှိမ်းသက်လိုက်ပြီး အဖုံးကိုဖွင့်ကာ ဆေးကိုအောင် မြင်စွာ ထုတ်ယူလိုက်သည်။

“ရွှမ်း”

ဆေးထွက်လာချိန်တွင် ဘေးသင့်မှုတိမ်တိုက်မှ မိုးကြိုးတစ်ချက်ပစ် လိုက်သည်။

ရှီမာယူယူသည် ဆေးကိုလက်ထဲမှာထည့်ထားသည်။ မိုးကြိုးဘေးသင့် မှု၏ ပစ်မှတ်ဖြစ်သောကြောင့် သူမနှင့် ဆေးနှစ်ခုလုံးကို ပစ်လေသည်။

ဆုန့်ယယ်ရွှမ်းနှင့် တခြားသူများသည် မိုးကြိုးမပစ်ခင်ကို ပြိုင်ပွဲနေရာမှ ပြေးကြလေသည်။ သူတို့ ထိခိုက်လိုသည့်အကြောင်းမရှိပေ။

“သူတကယ်ပဲ မိုးကြိုးဘေးသင့်မှုကို လှုပ်နှိုးလိုက်တာပဲ၊ သေအောင် တော့အပစ်မခံရလောက်ဘူး နော” ဆုန့်မင်ကျူသည် ရင်ဘတ်ကိုပုတ်ပြီး ပြောလေသည်။

“မဖြစ်လောက်ပါဘူး” မိုယွိ ပြောလိုက်သည် “သူ့ကြည့်လိုက်ဦး ဒါကြုံ တွေ့ရတာ ပထမဆုံးမဖြစ်လောက်ဘူး၊ သူ နည်းနည်းမှ မတုန်လှုပ်ဘူး အဆင်ပြေလောက်တယ်”

“ဟင်း သေအောင်အပစ်ခံရရင် အေးတာပဲ ဟုတ်တယ်မလား ရွှမ်းရွှမ်း” ဂူရှီဖင်သည် နှာရှုတ်လေသည်။

ဆုန့်ယယ်ရွှမ်းသည် သူ့ကို တစ်ချက်ကြည့်လေသည်။ သူသည် စကား ဆက်မပြောတော့ပဲ ရှီမာယူယူ မိုးကြိုးဘေးသင့်မှုကို ဖြတ်ကျော်နေသည်ကို တောက်ပသောမျက်လုံးများဖြင့် ဆက်ကြည့်လေသည်။

အဆင့်တူ၊ အရည်အသွေးတူသော ဆေးဖြစ်လျှင်တောင် ဆေးဘေး သင့်မှုကိုဖြတ်ကျော်သည့်ဆေးသည် မတူညီသည်ကို အဂ္ဂိရတ်ပညာရှင်များ အားလုံးသိကြသည်။ ဒီပြိုင်ပွဲသည် သူမ အနိုင်ရမည်။

သို့သော် သူမသည် ရှီမာယူယူကို စိတ်ဝင်စားမိသည်။ ဒီလောကမှာ သူမလို ရူးသွပ်တဲ့သူ ဘယ်နယောက်များရှိသလဲ။

မိုးကြိုးအပစ်ခံပြီးနောက်တွင် ဘေးသင့်မှုတိမ်တိုက်သည် မလိုလားစွာ ထွက်သွားလေသည်။ ဝိုင်ကုန်သွားတာကို ဒီလူက ထပ်ပြီးမပေးတော့ဘူးပဲ။

သို့သော် သူတို့သည် မိတ်ဆွေများဖြစ်ကြကာ သူမသည် သူတို့၏ ဆက်ဆံရေးကို ထုတ်ဖော်လိုခြင်းမရှိသဖြင့် နိမ့်ချစွာနေသည့်ပုံပေါက်သည်။

ဘေးသင့်မှုတိမ်တိုက်သည် ရှီမာယူယူကို ကလိထိုးသလိုသာ လုပ်သွား လေသည်။ ခရမ်းရောင်လျှပ်သီးသည် သူမ မိုးကြိုးကန်ထဲတွင် ကူးခတ်နေ ကာ အာသာပင်မပြေလိုက်ပေ။

သူမသည် ဆေးကိုကျောက်စိမ်းပုလင်းထဲထည့်လိုက်ပြီး ဂျီချင်းယွမ်ကို ကြည့်လိုက်သည်။

ဂျီချင်းယွမ်သည် တက်လာကာ ပြိုင်ပွဲဝင်အားလုံးကို စင်ပေါ်တက်လာ ရန်ခေါ်လိုက်သည်။

ရှန်ယယ်ရွှမ်းတို့သည် သက်ဆိုင်ရာနေရာအသီးသီးသို့ပြန်ကြပြီး သူတို့ ၏အောင်မြင်ထားသောဆေးများကို စားပွဲပေါ်တွင်တင်ထားလိုက်သည်။

ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့သည် တခြားအဂ္ဂိရတ်ပညာရှင် လေးယောက်နှင့်အတူတက်လာကြသည်။ သူသည် အစဉ်လိုက် အကဲဖြတ် ပြီး အမှတ်များကိုကြေညာလေသည်။

“ဆုန့်မင်ကျူ အဆင့်မြင့် အဆင့်၇ဆေး အဆင့်၃”

“ဂျူရှီဖင် အလယ်အလတ် အဆင့်၇ဆေး အဆင့်၆”

“…..”

“မိုယွိ အကောင်းအဆင့်၇ဆေး”

“ရှန်းယယ်ရွှမ်း အဆင့်နိမ့် အဆင့်၈ဆေး”

ရှားကျောင်ထျန်နှင့် တခြားသူများသည် ရှီမာယူယူရှေ့သို့လာပြီး သူမ ဆေးကိုယူကြည့်လေသည်။ သူတို့ အားရပါးရပြုံးကာ “ရှီမာယူယူ အမှတ် ၂ခုနဲ့ အဆင့်နိမ့် အဆင့်၈ဆေး”

သူသည် ဆေးပေါ်မှ အမှတ်၂ခုကို အားလုံးမြင်အောင် မြှောက်လိုက် သည်။

ထို့နောက်တွင် သူသည် ဆေးကိုသိမ်းပြီး ရှီမာယူယူကိုပြောလိုက်သည် “တော်တယ်”

ထို့နောက်တွင် သူ ပွဲကြည့်စင်သို့ပြန်လေသည်။

ရှီမာယူယူနှင့် တခြားသူများသည် ပစ္စည်းများကိုသိမ်းပြီး နားနေသည့် နေရာသို့ပြန်လေသည်။ သူတို့သည် ဒီနေ့ပြိုင်ပွဲ၏ ရလဒ်ကိုကြေညာရန်ရှိ သေးသည်။ ခဏအကြာတွင် ကြေညာမည်ကို စောင့်နေကြသည်။

ပွဲကြည့်စင်တွင် ပညာရှိစံအိမ်တော်မှ စံအိမ်တော်ခေါင်းဆောင်သည် ရှီမာယူယူကိုကြည့်ပြီး သူ့လက်မှလက်စွပ်ကို ထိနေလေသည်။

“မင်းအစောကြီးကတည်းကသိတယ်မလား” ရှောင်ယွန်ရှောင်သည် ဝူလင်းယူကိုမေးလိုက်သည်။

“ဘာကိုသိတာလဲ” ဝူလင်းယူသည် ရူးချင်ယောင်ဆောင်ကာ မျက်နှာ တွင် ခံစားမှုကင်းမှုသည် ဖြတ်ပြေးသွားလေသည်။

“သူက အမှောင်တောကလူပဲ” ရှောင်ယွန်ရှောင် ပြောလေသည် “သူက မင်းရဲ့ ဂျူနီယာညီလေးပဲ အမှောင်တောကအဖြစ်တွေမှာ တာဝန်ရှိသူက သူ ပဲဆိုတာ မင်းမသိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“သူ ကျွန်တော့်ကိုမပြောဘူး” ဝူလင်းယူ ပြောလိုက်သည် “ကျွန်တော်က ဒီနှစ်တွေမျာ တံခါးပိတ်ကျင့်ကြံနေပြီး အပြင်ကိစ္စတွေကို ဂရုစိုက်ခဲတယ်လေ အမှောင်တောကကိစ္စကို ကိုယ်တိုင်လည်းမမြင်လိုက်ရဘူး”

“မင်းတကယ်ပဲ မသိဘူးလား” ရှောင်ယွန်ရှောင်သည် သူ့အမူအရာကို အကဲခတ်ရန် သူ့ကိုစိုက်ကြည့်လေသည်။

“အခုမှသိတာပဲ” ဝူလင်းယူသည် ထိုမျှသာပြောလေသည်။ သူ့မျက်လုံး များသည် အခုမှသိသည့်ပုံကို ပြနေသည်။

“ဒီနေ့သူ့ကိုဖမ်းပြီး ငါ့ကိုလာရှာ” ရှောင်ယွန်ရှောင် ပြောလေသည် “အဲလိုလုပ်နိုင်လား”

“လုပ်နိုင်တယ်”

“ဒါဆို မင်းကိုစောင့်နေမယ်”

“နားလည်ပါပြီ”

ဝူလင်းယူသည် ရှီမာယူယူဘက်သို့ကြည့်လိုက်သည်။ သူမ မျက်နှာမှ အပြုံးကို သူမြင်လိုက်သောအခါ နှုတ်ခမ်းများသည် အပြုံးအဖြစ်တွန့်တက် သွားလေသည်။

တချို့ကိစ္စတွေကို အရှေ့ကိုတိုးလုပ်ရမယ့်ပုံပဲ။

ရှားကျောင်ထန်သည် ဂျီချင်းယွမ်ပေးသော ရလဒ်ကိုထုတ်လိုက်သည်။ ထို့နောက်တွင် သူမတ်တတ်ရပ်ကာ လည်ချောင်းရှင်းပြီး ကြေညာလေသည် “အခု ငါတို့ ဆေးပြိုင်ပွဲရဲ့ လူငယ်ပွဲ ရလဒ်ကိုကြေညာတော့မယ် ပထမ ရှီမာယူယူ၊ ဒုတိယ ရှန်းယယ်ရွှမ်း၊ တတိယ မိုယွိ စတုတ္ထ… အခု ထိပ်တန်း ပြိုင်ပွဲဝင် ၃ယောက်ကို ဆုလက်ခံဖို့ စင်ပေါ်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်”

ရှီမာယူယူနှင့် တခြားနှစ်ယောက်သည် အနိုင်ရသူ စကားပြောသည့် နေရာအလယ်သို့လာလိုက်ကြသည်။ သူမသည် ရှားကျောင်ထန်နှင့် ဗန်းကိုင် ထားသော အစေခံမိန်းကလေးသုံးယောက်ရှိရာတွင် ရပ်လိုက်သည်။

သူသည် မိုယွိရှေကလာပြီး ဗန်းထဲမှ ပစ္စည်းကိုပေးပြီး ပြောလေသည် “ဂုဏ်ပြုပါတယ်”

“ကျေးဇူးတင်ပါတယ် ဥက္ကဌ” မိုယွိသည် ပြုံးပြီးဆုကိုယူလေသည်။

ရှားကျောင်ထျန်သည် ရှန်းယယ်ရွှမ်းဆီသို့ ဆုပေးရင်း ဂုဏ်ပြုစကား ပြောကြားလေသည်။

ထို့နောက်တွင် သူ ရှီမာယူယူအရှေ့သို့လာပြီး ပစ္စည်းကိုပေးရင်း ပြော လေသည် “မင်းက ငါ့ကိုစိတ်ပျက်အောင်မလုပ်ဘူးလို့သိနေတယ် ဂုဏ်ပြုပါ တယ်”

သေတ္တာထဲတွင် နှစ်တစ်သောင်းရယ်မောခြင်းဗုဒ္ဓအသီးရှိသည်ကို ရှီမာယူယူသိသည်။ သူမသည် ထိုပစ္စည်းကိုမလိုတော့ပေ။ သို့သော် သူမ ယူ လိုက်သည်။ နောက်ကိုအသုံးလိုလာမလား မသိနိုင်ဘူးလေ။

သူမ သေတ္တာကိုယူပြီး ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

ရှားကျောင်ထျန်သည် သူတို့သုံးယော်ကို ဆုများပေးပြီးနောက်တွင် ပြောလိုက်သည် “ဒီပွဲရဲ့ ထိပ်တန်းအဆင့်၂ ပြိုင်ပွဲဝင်တွေအနေနဲ့ ငါတို့် အဂ္ဂိရတ်ပညာရှင်အသင်း ပိုပြီးတိုးတက်အောင်လို့ ပူးပေါင်းနိုင်ကြောင်းကို ဖိတ်ကြားပါတယ်”

မိုယွိသည် ရွှင်ပြကာ ချက်ချင်းပင် သဘောတူလေသည်။

ရှန်းယယ်ရွှမ်းသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလေသည် “ဥက္ကဌ ကြင်နာပေးတာကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မမျိုးနွယ်က ကျွန်မမရှိ လို့မဖြစ်ဘူး”

ထိုသည်မှာ သူ့ကိုငြင်းဆန်သည့် သူမ၏နည်းလမ်းဖြစ်သည်။

ရှားကျောင်ထျန်သည် သူမ၏ ငြင်းဆန်မှုကို ဘာတုန့်ပြန်မှုမှမပေးပေ။ သူမ မပူးပေါင်းနိုင်ကြောင်းကို သူ အစကတည်းကသိထားသည်။

သူသည် ရှီမာယူယူကိုကြည့်လိုက်သည်။

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “ဖိတ်ကြား တဲ့အတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌ ဒါပေမဲ့ ယူယူက လုပ်စရာလေးတွေရှိ ပါသေးတယ် အသင်းမှာမနေနိုင်မှာစိုးပါတယ်”

“ယူယူ မင်း အဂ္ဂိရတ်ပညာနယ်ပယ်မှာ ပိုမကောင်းချင်ဘူးလား”

ရှားကျောင်ထျန် မေးလိုက်သည် “ငါတို့ဒီမှာ ကျွမ်းကျင်အဂ္ဂိရတ်ပညာ ရှင်တွေရှိတယ် မင်းရဲ့အလုပ်တွေကိုလည်း ကူညီနိုင်တယ် ငါတို့…”

ရှီမာယူယူသည် ခေါင်းရမ်းနေဆဲဖြစ်ကာ ပြောလုကိသည် “ဥက္ကဌ ကျွန်တော်က ဆင်ခြေပေးတာမဟုတ်ပါဘူး ကျွန်တော်လုပ်ရမယ့် ကိစ္စတွေ တကယ်ရှိတာပါ ကျွန်တော်ကနေရာတစ်ခုတည်းမှာ အခြေချနေလို့မဖြစ်ပါ ဘူး”

ရှားကျောင်ထျန်သည် သူမကိုကြည့်လိုက်ပြီး စိတ်မှဆုံးဖြတ်ချက်ချ လိုက်သည်။

***

All Chapters