လူတစ်ယောက်ကိုသတ်ဖို့ မင်းကိုခေါ်သွားမယ်
Vol. 011 Ch. 1027
၁၀မိနစ်ကျော်ကြာပြီးနောက်တွင် ရှီမာယူယူသည် လက်ထဲမှ နာမည် ကျောက်ပြားကိုထုတ်လိုက်သည်။ သူမသည် ရှားကျောင်ထျန်၏ ကျေနပ်မှုကို ကြည့်ပြီးနောက် လျှောက်သွားလေသည်။
အဂ္ဂိရတ်ပညာရှင်အသင်းသို့ဝင်ရန် သူ၏ဖိတ်ကြားချက်ကို သူမ ငြင်းပြီး နောက်တွင် ရှားကျောင်ထျန်သည် အဆင့်မြင့်အကြီးအကဲအဆင့်ရှိသော နာမည်ပြားကိုထုတ်လိုက်သည်။ သူမ ထိုကျောက်ပြားကိုယူရန် သူထပ်တလဲ လဲပြောပြီး သူမကို အဂ္ဂိရတ်ပညာရှင်အသင်း၏ ဧည့်သည်အကြီးအကဲ တစ် ယောက်အဖြစ် သတ်မှတ်လေသည်။
“ဂုဏ်ပြုပါတယ်” ရှန်းယယ်ရွှမ်းသည် လှည့်ပြီး ပြုံးပြလေသည်။
“ကျေးဇူးပဲ” ရှီမာယူယူသည် သူမ မျက်နှာမှစစ်မှန်သော အပြုံးကို မြင် သောအခါ သူမသည် ထောင်လွှားသောသူတစ်ယောက်ဖြစ်သော်လည်း သူမ ထက် သန်မာသူကို အသိအမှတ်ပြုတတ်သူဖြစ်ကြောင်းကို သိလိုက်သည်။
“ဂုဏ်ပြုပါတယ် မင်းကအရမ်းအားကောင်းတာပဲ” မိုယွိသည်လည်း စင်ပေါ်မှဆင်းရင်းနှင့် ဂုဏ်ပြုလေသည်။
ဒီတစ်ခေါက်ပြိုင်ပွဲတွင် ပွဲကြည့်သူများကို တစ်ခါပြီးတစ်ခါ အံ့သြမှုများ ပေးလေသည်။ ရှီမာယူယူ၏ နာမည်သည် ချက်ချင်းပင် ပဲ့တင်သွားလေသည်။ အတွင်းဒေသမှတချို့လူများသည် ရှီမာယူယူကို ရှီမာမျိုးနွယ်ကဟု တွေးကြ သည်။ သို့သော် ရှီမာမျိုးနွယ်သည် သူမကို ဂရုစိုက်ခြင်းမရှိပဲ တိမ်ပင်လယ်မြို့ မှ စောစီးစွာထွက်သွားသည်ကို တွေ့သောအခါ ထိုအတွေးများကို ရုတ်သိမ်း လေသည်။
သူမသာ ရှီမာမျိုးနွယ်မှဖြစ်ပါက သူမလို အရည်အချင်းရှိသောလူငယ် တစ်ယောက်ကို ပစ်သွားစရာအကြောင်းမရှိပေ။
နောက်နေ့တွင် နောက်ဆုံးပြိုင်ပွဲ၏ ပထမအဖွဲ့သာကျန်လေသည်။ ဂိုဏ်းမှမည်သူမျှ မဝင်ကြပေ။ ထို့ကြောင့် အားလုံးသည် စိတ်အေးလက်အေး ဖြင့် တည်းခိုဆောင်တွင် ဂုဏ်ပြုကြလေသည်။
ထိုညတွင် အမူးခံဆေးမသောက်ကြသဖြင့် အားလုံးသည် မူးကြကာ ပစ္စည်းများသည် ကြမ်းပေါ်တွင် ပြန့်ကျဲလေသည်။ သူတို့သည် စားပွဲပေါ်တွင် မှောက်ခြင်း မဟုတ်လျှင် ကြမ်းပေါ်တွင် ပစ္စည်းများဖက်ရင်းလဲကြလေသည်။
ဝူလင်းယူဝင်လာချိန်တွင် ကာတွန်းထဲမှထွက်လာသည့် မြင်ကွင်းနှင့် တူ လေသည်။
ရှီမာယူယူ၏ အမူးခံနိုင်ရည်မှာ မစိုးလှပေ။ သူတို့အားလုံး မူးနေကြချိန် တွင် သူမသည် အနည်းငယ်သာမူးဝေသည်။ ဝူလင်းယူဝင်လာသည်ကို သူမ မြင်သောအခါ ပြုံးပြီးမေးလိုက်သည် “စီနီယာအစ်ကို ဒီကိုဘာလာလုပ်တာလဲ”
“မင်းကိုလာဖိတ်တာ” ဝူလင်းယူသည် လျှောက်လာပြီး သူမ လက်ကို ဆွဲကာ တည်းခိုဆောင်အပြင်သို့ ထွက်ခဲ့လိုက်သည်။
ရှောင်ချီသည် အရက်မူးနေသည်။ ရှီမာယူယူထွက်သွားသည်ကိုမြင် သောအခါ သူမလည်းနောက်ဘက်ခြံသို့လိုက်သွားလေသည်။
“ယူယူ ရှောင်ချီတို့ဘယ်သွားနေတာလဲ” ရှောင်ချီသည် မျက်လုံးကို ပွတ်ပြီး မူးဝေစွာပြောလေသည်။
ရှောင်ချီလိုက်လာသည်ကို ရှီမာယူယူ မသိသဖြင့် မျက်စိတစ်ဝက်ပိတ် ဖြင့် အိပ်ချင်နေသော သူမမျက်နှာကိုမြင်သောအခါ ပြုံးလိုက်သည်။
သူမသည် မသိစိတ်မှ သူတို့နောက်မှလိုက်ခဲ့ခြင်းဖြစ်သည်။
“မင်း ခဏတော့ဝိညာဉ်စေတီထဲမှာ အိပ်လိုက်ဦး” ပြောပြီးနောက်တွင် သူမ လက်ကိုဝေ့ရမ်းလိုက်ရာ ရှောင်ချီသည် ဝိညာဉ်စေတီသို့ဝင်သွားလေ သည်။
“ဒီကောင်မလေးကတော့ မင်းကိုခွဲမရဘူးပဲ” ဝူလင်းယူသည် အနည်း ငယ် သဝန်တိုသွားသည်။
“ရှောင်ချီက ကျွန်တော့်နားမှာကပ်နေတာကြာပြီလေ၊ ကျွန်တော့် နောက်လိုက်ပြီးနောက်ပိုင်းကို ဝိညာဉ်စေတီထဲမှာ ပိုပိုပြီးကြီးထွားလာခဲ့တယ် အဲဒါကြောင့် သူက ကျွန်တော့်အပေါ်မှီခိုနေသေးတယ်၊ သူမက နှစ်တစ် ထောင်ကျော်သာနေလာတာ စိတ်ကတော့ တကယ့်ကလေးစိတ်ပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ငါသိပါတယ်” သို့သော် သူ့စိတ်မှာ သက်တောင့်သက်သာမဖြစ်ပေ။
“သခင်” တာဝန်ခံဖက်တီးသည် ဝူလင်းယူကို အရိုအသေပေးလေ သည်။
“သွားရအောင်” ဝူလင်းယူသည် ခေါင်းညိတ်ပြီးနောက် ရှီမာယူယူကို အိမ်ထဲသို့ခေါ်သွားလေသည်။ သူ လက်ဝေ့လိုက်သည်နှင့် တံခါးသည် လေ တစ်ချက်ဝေ့ကာပိတ်သွားပြီး ရှီမာယူယူကို ထိုင်ခုံတွင်ထိုင်ခိုင်းလိုက်သည်။
ရှီမာယူယူသည် သူ့ပေါင်ပေါ်တွင်ထိုင်ကာ မေးလိုက်သည် “ဒီတည်းခို ဆောင်က အစ်ကို့ဟာလား”
“အဲလိုပဲပေါ့” ဝူလင်းယူ ပြောလိုက်သည်။
“အဲတော့ အစ်ကို့အခန်းမရှိဘူးဆိုတာ လျှောက်ပြောတာပေါ့” ရှီမာယူယူ သူ့ကိုစိုက်ကြည့်လေသည်။
“မဟုတ်ပါဘူး” ဝူလင်းယူ ငြင်းဆန်လေသည် “ငါတကယ်ပဲ အခန်းမရှိ တာ”
“ဟင်း ကျွန်တော်ကယုံရမှာလား” ရှီမာယူယူသည် နှာခေါင်းရှို့လေ သည်။ “အခန်းမရှိဘူးလို့ပြောခဲ့တာ ဘယ်လိုများပြောရဲတာပါလိမ့် ”
ဝူလင်းယူသည် အပြုံးဖြင့်ပြန်ဖြေလေသည်။
“အရင်ရက်တွကဘယ်သွားနေတာလဲ ပြီးခဲ့တဲ့တစ်ခေါက်ဖြစ်တော့ လည်း ရောက်မလာဘူး” ရှီမာယူယူသည် ထိုမေးခွန်းကို ထပ်ပြီးအာရုံမထား တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူကြီးက လိမ်နေဦးမှာပဲ။
“စံအိမ်တော်မှာ ကိစ္စတချို့ဖြစ်ခဲ့တယ် အဲဒါကြောင့် သူတို့ ကိုယ့်ကို ခေါ် တာ” ဝူလင်း ယူပြောလေသည်။
“ပညာရှိစံအိမ်တော်ကြောင့် ထိခိုက်ထားတာလား၊ အစ်ကိုအားကောင်း တာကို ဘယ်သူကများ ထိခိုက်အောင်လုပ်လိုက်တာလဲ” ရှီမာယူယူသည် တစ်ခုခုကိုပြန်တွေးမိကာ သူ့ပေါင်ပေါ်မှထပြီး မေးလိုက်သည် “အဲဒါက အစ်ကို့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က လုံးဝပေါင်းစပ်သွားဖို့လိုသေးလို့လား”
သူမ စိုးရိမ်နေသည်ကို ဝူလင်းယူမြင်သောအခါ သူမကို ပြန်ဆွဲပြီး ပြော လိုက်သည် “မဟုတ်ဘူး အခြေအနေက နည်းနည်းရှုပ်သွားလို့ အဲဒါ ကိုယ် ဆိုတာကို မသိစေချင်လို့ နည်းနည်းဒဏ်ရာရသွားတယ်”
“အစ်ကို့ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ပေါင်းစပ်ဖို့လိုသေးတယ် အပြင်သွား ရင်တော့ ဂရုစိုက်ရမယ်” ရှီမာယူယူ စိုးရိမ်နေလေသည်။
“ကိုယ် နားလည်ပါတယ် ကိုယ့်ကိုစိတ်ပူဖို့မလိုပါဘူး” ဝူလင်းယူ ပြော လိုက်သည်။
“အင်း”
သူတို့နှစ်ယောက်သည် အချိန်တစ်ခုကြာသည်အထိ အတူရှိကြလေ သည်။ နောက်ကျနေပြီကို သူတို့မြင်သောအခါ ဝူလင်းယူ ပြောလိုက်သည် “ဒီနေ့ညကို ကိစ္စကြီးတစ်ခုလုပ်ဖို့ မင်းကိုကိုယ်ခေါ်သွားမယ်”
“ဘာလဲ”
“လူတစ်ယောက်ကိုသတ်ဖို့”
“ဖူး..”
ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်ပြီး မေးလိုက်သည် “လူတစ်ယောက် ကိုသတ်မယ်ဟုတ်လား ဘယ်သူ့ကိုသတ်ချင်တာလဲ”
“မင်းဝိညာဉ်စေတီထဲမှာ အကြီးအကဲတွေရှိသေးလား” ဝူလင်းယူ မေး လိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“ကိုယ့်ကိုကူညီဖို့ သူတို့ကိုပြောပေး” ဝူလင်းယူ ပြောလိုက်သည်။
“အစ်ကိုတကယ်ပဲ လူတစ်ယောက်ကိုသတ်ချင်တာလား” ရှီမာယူယူ သည် ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ ဒီလူကြီးက နောက်နေ တာများလား။
“ဒါပေါ့” ဝူလင်းယူ ပြောလိုက်သည် “အခြေအနေက ရှေ့တိုးသွားပေ မယ့်အရမ်းဆိုးတာတော့မဟုတ်ပါဘူး”
“အစ်ကို ရှောင်ယွန်ရှောင်ကိုသတ်ချင်နေတာလား” ရှီမာယူယူသည် သံသယဖြင့် မေးလိုက်သည်။
“တော်တယ်” ဝူလင်းယူသည် သူမ မျက်နှာသို့ မွှေးမွှေးပေးပြီး ပြော လိုက်သည် “ဘယ်လိုလဲ လုပ်ရဲလား မလုပ်ရဲဘူးလား”
“ကျွန်တတော် မလုပ်ရဲတာဘာရှိလို့လဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်တော်သွားရင် အစ်ကို့ကိုဆွဲချသလိုဖြစ်နိုင်တယ်”
“မင်းက ဘေးကနေကြည့်ရုံပဲ” ဝူလင်းယူ ပြောလိုက်သည် “အခြေအနေ မဟန်တော့မှ ဝိညာဉ်စေတီထဲကလူတွေကို ခေါ်ထုတ်လိုက်လေ”
“ဟင် ဘာဖြစ်လို့လဲ” ရှီမာယူယူ တကယ်ပင် နားမလည်ပေ။ သူ့ကြည့်ရ သည်မှာ ထိုအရာနှင့်ပတ်သတ်ပြီး ယုံကြည်ချက်ရှိနေပုံပေါက်နေကာ တစ်ချိန် တည်းမှာပင် ဝိညာဉ်စေတီအတွင်းမှ လူများကိုပါခေါ်ရန် သူမကို ပြောခဲ့သည် မှာ သူ မသေချာနေသည်ကိုလည်း ပြနေသည်။
“သူ မင်းကိုတွေ့ချင်နေတယ်” ဝူလင်းယူ ပြောလိုက်သည် “မင်း ဒီနေ့ ဆေးဘေးသင့်မှုဖြစ်ပြီးတော့ အမှောင်တောမှာတုန်းက ဆေးဘေးသင့်မှုကို ဆင့်ခေါ်လိုက်တာ မင်းဆိုတာကို သူသတိထားမိသွားတယ်၊ ဒီနေ့ညကို မင်း ကိုခေါ်ခဲ့ဖို့ ကိုယ့်ကိုပြောလိုက်တယ်”
“သူက ကျွန်တော့်ကိုတွေ့ချင်တာလား သူက ကျွန်တော့်ကိုသတ်ချင် တာလား” ရှီမာယူယူ မေးလိုက်သည်။
“သူ ဘာအကြောင်းကြောင့် မင်းကိုတွေ့ချင်တာပဲဖြစ်ဖြစ် ကိုယ် လုံးဝ သဘောမတူနိုင်ဘူး” ဝူလင်းယူ ပြောလေသည် “အစတုန်းက သူ့ကို ၂နှစ် လောက် ထပ်နေခိုင်းမလို့ပဲ ဒါပေမဲ့ အစီအစဉ်တွေကို အရှေ့တိုးလိုက်ပြီ”
“သြော်”
“မင်းက အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ဧည့်သည်အကြီးအကဲအဖြစ် ရာထူးတက်သွားပြီဆိုတော့ မြို့ထဲမှာတွေ့လို့မကောင်းဘူးဆိုပြီး သူ့ကို ပြော ထားတယ်၊ အဲဒါကြောင့် တွေ့ရမှာက မြို့အပြင်မှာပဲ” ဝူလင်းယူ ပြောလိုက် သည် “မမျှော်လင့်ထားတာတွေဘာမှမဖြစ်သွားရင် သူ တစ်ယောက်တည်း လာမှာပဲ အဲလိုဆိုရင် သူ့ကိုရှင်းလို့ရပြီ ဒါပေမဲ့ သူလူတွေခေါ်လာရင် အကုန် လုံးကို ရှင်းရလိမ့်မယ်၊ အဲဒါကြောင့် အဲဒီအကြီးအကဲတွေရဲ့ အကူအညီလို တာ၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုသတ်တဲ့သူတွေက ကိုယ်တို့ဆိုတာကို ဘယ်သူ့ ကိုမှ အသိခံလို့မဖြစ်ဘူး မဟုတ်ရင် မလိုအပ်တဲ့ပြဿနာတွေအများကြီးဖြစ် လိမ့်မယ်”
ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြစ်ကာ “လုပ်ဖို့ဆုံးဖြတ်လိုက်ပြီ လား”
“အင်း အဲဒီအဘိုးကြီးက အကင်းပါးတယ် သူ့ကိုမဆွဲချရင် သူ သေချာပေါက် တစ်ခုခုတွေ့သွားမှာပဲ မင်းကိုအဲဒီကိုခေါ်သွားမယ်၊ သူက မင်း ကိုသေချာပေါက်ဖြားောင်းလိမ့််မယ်၊ ဖြားယောင်းတာအလုပ်မဖြစ်ရင် မင်းကို သတ်လိမ့်မယ်၊ အဲလိုဆိုမှတော့ ကိုယ်တို့က လက်ဦးမှုယူပြီးတော့ ကိုယ့်တံခါး ကိုရောက်လာမယ့်ပြဿနာကိုရှောင်ရမှာပေါ့၊ သွားမယ် သူ့ကိုတွေ့ဖို့ ခေါ် သွားမယ်” ဝူလင်းယူသည် သူမကိုဆွဲပြီး မြို့အဝင်ပေါက်ဆီသို့ ပျံသွားလိုက်သည်။
***