← Chapters

ကျရှုံးခြင်း

Vol. 011 Ch. 1028

ကျရှုံးခြင်း

Vol. 011 Ch. 1028

သူတို့နှစ်ယောက်သည် မြို့အပြင်ကိုရောက်ရာ တိမ်များထပ်နိမ့်သော နေရာသို့ ထိုးဆင်းကာ အောက်မှတောင်တန်းဆီသို့လာလိုက်သည်။

“မြင့်မြတ်သောသားတော် စံအိမ်တော်သခင်က အထဲမှာစောင့်နေပါ တယ်” အစောင့်သည် ဝူလင်းယူ ရှီမာယူယူနှင့်လာသည်ကို မြင်သောအခါ ပြောလိုက်သည်။

“အင်း” ဝူလင်းယူသည် အရှေ့မှလျှောက်ကာ ရှီမာယူယူကို အနောက်မှ လိုက်ခိုင်းလေသည်။ သူတို့သည် ခြံအနောက်မှ အခန်းတစ်ခန်းသို့ရောက် လေသည်။

ရှောင်ယွန်ရှောင်သည် ဖျာပေါ်တွင်ထိုင်နေသည်။ သူ့မျက်နှာတွင် အရေးအကြောင်းများပြည့်နေသည်။ သူသည် အသက်အရွယ်ကြီးရင့်သည် နှင့်တူသည်။ သူသည် နေ့အချိန်တွင် သက်လတ်ပိုင်းအရွယ်နှင့်တူပြီး ည ရောက်သောအခါ အဘိုးကြီးတစ်ယောက်လိုပင်။

ထိုကဲ့သို့ပြောင်းလဲမှုသည် အမှန်တကယ်ပင်ဖြစ်နေသည်။

သူမ ခေါင်းမော့ပြီး အဖြစ်အပျက်ကိုသိချင်သဖြင့် ဝူလင်းယူကို ကြည့် လိုက်သည်။

“ငါ မင်းကိုခဏနေရင်ပြောပြမယ်” ဝူလင်းယူသည် သူမအား ပဟေဠိ ဆန်စွာပြောလေသည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တံခါးတွင် ခေတ္တမျှရပ်ကြလေသည်။ ထိုအချိန်မှပင် ရှောင်ယွန်ရှောင်သည် မျက်လုံးပွင့်လာသည်။

“စံအိမ်တော်သခင် ကျွန်တော်သူ့ကိုခေါ်လာပါပြီ” ဝူလင်းယူ ပြောလိုက် သည်။

“စံအိမ်တော်သခင်ကို နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် ရှောင်ယွန် ရှောင်အား ခေါင်းညိတ်ပြီး နှုတ်ဆက်လေသည်။

“မင်းက လင်းယူရဲ့ဂျူနီယာပဲ မင်းကိုမရိုက်ပါဘူး မင်းငါတို့ ပညာရှိ စံအိမ်တော်ကိုဝင်ချင်လား” ရှောင်ယွန်ရှောင် မေးလိုက်သည်။

သူသည် တိုက်ရိုက်ကျလိမ့်မည်ဟု ရှီမာယူယူထင်မထားပေ။ သို့သော် သူမ ချက်ချင်းပင် တိုက်ရိုက်ငြင်းလိုက်လေသည် “စံအိမ်တော်သခင် ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော် သခင်တို့ရဲ့ ပညာရှိ စံအိမ်တော်ကိုမဝင်နိုင်မှာစိုးပါတယ်”

“မင်းက အမှောင်တောမှာဖြစ်ခဲ့တာအတွက် တာဝန်ရှိသူမလား၊ မဟုတ် ဘူးလား” ရှောင်ယွန်ရှောင်သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည် “မင်းက ငါရဲ့ပညာရှိစံအိမ်တော်ကလူတွေကိုသတ်ခဲ့တယ် မင်း ငါတို့ဆီကို လာရင် အဲမတော်တဆဖြစ်ခဲ့တာကို ကျော်သွားပေးမယ် မဝင်ရင်တော့ ဒီက နေပြန်ခွင့်မရှိဘူး၊ မင်း သေချာစဉ်းစားပါ”

“စံအိမ်တော်သခင် ကျွန်တော့်ကိုခြိမ်းခြောက်နေတာလား” ရှီမာယူယူ သည် အေးစက်စွာမေးလိုက်သည်။

“မဟုတ်ဘူး ငါ မင်းကိုမခြိမ်းခြောက်ဘူး အမှန်ကိုပြောတာပဲရှိတယ်” ရှောင်ယွန်ရှောင်ပြောလိုက်သည် “ဒါကလည်း မင်းစီနီယာရကြ ပညာရှိ စံအိမ်တော်မှာ မြင့်မြတ်တဲ့သားတော်ရာထူးအတွက်ပြောနေတာ၊ တခြားသူ သာဆိုရင် မင်းအခုချိန် အလောင်းဖြစ်နေပြီ”

“ကျွန်တော်ငြင်းရင်ရော” ရှီမာယူယူ ပြောလိုက်သည်။

“လင်းယူ မင်းရဲ့ ဂျူနီယာညီလေးကို သေချာသိမ်းသွင်းသင့်တယ်” ရှောင်ယွန်ရှောင် ပြောလေသည် “ငါ မင်းကိုဒီနေ့ညအထိအချိန်ပေးမယ် အခြေအနေက တူနေဦးမယ်ဆိုရင်….”

“မလိုပါဘူး ကျွန်တော်လုံးဝ ဝင်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည် “ပညာရှိစံအိမ်တော်က ကောင်းတဲ့နေရာတစ်ခုမဟုတ်ဘူးလို့ ကျွန်တော့်ဆရာပြောဖူးတယ်၊ အဲလိုနေရာကို တပည့်တစ်ယောက်ကဝင်ထား တာကို အဲရေကြက်အိုကြီးက ဒေါသထွက်နေပြီ၊ ကျွန်တော်ပါဝင်လိုက်ရင် ဒေါသထွက်လို့သေလိမ့်မယ်၊ အဲလိုဆိုရင်ကျွန်တော့်အပြစ်ကြီးသွားပြီ”

“ဒါဆိုရင် မင်းသေရင်တောင် ငြင်းဦးမှာပေါ့” ရှောင်ယွန်ရှောင်၏ အမူအရာသည် ကြောက်စရာကောင်းလေသည်။

“ဟုတ်တယ်”

“ဒါဆိုရင် မင်းကိုအပ်ထားမယ် လင်းယူ”

ဝူလင်းယူသည် ရှောင်ယွန်ရှောင်ကိုကြည့်ပြီးနောက် ရှီမာယူယူဘက်သို့ လှည့်ကြည့်လေသည်။ သူသည် ဘယ်လက်ကိုမြှောက်လိုက်ရာ လက်မှ အဖြူ ရောင်ဝိညာဉ်စွမ်းအင်ထွက်လာသေည်။

ရှီမာယူယူ၏ အမူအရာသည် စိုးရိမ်မှုမရှိပေ။ ဝူလင်းယူ၏ ဝိညာဉ် စွမ်းအင်သည်လည်း မလှုပ်ပေ။ ခဲနေသလိုပင်။

“လင်းယူ လှုပ်ရှားတော့” ဝူလင်းယူသည် သူမကို တိုက်ခိုက်ရန် ဆန္ဒ မရှိဟု ထင်ကာ ရှောင်ယွန်ရှောင်သည် အမိန့်ပေးလေသည်။

ဝူလင်းယူသည် လက်ထဲမှဝိညာဉ်စွမ်းအင်ကို ခေါင်းငုံ့ကြည့်လေသည်။ သူ့လက်များသည် ဖြည်းဖြည်းချင်းမြောက်လာကာ ရုတ်တရက် ရှောင်ယွန် ရှောင်ကိုတိုက်ခိုက်လေသည်။

ဝူလင်းယူသည် သူ့ကိုတိုက်မည်ဟု ရှောင်ယွန်ရှောင်ထင်မထားပေ။ အခြေအနေသည် ရုတ်တရက်ဖြစ်လွန်းကာ သူတုန့်ပြန်ရန်နောက်ကျသွားပြီး စွမ်းအင်ထိမှန်သွားလေသည်။

“လင်းယူ”

သူ့မျက်နှာမှ အံ့သြမှုသည် အတိုင်းသားပင်။ သူသည် ထိုဖြစ်နိုင်ချေကို တစ်ခါမှ မခန့်မှန်းဖူးသည့်ပုံပင်။

“ကျွန်တော် သူ့ကိုဘယ်တော့မှ သတ်မှာမဟုတ်ဘူး” ဝူလင်းယူ ပြော လိုက်သည်။

“မင်းက ငါ့ကိုဖီဆန်ရဲတယ်” ရှောင်ယွန်ရှောင်သည် အေးစက်သော အမူအရာဖြင့်ပြောလိုက်သည်။

ဝူလင်းယူသည် အတားအဆီးတစ်ခုလုပ်ကာ နေရာတစ်ခုလုံးကို ဖုံးအုပ် လိုက်သည်။ အထဲသို့ မည်သူမှ မဝင်နိုင် မထွက်နိုင်တော့။

ရှောင်ယွန်ရှောင်သည် အတားအဆီးကိုမြင်သောအခါ သူ အဆုံးသတ် ပြီကိုသိလိုက်သည်။ ထို့အပြင် အထဲတွင်ရှိနေသော သူများကို ပိုမမျှော်လင့် ထားပေ။

ဝူလင်းယူ၏ အတားအဆီးများသည် အလွန်အားကောင်းသည်ကို သူ သိသည်။ သို့သော် အခြေအနေမှာ ဆိုးဝါးမည်ဟု မထင်ထားပေ။ အကြောင်း မှာ သူ့စိတ်ထဲတွင် ဝူလင်းယူကို အားမကောင်းဟု တွေးထားသောကြောင့် ပင်။ သူ၏ သစ္စာဖောက်မှုသည် အလောကြီးသော လှုပ်ရှားမှုတစ်ခုသာသာ ပင်။

“မင်းက ငါ့ကိုသစ္စာဖောက်ချင်တာလား” သူသည် လေထဲသို့ပျံသွားပြီး ဝူလင်းယူကိုကြည့်လိုက်သည် “ဒါရဲ့အကျိုးသက်ရောက်မှုကိုရောသိရဲ့လား”

“ဘာသက်ရောက်မှုဖြစ်မှာမို့လို့လဲ” ဝူလင်းယူ ပြောလိုက်သည် “ခင်ဗျား နဲ့အတူ လူတွေမခေါ်ခဲ့တာကိုပဲ ခင်ဗျားနောင်တရရမှာ”

ပြောပြီးနောက်တွင် သူသည် မိုးပေါ်သို့ပျံသွားပြီး ရှောင်ယွန်ရှောင်ကို တိုက်ခိုက်လေသည်။

“ငါက မင်းကိုနှစ်တွေအများကြီး ပျိုးထောင်ခဲ့တာကို ဒီလိုကျေးဇူးဆပ် လိုက်တာပေါ့လေ” ရှောင်ယွန်ရှောင်သည် ဒေါသထွက်လေသည်။

“ကျွန်တော့်ကိုပျိုးထောင်တယ်ဟုတ်လား၊ ခင်ဗျားကြီး ကျွန်တော့်ကို ပျိုးထောင်တယ်ဆိုတာက ခင်ဗျားကြီးခန္ဓာကိုယ်ကို ပြင်ချင်လို့အတွက်ပဲ မဟုတ်ဘူးလား” ဝူလင်းယူ ပြောလိုက်သည် “ကျွန်တော်သန်မာလာရင် ခင်ဗျားကြီးလည်းသန်မာလာမှာလေ၊ အဲဒါကြောင့် ခင်ဗျားကြီးက ကျွန်တော့် ကိုပျိုးထောင်ခဲ့တာပဲ၊ အဲဒါကြောင့် ကျွန်တော့်ကိုအရင်းအမြစ်တွေပေးပြီး တော့ ကောင်းကောင်းဆက်ဆံခဲ့တာ… ခင်ဗျားရဲ့ စကားတွေကို ခင်ဗျား ကိုယ်တိုင်တောင်ယုံပါ့မလား”

“ဘာမဟုတ်တာတွေလာပြောနေတာလဲ” ရှောင်ယွန်ရှောင် နှာမှုတ် လိုက်သည် “အဲဒါမင်းအတွက်ပဲ ငါအဲလောက်လုပ်ပေးခဲ့တာ”

“ဟုတ်လား” ဝူလင်းယူ နှာမှုတ်လိုက်သည် “ဒါဆိုရင် ကျွန်တော့်ကို ဘာလို့ အဲဆေးတွေကျွေးခဲ့တာလဲ၊ နောက်ဆုံးတစ်ခေါက် ကျွန်တော့်ဝိညာဉ် ကိုတိုက်ခိုက်ချင်လို့ ကျွန်တော့်ခန္ဓာကိုယ်ကို စစ်ဆေးချင်တယ်ဆိုပြီး ဆင်ခြေ ပေးခဲ့တာကရော အဲဒါဘာလဲ၊ ခင်ဗျားကြီးကျွေးတဲ့ဆေးကိုသာ ကျွန်တော် တကယ်စားခဲ့ရင် ပြီးသွားပြီ ဟုတ်တယ်မလား”

ရှီမာယူယူသည် တုန်လှုပ်သွားသည်။ ရှောင်ယွန်ရှောင်က သူ့ကို အဲလို တောင်လုပ်ပြီးပြီလား။

“မင်းအကုန်သိနေတာလား” ဒီတစ်ကြိမ်တွင် ရှောင်ယွန်ရှောင် အံ့သြ သည့်အလှည့်ဖြစ်သည်။ သူသည် နှုတ်လုံသည် ထိုအကြောင်းကို သိသည့်သူ မရှိဟု သူ အမြဲတွေးခဲ့သည်။

“ခင်ဗျားက မချိုးဖောက်နိုင်တဲ့ ခင်ဗျားရဲ့အကန့်အသက်တစ်ခုကို ရောက်နေပြီ အဲဒါကြောင့် ပျိုးထောင်ချင်တဲ့သူကိုရှာချင်တာ အဲဒါမှ အရန် အနေနဲ့သုံးလို့ရမှာလေ ကျွန်တော့်ဝိညာဉ်ပြည့်စုံသွားပြီလို့ ခင်ဗျားလည်းကြား ရော အခွင့်အရေးလာတော့မယ်လို့ ခံစားမိလိုက်တယ်လေ၊ အဲဒါကြောင့် ကျွန်တော့်ကို အံ့ဖွယ်နတ်ဆိုးတောင်ကြားအထိ ခင်ဗျားကိုယ်တိုင် ရောက် လာခဲ့တာပေါ့ ဒီနှစ်တွေမှာ ခင်ဗျားက အကောင်းဆုံးအရင်းအမြစ်တွေပေး ပြီးတော့ ကျွန်တော့်အားအင်ကို အဆက်မပြတ်တိုးဖို့လုပ်ပေးခဲ့တယ် ဒါတွေ အကုန်လုံးလုပ်ပေးတယ်ဆိုတာက ခင်ဗျားရဲ့အားကိုတိုးချင်လို့ပဲလေ ဟုတ် တယ်မလား” ဝူလင်းယူ ထိုမျှလောက်စကားများများပြောသည်မှာ ရှားပါး သည်။

သူက သူ့ကိုပျိုးထောင်ခဲ့မှာတော့ မသေခင်ကို အကုန်လုံးကို သိစေချင် တဲ့ဆန္ဒတော့ရှိတယ်လေ။

“ဘယ်တုန်းကသိသွားတာလဲ” ရှောင်ယွန်ရှောင်မေးလိုက်သည်။

“အမြဲတမ်းသိနေခဲ့တာပဲ” ဝူလင်းယူ ပြောလိုက်သည် “ဒါပေမဲ့ ခင်ဗျား က ကျွန်တော့်ကို အခြအနေကောင်းတွေပေးမှတော့ ကိုယ်ကောင်းဖို့အတွက် ကျွန်တော်ကတော့ ရှေ့ဆက်သွားရမှာပဲ”

“အဲဒါကြောင့် ငါပေးတဲ့ဆေးကို မင်းဘယ်တုန်းကမှမစားခဲ့တာပဲ” ရှောင်ယွန်ရှောင် ပြောလိုက်သည် “အဲဒါကြောင့် ပြီးခဲ့တဲ့တစ်ခေါက် ငါ မင်း ခန္ဓာကိုယ်ထဲကိုဝင်ဖို့ကြိုးစားတုန်းက မင်းရဲ့ဝိညာဉ်ကငါ့ကိုတိုက်ခိုက်ခဲ့တာပဲ”

“ဟုတ်တယ်” ဝူလင်းယူ ပြောလိုက်သည် “ဒါပေမဲ့ ခင်ဗျား ဘယ်တော့မှ မစဉ်းစားမိတဲ့ဟာရှိတယ်”

“ဘာလဲ”

“အဲတုန်းက ကျွန်တော့်ဝိညာဉ်ကိုရှာတွေ့ပြီး နောက်တစ်ပိုင်းနဲ့ပေါင်းပြီး သွားပြီ၊ အခုကျွန်တော်က ဝိညာဉ်ပြည့်စုံသွားတော့ ခင်ဗျား ကျွန်တော့် ခန္ဓာ ကိုယ်ကို ထပ်ပြီးအကွက်ဆင်လို့မရတော့ဘူး” ဝူလင်းယူသည် ပြုံးလိုက် သည်။ သူ၏ ဘယ်ဘက်လက်ဖဝါးသည် အနက်ရောင်ဝိညာဉ်စွမ်းအင်ဖြစ်ပြီး ညာဘက်လက်ဖဝါးသည် အဖြူရောင်ဝိညာဉ်စွမ်းအင်ဖြစ်လေသည်။

“ဘာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှောင်ယွန်ရှောင်သည် မယုံရဲသေး ပေ။ လောကကြီးကဒီလောက်ကြီးတာ။ ဝိညာဉ်တစ်ခုက နောက်တစ်ဝက်နဲ့ တွေ့သွားတယ်ဆိုတာ ရှားပါးလှတဲ့ ဖြစ်စဉ်တစ်ခုပဲ။

သို့သော် သူ့လက်မှ အနက်ရောင်ဝိညာဉ်စွမ်းအင်ထွက်လာသည်ကို မြင်လိုက်သောအခါ သူမ ယုံပဲမနေနိုင်တော့ပေ။ ဝူလင်းယူသည် ထိုအရာကို ဘယ်တုန်းကမှမပိုင်ဆိုင်ခဲ့ဖူးပေ။

ဝူလင်းယူ တွေးလိုက်သည်နှင့် ထိုဝိညာဉ်စွမ်းအင်နှစ်ခုသည် အနက် ရောင် နဂါးနှင့် အဖြူရောင်ချီလင်းအသွင်ပြောင်းသွားလေသည်။ အသွင် ပြောင်း ဝိညာဉ်သားရဲနှစ်ကောင်လုံးသည် ရှောင်ယွန်ရှောင်ကို တိုက်ခိုက်ကြ လေသည်။

ရှောင်ယွန်ရှောင်သည်လည်း အားမနည်းပေ။ မဟုတ်လျှင် သူသည် ပညာရှိစံအိမ်တော်၏ စံအိမ်တော်သခင်တစ်ယောက်ဖြစ်လာမည်မဟုတ်ပေ။ သူသည် တိုက်ခိုက်မှုများကို အလွယ်တကူ ရှောင်တိမ်းကာ ဝူလင်းယူ၏ ဝိညာဉ်သားရဲများကို တိုက်ခိုက်လေသည်။

ရှီမာယူယူသည် ဝိညာဉ်သားရဲများ အိမ်ပတ်ပတ်လည် ပြေးလွှားနေ သည်ကိုကြည့်ပြီး ဝူလင်းယူတွင် ဝိညာဉ်သားရဲနှစ်ကောင်ရှိသည်ကို သိလိုက် ရသည်။ အဖြူရောင်ချီလင်းသည် အနည်းငယ်အားနည်းပြီး အနက်ရောင် နဂါးသည် ပိုသန်မာသည်။

ဝိညာဉ်ရဲ့စွမ်းအားတောင်မှာ ဒီလောက်စွမ်းအားရှိတာ၊ မိုရှားက အရင် ဘဝတုန်းကဘယ်လောက်တောင် အားကောင်းခဲ့ပါလိမ့်။

***

All Chapters