← Chapters

နတ်ဆိုးလောကမှ နတ်ဆိုးသားရဲ

Vol. 011 Ch. 1029

နတ်ဆိုးလောကမှ နတ်ဆိုးသားရဲ

Vol. 011 Ch. 1029

ရှောင်ယွန်ရှောင်သည် အဖြူရောင်ချီလင်းကို ကျဲ့ပြန့်သွားအောင်လုပ် လိုက်သော်လည်း အနက်ရောင်နဂါး၏အမြီးဖြင့် အရိုက်ခံရလေသည်။ သူ အရိုက်ခံရသည်နှင့် ပါးစပ်မှ သွေးများအန်ထွက်လေသည်။

သူသည် ပါးစပ်မှသွေးကိုသုတ်ပြီး အိမ်ထဲမှပြေးထွက်သွားရာ ဝူလင်းယူ သည် အလျင်အမြန်ပင် နောက်မှလိုက်လေသည်။

ရှီမာယူယူလည်းလိုက်သွားလေသည်။ သူတို့နှစ်ယောက်သည် မြေပေါ် မှလေထဲသို့တိုက်ခိုက်ကြလေသည်။ ဝိညာဉ်အတားအဆီးကြောင့် အရမ်း အမြင့်မသွားနိုင်ပေ။

သူမသည် ဝူလင်းယူ၏ မျက်နှာမှ မုန်းတီးသောမျက်ရည်များကို တွေ့ လိုက်လေသည်။ ထိုသည်မှာ ဝူလင်းယူ၏ ဝိညာဉ်တွင်မရှိပဲ မိုရှားတွင်သာ ဖြစ် တတ်သော သွေးဆာမှုဖြစ်သည်။

မှန်သည်… အဲလိုစိတ်မျိုးသည် အမှောင်ဧကရာဇ်၏ အကျင့်စရိုက်သာ ဖြစ်သည်။ ဝူလင်းယူတွင် ရှိသည့်အရာမဟုတ်ပေ။

ရှောင်ယွန်ရှောင်သည်လည်း ကွာခြားချက်ကိုသတိထားမိကာ ဝူလင်းယူကိုရှုံးပြီးနောက်တွင် သွေးထွက်နေသောရင်ဘတ်ကိုကိုင်ကာ ပြော လေသည် “မင်းက ဝူလင်းယူမဟုတ်ဘူး မင်းဘယ်သူလဲ”

“မင်းအသက်ကိုယူမယ့်သူပဲ” ဝူလင်းယူ ပြန်ဖြေလေသည်။

“မင်းငါ့ကိုမသတ်နိုင်ဘူး” ရှောင်ယွန်ရှောင်သည် ဝူလင်းယူမှ ထွက်လာ သော ရောင်ဝါကြောင့် တုန်လှုပ်သွားသည် “မမေ့နဲ့ မင်းငါ့ကိုသတ်လိုက်လို့ ပညာရှိစံအိမ်တော်က သိသွားရင် မင်းက ပညာရှိစံအိမ်တော်ကအလိုရှိတဲ့သူ ဖြစ်သွားမှာ”

ဝူလင်းယူ၏လက်သည် ရုတ်တရက်ရပ်သွားပြီး စံအိမ်တော်ခေါင်း ဆောင်၏ ခန္ဓာကိုယ်မှ အမှတ်ကိုသတိရသွားသည်။ သူတို့သာအသတ်ခံရပါ က ထိုအမှတ်သည် သေဆုံးမှုမြင်ကွင်းဖြစ်ကာ သတ်သွားသူကိုအားလုံးသိနိုင် ကြသည်။

ရှောင်ယွန်ရှောင်သည် ဝူလင်းယူ ရပ်တန့်သွားသည်ကို မြင်သောအခါ သူ ထိုအရာကိုရှောင်သည်ကို သိထားသဖြင့် ပြောလိုက်သည် “လင်းယူ မင်း က ငါ့ရဲ့အချစ်ဆုံးတပည့်ပဲ၊ ငါ မင်းကိုပျိုးထောင်ဖို့ အားအများကြီးစိုက်ထုတ် ခဲ့တယ်၊ မင်းကို ငါ့မိသားစုဝင်လို့ ဆက်ဆံလာတာလည်း ကြာပြီ၊ မင်းငါ့ကို လွှတ်ပေးရင် ဒီနေ့ညကိစ္စကိုဘာမှမဖြစ်သလိုလုပ်ပေးမယ် မင်းငါ့ကိုသတ် လိုက်ရင် မင်းက ပညာရှိစံအိမ်တော်ရဲ့ ရန်သူဖြစ်သွားမှာပဲ”

“မှန်ပါတယ် ကျွန်တော် ခင်ဗျားကိုမသတ်နိုင်ဘူး” ဝူလင်းယူ ပြောလိုက် သည်။

ရှောင်ယွန်ရှောင်သည် သူ့အသက်ကို ကယ်လိုက်ပြီဟု ခံစားရကာ စိတ် လျော့လိုက်သည်။ သူသည် မပျော်လိုက်ရခင်ပင် ပါးစပ်ကြီးတစ်ခုသည် သူ့ အနောက်လေထဲမှပေါ်လာကာ သူသည် တစ်ခဏအတွင်းမှာပင် ပါးစပ်ကြီး၏ အစားခံလိုက်ရလေသည်။

“အား…”

ရှောင်ယွန်ရှောင်သည် မခုခံလိုက်ရပဲ ပါးစပ်ထဲနစ်မြုပ်သွားကာ ပျောက် ကွယ်သွားလေသည်။

ပါးစပ်ပိတ်သည်နှင့် နေရာတစ်ခုလုံးသည် ပုံမှန်အခြေအနေပြန်ဖြစ် သွားကာ ရက်စက်သောသားရဲကောင်၏ ပါးစပ်ရှိသည့်အရိပ်အယောင်မတွေ့ ရတော့ပေ။

ရှီမာယူယူသည် မှင်တက်သွားကာ ဝူလင်းယူအားကြည့်ပြီး ပါးစပ် အဟောင်းသားဖြင့် ဘာစကားမှထွက်မလာပေ။

“အာ….”

ရွာ၏တခြားတစ်ဖက်မှ ကျယ်လောင်သောအော်သံများထွက်လာပြီး သည့်နောက်တွင် တခြားနေရာများမှလည်း အော်သံများထွက်လာသည်နှင့် သွေးများထွက်သည့်အသံများပါထွက်လာသည်။

“စီနီယာအစ်ကို”

သူမသည် ထူထဲသောအမှောင်ရောင်ဝါကိုခံစားမိသည်။ ရောင်ဝါသည် သန်မာလွန်းသဖြင့် တစ်ရွာလုံးကိုပြည့်မတတ်ပင်။

ဝူလင်းယူပျံသွားချိန်တွင် သူ့ခန္ဓာကိုယ်မှရောင်ဝါသည် လုံးဝပျောက် ကွယ်သွားခြင်းမရှိသောကြောင့် တခြားသူများသည် ဖိအားကိုခံစားရလေ သည်။

ရှီမာယူယူသည် လေဟာပြင်အတားအဆီးကိုဖြေပြီး သူ့ကိုကြည့်ကာ ပြောလိုက်သည် “အခုက… ဘာတွေလဲ”

ဝူလင်းယူသည် ဘေးဒုက္ခများကိုတွေ့ကြုံဖူးသော်လည်း သူ့ ခန္ဓာကိုယ် သည် သွေးထွက်ခြင်းမရှိ အင်္ကျိတွန့်ကြေခြင်းမရှိပဲ ဖြတ်ကျော်ခဲ့သည်သာ။

“လန့်သွားလို့လား” ဝူလင်းယူသည် လက်ကိုဆန့်ထုတ်ကာ သူမ မျက်နှာကိုပွတ်လိုက်သည်။ သူ့အသံသည် ပုံမှန်ထက်အေးစက်သော်လည်း နူးညံ့နေသေးသည်။

“နည်းနည်းပါ ရုတ်တရက်ကြီးဖြစ်သွားတော့” ရှီမာယူယူ ဆက်ပြော လေသည် “ဒါတွေကဘာတွေလဲ”

“အရင်ဘဝက ကိုယ့်ရဲ့ဝိညာဉ်သားရဲတွေ” ဝူလင်းယူ ပြောလေသည်။

“အစ်ကို့ရဲ့ ဝိညာဉ်သားရဲတွေဟုတ်လား သူတို့က ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ” ရှီမာယူယူ အော်လိုက်သည်။

“လျှို့ဝှက်နည်းလမ်း” ဝူလင်းယူ ရှင်းပြလေသည်။

“အဲလောက်ကြာအောင် နေလာတဲ့ ဝိညာဉ်သားရဲ.. အဲဒီအားက…” ရှီမာယူယူသည် မယုံကြည်စွာဖြင့် ပြောလေသည် “နတ်ဆိုးလောကမှာ အဲ လောက်သန်မာတဲ့ ဝိညာဉ်သားရဲတွေရှိနေတာ၊ သူတို့က လူသားလောကကို ဘာမှမလုပ်ချင်ရင်….”

“လူသားလောက ဘေးဒုက္ခလား” ဝူလင်းယူ၏ ခန္ဓာကိုယ်မှရောင်ဝါ သည် တဖြည်းဖြည်း အေးကျသွားကာ ပြောလေသည် “နတ်ဆိုးလောကမှာ အဲလိုသတ္တဝါရှိတယ်ဆိုရင် လူသားလောကနဲ့ တစ္ဆေလောကမှာလည်းရှိမှာပဲ ဒီလောကကြီးက ညီမျှပ်တယ် ပိုသန်မာတဲ့လောကဆိုတာမရှိဘူး”

ရှီမာယူယူသည် နှုတ်ခမ်းများကိုတွန့်ကွေးလိုက်သည်။ သူမ မသိသေး တဲ့ နယ်နိမိတ်တွေဘယ်လောက်များနေသေးတာလဲ။

“အကြီးအကဲတွေကိုအကူအညီတောင်းမယ်လို့ ပြောထားတာမဟုတ် ဘူးလား ဘာလို့နတ်ဆိုးလောကက နတ်ဆိုးသားရဲတွေကိုသုံးတာလဲ” သူမ သည် သံသယဖြင့် မေးလေသည်။

“သူ့မှာ ပညာရှိစံအိမ်တော်က အမှတ်ရှိတယ်ဆိုတာကိုမေ့သွားတာ” ဝူလင်းယူ ရှင်းပြလေသည်။

“ဒီလောက်အရေးကြီးတာကို ဘယ်လိုလုပ်မေ့နိုင်ရတာလဲ” ရှီမာယူယူ သည် သူ့ကိုမယုံနိုင်သောမျက်လုံးများဖြင့် ကြည့်လေသည်။

ဝူလင်းယူသည် စိတ်အားထက်သန်စွာကြည့်ပြီး အကူအညီမဲ့စွာ ပြော လိုက်သည် “အခုတလော ကိုယ် တစ်ခါတစ်ခါမူးသွားပြီးတော့ တချို့ကိစ္စတွေ ကိုမေ့မေ့သွားတယ် ဒါပေမဲ့ ခဏရေင် အဆင်ပြေသွားတာပဲ”

ရှီမာယူယူသည် သူ့လက်မောင်းကိုဆွဲကိုင်ကာ “ဘယ်တုန်းကဖြစ်တာ လဲ”

“နည်းနည်းတော့ကြာပြီ အရမ်းတော့မကြာသေးဘူး” ဝူလင်းယူ ပြန်ဖြေ လေသည်။

“မူးလဲဖူးလား”

“…..” ဝူလင်းယူသည် သူမအား နောက်တစ်ခေါက်လိမ်လိုသော်လည်း သူမ၏ စိုးရိမ်နေသော အကြည့်ကိုမြင်သောအခါ စကားလုံးများ ပါးစပ်မှ ထွက်လာဆဲဆဲတွင် စိတ်ပြောင်းသွားကာ “တစ်ခါ”

“မူးကိုလဲပြီးသွားပြီဟုတ်လား ဘယ်တုန်းကလဲ”

“ပြီးခဲ့တဲ့ရက်ပိုင်းက” ဝူလင်းယူ ဆက်ပြောလေသည် “ဒါပေမဲ့ တစ်ရက် တည်းပါ၊ စိုးရိမ်စရာမရှိပါဘူး”

“တစ်ရက်တည်းမို့ စိတ်မပူစေချင်ဘူးဟုတ်လား” ရှီမာယူယူသည် သူ့ကို အေးစက်စွာအော်လိုက်သည် “ကျွန်တော့်ကိုဘာလို့မပြောတာလဲ”

“အချိန်မရှိလို့ပါ” ဝူလင်းယူ ဆက်ပြောလေသည် “တော်ပြီ ဒီအကြောင်း ကိုနောက်မှပြောမယ် အခုကိစ္စကိုအရင်ပြောမယ်”

ထိုသည်မှာ သူ သူမကို အာရုံပြောင်းအောင်လုပ်သည့်နည်းဆိုသည်ကို ရှီမာယူယူသိသော်လည်း လက်ရှိအခြေအနေသည် ဆိုးနေသဖြင့် ထိုကိစ္စကို ချက်ချင်းပင် ဖြေရှင်းရဦးမည်။

“ထူလိုက်တဲ့ရောင်ဝါပဲ မကြာခင်အဲလူတွေ ဒီကိုရောက်လာမယ်လို့ထင် တယ် ကျွန်တော်တို့အခုပဲဒီကထွက်သွားရမယ်” ရှီမာယူယူ အော်လိုက်သည်။

ဝူလင်းယူသည် လေဟာပြင်အတားအဆီးကိုဖယ်ရှားပြီး နှစ်ယောက် သည် အလျင်အမြန်ပင် လေထဲသို့ပျံကာထွက်သွားလေသည်။ ရှီမာယူယူ သည် လှည့်ကြည့်လိုက်ရာ ထိုနေရာတွင် လတ်ဆတ်သောသွေးများနှင့် ကျိုး နေသောအရိုးများကျန်ခဲ့သည်ကို သိလိုက်ရသည်။

သူတို့ထွက်သွားပြီးမကြာမီခင်တွင် တိမ်ပင်လယ်မြို့မှလူများသည် အလောတကြီးရောက်လာကြသည်။ ထူထဲသောနတ်ဆိုးရောင်ဝါသည် အားလုံးကို ခြောက်လန့်နေသည်။

“ဘာတွေဖြစ်သွားတာလဲ”

“ထူလိုက်တဲ့နတ်ဆိုးရောင်ဝါပဲ ဒီမှာအခုလေးတင် နတ်ဆိုးလောကရဲ့ တန်ခိုးအကြီးဆုံးသူရှိခဲ့တာဖြစ်မယ်”

“ဘာတွေဖြစ်နေလဲဆိုတာ သွားစစ်ကြည့်လိုက်”

“ဟုတ်ကဲ့ ဥက္ကဌ”

အတွင်းဒေသမှ သန်မာသည့်လူတချို့လည်းရောက်လာကြသည်။ ထိုနေရာမှ နတ်ဆိုးရောင်ယါသည် သူတို့ကို စိုးရိမ်မှုကိုဖြစ်စေကာ လျင်မြန်စွာ ပင် အမိန့်ချလေသည် “မျိုးနွယ်ကိုမြန်မြန်သတင်းပေးလိုက် ဒီမှာကိစ္စကြီးတစ် ခုဖြစ်သွားပြီ”

“သွား ပတ်ဝန်းကျင်မှာ ကျန်ခဲ့တာတစ်ခုခုရှိမလားလို့ သွားကြည့်လိုက်”

“အကြီးအကဲ အရိုးတချို့ပဲရှိတယ် ခန္ဓာကိုယ်အလောင်းမရှိဘူး”

“ဘယ်သူလဲဆိုတာ သိရလား” ရှားကျောင်ထျန် မေးလိုက်သည်။

“ရှောင်ယွန်ရှောင် ဘယ်မှာလဲ”

“သူကမြို့ထဲမှာမရှိဘူး” မြို့အစောင့်များ သတင်းပို့လေသည် “သူ ညတုန်းက မြို့ကထွက်သွားတယ်လို့ တံခါးစောင့်က ပြောပါတယ် သူဒီမှာ ဖြစ်လောက်ပါတယ်”

“ဒါပေမဲ့ ဒီမှာသူ့အရိပ်အယောင်မတွေ့ရဘူး” ရှားကျောင်ထျန် ဆက် ပြောလေသည် “ဝူလင်းယူရော ဘယ်မှာလဲ”

“သူလည်းဒီမှာမရှိဘူး သူမြို့ကထွက်သွားတာမကြာသေးဘူးလို့ ကြားပါ တယ်၊ ရာထူးမြင့်အကြီးအကဲလည်း သူနဲ့ရှိနေပါတယ်”

“ယူယူလည်း မြို့ကထွက်သွားတာလား” ရှားကျောင်ထျန် အော်လိုက် သည်။

ပညာရှိစံအိမ်တော်မှာ ဒီလောက်ကိစ္စကြီးဖြစ်နေတာ သူတို့မသိသေးလို့ အခုထိရောက်မလာစရာအကြောင်းမရှိဘူး။ ဆိုလိုတာက တစ်ခုခုပဲ သူတို့ဆီ မှာတစ်ခုခုဖြစ်နေပြီ။

“ဘုရားရေ ဘာတွေဖြစ်နေတာလဲ”

အားလုံး ပြဿနာတက်နေချိန်တွင် ဝူလင်းယူ၏ အသံသည် ပဲ့တင် ထွက်လာသည်။ အားလုံးသည် သူ့ကိုကြည့်လိုက်ရာ ရှီမာယူယူနှင့်အဝေးမှ ပျံလာသည်ကိုတွေ့လိုက်ရသည်။

***

All Chapters