← Chapters

ပြန်သတိရခြင်း

Vol. 011 Ch. 1030

ပြန်သတိရခြင်း

Vol. 011 Ch. 1030

ရှီမာယူယူလျှောက်လာသည်ကို မြင်သောအခါ ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့သည် စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။

“မင်းက ဘာလို့ဒီရောက်နေတာလဲ” ရှားကျောင်ထျန် မေးလေသည်။

“ကျွန်တော် အဆင့်၁ရတော့ စီနီယာအစ်ကိုက ကျွန်တော်နဲ့ ဒီကိုလာပြီး ဂုဏ်ပြုပေးတာ မြို့ပြင်မှာဖြစ်ခဲ့တာတွေကို ကျွန်တော့်ဆီကကြားပြီး ဒီကိုလာ ပြီးတစ်ခုခုများတွေ့မလားလို့ကြည့်ချင်နေခဲ့တာ၊ ကျွန်တော်တို့ မနေ့ကဒီကို လာခဲ့ကြတာ ဒီမနက်ကို စံအိမ်တော်ခေါင်းဆောင်နဲ့ မြို့အပြင်မှာတွေ့ဖို့ရှိ တာ” ရှီမာယူယူ ရှင်းပြလေသည်။

“မနေ့ညက မင်းတို့ဒီကိုကံကောင်းလို့မလာခဲ့တာ” ရှားကျောင်ထျန် ပြောလိုက်သည်။

“ဒီမှာဘာတွေဖြစ်သွားတာလဲ ဒီမှာဘာလို့နတ်ဆိုးရောင်ဝါတွေထူနေ တာလဲ” ရှီမာယူယူသည် တအံ့တသြမေးလေသည်။

“မသိသေးဘူး ဒါပေမဲ့ပေါ့သေးသးတော့မဟုတ်ဘူး” ဂေါင်ကျိဟုန် ပြန် ဖြေလေသည်။

“စံအိမ်တော်သခင်ရော” ဝူလင်းယူသည် စိုးရိမ်စွာမေးလေသည် “သူ မနေ့ညက ဒီကိုလာတယ်လေ”

“သူ့ကိုဘယ်သူမှမတွေ့ကြဘူး” ရှားကျောင်ထျန် ဆက်ပြောလေသည် “တစ်စစီဖြစ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတော့တွေ့တယ် ဒါပေမဲ့ သူ့ ခန္ဓာကိုယ်မဟုတ်ဘူး”

“ကျွန်တော် စံအိမ်တော်ကိုဆက်သွယ်လိုက်ပါမယ်” ဝူလင်းယူသည် ပြောပြီးသည်နှင့် ဘေးသို့သွားလေသည်။

သိပ်မကြာခင်တွင် လေဟာပြင်ပွင့်သွားကာ လူတစ်စုထွက်လာသည်။ ရှီမာယူယူကို အံ့သြသွားစေသည်မှာ ထိုအဖွဲ့တွင် နာလန်လန်ပါဝင်နေခြင်း ဖြစ်သည်။

နာလန်လန်သည် ရှီမာယူယူကိုမြင်သောအခါ အံ့သြသွားပြီး အလျင် အမြန်ပင် အေးစက်သောမျက်နှာဖြင့် မသိချင်ယောင်ဆောင်ပြီး အဝေးသို့ ကြည့်လိုက်သည်။

ရှီမာယူယူသည် သူမကိုမြင်သောအခါ ပြီးခဲ့သည့်တစ်ခေါက်က မိုးကြိုး ထိမှန်ခဲ့သည်မြင်ကွင်းကို မတတ်သာစွာပြန်မြင်ယောင်မိပြီး နှုတ်ခမ်းသည် အနည်းငယ်တွန့်ချိုးကာ ပြုံးယောင်သန်းသွားသည်။

“မင်းသား” ပညာရှိစံအိမ်တော်မှလူများသည် ဝူလင်းယူကို နှုတ်ဆက် ကြလေသည်။

ရှောင်ယွန်ရှောင်သည် ထိုနေရာတွင်မရှိသဖြင့် လက်ရှိတွင် သူသည် ထိုနေရာတွင် အမြင့်ဆုံဖြစ်သည်။

“တမန်တော် ပစ္စည်းယူခဲ့လား” ဝူလင်းယူ မေးလိုက်သည်။

“ယူခဲ့ပါတယ်” နင်ထန်သည် သေတ္တာတစ်လုံးထုတ်ပြီး ဝူလင်းယူကို လက်နှစ်ဖက်ဖြင့်ပေးလိုက်သည်။

ဝူလင်းယူသည် သေတ္တာဖွင့်ကြည့်ရာ အထဲမှ နာမည်ပြားသည် ကျိုးပဲ့ နေသည်။

“မြင့်မြတ်သောသားတော် ကျေးဇူးပြုပြီးတော့”

ဝူလင်းယူသည် ခေါင်းညိတ်ပြီးနောက် အဖြူရောင်ဝိညာဉ်စွမ်းအင်လုံး ထုတ်လိုက်ရာ ထိုစွမ်းအင်လုံးသည် နာမည်ပြားကို ချက်ချင်းရစ်ပတ်သည်နှင့် အဖြူရောင်အလင်းတန်း ထွက်ပေါ်လာကာ ရှောင်ယွန်ရှောင်၏ သေဆုံးမှုကို အားလုံးရှေ့တွင် ပြသလေသည်။

တစ်ချိန်တည်းမှာပင် အတွင်းဒေသပညာရှိစံအိမ်တော်၏ ခေါင်းဆောင် နှင့် တခြားသောစံအိမ်တော်မှခေါင်းဆောင်များလည်း ထိုကဲ့သို့ဖြစ်လေသည်။

“ဒါဘာကြီးလဲ” နင်ထန် အော်လိုက်သည် “ဘယ်လိုလုပ်ဒီလိုဖြစ်တာလဲ”

အစပိုင်းတွင် ပညာရှိစံအိမ်တော်သခင်ကို သတ်သွားသော လူသတ် သမားကို မျက်နှာပြင်တွင်ပေါ်လာမည်ထင်ခဲ့သည်။ သို့သော် အနက်ရောင် ပြောင်တစ်ခုကိုသာတွေ့ရသည်။ သူသည် အနက်ရောင်နေရာတစ်ခုတွင် အသတ်ခံရသည့်ပုံပင်။

“ကြည့်ရတာ အဲဒါဝိညာဉ်သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်နဲ့တူတယ်” ကျောင်ရှန်းချီ ကြေညာလေသည်။

“နတ်ဆိုးသားရဲလိုမျိုးပဲ” ရှားကျောင်ထျန် ဆက်ပြောလေသည် “နတ်ဆိုးလောကက တန်ခိုးကြီးတဲ့တချို့ဖြစ်လောက်တယ်”

ပညာရှိစံအိမ်တော်မှတခြားသူများသည်လည်း ထိုနေရာတွင် နတ်ဆိုး ရောင်ဝါရှိနေသေးသည်ကို သတိထားမိကြသည်။

“ဒီမှာ ဘာလို့နတ်ဆိုးလောကက တန်ခိုးကြီးတဲ့သူတွေရှိနေတာလဲ” ဝူလင်းယူ မေးလိုက်သည်။

“အခုထိမရှင်းသေးဘူး ငါတို့ဆက်ပြီးစုံစမ်းရမှာပဲ” ရှားကျောင်ထျန် ဆက်ပြောလေသည် “ကျိဟုန် မင်းတို့ဒီမှာဆက်ပြီးစစ်ဆေးနေလိုက် ငါတို့ ဒီနေ့အဂ္ဂိရတ်ပြိုင်ပွဲနောက်ဆုံးပွဲပြီးမှပဲ ဆက်ပြောကြမယ်”

ဒီနေ့မှာ အဖွဲ့၁၏ နောက်ဆုံးပြိုင်ပွဲဖြစ်ရာ အားလုံးသည် ပြိုင်ပွဲနေရာ တွင်စောင့်နေကြသည်။ ထိတ်လန့်မှု ဖြစ်ခြင်းတို့ကိုတားဆီးရန် ပြိုင်ပွဲကို ဆက် ကျင်းပရမည်။

ရှားကျောင်ထျန်နှင့် ကျောင်ရှန်းချီတို့သည် တောင်ပေါ်ရွာမှထွက်သွား ပြီး တိမ်ပင်လယ်မြို့သို့ပြန်ကြပြီး ကျန်လူများသည် ထိုနေရာတွင်နေခဲ့ကာ ဆက်လက်ပြီး စုံစမ်းကြလေသည်။ ရှီမာယူူသည် ဝူလင်းယူကို အဖော်ပြုနေခဲ့ လေသည်။

“မင်းအသက်ရှင်နေဦးမယ်လို့မထင်ထားဘူးပဲ” နာလန်လန်သည် ရှီမာယူယူဆီသို့ လျှောက်လာပြီး တိုးညင်းစွာပြောလေသည်။

“ငါရောပဲ မင်းအသက်ရှင်နေမယ်လို့ မထင်ထားဘူး” ရှီမာယူယူ ပြန် ငြင်းဆန်လိုက်သည်။

“မင်းအဂ္ဂိရတ်ပြိုင်ပွဲမှာ အဆင့်၁ရတယ်လို့ ကြားတယ် အံ့သြစရာပဲ” နာလန်လန် ဆက်ပြောလေသည် “မင်းကို ကြည့်ရတာ မင်းက အဲဒီအမှိုက် တွေနဲ့ အဆက်အသွယ်ရှိနေသေးတာ ယုံရခက်ခက်ပဲ”

“မင်း ကိုယ်မင်းမြင့်မြတ်သလို လုပ်နေတာကလည်း မင်းက ရက်စက်ပြီး ကြမ်းကြုတ်တဲ့သူတွေနဲ့ အဆက်အသွယ်ရှိတာကို ယုံရခက်ခက်ပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့လည်း မင်း က ဖြူစင်သလိုသရုပ်ဆောင်ရတာကိုကြိုက်တာပဲ”

“မင်းက အရင်လိုမနှစ်မြို့ဖွယ်ဖြစ်တုန်းပဲ” နာလန်လန် ပြောလိုက်သည်။

“မင်းရောပဲ” ရှီမာယူယူ ပြန်တုန့်ပြန်လေသည်။

နာလန်လန်သည် ရှီမာယူယူကိုစိုက်ကြည့်လိုက်သည်။ နှစ်တွေအများ ကြီးမတွေ့ရပြီးနောက်ကို ဒီလူက စကားတွေတတ်လာတာပဲ။

“ငါ့ကိုအဲလိုမကြည့်နဲ့ ယိလင်းတိုင်းပြည်မှာတုန်းက မင်းနဲ့ အပေါင်းအပါ တွေ ငါ့ကိုအကြိမ်ပေါင်းများစွာသတ်ဖို့ကြိုးစားခဲ့တာကို မေ့သွားပြီလို့ မထင် လိုက်နဲ့” ရှီမာယူယူသည် သူမကို ပြန်ကြည့်လိုက်သည်။

“…..” နာလန်လန်သည် ရယ်မောပြီးပြောလိုက်သည် “အဲတော့… အခု ကို မင်းငါ့ကိုသတ်နိုင်ပြီလို့ထင်နေပြီလား”

“မသတ်နိုင်ဘူးလို့ထင်နေတာလား” ရှီမာယူယူသည် နတ်ဆိုးဆန်စွာ ရယ်မောလိုက်သည် “အခု ပညာရှိစံအိမ်တော်ရဲ့ ကာကွယ်မှုရှိနေပြီဆိုတော့ စိုးရိမ်စရာမလိုတော့ဘူးလို့ထင်နေတာလား”

“ဟားဟား မင်းမှားသွားပြီ ငါကဘယ်တုန်းကမှ စိုးရိမ်တာမရှိဘူး” နာလန်လန် ဆက်ပြောလေသည် “ငါကပဲ မင်းကိုသတ်နိုင်တာလေ မင်းကငါ့ ကိုမသတ်နိုင်ပါဘူး”

ရှီမာယူယူသည် သူမကို ထိုနေရာတွင်ပင် သတ်နိုင်ကြောင်းကို အလုပ်ဖြင့်သက်သေပြပြီး မျက်နှာကိုဖြတ်ရိုက်ချင်သဖြင့် လက်ထဲတွင် ထင်ယောင်ထင်မှားတည်ဆောက်မှုကို လှိမ့်လိုက်သည်။

“လန်အာ ဒီကိုလာခဲ့” နင်ထန်သည် နာလန်လန်ကို တခြားတစ်ဖက်မှ ခေါ်လိုက်သည်။

နင်ထန်၏ အသံသည် ရှီမာယူယူ၏ အလောတကြီးလုပ်တတ်မှုကို တားဆီးလိုက်သလိုပင်။ သူမကို ထိုနေရာတွင်သတ်လိုက်ပါက ပညာရှိ စံအိမ် တော်မှလူများ၏ ပြဿနာရှာခြင်းကိုခံရမည်။ အခုချိန်တွင် သူတို့ကိုဖြေရှင်း ရန် သူမတွင် အချိန်မရှိပေ။

“ဟုတ်ကဲ့ တမန်တော်နင်” နာလန်လန်သည် ထိုဦးတည်ရာဘက်သို့ ပြန်ဖြေပြီးနောက် ရှီမာယူယူကိုပြောလေသည် “မင်း ငါ့ကိုသတ်ချင်နေတာကို မင်းမျက်လုံးထဲမှာတွေ့နေရတယ် ဒါပေမဲ့… ကြည့်ကြမယ်လေ ဘယ်သူက အသတ်ခံရမလဲဆိုတာကို”

သူမ စကားဆုံးပြီးနောက်တွင် လှည့်ပြီးနောက် ရှီမာယူယူ၏ အဖြေကို ပင် မစောင့်ပဲ နင်ထန်ဆီသို့သွားလေသည်။

“လန်အာ အဲလူကိုသိလို့လား”

“အင်း သိခဲ့ဖူးတာပါ…”

“ဟုတ်လား လာခဲ့ မင်းကိုပြောစရာရှိတယ်”

“ဟုတ်…”

ရှီမာယူယူသည် နာလန်လန်ထွက်သွားသည်ကိုကြည့်ပြီး ရေရွတ်လိုက် သည် “ကောင်းပြီ ကြည့်ကြတာပေါ့”

အသင်းနှင့် ဆေးအဖွဲ့ခွဲမှအဖွဲ့ဝင်များသည် ရွာကိုတစ်နေကုန် စစ်ဆေး သော်လည်း ဘာမှရှာမတွေ့ပေ။ ပညာရှိစံအိမ်တော်မှလူများလည်း ရှာမတွေ့ ပေ။ အားလုံးသည် အားစိုက်မှု အလဟသပင်။

ထိုညတွင် ဂိုဏ်းနှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူများသည် သူမကို လာရှာလေသည်။

“မင်းသူတို့နဲ့ အရင်ပြန်နှင့် ဒီနေရာကိုရှင်းဖို့ ရက်နည်းနည်းကြာဦးမယ်” ဝူလင်ယူ ပြောလိုက်သည်။

ရှီမာယူယူသည် မရပ်မနားစိုးရိမ်နေသည့်လူအုပ်စုကို ကြည့်ပြီး ထိုကိစ္စ သည် ကိုင်တွယ်ရန်မလွယ်ကြောင်းကိုသိလိုက်သည်။ သူမလို အပြင်လူ တစ်ယောက်အနေနှင့် ထိုနေရာတွင်တစ်ယောက်တည်းရှိနေခြင်းသည် မကောင်းနိုင်ပေ။ ထို့ကြောင့် သူမ ခေါင်းညိတ်ပြီး ရွာအပြင်ထွက်ခဲ့လိုက် သည်။

ဟန့်မြောင်ရွှမ်၊ စူးရှောင်ရှောင်နှင့် ရင်ဘိုင်ချွန်းတို့သည် သူမကို အပြင် တွင်လာစောင့်ကြသည်။

“စီနီယာအစ်ကို စီနီယာအစ်မ စီနီယာအစ်ကိုရင် ဘာလို့ဒီရောက်နေကြ တာလဲ” ရှီမာယူယူသည် သူတို့ဆီ်လျှောက်လာရင်း မေးလိုက်သည်။

ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် သူမထွက်လာသည်ကို မြင်သော အခါ သူမကို ခေါင်းအစခြေအဆုံးကြည့်ပြီး ပြောလေသည် “ဂျူနီယာညီလေး အဆင်ပြေရဲ့လား”

“ကျွန်တော်ကပြေတယ် အဲဒါတွေဖြစ်တော့ ကျွန်တော်ဒီမှာမရှိဘူး” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဒီမှာဘာတွေဖြစ်သွားတာလဲ ရုတ်တရက်ကြီးနတ်ဆိုးမျိုးနွယ်က ဒီမှာ ဘာလို့ပေါ်လာတာလဲ”

ရှီမာယူယူသည် လှည့်ပတ်ကြည့်ပြီးနောက် ပြောလိုက်သည် “ပြန်သွားမှ ပြောကြတာပေါ့”

ရှုပ်ယှက်ခတ်နေသဖြင့် တချို့အရာများကို ထိုနေရာတွင် ပြောရန် မသင့်တော်ပေ။

ဟန့်မြောင်ရွှမ်နှင့် ကျန်လူများလည်း သိသည်။ ရင်ဘိုင်ချွန်းပြောလိုက် သည် “မင်းထွက်လာတာဒီလောက်ကြာပြီ ဒီကအဖြစ်ကိုဆရာသိတယ် အဲဒါ ကြောင့် မင်းကိုစိုးရိမ်လို့ မင်းကိုပြန်ခေါ်ဖို့ပြောလိုက်တာ”

“ဒါရိုက်တာမုန့်ရောပဲ အပြင်မှာကိစ္စတွေဖြစ်သွားတာကိုသိတော့ မင်း လည်းအပြင်မှာတာလည်းကြားရော သေလောက်အောင် အေးစက်သွားတာ” ဟန့်မြောင်ရွှမ် ပြောလေသည်။

“ဒါဆိုလည်းပြန်ကြမယ်”

***

All Chapters