← Chapters

မြို့သို့ပြန်ခြင်း

Vol. 011 Ch. 1031

မြို့သို့ပြန်ခြင်း

Vol. 011 Ch. 1031

သားရဲပျံပေါ်သို့တက်ပြီးနောက်တွင် ဟန့်မြောင်ရွှမ်သည် မစောင့်နိုင် တော့ပဲ မေးခွန်းစတင်မေးတော့သည်။

“ဂျူနီယာမောင်လေး ဒီမှာဘာတွေဖြစ်နေတာလဲ”

သူမ၏ စပ်စုလိုသောပုံစံကိုမြင်သောအခါ ရှီမာယူယူ ပြောလိုက်သည် “အာ စီနီယာကတော့ ဘာလို့အဲလောက်စပ်စုရတာလဲ”

“ဒီမှာနတ်ဆိုးလောကက တန်ခိုးကြီးတဲ့သူတွေရောက်နေတယ်လို့ ကြားတယ်” ဟန့်မြောင်ရွှမ် ပြောလိုက်သ်ည။

“ပညာရှိစံအိမ်တော်က တစ်ခုခုဖြစ်တာလား” ရင်ဘိုင်ချွန်းမေးလိုက် သည်။

“အင်း နတ်ဆိုးလောကက တန်ခိုးကြီးတဲ့အကောင်က ရှောင်ယွန်ရှောင် ကိုစားလိုက်တယ်လို့ ပြောတယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“မြင်လိုက်တဲ့သူရှိလား” စူးရှောင်ရှောင်မေးလိုက်သည်။

ရှီမာယူယူသည် ခေါင်းရမ်းပြီးနောက် ခေါင်းညိတ်လေသည်။

“ဘာအဓိပ္ပာယ်လဲ” ဟန့်မြောင်ရွှမ်သည် သူမ ခေါင်းရမ်းပြီး ခေါင်းညိတ် သည်ကို လိုက်တုလေသည်။

“အဲတုန်းက ဘယ်သူမှမမြင်လိုက်ဘူး ဒါပေမဲ့ သူမသေခင်မြင်ကွင်းကို အားလုံးမြင်လိုက်ရတယ်”

“ပညာရှိစံအိမ်တော်ရဲ့ လျှို့ဝှက်နည်းလမ်းလား” ရင်ဘိုင်ချွန်း မေးလေ သည်။

“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူမသေခင်မြင်ကွင်းကို ကြည့်ဖို့ စီနီယာအစ်ကိုက လျှို့ဝှက်နည်းလမ်းသုံးပြီး ကျွန်တော်တို့ကိုပြခဲ့ တယ် အဲဒါက နတ်ဆိုးမျိုးနွယ်က တန်ခိုးကြီးအကောင်ရဲ့ ခန္ဓာကိုယ်အတွင်း ပိုင်းဖြစ်နိုင်တယ်”

“တကယ်ပဲနတ်ဆိုးမျိုးနွယ်ပဲ အာ…” ဟန့်မြောင်ရွှမ်သည် မယုံနိုင်စွာ ဖြင့် မျက်တောင်ခတ်လိုက်သော်လည်း သူမမျက်နှာတွင်တော့ ပျော်ရွှင်မှု အရိပ်အယောင်တွေ့နေရသည်။

ရှီမာယူယူသည် သူမကို ဆောင့်ကြီးအောင့်ကြီးကြည့်ပြီး ပြောလိုက် သည် “ဘာတွေအဲလောက်ပျော်နေတာလဲ စီနီယာလည်း အဲဒီနတ်ဆိုး လောကက တန်ခိုးကြီးအကောင်အသတ်ခံရမှာမစိုးရိမ်ဘူးလား”

“တန်ခိုးကြီး အာ… တန်ခိုးကြီးအကောင်က ငါတို့လို သေးသေးလေးကို ဘာလို့ဂရုစိုက်နေမှာလဲ” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “ငါ့ ဘဝမှာ နတ်ဆိုးလောကက တန်ခိုးကြီးအကောင်ကိုမတွေ့ဖူးသေးဘူး အခွင့်အရေးရ ရင် ငါတို့နဲ့ သူတို့နဲ့ကြားကကွာခြားမှုကို ယှဉ်ကြည့်ချင်သေးတယ်”

“တကယ်သာတွေ့ချင်တယ်ဆိုရင် ဒီလောက်ကိုငြိမ်မနေပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဒီနေ့အဂ္ဂိရတ်ပြိုင်ပွဲမှာစိတ်ဝင်စားစရာများရှိ လား”

“ရှိတယ်” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “မင်းကိုစောစော ကတည်းကပြောမလို့ ဒါပေမဲ့ နတ်ဆိုးလောကက တန်ခိုးကြီးအကောင် ကြောင့်မေ့သွားတာ”

“ဘာဖြစ်ခဲ့တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲလူ ကျန်းကျူူရှန့်လေ”

“စီနီယာအစ်ကိုကြီးကဘာဖြစ်လို့လဲ”

“ဒီနေ့အဂ္ဂိရတ်ပြိုင်ပွဲမှာ ကျန်းမျိုးနွယ်က သူ့နာမည်ကို နာမည်စာရင်းမှာ တွေ့သွားတယ်လေ၊ အဲဒါနဲ့ သူသောင်းကျန်းတာ အကုန်လုံးရှေ့မှာ မူလပုံစံ ပြန်ပြောင်းလိုက်ရပြီး ကျန်းမျိုးနွယ်ငေါက်တာခံလိုက်ရတယ်လေ၊ ကျန်း မျိုးနွယ်က သူ့ကိုပြန်ခေါ်သွးချင်တာ ဒါပေမဲ့ ရှီချန်းကျိက လူတွေခေါ် လာပြီး ကျန်းမျိုးနွယ်ကိုရိုက်တာပဲ” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “အဲလူက အဂ္ဂိရတ်ပြိုင်ပွဲမှာ အဆင့်၅ရပြီးတော့ ကျန်းကျူကျိက အဆင့်၁၀အတွင်း တောင်မဝင်ဘို့ ကျန်းမျိုးနွယ်တွေ ဒေါသထွက်သွားတယ်လေ”

“အဲတော့ ဒါကပြန်တိုက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မဟုတ်ဘူးလား၊ သူ့ရလဒ်ကိုလည်းမြင်ရော ကျန်းမျိုးနွယ်ရဲ့ မျက်နှာ တွေက နှောင်တတွေ မလိုလားမှုတွေကိုမြင်လိုက်ရမှာ၊ သူတို့မျက်နှာက အမူအရာတွေက ရယ်ချင်စရာကြီးတွေ” ဟန့်မြောင်ရွှမ်သည် ရယ်မောရင်း ပြောလေသည်။

“ငါထင်တာတော့ သူတို့တွေ သူ့ကိုရှာပြီးတော့ မျိုးနွယ်ကိုပြန်ခေါ်မယ် ထင်တယ်” စူးရှောင်ရှောင် ပြောလိုက်သည်။

“အဲဒါဆို သူတို့စိတ်ပျက်သွားမှာပဲ” ရှီမာယူယူ ရယ်မောလိုက်သည်။

“မဟုတ်ဘူးလား” ဟန့်မြောင်ရွှမ် ဆက်ပြောလေသည် “အရင်တစ်ခါက သူတို့ပဲ သူ့ကိုစွန့်ပစ်ခဲ့တာ၊ သူတို့ပြန်စေချင်တိုင်း သူကပြန်မှာလား၊ အဲလူရဲ့  စိတ်နဲ့ဆိုရင် ကျန်းမျိုးနွယ်ကို မချေမှုန်းရင်တောင် ညှာတာလွန်းနေပြီ”

“ဟုတ်တယ်” စူးရှောင်ရှောင် ဝင်ပြောလေသည်။

“ကျန်းကျူရှန့်ရဲ့အားက တကယ်ပဲသန်မာတယ်” ရင်ဘိုင်ချွန်းသည် ထိုနေ့က ဇာတ်လမ်းအပြည့်အစုံကိုတွေ့လိုက်သဖြင့် ပြောလေသည် “ကျန်း မျိုးနွယ်နောင်တရတာ ဖြစ်သင့်ပါတယ်”

“နောင်တရတာအတွက် ဘာဆေးမှမရှိတာဆိုးတယ်” ရှီမာယူယူ ဆက် ပြောလေသည် “စီနီယာတို့ သူနဲ့ပြောဖြစ်လား”

“ဘယ်သူနဲ့လဲ ကျန်းကျူရှန့်လား၊ ငါတို့်က သူနဲ့ဘာလို့ပြောရမှာလဲ” ဟန့်မြောင်ရွှမ်သည် ရေရွတ်လေသည်။

“ဆရာ့ရဲ့ နာမည်ပြားက သူ့လက်ထဲမှာပဲရှိသေးတယ်” ရှီမာယူယူ ဆက် ပြောလေသည် “ဆရာ ဘေးကင်းရဲ့လားဆိုတာ ကျွန်တော်တို့သိဖို့လိုတယ် လေ”

“ဆရာတစ်ခုခုဖြစ်ရင် သူ ငါတို့ကိုပြောမှာပါ” စူးရှောင်ရှောင် ပြောလိုက် သည်။

“ပြန်သွားရင် ကျွန်တော်တို့ သူနဲ့စကားပြောကြတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော် သူ့ကိုကိုယ်တိုင်မေးရမှ စိတ်ချနိုင်မယ်”

တစ်ချိန်တည်းမှာပင် သူမသည် ကောင်းကင်ခွဲနတ်ဆိုးဓားအကြောင်း ကိုမေးရမည်။

သူတို့သည် တိမ်ပင်လယ်မြို့ကိုပြန်ပြီးနောက် တည်းခိုောဆင်သို့ပြန်ရာ မုန့်ဆန်းချွယ်အပြင် လျန်ဝူမင်လည်း ထိုနေရာတွင် စောင့်နေလေသည်။

“ဆရာဦးလေး ဒါရိုက်တာမုန့်” ရှီမာယူယူသည် အမှားလုပ်ထားသည့် ကလေးတစ်ယောက်နှယ် သူတို့ဆီသို့လျှောက်သွားလိုက်သည်။

“မင်း အဆင်ပြေရဲ့လား” လျန်ဝူမင်သည် သူမအား စိုးရိမ်တကြီး ကြည့် လေသည်။

“အဆင်ပြေပါတယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “အဲဒါတွေဖြစ် တော့ ကျွန်တော်အဲမှာမရှိဘူး”

“ဒါပေမဲ့ မင်းမြို့အပြင်မှာရှိနေတယ်လေ” မုန့်ဆန်းချွယ် ဆက်ပြောလေ သည် “မြို့အပြင်ကို ဘယ်လိုလုပ်တစ်ယောက်တည်းသွားရတာလဲ”

“ကျွန်တော် တစ်ယောက်တည်းမဟုတ်ဘူး စီနီယာအစ်ကိုနဲ့သွားတာပါ” ရှီမာယူယူသည် လေသံဖျော့ကာပြောလေသည်။

“ဘာပဲဖြစ်ဖြစ် အခုသူမပြန်ရောက်တာပဲ ကောင်းနေပါပြီ” လျန်ဝူမင် ပြောလိုက်သည်။

“အင်း”

“သွားနားလိုက်တော့” မုန့်ဆန်းချွယ် ဆက်ပြောလေသည် “အပြင်က အခြေအနေကို မထိန်းချုပ်နိုင်ခင်အထိ မင်းတို့ဒီမှာပဲနေကြ ဘယ်သူမှအပြင် မထွက်ရဘူး နားလည်လား”

သူပြောပြီးသည်နှင့် သူမကို ပြောစရာစကားရှိသည့်ပုံနှင့် ရှီမာယူယူ ကိုကြည့်လိုက်သည်။

“ဒါရိုက်တာမုန့် ဒီကအခြေနေက မရှင်းသေးဘူး ဒါပေမဲ့ တကယ်ပဲ နတ်ဆိုးလောကက တန်ခိုးကြီးအကောင်တစ်ကောင်ပဲ ဆရာတို့အပြင်ထွက် ရင်လည်း အန္တရာယ်မများဘူးလား” စူးရှောင်ရှောင်သည် စိုးရိမ်စွာဖြင့် ပြော လေသည်။

“အဲလိုဆိုရင်တောင် ငါတို့ကစစ်ဆေးရဦးမှာပဲ” မုန့်ဆန်းချွယ် ဆက် ပြောလေသည် “မင်းတို့ကိုသာမစောင့်ရရင် အသင်းနဲ့ တခြားအင်အားတွေနဲ့ ပူးပေါင်းလိုက်ပြီ”

“နတ်ဆိုးလောကနဲ့ မရှင်းမလင်းဖြစ်နေတာလေ ငါတို့ဒီမှာမရှိရင်ထား တော့ ဒီကိုရောက်နေမှတော့ ဘာအကြောင်းကြောင့်နဲ့မှတော့ ဘေးထွက်လို့ မရဘူး” မုန့်ဆန်းချွယ် ရှင်းပြလေသည်။

“ဒါဆိုရင် ဆရာတို့ဂရုစိုက်ကြပါ”

ထိုနေရာတွင်ရှိခဲ့သော တန်ခိုးကြီးဟုခေါ်သောအကောင်သည် ဝူလင်ယူ ဖန်တီးထားသဖြင့် အန္တရာယ်မရှိသည်ကို ရှီမာယူယူသိသဖြင့် သူတို့ အတွက် မစိုးရိမ်ပေ။

သူမ တုန့်ပြန်ပုံကို ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့မြင်သောအခါ ထိုနေရာတွင် အန္တရာယ်မရှိသည်ကို သိသသဖြင့် ပူပန်မှုမရှိပေ။

ရင်ဘိုင်ချွန်းသည် လျန်ဝူမင်နှင့် ထွက်သွားရာ ဟန့်မြောင်ရွှမ်နှင့် တခြား သူများသည် ကိုယ့်အခန်းကိုယ်ပြန်ကြလေသည်

ရှီမာယူယူ အခန်းသို့ပြန်ပြီးနောက်တွင် ဝိညာဉ်အတားအဆီးလုပ်ပြီး ဝိညာဉ်စေတီသို့ဝင်လိုက်သည်။

“ယူယူ အဲဒီမှာပျော်စရာကောင်းတာလုပ်တာကို ဘာလို့ရှောင်ချီ့ကို မခေါ်တာလဲ” ရှောင်ချီသည် သူမကိုမြင်သည်နှင့် မကျေမချမ်းစွာပြောလေ သည်။

“ဟုတ်တယ် ယူယူ ငါလည်းမထွက်ရတာအတော်ကြာနေပြီ” ဟိန်းသံ လေးသည် ပျံလာပြီး ရှီမာယူယူ၏ ရင်ခွင်ထဲသို့ဝင်လေသည်။

“အလယ်ဒေသကလူတွေတောင် မင်းကိုမြင်ဖူးတဲ့သူတွေများနေပြီ၊ မင်း ကိုတစ်ယောက်ယောက်သတိထားမိသွားရင် ပြဿနာတက်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ပြီးတော့ အသွင်ပြောင်းတဲ့နည်းလမ်းကို ကြက်သွေးရောင်မီးတောက် ကိုသင်ပေးဖို့ပြောပြီးပြီ ငါအပြင်ထွက်ရင် နောက်တစ်မျိုးပြောင်းလိုက်ရင် ဘယ်သူမှ ငါ့ကိုမမှတ်မိတော့ဘူး” ဟိန်းသံလေးသည် မကျေမနပ်ဖြင့်ပြော လေသည်။

“မင်းတကယ်ပဲ အဲဒါကျွမ်းသွားရင် ကစားဖို့မင်းကိုအပြင်ခေါ်သွားမယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“ရေး” ဟိန်းသံလေးသည် လျှပ်တပြက်အတွင်းပျောက်သွားလေသည်။

“ငါ သတင်းတချို့လေ့လာဖို့ဒီကိုလာတာ” ရှီမာယူယူပြောပြီးသည်နှင့် ရှောင်ချီနှင့်အတူ ဂိုဒေါင်အခန်းသို့သွားလိုက်သည်။

“ဘာသတင်းရှာတာလဲ” ရှောင်ချီသည် အဆုံးမရှိသောစာအုပ်စင်ကို ကြည့်ပြီး သိချင်စွာဖြင့် မေးလိုက်သည်။

“စီနီယာအစ်ကိုက တစ်ခါမေ့လဲဖူးတယ်လို့ ပြောတယ် တစ်ရက် လောက်ပဲ မေ့သွားတယ်ဆိုပေမဲ့ သူ့အခြေအနေက ဆိုးတယ်လို့ ခံစားနေရ တယ်၊ အဲဒါကိုလေ့လာရမယ် သူ့အခြေအနေနဲ့ပတ်သတ်ပြီး မှတ်တမ်းတင် ထားတဲ့ရှေးစောင်းစာအုပ်ရှိလားလို့ကြည့်ရမယ်” ရှီမာယူယူ မှတ်ချက်ပေးလေ သည်။

“စာအုပ်တွေဒီလောက်များတာ ဘယ်တော့ရှာတွေ့မှာလဲ” ရှောင်ချီ သည် စာအုပ်စင်မှ တွေ့ကရာစာအုပ်ကိုယူပြီး နှစ်ကြိမ်မျှလှန်လိုက်သည်။

“ဖြည်းဖြည်းချင်းရှာရင် သေချာပေါက် တစ်ခုခုတော့တွေ့မှာပါ” ရှီမာယူယူ ဆက်ပြောလေသည် “ငါ ရှာတွေ့ရမယ်”

***

All Chapters