မထွက်ခွာခင် သင်ခန်းစာ
Vol. 011 Ch. 1034
ရှီမာယူယူ သူ့ဆီရောက်လာသည်ကို မုန့်ဆန်းချွယ် မအံ့သြတော့ပေ။
“နယ်မြေကတည်ငြိမ်သွားပြီလား” သူသည် စာရွက်များကိုချပြီးမေး လိုက်သည်။
“ဟုတ် ငြိမ်သွားပါပြီ” ရှီမာယူယူ ပြန်ဖြေလေသည်။
“အဲတော့ မင်းကထွက်သွားဖို့ပြင်နေလို့ ဒီနေ့ရောက်လာတာပေါ့” မုန့်ဆန်းချွယ် မေးလိုက်သည်။
“ဟုတ်ပါတယ်”
“မင်းလည်းထွက်သွားမှာလား” မုန့်ဆန်းချွယ်သည် ရှောင်ချီကိုကြည့် လိုက်သည်။
“ယူယူသွားတဲ့နေရာ ရှောင်ချီသွားမှာပဲ” ရှောင်ချီသည် တွေဝေမှုမရှိ ဖြေလေသည်။
“ဒါဆိုရင် မင်းရဲ့မူလခန္ဓာကိုယ်…”
“မူလခန္ဓာကိုယ်ကတော့ ဒီမှာပဲကျန်ခဲ့မှာပါ ရှောင်ချီက ယူယူနောက်ကို လိုက်သွားရုံပဲ” ရှောင်ချီပြောလိုက်သည်။
မုန့်ဆန်းချွယ် စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်သည်။ သူမသာ မူလခန္ဓာကိုယ်ဖြင့် ထွက်သွားပါက အတွင်းဂိုဏ်းက ကျင့်ကြံနှုန်းအတွက် သက်ရောက်မှုရှိတော့မည်မဟုတ်ပေ။
“မင်းတို့ကဆုံးဖြတ်ပြီးမှတော့ ငါမတားတော့ပါဘူး” မုန့်ဆန်းချွယ် ဆက် ပြောလေသည် “ဒါပေမဲ့ ယူယူ မင်းအပြင်မှာဆိုရင် ဂရုစိုက်ရမယ်”
“ဘာလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“အပြင်မှာသတင်းပြန့်နေတယ်၊ အမှောင်တောမှာ မိုးကြိုးဘေးသင့်မှုကို ဆွဲဆောင်ပြီး လူအများကြီးကိုသတ်ခဲ့တာက မင်းဆိုတာကို တစ်ယောက် ယောက်က သတိပြုမိသွားတယ်၊ အခု အင်အားကြီးအများစုက မင်းကိုသတ်ဖို့ အမိန့်ပေးထားတယ်” မုန့်ဆန်းချွယ် ပြောလေသည်။
“ကြည့်ရတာ ကျွန်တော်အဆင့်တက်တာ့ အမှောင်တောကိစ္စနဲ့ ဆက်စပ်မိတဲ့သူရှိတယ်ထင်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အံ့သြလောက်စရာပဲ ဂိုဏ်းကကျောင်းသားအားလုံးက မိုးကြိုးဘေးသင့်မှု လုပ်နိုင်တာပဲ ဉာဏ်ထက်တာပဲ”
“အခု အပြင်ကလူတွေက အမှန်ကိုသိကြတယ် မင်းအပြင်ရောက်ရင် သတိပိုထားရမယ်၊ မင်းဂုဏ်သတင်းက အခုကျော်ကြားနေပေမယ့် အင်အား ကြီးတချို့က အဲဒါအတွက်ကြောင့်နဲ့ လက်လျော့မှာမဟုတ်ဘူး” မုန့်ဆန်းချွယ် သတိပေးလေသည် “ဒါပေမဲ့ ကောင်းသွားတာက မင်းရဲ့စွမ်းအားလည်း မဆိုး ဘူးပဲ မင်းပတ်ပတ်လည်မှာ မင်းကိုကာကွယ်တဲ့သူများတယ်၊ အဲဒါ ပျိုးထောင် ဖို့ကောင်းတယ် ဂရုစိုက်ဖို့ပဲမှတ်ထားပါ”
“ဂိုဏ်းက အမြဲတမ်းကျွန်တော့်ကို ကာကွယ်ပေးခဲ့တယ် အင်အားကြီး တွေရဲ့ ဖိအားကို နှစ်ပေါင်းများစွာ ခံပေးခဲ့တယ် အခု သူတို့ကကျွန်တော့်ကို သိသွားကြတော့ ဂိုဏ်းကလည်းအခုဆို ဖိအားတွေခံပေးစရာမလိုတော့ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက ငါတို့ကျောင်းသားပဲ မင်းကိုကာကွယ်ရမှာက ငါတို့တာဝန်ပဲ” မုန့်ဆန်းချွယ် ဆက်ပြောလေသည် “မင်းလိုကျောင်းသားက ငါတို့ဂိုဏ်း ရောက်လာတာက ဂိုဏ်းအတွက် ဂုဏ်ယူစရာပဲ”
“ကျေးဇူးတင်ပါတယ် ဒါရိုက်တာမုန့်” ရှီမာယူယူသည် ကျေးဇူးတင် စကားပြောလေသည်။
“မင်း ဘယ်တော့ထွက်သွားမယ်လို့စီစဉ်ထားလဲ” မုန့်ဆန်းချွယ် မေး လေသည်။
“ရက်နည်းနည်းကြာရင်ပါ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်တော် အပြင်မှာ ဖြေရှင်းရမယ့်ကိစ္စတချို့ရှိပါသေးတယ် အဲဒါရှင်းပြီးရင် ထွက်သွား မှာပါ”
“ဒီပစ္စည်းကိုမင်းနဲ့ယူသွားပါ မင်းနဲ့ ရှောင်ချီတို့ အန္တရာယ်တစ်ခုခုတွေ့ ရင် ဂိုဏ်းကိုတိုက်ရိုက်ပြန်လာပါ” မုန့်ဆန်းချွယ်သည် သေတ္တာတစ်လုံးထုတ် ကာ ရှီမာယူယူကိုပေးလိုက်သည်။
ရှီမာယူယူသည် ယူပြီးဖွင့်ကြည့်ရာ အထဲတွင် တည်ဆောက်မှုကျောက် တုံးကိုတွေ့လိုက်ရာ သူမရင်ထဲတွင် နွေးသွားလေသည်။
သူပြောချင်သည်မှာ ဘာပဲဖြစ်ဖြစ် ဂိုဏ်းသည် သူမ၏ အသန်မာဆုံး နောက်ခံအမြဲတမ်းဖြစ်ပေးမည်ဟု။
“နောက်တစ်ခါ ဂိုဏ်းကကျွန်တော့်ကိုလိုရင် ကျွန်တော် သေချာပေါက် အမြန်ပြန်လာမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“အင်း သွားတော့ မင်းအချိန်ရရင်လာလည်ပေါ့” မုန့်ဆန်းချွယ် ပြော လိုက်သည်။
“ဟုတ်ကဲ့ပါ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
အစပိုင်းတွင် သူမသည် ချက်ချင်းထွက်သွားချင်သော်လည်း ထိုလူများ သည် သူမကိုသတ်ရန်ကြိုးစားသည်ကို သိပြီးနောက် မြို့အပြင်မှလျှောက်ရန် ဆုံးဖြတ်လိုက်သည်။
ရက်အနည်းငယ်အကြာတွင် သူမနှင့် ဟန့်မြောင်ရွှမ်တို့သည် အမှတ် တရစားသောက်ဆိုင်သို့သွားကာ ထိုင်ရန်စားပွဲရှာပြီး စားပွဲအပြည့် ဟင်းလျာ များကိုမှာလိုက်သည်။
“ဂျူနီယာမောင်လေး တကယ်ပဲ ထွက်သွားတော့မှာလား” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
“အင်း အပြင်ကကိစ္စတွေက ဖြေရှင်းပြီးသွားပြီ ဒီမှာနေပြီး ကျင့်ကြံတာ ထက် အပြင်သွားပြီး စူးစမ်းတာကောင်းမယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ပြီးတော့ ကျွန်တော်ဒီရောက်တာလည်းကြာပြီ တောင်ကြားကိုလည်း သွားမလည်ရသေးဘူး ဒီပြိုင်ပွဲပြီးရင် သွားမလို့ပဲ”
“အင်း အတွင်းဒေသကိုသွားတာကောင်းပါတယ် အဲဒီမှာကျင့်ကြံတာ ပိုသင့်တော်တယ်” စူးရှောင်ရှောင်ပြောလိုက်သည်။
“စီနီယာတို့က ဂိုဏ်းမှာရှိမှာပဲ ဆရာ့သတင်းတခုခုရရင် ကျွန်တော့်ကို ပြောပါဦး” ရှီမာယူယူ ပြောလိုက်သည်။
“မစိုးရိမ်နဲ့”
“မင်းဒီအတိုငးထွက်သွားရင် ပြဿနာမဖြစ်နိုင်ဘူးလား” ဟန့်မြောင်ရွှမ် သည် စိုးရိမ်တကြီးမေးလေသည်။
“ဘာဖြစ်နိုင်မှာမို့လို့လဲ” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့ ကျွန်တော့်ကိုလာပြီးသတ်ရဲလား၊ သူတို့တကယ်လာရဲရှု် သူတို့အတွက် ခရီး ကိုတစ်ခါတည်းပို့ပေးလိုက်မယ်”
“မင်းအတွင်းဒေသကိုသွားတာ သူတို့ိသိရင် ဂိုဏ်းကတော့ ဖိအားလျော့ သွားတယ် ဒါပေမဲ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားဘက်လှည့်မလာနိုင်ဘူးလား” စူးရှောင်ရှောင်မေးလေသည်။
“သူတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို မထိရဲပါဘူး” ရှီမာယူယူ ဆက် ပြောလေသည် “အံ့ဖွယ်နတ်ဆိုးတောင်ကြားက လွှမ်းမိုးမှုကြီးတယ်၊ သူတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို မဆန့်ကျင်ရဲဘူး သူတို့အလုပ်နိုင်ဆုံးက ကျွန်တော်အပြင်ထွက်မှပဲ သတ်တာပဲ”
“ဉာဏ်ကောင်းတဲ့သူတွေက မင်းရဲ့ရန်သူမဖြစ်ချင်ကြဘူး” စူးရှောင်ရှောင် ပြောလေသည်။
“ဟုတ်တယ် အဂ္ဂိရတ်ပြိုင်ပွဲမှာ ပထမ၊ ဂဠုန်ဘုရင်ရဲ့ စာချုပ်သခင်၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်လေးအပြင် တည်ဆောက် မှုသခင်ဖြစ်နေသေးတယ် ငါဘယ်လိုပဲကြည့်ကြည့် မင်းမှာ အကောင်းတွေ ချည်းပဲ” ဟန့်မြောင်ရွှမ် ပြောလေသည်။
“အဲဒါတွေကို မမြင်တတ်တဲ့လူတွေကလည်းရှိတာပဲလေ” ရှီမာယူယူ၏ နှုတ်ခမ်းထောင့်သည် နတ်ဆိုးအပြုံးသဖွယ် တွန့်သွားလေသည်။ “မဟုတ်ရင် ကျွန်တော် အရွယ်မရောက်ခင်ကို အလုအယက်ပျိုးထောင်ချင်ကြမှာ”
ပြောရင်းနှင့် သူမ အပြင်သို့ကြည့်လိုက်သည်။
ဗိုက်ပြည့်မှုနှင့်အတူ ဟန့်မြောင်ရွှမ်နှင့် တခြားသူများသည် ရှီမာယူယူ သည်းမခံနိုင်သည်ကို တွေ့လိုက်ရသည်။
“စီနီယာတို့ပြန်နှင့်လိုက်ပါ” ရှီမာယူယူသည် စူးရှောင်ရှောင်နှင့် တခြား သူများကိုပြောလေသည်။
“အင်း တစ်ခုခုဆိုရင် ဆက်သွယ်ဖို့သတိရနော်” ဟန့်မြောင်ရွှမ်သည် နှုတ်ဆက်လေသည်။
“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြန်ဖြေလေသည်။
ဟန့်မြောင်ရွှမ်နှင့် စူးရှောင်ရှောင်တို့သည် မြို့သို့ပြန်ကြရာ ရှီမာယူယူ သည် ရှောင်ချီကိုလက်ဆွဲခေါ်သွားပြီး မြို့အပြင်သို့ဆက်လျှောက်လေသည်။
“ယူယူ ဒီမှာ သေဆုံးမှုရောင်ဝါပြင်းထန်နေတယ်” ရှောင်ချီသည် လမ်း လျှောက်ရာမှရပ်ပြီး လှည့်ပတ်ကြည့်လေသည်။
“အင်း တစ်ယောက်ယောက်ကတော့ ငါတို့နောက်လိုက်နေပြီ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီမှာဆိုရင် ကောင်းကင်မြို့နဲ့ တော်တော် ဝေးနေပြီ ကိုယ့်ကိုယ်ကိုမပြတော့ဘူးလား”
“မင်းကတကယ်ပဲ အာရုံခံလွယ်တာပဲ” အရိပ်တစ်ခုသည် လျင်မြန် သောအရှိန်နှုန်းဖြင့် ပျံလာပြီး ရှီမာယူယူအနောက်သို့ဆင်းသက်လိုက်သည်။ တစ်ချိန်တည်းမှာပင် လူများသည် နေရာစုံမှပျံလာပြီး ရှီမာယူယူနှင့် ရှောင်ချီ တို့ကိုဝိုင်းလိုက်သည်။
ရှီမာယူယူသည် သူတို့အင်္ကျိများကိုကြည့်လိုက်ရာ ညဘက်ဝတ် တူညီ ဝတ်စုံများဖြစ်ရာ သူတို့သည် မည်သည့်အင်အားစုကလာသည်ကို မြင်ရန် မဖြစ်နိုင်ပေ။
“မင်းတို့ ဒီလိုဝတ်ထားတာ ဘယ်သူကငါ့ကိုသတ်ဖို့ကြိုးစားလဲဆိုတာ သိသွားမှာကြောက်လို့လား” သူမသည် မရှင်းလင်းစွာမေးလိုက်သည်။
“သွားတော့” ထိုလူများသည် သူမနှင့် စကားပြောလိုသည့်ပုံမရှိကာ ချက်ချင်းပင် တိုက်ခိုက်လေသည်။
ရှောင်ချီသည် ရှေ့တိုးပြီး တိုက်ခိုက်သူများအားလုံးကို ပိတ်လိုက်သည်။
“မင်းတို့သိလား မင်းတို့ ငါ့နောက်ကိုဒီအထိလိုက်မလာသင့်ဘူး” ရှီမာယူယူသည် ပြုံးယောင်သမ်းကာ ဝိညာဉ်စွမ်းအင်ကို မြေထဲထည့်လိုက်ရာ ကြီးမားသော ဝိညာဉ်အတားအဆီးသည် သူတို့ကို ဘောင်ခတ်လိုက်လေ သည်။
“တည်ဆောက်မှုလား” ထိုလူများသည် သူမ ထိုနေရာတွင် တည်ဆောက်မှုကို သုံးလိမ့်မည်ဟု မမျှော်လင့်ထားပေ။
“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “ဒါကို မင်းတို့အတွက် မနေ့က အထူးတလည်ပြင်ထားတာပဲ ငါပြောသားပဲ မင်းတို့ ငါ့နောက်ကို ဒီအထိ မလိုက်လာသင့်ဘူးလို့ ဒီနဂါးထောင်ချောက်တည်ဆောက်မှုက ငါ အထူးပြုလုပ်ထားတာပဲ မင်းတို့ နောက်ဆုံးအထွတ်အထိပ် နန်းတော်ကို ပျော်ပျော်ရွှင်ရွှင်ခံစားလိုက်ကြပေါ့”]
သူမသည် ရှောင်ချီကိုဆွဲပြီး နောက်ဆုတ်လိုက်သည်။
သူတို့ နောက်ဆုတ်လိုက်သည်နှင့် နဂါးထောင်ချောက်တည်ဆောက်မှု သည် တရားဝင်စတင်ကာ ထောင်ချောက်ထဲမှလူများသည် လေဟာပြင် တည်ဆောက်မှုကိုပင် မဖွင့်နိုင်တော့ပေ။
“ရွှီး”
မိုးကြိုးတစ်ခုသည် ပါးလွှာသောလေထုထဲမှထွက်လာပြီး လေပေါ်မှလူ များသည် မြေပေါ်သို့ကျလေသည်။
“ဖောင်း”
“ရွှီး”
မိုးကြိုးသည် အဆက်မပြတ်ပစ်ရာ ထိုလှုပ်ရှားမှုသည် ကောင်းကင်မြို့မှ လူများကို ဆွဲဆောင်လေသည်။
လူများအလောတကြီးရောက်လာချိန်တွင် လူတစ်စုသည် တည်ဆောက်မှုအတွင်း ပိတ်မိနေကာ မမှတ်မိလောက်အောင် မိုးကြိုးအပစ်ခံ ထားရသည်ကိုတွေ့ရလေသည်။ ဘေးတွင် တစ်ခါသုံးတည်ဆောက်မှုရှိနေ သည်။ ရှီမာယူယူသည် ရှောင်ချီကိုလက်ဆွဲပြီး သူတို့ကိုလှောင်ရယ်ကာ အားလုံးရှေ့တွင် ပျောက်သွားလေသည်။
***