← Chapters

အပြင်ဒေသမှ ဘဝမြင့်သောတပည့်များ

Vol. 011 Ch. 1035

အပြင်ဒေသမှ ဘဝမြင့်သောတပည့်များ

Vol. 011 Ch. 1035

ရှီမာယူယူ ထွက်မသွားခင်လုပ်ခဲ့သောအရာသည် သူတို့ကို အဆက်မပြတ်ခေါင်းခေါက်ခဲ့ခြင်းဖြစ်သည်။ သတိမထားမိသောအချိန်တွင် သူတို့ကို လေနှင့်မှုတ်လိုက်ခြင်းဖြစ်သည်။

သူမသည် ဝိညာဉ်စွမ်းအင်ကို အလဟသမဖြစ်စေပဲ တိုက်ခိုက်သူများ ကို တွေဝေခြင်းမရှိ အလွယ်တကူသတ်နိုင်သည်။ သူမကို ဆန့်ကျင်ခြင်းသည် သူတို့သေလမ်းသူတို့ရှာသည်မဟုတ်ပါလား။

ထို့အပြင် သူမတွင် ငှက်မျိုးနွယ်တစ်ခုလုံး နောက်ခံရှိသည်။

ရှီမာယူယူကို သတ်ရန်လာကြသောလူများသည် သူတို့၏ အင်အားစုမှ ပြန်ခေါ်ခံရလေသည်။ ထိုကြိုးကိုင်သူများသည် ရှီမာယူယူကို သတ်ရန် တက်ကြွနေသူများဖြစ်သည်။ သူတို့ကို သူမ မမှတ်မိအောင် ဝတ်ဆင်ပေး လိုက်သည်မှာ ကံကောင်းသွားသည်။

နောက်တစ်ခါ သူတို့လက်စားချေချင်လျှင်တောင် အရိပ်တွင်သာလုပ် နိုင်ပြီး လူကြားတွင် မလုပ်နိုင်ပေ။

ရှီမာယူယူ ကောင်းကင်မြို့မှထွက်ပြီးနောက်တွင် အံ့ဖွယ်နတ်ဆိုး တောင်ကြားသို့တိုက်ရိုက်မသွားပဲ အသည်းကွဲတောင်ကြားသို့သွားကာ ဂိုဏ်း ကိုဝင်ချင်သူများကို လောကအသေးမှထုတ်ကာ ဖြေဆေးပေးလိုက်သည်။

“အစ်မကြီးပြန်လာပြီလား” ရှီမန်ဖန်သည် လုပ်လက်စများကို ချထားပြီး ရှီမာယူယူ ပြန်လာသည်ဟု ကြားသည်နှင့် ပြေးထွက်လာသည်။

သူသည် တခြားသူများနှင့် ဆွေးနွေးလျက်ရှိကာ သူပြေးထွက်သည်နှင့် တခြားသူများလည်း လိုက်လာကြသည်။

ရှီမာယူယူကိုမြင်သည်နှင့် တခြားသူများသည် တောင်ကြားတွင်စုဝေး လာကြသည်။

“ဒုဂိုဏ်းခေါင်းဆောင် တကယ်ပဲအဂ္ဂိရတ်ပြိုင်ပွဲမှာ ပထမရခဲ့တာလား”

“ဒုဂိုဏ်းခေါင်းဆောင် ဒီတစ်ခေါက် ဘယ်လောက်ကြာအောင်နေမှာလဲ”

“ဒုဂိုဏ်းခေါင်းဆောင် ဒုခေါင်းဆောင်ရဲ့အရည်အချင်းတွေကို ကျွန်တော်တို့ကို ဘယ်တော့ပြပေးမှာလဲ”

“…..”

ရှီမာယူယူသည် သူတို့ဝိုင်းခြင်းကိုခံရသည်မှာ သည်းမခံနိုင်လောက် အောင်ပင်။

“ဒီမှာဘာလို့ဝိုင်းနေကြတာလဲ၊ လုပ်စရာရှိတာသွားလုပ်ကြ” ဘိုင်ရှန်း၏ ပြစ်တင်မှုသည် အားလုံးကိုပြန်သွားစေသည်။

တစ်ယောက်နှင့် တစ်ယောက်သိကျွမ်းသည်မှာကြာသည်အထိ သူတို့ သည် ဘိုင်ရှန်းအားကြောက်တုန်းပင်။ သူအော်လိုက်သည်နှင့် အားလုံးသည် ဘေးထွက်ကြသည်။ ထိုအချိန်မှပင် ရှီမာယူယူသည် ရှေ့မှလမ်းကိုမြင်ရလေ သည်။

“ဝင်ရအောင်” ဘိုင်ရှန်းသည် ရှီမာယူယူကိုပြောလိုက်သည်။

ရှီမာယူယူသည် ဂိုဏ်း၏ပင်မဆောင်သို့လာလိုက်သည်။ ထိုမှပင် ရှီမန်ဖန်၊ ဖန်ခိုင်နှင့် တခြားသူများ ထွက်လာပြီး သူမကိုတွေ့လေသည်။

“အစ်မကြီး”

“ဖန်အာ”

“ဆရာ”

“ဆရာ ဘာလို့ပြန်လာတာလဲ”

ရှီမာယူယူသည် သူတို့ကိုပြုံးပြကာ ပြောလိုက်သည် “ဝင်ပြီးမှပြောရ အောင်”

“အင်း”

ရှီမာယူယူသည် ရှီမန်ဖန်ဘေးတွင်ထိုင်ပြီး အောက်တွင်ထိုင်နေသော လူများကိုကြည့်ပြီး ပြောလိုက်သည် “ပြီးခဲ့တဲ့လတွေမှာ ခင်ဗျားတို့အတွက် ခက်ခဲခဲ့မှာပဲ”

“ကျွန်တော်တို့ ခက်ခဲမယ်လို့သခင်လေးထင်ရင် ဆုလေးဘာလေးပိုပေး လေ၊ ဆုရှိရင် ပိုပြီးမတက်ကြွနိုင်ဘူးလား”

“ဆုပေးတာက မဖြစ်နိုင်တာမဟုတ်ပါဘူး ဒါပေမဲ့ ဒီအချိန်အတွင်းမှာ ဘယ်လောက်ထိရောက်လာလဲဆိုတာ ကြည့်ရဦးမယ်” ရှီမာယူယူ ဆက်ပြော လေသည် “ခင်ဗျားတို့ကောင်းကောင်းလုပ်မယ်ဆို သေချာပေါက် ဆုရှိမယ်၊ မလုပ်ရင်တော့ ပေးထားတဲ့ထဲက ဖြတ်မယ်”

“ဒါဆိုရင် ဖြေရှင်းပြီးပြီပေါ့”

ရှီမာယူယူသည် သူတို့၏ လစာထဲမှဖြတ်ရန် အမှန်တကယ်စိတ်ကူးမရှိ ပေ။ အင်အားကြီးတစ်ခုတည်ထောင်ရခြင်းသည် ပြဿနာများနှင့်ရင်ဆိုင်ရ သည်ကို သူမ သိသည်။ ဒီလောက်အချိန်တိုအတွင်းကို ဂိုဏ်းသည် လမ်းမှန် ရောက်လာမည်ဟု သူမ မထင်ထားပေ။

“ခင်ဗျားတို့က တကယ်ပဲ ကျွန်တော့်ကို အများကြီးအံ့သြစေတာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ခင်ဗျားတို့ကို ရွေးလိုက်တာကိုက ကျွန်တော်လုပ်တာမှန်သွားတာပဲ”

“ဆရာ့ရဲ့ ချီးကျူးမှုနဲ့ဆိုရင် ဒုက္ခတွေက သဲထဲရေသွန်ဖြစ်သွားပြီ” နီအန်းယီသည် ပါးမို့များတက်အောင် ပြုံးရင်းပြောလေသည်။

“ဆရာ ဒီတစ်ခေါက်ကို ဒီမှာဘာလုပ်ဖို့ရှိတာလဲ” ဖန်ကျိ မေးလိုက် သည်။

“ဘယ်လိုလုပ်သိတာလဲ” ရှီမာယူယူသည် မျက်ခုံးပင့်လိုက်သည်။

“တစ်ခုခုဖြစ်တဲ့အချိန်ဆိုရင် ဆရာအမြဲတမ်းပြန်လာနေကျပဲကို” ဖန်ကျိ ပြောလိုက်သည်။

ရှီမာယူယူ ပြုံးလိုက်သည် “တကယ်ပဲ ကိစ္စရှိတယ်”

“တွေ့တယ်မလား” ဖန်ခိုင်သည် လက်ကိုကားဖွင့်လိုက်သည်။

“ဒီအထိ လူကိုယ်တိုင်လာရအောင် ဘာကိစ္စများပါလိမ့်” ဘိုင်ရှန်း မေး လိုက်သည်။

ရှီမာယူယူသည် မကြာသေးခင်ကဖြစ်ခဲ့သည့် ကိစ္စများကို အတိုချုပ် ပြောပြလေသည်။

“ဆိုလိုတာက ဆရာက မကြာခင်ကို အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သွားတော့မှာပေါ့” ရှီချန်း ပြောလေသည်။

“အင်း သွားရမယ့်အချိန်ရောက်ပြီ” ရှီမာယူယူ ဆက်ပြောလေသည် “တောင်ကြားမှာ အချိန်တစ်ခုလောက် လုပ်စရာရှိလိမ့်မယ် ကျွန်တော်လည်း အဲဒီကိုသွားကိုသွားရမယ်”

“ဒီကိုရောက်လာရတဲ့ ကိစ္စကိုမပြောရသေးဘူးနော်” ဘိုင်ရှန်း ပြောလေ သည်။

“ဒီတစ်ခေါက်ပြန်လာတာက လောကအသေးကလူတွေကို ထုတ်ဖို့ရယ် နောက်တစ်ခုက အလယ်ပိုင်းဒေသကို ပိုပြီးအာရုံစိုက်ရမယ့်ကိစ္စရယ်၊ အခု နောက်ပိုင်း အတွင်းဒေသက ကောင်းကောင်းမပြုမူဘူးလို့ ခံစားရတယ်၊ အပြင်ဒေသကလူတွေကို ဆက်တိုက်နှောင့်ယှက်နေတယ်” ရှီမာယူယူ ဆက် ပြောလေသည် “ကိုယ့်လူတွေလည်းသတိထားရမယ် အခုဝင်မပါမိစေနဲ့”

“ကျွန်တော်တို့ သတိထားပါမယ်” ရှီမန်ဖန် ပြောလေသည်။

“အဲဒါကောင်းတယ်”

ထိုညတွင် ရှီမာယူယူသည် လူများကိုထုတ်ကာ ဘိုင်ရှန်းကို စီမံရန်ပေး လိုက်ပြီး ရှီမန်ဖန်နှင့် စကားပြောပြီးနောက် ရှီမန်လီနှင့် တွေ့ရန် ဝိညာဉ်စေတီ သို့ခေါ်သွားလိုက်သည်။

ရှီမန်လီသည် တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ကာ သူမကိုယ်တွင်းမှ သေးငယ်သော သားရဲလေးသည် ပုံစံပြောင်းနေဆဲဖြစ်သည်။ သူပြောခဲ့သလို ပင် သူတို့တွင် အရင်းအမြစ်ကောင်းကောင်းရှိလေ ရှေ့လျှောက်တွင် ရှီမန်လီ အတွက်ပိုကောင်းသော အကျိုးအမြတ်ရှိလာမည်ဖြစ်ရာ ပုံသဏ္ဍာန်ပေါ်ရန် အလောမကြီးတော့ပေ။

ရှီမာယူယူသည် အသည်းကွဲတောင်ကြားတွင် ၃ရက်မျှနေပြီး လုပ်စရာရှိ သည်များကို လက်စသတ်ပြီးနောက် ရှောင်ချီကိုခေါ်ကာ အံ့ဖွယ်နတ်ဆိုး တောင်ကြားသို့ သွားလေသည်။

သူတို့သည် ဖြတ်လမ်းတည်ဆောက်မှုများစွာကို ဖြတ်ကျော်ပြီးနောက် အံ့ဖွယ်နတ်ဆိုးတောင်ကြားအပြင်ရှိ မြို့ငယ်တစ်ခုသို့ ရောက်လေသည်။ ထို နေရာမှပင် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သွားနိုင်မည်ဖြစ်သည်။

ရှီမာယူယူနှင့် ရှောင်ချီတို့သည် တည်းခိုဆောင်သို့လာလိုက်ကြသည်။ သူတို့ဝင်လိုက်သည်နှင့် နေရာအနေအထားမှာ သေးငယ်သော်လည်း လူ စည်ကားသည်ကို တွေ့လိုက်ရသည်။ သို့သော် ထိုနေရာရှိလူများသည် ကောင်းမွန်သော အပြုအမူရှိကြသည်။ သန်မာသောနောက်လိုက်များသည် ပုံမှန်ကြမ်းတမ်းသည့်ပုံနှင့်မတူပဲ ပင်မခန်းမဆောင်တွင် လိုက်နာစွာထိုင်ကြ လေသည်။

ပင်မခန်းမဆောင်ထဲမှ လူတိုင်းသည် သူတို့ဝင်လာသည်ကို မြင်သည် နှင့် ကြည့်ကြလေသည်။

“ဒီမှာနေမှာလား” စားပွဲထိုးသည် လျှောက်လာကာ ထောင်လွှားစွာဖြင့် မေးလေသည်။

“ဟုတ်တယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“တစ်ညကို အလယ်အလတ်အဆင့်ကျောက် ၁၀၀” စားပွဲထိုးသည် ဈေး ဆိုလေသည်။

“ဈေးကြီးလိုက်တာ” ရှောင်ချီသည် တအံ့တသြဖြင့် တိုးညင်းစွာပြော လိုက်သည်။

“ဈေးကြီးတယ်ဟုတ်လား” စားပွဲထိုးသည် သူတို့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ “ဒါဘယ်နေရာလဲဆိုတာ သိလား၊ ဒါကအံ့ဖွယ် နတ်ဆိုးတောင်ကြားရဲ့ အပြင်ဘက်ပဲ၊ ဒီကိုလာတဲ့လူတွေအများကြီးပဲ၊ ဒါကို ဈေးကြီးတယ်ဆိုရင် အပြင်ကိုသွားလိုက် ဒီမှာနေစရာမလိုဘူး”

“ဒါဘယ်လိုဆက်ဆံလိုက်တာလဲ” ရှီမာယူယူသည် မျက်နှာတင်းထား ကာ “ဒါက မင်းတို့ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံလား”

“ဧည့်သည်ဟုတ်လား” စားပွဲထိုးသည် နှာရှုတ်လိုက်သည် “ခင်ဗျားက ဒီကိုလာတာနဲ့ ဧည့်သည်ဖြစ်သွားပြီလို့ထင်နေတာလား၊ ဒီကိုရောက်လာမှ တော့ ကျွန်တော်တို့ဆီက တောင်းဆိုနေရတာပဲ၊ ဧည့်သည်လိုမျိုး လာမလုပ် နဲ့၊ တစ်ညကို ကျောက်၁၅၀၊ ယူချင်ယူ မယူရင်သွားလိုက်တော့”

“နေရာတင်ပဲ ဈေးတောင်တင်လိုက်သေးတယ်” ရှောင်ချီသည် အင်္ကျိ လက်ကိုဆွဲတင်ကာ သူ့ကိုပညာပေးရန်ဟန်ပြင်လိုက်သော်လည်း ရှီမာယူယူ တားလိုက်သည်။

တစ်ချိန်တည်းမှာပင် တည်းခိုဆောင်အနောက်မှ လူတစ်စုထွက်လာပြီး ရှီမာယူယူနှင့် ရှောင်ချီကို ဝိုင်းလိုက်ကြသည်။

“မင်းကဘယ်သူမို့လို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကိုလာပြီး ဆိုးဆိုးဝါး ဝါးပြုမူရဲတာလဲ” စားပွဲထိုးသည် သူတို့နောက်တွင်ပုန်းကာ ရှီမာယူယူကို အော်လေသည်။

“ခင်ဗျားတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြားအပြင်ဒေသက တပည့်တွေ လား” ဒီလောက်လူအများကြီး ဝန်းရံထားသည်ကိုပင် သူမသည် ကြောက်ရွံ့ မှုတစ်စုံတစ်ရာမပြပေ။

“ဟုတ်တယ် အခု ဒီနေရာက မင်းကိုမကြိုဆိုဘူး တစ်ခါတည်းပြော လိုက်မယ် မင်း ဒီနေရာကိုထပ်လာလို့မရတော့ဘူး” သူတို့ထဲကတစ်ယောက် သည် မကြည်လင်သောမျက်နှာဖြင့် ပြောလေသည်။

“ငါတို့ကို နှင်ထုတ်ဖို့ မင်းတို့မှာဘာအခွင့်ရှိလို့လဲ” ရှီမာယူယူသည် ရယ်မောလိုက်သည်။

“အခွင့်အရေးဟုတ်လား၊ ငါတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြား နယ်မြေထဲ မှာ ဘာအခွင့်အရေးရှိလဲလို့မေးနေတာလား ဟားဟား မင်းကဘာလို့ အဲ လောက်ရယ်စရာကောင်းနေတာလဲ”

အားလုံးသည် ရယ်မောကြကာ ရှီမာယူယူကို လူထူးဆန်းတစ်ယောက် ကဲ့သို့ကြည့်ကြလေသည်။

“ကောင်လေး ဒါကအံ့ဖွယ်နတ်ဆိုးတောင်ကြားပဲ မင်းသူတို့ကို အကူအညီတောင်းမယ်ဆိုရင် သူတို့ကိုမဆန့်ကျင်မိတာကောင်းမယ်” လူ တစ်ယောက်သည် ကောင်းသောရည်ရွယ်ချက်ဖြင့် သတိပေးလေသည်။

“မလုပ်နိုင်ဘူးလို့ပြောရင်ရော” ရှီမာယူယူသည် သွားဖြဲရယ်မောကာ လက်ပိုက်လိုက်သည်။

**

All Chapters