တောင်ကြားသခင်လေးကို အရင်ကတွေ့ဖူးတယ်
Vol. 011 Ch. 1036
“မလုပ်ဘူးလား သူတို့ကိုမြို့ထဲကနှင်ထုတ်ပြီး နာမည်ပျက်စာရင်းထဲ သွင်းလိုက် သူတို့တောင်းဆိုတာကို တစ်သက်လုံးလုပ်မပေးနဲ့” စားပွဲထိုး အော်လိုက်သည်။
“ဘယ်သူလုပ်ရဲမလဲကြည့်မယ်လေ” ရှီမာယူယူသည် ရှေ့တိုးလာရာ သူမဆီမှထွက်လာသော ရောင်ဝါသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တပည့် များကို မှင်တက်သွားစေသည်။
သူမသည် ခန်းမကိုပတ်ကြည့်ရာ တာဝန်ခံမရှိသည်ကို သတိထားမိပြီး ပြောလိုက်သည် “ဒီကတာဝန်ခံကိုသွားခေါ်လိုက်”
“မင်းက ငါတို့တာဝန်ခံကိုတွေ့ချင်တာလား အိမ်မက်မက်နေလိုက်” စားပွဲထိုးသည် အင်္ကျိလက်ကိုဆွဲရင်းနှင့်ပြောလေသည် “ဒီမှာဘာလို့ရပ်နေ သေးတာလဲ သူတို့ကိုနှင်ထုတ်လိုက်တော့”
“ဘဝင်မြင့်ပြီး ရိုင်းစိုင်းတယ်၊ အနိုင်ကျင့်တယ်၊ ဒီနေ့ မင်းတို့ကို ငါ သင်ခန်းစာပေးရတော့မယ်” ရှီမာယူယူ ပြောသည်နှင့် ခန္ဓာကိုယ်အား လျှပ်တပြက်လှုပ်ရှားရာ အားလုံးသည် အရိပ်ကိုသာခံစားလိုက်ရပြီး နောက် မြင်လိုက်ရသောမြင်ကွင်းမှာ ထိုတပည့်များသည် လမ်းအပြင်ဘက်သို့ရောက် သွားသည်ကိုပင်။
“ရဲတင်းလှချည်လား မင်းရဲတင်းလိုက်တာ” စားပွဲထိုးသည် ကြမ်းပြင် ပေါ်မှထရန်ကြိုးစားပြီး ရှီမာယူယူကို ဒေါသဖြင့်တုန်ယင်စွာ လက်ညှိုးထိုးလေ သည်။
သူသည် ထိုနေရာတွင်နေလာသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ကာ သူ့ ကိုတွေ့သည့် လူတိုင်းသည် တလေးတစားရှိကြသည်။ ဒီနေ့တွင် ဒီကလေး ၏ အရိုက်ခံရမည်ဟု သူ မထင်ထားပေ။
အားလုံးသည် ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ ရှီမာယူယူသည် အမှန် တကယ်ပင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှလူများကို ရိုက်ခဲ့သည်။ အကောင်း ဆုံးတွေတော့လာပြီပဲ။
တချို့မှာ ငယ်ရွယ်သောရှီမာယူယူကို မြင်ပြီး သူမအတွက် စိတ်မကောင်းဖြစ်ကြသည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို အကူအညီလာ တောင်းတဲ့သူက အံ့ဖွယ်နတ်ဆိုးတောင်ကြားက အဖွဲ့ဝင်တွေကိုရိုက်နေ တယ်။ သေချာပေါက် သူတောင်းတဲ့ အကူအညီကို လုပ်ပေးမှာမဟုတ်ဘူး။
လူငယ်တွေက စိတ်ပေါက်ရာလုပ်ရတာကို ကြိုက်ကြတယ်လေ။ လုပ်ပြီး မှနောင်တရရင်လည်း နောက်ကျသွားပြီလေ။
ဒီတစ်ကြိမ်တွင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တပည့်များလွန်သည်ဟု လည်းသူတို့ တွေးကြသည်။
“ဒီကိုလာကြ လာကြ ဒီမှာလူတစ်ယောက်ပြဿနာရှာနေတယ်” အနည်းဆုံးတော့ စားပွဲထိုးသည် ရှီမာယူယူ၏ အကြည့်ကိုမြင်ကာ ဆိုင်ထဲမှ လူများ သူမကို မနိုင်နိုင်သည်ကို သိသည်။ သူအော်လိုက်သည်နှင့် ဆိုင်ဘေး မှ သူတို့လူများပြေးထွက်လာကာ တည်းခိုဆောင်ဝင်ပေါက်ကိုဝိုင်းလိုက်ရာ လူများဖြင့် ပြည့်သွားလေသည်။
“အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ ဘယ်သူက ကြမ်းကြမ်းတမ်းတမ်းပြုမူ ရဲတာလဲ” ထိုးထွင်းဉာဏ်ကောင်းသော သေးသွယ်သောလူတစ်ယောက် သည် လူအုပ်ထဲမှထွက်လာပြီး ရှီမာယူယူနှင့် ရှောင်ချီကိုမြင်သောအခါ ခါး ထောက်ပြီး လက်ညှိုးထိုးကာ မေးလေသည် “မင်းတို့က အံ့ဖွယ်နတ်ဆိုး တောင်ကြားက တပည့်တွေကို ရိုက်တဲ့လူတွေလား”
“ဟုတ်တယ် အဲတော့ ဘာဖြစ်လဲ” ရှီမာယူယူသည် သူတို့ကို ကြောက် လန့်ခြင်းမရှိ ကြည့်လိုက်သည်။
“ငါ့ အံ့ဖွယ်နတ်ဆိုးတောင်ကြားက တပည့်တွေကိုရိုက်တယ် သူတို့ကို ဖမ်းလိုက်၊ ဂိုဏ်းက သူတို့ကိုဖြေရှင်းလိမ့်မယ်” သေးသွယ်သောလူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားအဖွဲ့ဝင်များကို သူတို့ဆီသို့ ညွှန်ပြလေသည်။
ဒီတစ်ကြိမ်တွင် ရှီမာယူယူမတိုက်ခိုက်ပဲ ရှောင်ချီသည် စက္ကန့်အနည်း ငယ်အတွင်းပင် ရှင်းလိုက်လေသည်။
“အံ့ဖွယ်နတ်ဆိုးတောင်ကြားက တပည့်တွေကဒီလောက် ဂုဏ်မောက် မယ်လို့ မထင်ထားဘူး” ရှီမာယူယူ ကြေညာလိုက်သည်။
“ဟင် မင်းက ဘယ်သူမို့လို့ ငါတို့အံ့ဖွယ်နတ်ဆိုးတောင်ကြားကို မှတ်ချက်ပေးရတာလဲ”
“မင်းတို့ ဒီလိုပြုမူပုံကိုကြည့်ရတာ တောင်ကြားသခင်က ဒီကိစ္စကို မသိ ဘူးလို့ လောင်းနိုင်တယ်”
လျန်ဝူမင်နှင့် သူမသည် မကြာခဏဆက်သွယ်မှုမရှိသော်လည်း အံ့ဖွယ်နတ်ဆိုးတောင်ကြားအဖွဲ့ဝင်များသည် ဘဝင်မမြင့်သည်ကို သူမ မြင် နိုင်သည်။
“ဟင်း ငါတို့အချက်ပေးလိုက်ပြီ လူတွေရောက်လာပြီး မင်းကိုမကြာခင် ခေါ်သွားလိမ့်မယ်၊ နောက်ဆုံးမှာ ဘယ်သူကရယ်နိုင်မလဲကြည့်ကြတာပေါ့” စားပွဲထိုးသည် ရှီမာယူယူကိုကြည့်လိုက်ရာ သူမ တည်ငြိမ်လွန်းသည်ကို မြင် ပြီး မသက်မသာခံစားလိုက်ရလေသည်။
“တကယ်လား ဒါဆိုရင် ဒီမှာပဲစောင့်တာပေါ့၊ သူတို့ရောက်လာရင် မင်း တို့လောဘကြီးတာလား ငွေညှစ်တာလားဆိုတာကို သူတို့ကိုမေးချင်သေး တယ်” ရှီမာယူယူသည် ခုံနှစ်ခုံထုတ်ကာ တည်းခိုဆောင်အပြင်ဘက်တွင် ထိုင်စောင့်လေသည်။
သူတို့ တည်ငြိမ်နေသည်မှာ တခြားသူများကို မသက်မသာခံစားရစေ သည်။ အားလုံးသည် သူတို့ကို ဖြူစင်သော ကလေးများသဖွယ်မြင်ကြသည်။ ဥပဒေအင်အားစုရောက်လာသည့်အချိန်တွင် ဖြစ်လာမည့်အဖြစ်အပျက်ကို သူတို့ ခန့်မှန်းထားပြီးသားဖြစ်သည်။
သိပ်မကြာခင်တွင် ဥပဒေအင်အားစုအဖွဲ့ရောက်လာရာ ဥပဒေအင်အား စုအဖွဲ့ခေါင်းဆောင်ကိုမြင်လိုက်ချိန်တွင် ရှီမာယူယူ ပြုံးလိုက်သည်။
စားပွဲထိုးနှင့် ကျန်လူများလည်း ဥပဒေအင်အားစုအဖွဲ့ရောက်လာချိန် တွင် ပြုံးလိုက်ကြသည်။ အထူးသဖြင့် အဖွဲ့ခေါင်းဆောင်ကိုမြင်လိုက်ချိန်တွင် ပျော်ရွှင်စွာပြုံးကြလေသည်။
“ခေါင်းဆောင်ဖန်” စားပွဲထိုးသည်မြေပေါ်မှထချင်သော်လည်း နှစ်ကြိမ် မျှတုန်ယင်ကာ ပြန်ထိုင်ကျလေသည်။ “ခေါင်းဆောင်ဖန် ကျွန်တော်တို့ကို မျှမျှတတလုပ်ပေးရမယ်၊ ဒီနှစ်ယောက်က အခုမှရောက်လာတာကို အံ့ဖွယ် နတ်ဆိုးတောင်ကြားကလူတွေကို မလေးစားဘူး”
တိုင်တန်းပြီးနောက်တွင် သူသည် ရှီမာယူယူကို ညှာတာခြင်းမရှိ ကြည့် ပင်ကြည့်လိုက်သေးသည်။ ဖန်ဒုန်ရောက်လာပြီဆိုတော့ သူမ ဘယ်လောက် ပဲအားကြီးကြီး သူမလက်ကိုချည်ပြီး အဖမ်းခံရဖို့သာစောင့်နေလိုက်တော့။
“ဟုတ်ပါတယ် ခေါင်းဆောင်ဖန် ကျွန်တော်တို့ကို တရားမျှတမှုပြန်ယူ ပေးပါ” တခြားသူများလည်း အော်ကြလေသည်။
ဖန်ဒုန် ရှီမာယူယူဆီလျှောက်သွားသည်ကို မြင်ပြီး အားလုံးသည် သူ ရှီမာယူယူကို ဖမ်းလိုက်သည်ကို စောင့်နေကြလေသည်။
သို့သော် ဖြစ်လာသောအရာမှာ အားလုံးအတွက် ထိတ်လန့်စရာဖြစ် ကာ မြေသားကဲ့သို့တောင့်တင်းသွားစေသည်။
ဖန်ဒုန်သည် ရှီမာယူယူဆီသို့လျှောက်သွားပြီးနောက် မြေပေါ်သို့ ဒူး တစ်ဖက်ထောက်ကာ တရိုတသေနှုတ်ဆက်လေသည် “ဖန်ဒုန် တောင်ကြား သခင်လေးကိုနှုတ်ဆက်ပါတယ်”
“သခင်… တောင်ကြားသခင်လေးလား” အားလုံးသည် တောင့်တင်း သွားကြသည်။ ဒီလူက တောင်ကြားသခင်လေးလား။
ဒါဆိုရင် သူတို့အခုဘာလုပ်မိသွားတာလဲ။
“အစ်ကိုကြီးဖန် ထပါ” ရှီမာယူယူသည် သွေးလက်စွပ်ကိုထုတ်ကာ လက်တွင်ဝတ်ပြီး စားပွဲထိုးကိုကြည့်ပြီး တခြားသူများကိုကြည့်ကာ ပြောလိုက် သည် “အခု မင်းတို့ကို သင်ခန်းစာပေးဖို့ ငါ့မှာအခွင့်အရေးရှိသွားပြီလား”
“…..”
ထိုနေရာရှိလူအားလုံးသည် မမျှော်လင့်ထားသော မြင်ကွင်းကြောင့် အသိစိတ်ပင်ပြန်မကပ်နိုင်ပေ။ ရှီမာယူယူနှင့် ဖန်ဒုန်တို့ တည်းခိုဆောင်သို့ ဝင်သွားသည့်တိုင်အောင် အားလုံးသည် မြေပေါ်တွင် မှင်တက်နေဆဲပင်။
“မြေကြီးပေါ်မှာဘာလုပ်နေကြတာလဲ ထကြ” ဥပဒေအင်အားစုအဖွဲ့ သည် မြေပေါ်တွင် ကျောက်ရုပ်ဖြစ်နေသောအဖွဲ့ကိုသတိပေးလိုက်သည်။
သူတို့သည် အလျင်အမြန်ထပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် မျက်ရည်မထွက်ပဲ ငိုချင်သည့်ပုံ ပေါက်နေကြသည်။
သူ့ကို တောင်ကြားသခင်လေးဆိုတာ သိရင် သူတို့ဘယ်လိုလုပ်ဒီလို လုပ်မလဲ။
“အစ်ကိုကြီးဖန် ဒီကိုဘာလာလုပ်တာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အခုပဲ ငါ့တာဝန်ကျတာ တောင်ကြားမှာပျင်းနေတာရယ်၊ အပြင်မှာ လူတစ်ယောက် ပြဿနာရှာနေတယ်လို့ကြားတာနဲ့ လာကြည့်တာ၊ ဒီမှာ တောင်ကြားသခင်လေးကိုတွေ့ရမယ်လို့ မထင်ထားဘူးပဲ” ဖန်ဒုန် ဆက်ပြော လေသည် “ဒါပေမဲ့ ဘာဖြစ်တာလဲ”
ရှီမာယူယူသည် သူ့ကိုအားလုံးပြောပြလိုက်သည်။ ဖန်ဒုန်သည် စားပွဲ ကိုရိုက်လိုက်ရာ စားပွဲထိုးနှင့် တခြားသူများ လန့်သွားကြလေသည်။
“တောင်ကြားက မင်းကိုတည်းခိုဆောင်ဖွင့်ခိုင်းတာက မတရားပဲ ငွေစု ဖို့အတွက်လား၊ ဈေးတွေမြှောက်ခေါ်ပြီး ငွေညှစ်နေတယ်၊ မင်းတို့ပြစ်မှား လိုက်တဲ့သူက မပြစ်မှားသင့်တဲ့သူဆိုတာလည်း မသိဘူး” ဖန်ဒုန်သည် ကြိမ်းမောင်းလေသည် “အခုကစပြီး မြို့ငယ်ကလူတွေအဖွဲ့လိုက်ပြောင်းမယ် မင်းတို့ကိုယ့်ဘာသာ ပြန်သုံးသပ်ကြ”
သူတို့သည် မငြင်းဆန်ရဲပဲ ခေါင်းငုံ့ထားကာ သူတို့အမှားကို အသိအမှတ်ပြုရလေသည်။
တကယ်တော့ ထိုအပြစ်ဒဏ်သည် သူတို့တွေးထားသည်ထက် ပေါ့လျော့သည်။ သူတို့ ဒီနေ့တွေ့ခဲ့သည့်သူသာ ရင်ဘိုင်ချွန်းသာဆိုလျှင် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ ချက်ချင်းပင် နှင်ထုတ်ခံရမည်။
ကံကောင်းလို့ပဲ ဒီတောင်ကြားသခင်လေးက ညှာတာတတ်လို့ ဖန်ဒုန် ကိုအပြစ်မပေးဖို့ တောင်းဆိုခဲ့တာ။
ဖန်ဒုန် သူတို့ကိုဖြေရှင်းပြီးသည်နှင့် ရှီမာယူယူကိုကြည့်ပြီး မေးလိုက် သည် “တောင်ကြားသခင်လေးက တောင်ကြားကိုဘယ်တော့သွားမှာလဲ”
“ကျွန်တော်ဒီအထိ အလောတကြီးလာပြီးပြီပဲ၊ ဒီနေ့တော့ဒီမှာပဲနားဦး မယ်၊ မနက်ဖြန်မှ တောင်ကြားကိုသွားတော့မယ်” ရှီမာယူယူ ပြောလိုက် သည်။
“ကောင်းပြီ မနက်ဖြန်ကိုကျွန်တော်သခင်လေးကို တောင်ကြားကို ခေါ် သွားပါမယ် ဒီနေ့ညတော့ ကောင်းကောင်းနားလိုက်ပါ” ဖန်ဒုန်ပြောလေသည်။
“ခင်ဗျားဆီကဘာလို့ထူးဆန်းတဲ့အသံထွက်လာတာလဲ” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။
“ဟီးဟီး တောင်ကြားသခင်လေး မစိုးရိမ်ပါနဲ့ ဘာမှမဟုတ်ဘူး၊ ဒီအတိုင်းပဲ တောင်ကြားကလူတွေပျင်းတာနဲ့ လောင်းထားတာ” ဖန်ဒုန် ပြန် ဖြေလေသည်။
“ကျွန်တော်နဲ့ပတ်သတ်တာလား” ရှီမာယူယူသည် မျက်ခုံးပင့်လိုက် သည်။
ဖန်ဒုန်သည် ခေါင်းညိတ်ပြီးနောက် ရှက်ရွံ့စွာ ပြောလေသည် “သခင် လေးလာရင် အပြင်က တည်ဆောက်မှုကိုဖျက်ပြီး ကိုယ့်ဘာသာလာမလား ဆိုတာကို အကုန်လုံးကလောင်းထားကြတာ…”
***