← Chapters

ပျော်ရွှင်နေသောလူတစ်စု

Vol. 011 Ch. 1037

ပျော်ရွှင်နေသောလူတစ်စု

Vol. 011 Ch. 1037

ရှီမာယူယူသည် ဖန်ဒုန်၏ မျက်နှာမှအပြုံးကိုမြင်သောအခါ ဆွံ့အသွား သည်။

“ခင်ဗျားလည်း အဲလောင်းကစားမှာဝင်ပါထားလား” သူမ မေးလိုက် သည်။

“ဟီးဟီး…” ဖန်ဒုန်သည် နှဖူးကိုအကြောဆန့်ကာပြောလေသည် “အဂ္ဂိရတ်ပြိုင်ပွဲကိုဝင်ပြိုင်တဲ့ တပည့်တွေက မင်းလာမယ့်သတင်းကို တောင်ကြားမှာ ဖြန့်နေတာ အကုန်လုံးမင်းကိုစောင့်နေကြတယ်၊ ဒီလောင်း ကစားလုပ်တာက အကုန်လုံးက မင်းအတွက်ပါဝင်ပေးတာပဲ”

“လောင်းထားတာ လူဘယ်နယောက်ရှိလဲ” ရှောင်ချီမေးလိုက်သည်။

“သြော်… မများပါဘူး အနည်းဆုံးတော့ တံခါးပိတ်ကျင့်ကြံတဲ့သူတွေ မပါဘူး” ဖန်ဒုန် ပြောလိုက်သည်။

“ဖူး….”

ရှီမာယူယူသည် သောက်လိုက်သော လက်ဖက်ရည်များ ပါးစပ်မှပြန် ဖိတ်ထွက်သွားသည်။ ဒီလူပြောလိုက်တာက အံ့ဖွယ်နတ်ဆိုးတောင်ကြားက အဖွဲ့ဝင်တွေအကုန်လုံး ပါဝင်ထားတယ်လို့ ပြောလိုက်တာမလား။ အဲဒါကို လူ မများဘူးလို့ပြောနေသေးတယ်။

“ခင်ဗျားတို့ ဘယ်လောက်တောင်ပျင်းနေကြလို့လဲ” ရှီမာယူယူသည် မျက်ခုံးကြားမှနေရာကို ပွတ်လိုက်သည်။

“ဒါက အကုန်လုံးက မင်းကိုမျှော်လင့်ထားကြတာလေ” ဖန်ဒုန် ဆက် ပြောလေသည် “မင်းအဲဒါကို ချောချောမွေ့မွေ့ဖြတ်နိုင်မယ်လို့ ငါယုံတယ်၊ အဲဒါကြောင့် မနက်ဖြန်ကို ပိုပြီးအားစိုက်ရမယ်”

“….. ကြိုးစားကြည့်ပါမယ်” ရှီမာယူယူသည် အားလုံးကို ထွက်သွားဟူ သည့် အချက်ပြသည့်အနေနှင့် လက်ကိုရမ်းလိုက်သည်။

ဖန်ဒုန်ထွက်သွားသည်နှင့် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တပည့်များ သည် ဝင်ပေါက်သို့အလောတကြီးပြေးလာပြီး အဖြစ်အပျက်ကိုကြည့်ချင် သော်လည်း  ဖန်ဒုန် တားလိုက်သည်။

ထိုအချိန်တွင် ဖန်ဒုန်ထိုကဲ့သို့လုပ်လိုက်သည်ကို ရှီမာယူယူ ကျေးဇူးတင်မိသည်။ သူတို့သာ အလောတကြီးဝင်လာပါက သူမ ပြိုလဲကျ သွားနိုင်သည်။

ညတွင်ကောင်းကောင်းအနားယူပြီး နောက်တစ်နေ့မနက်တွင် ဖန်ဒုန် သည် သူမဆီသို့လာရှာလေသည်။ သူသည် ရှီမာယူယူနှင့် ရှောင်ချီတို့ကို အံ့ဖွယ်နတ်ဆိုးတောင်ကြားဝင်ပေါက်သို့ခေါ်သွားလေသည်။ အပြင်ဒေသမှ တပည့်များစွာသည် နောက်မှလိုက်လာကြသည်။

တစ်ချိန်တည်းမှာပင် အတွင်းမှတပည့်များသည် ကွင်းပြင်တွင်စုဝေးပြီး ဖြစ်ကာ မိုးပေါ်မှထွက်လာသည့် ပုံရိပ်ကိုကြည့်ပြီး ရှီမာယူယူဝင်လာမည်ကို စောင့်နေကြသည်။

အားလုံးသည် အတားအဆီးဖျက်ပြီးဝင်လာမည်ကို ကြည့်ရန်စုဝေးနေ ကြသည်။ ထိုသည်မှာ သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုနေ့မှာ ဒီနေ့ဖြစ် သည်။

“သူလာပြီ” လူတစ်ယောက်သည် တောင်ကြားဝင်ပေါက်ကိုညွှန်ပြရင်း အော်လေသည်။

“သူငတစ်ယောက်တည်းပဲ သူအောင်အောင်မြင်မြင်ဝင်လာနိုင်မလား သိချင်သား”

“သေချာတာပေါ့ သူလုပ်နိုင်မယ်လို့ ငါယုံတယ် တောင်ကြားသခင်လေး ငါရှုံးအောင်မလုပ်လိုက်ပါနဲ့”

“သေချာပေါက်မရှုံးဘူးပေါ့ ငါ တောင်ကြားသခင်လေးကိုယုံတယ်”

“ဒီတည်ဆောက်မှုက ဖျက်ဖို့မလွယ်ဘူး မဟုတ်ရင် တခြားသူတွေ ဖျက် ပြီးဝင်လာပြီးနေပြီ၊ တောင်ကြားသခင်လေးက အားကောင်းပေမဲ့ အဲဒါကို သေချာပေါက်မဖျက်နိုင်ဘူး”

“ကြည့်ကြတာပေါ့”

ရှီမာယူယူသည် အတားအဆီးဖျက်နေချိန်တွင် တောင်ကြားမှတပည့် များ သူမကိုကြည့်နေသည်ကို မသိပေ။ သူမ ဖန်ဒုန်ကိုနှုတ်ဆက်ပြီး တောင် ကြားသို့ဝင်လိုက်ပြီးနောက် တောင်ကြားသို့ခြေချလိုက်သည်နှင့် မျက်စိရှေ့မှ မြင်ကွင်းသည် ပြောင်းသွားလေသည်။

အပြင်မှကြည့်လျှင် မြင်ကွင်းမှာ သစ်ပင်များသည် ပုသော်လည်း အထဲ ဝင်လိုက်သည်နှင့် ထူထဲသောတောနှင့်တူသည်။

“ဒီမှာဘယ်လိုလုပ် တောကြီးရှိနေတာလဲ” ထင်ယောင်ထင်မှား တည်ဆောက်မှုဖြစ်နိုင်မလားဟု ရှီမာယူယူ အတည်ပြုလှည့်ပတ်ကြည့်မိ သည်။

“တုန်လှုပ်မှုမရှိဘူး မဆိုးဘူး” မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးသည် မုတ်ဆိတ်ကို ပွတ်သတ်ကာ ချီးကျူးရင်းခေါင်းညိတ်လေသည်။

“အကြီးအကဲရှောင် ချီးကျူးတာစော်နေပြီ သူအဲဒီကနေထွက်လာနိုင် မလားဆိုတာ မသိသေးဘူးလေ” အကြီးအကဲရှောင် ဘေးမှ သက်လတ်ပိုင်း အရွယ်လူ ပြောလိုက်သည်။

“ထန်လေး မင်းက သူ့ဘာသာသူမလာနိုင်ဘူးဆိုပြီး လောင်းထားတာ မလား ကျုပ်မှတ်မိတယ် ဟုတ်တယ်မလား” အကြီးအကဲရှောင်သည် လက်နက်ခန်းမခေါင်းဆောင် ထန်ယီဆိုသောလူကို ပြောလိုက်သည်။

“ဟုတ်တယ်” ထန်ယီ ပြောလိုက်သည်။

“ကျုပ်တို့်နှစ်ယောက်တည်း လောင်းရင်ရောဘယ်လိုလဲ၊ ကျုပ်နိုင်ရင် မင်း အရင်တစ်ခေါက်က လုပ်ထားတဲ့ သံချပ်ကာကို ကျုပ်ကိုပေးရမယ် ကျုပ် ရှုံးရင် ကျုပ်ကိုယ်တိုင်ဖော်ထားတဲ့ အကန့်အသက်မဲ့ဆေးကိုပေးမယ် ဘယ်လို လဲ”

“ကျွန်တော်လုပ်ထားတဲ့ သံချပ်ကာက အံ့ဖွယ်အဆင့်ပဲ အကန့် အသက်မဲ့ဆေး တစ်ပုလင်းလောက်နဲ့ အပေးအယူလုပ်ချင်တာလား” ထန်ယီ သည် သူ့အကွက်ထဲမဝင်ပေ။

“သူက သူ့ဘာသာမလာနိုင်ဘူးဆိုပြီး မင်းကိုယ်မင်း ယုံကြည်လွန်းနေ တယ်ထင်တယ်” အကြီးအကဲရှောင် ဆက်ပြောလေသည် “မဟုတ်ရင် သူလာ နိုင်မယ်ဆိုတာကို မင်းခံစားနေရလို့ထင်တယ်”

“ကျွန်တော့်ကိုနှိုးဆွဖို့မကြိုးစားနဲ့ ကျွန်တော်နဲ့ လောင်းဖို့ကြိုးစားနေတာ မလား၊ ကျွန်တော် အကြီးအကဲနဲ့လောင်းမယ်” ထန်ယီ ဆက်ပြောလေသည် “ဒါပေမဲ့အကြီးအကဲရှောင် ပြောပြီးပြီနော် အကြီးအကဲရှုံးရင် အရင်တစ်ခေါက် ကလို စကားကိုပြန်မရုတ်သိမ်းရဘူး”

“ကျုပ်ကဘယ်တုန်းက ပြောပြီးသားကိုပြန်ရုတ်သိမ်းလို့လဲ” အကြီး အကဲရှောင်သည် မုတ်ဆိတ်ကိုမှုတ်ထုတ်ပြီး သူ့ကို ဒေါသထွက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“အကြီးအကဲရှောင် တကယ်ပဲအကန့်အသက်မဲ့ဆေးကို ဖော်မလို့လား” လူတစ်ယောက်သည် အံ့အားသင့်ပြီးပြောလေသည်။

“ဒါပေါ့” အကြီးအကဲရှောင်သည် မုတ်ဆိတ်ကိုပွတ်ရင်း ပြံုးလေသည်။

“အကြီးအကဲရှောင်ကတော့ တကယ်ပဲထူးခြားတယ်”

“ဟီးဟီး….”

တပည့်တချို့သည် နားမလည်သဖြင့် သူတို့ဘေးမှတခြားသူများကို ပုတ်ပြီးမေးလေသည် “အကန့်အသက်မဲ့ဆေးကဘယ်လိုဆေးလဲ”

“အဲဒါက တိုက်ခိုက်မှုအားကိုတိုးစေတဲ့ဆေးပဲ ပုံမှန်ဆိုရင် အဲလိုဆေးမျိုး ကလူသားခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်၊ ဒါပေမဲ့ ဒီအကန့်အသက်မဲ့ဆေး က ဘေးထွက်ဆိုးကျိုးမရှိပဲ လူရဲ့အင်အားကို အဆပေါင်းများစွာ တိုးစေတယ်”

“အဲလိုဆေးက ရှားလား”

“ရှားတာပေါ့၊ အဲလိုဆေးက ဘေးထွက်ဆိုးကျိုးမရှိပဲ တိုက်ခိုက်နိုင်မှု အားကိုတိုးစေတယ်၊ လူတိုင်းမှာသာရှိနေရင် တိုက်ပွဲဖြစ်လို့ကတော့ လက်ကူ တွေအများကြီးရှိတာနဲ့တောင် မတူဘူး”

“အမှန်ပဲ”

“အကြီးအကဲရှောင်ကိုကြည့်လိုက် သူ့မုတ်ဆိတ်တောင် ပျံတက်တော့ မယ်”

“အဲဒါက အကြီးအကဲရှောင်ပဲလေ မင်းမသိလို့”

“အာ… ဘယ်သူနိုင်မယ်လို့ထင်လဲ အကြီးအကဲရှောင်လား ခန်းမ ခေါင်းဆောင်ထန်လား”

“အကြီးအကဲရှောင်ကိုနိုင်စေချင်တာပေါ့၊ တောင်ကြားသခင်လေး လာနိုင်မယ်ဆိုတာကို ငါလည်းလောင်းထားတာလေ”

“ခန်းမခေါင်းဆောင်ထန် နိုင်မယ်လို့ထင်တယ်”

“အဲဒါကလည်း တောင်ကြားသခင်လေး ဝင်မလာနိုင်ဘူးဆိုတာကို မင်း လောင်းထားလို့မလား”

“ဟီးဟီး ဟုတ်တယ်”

“ဘယ်သူနိုင်မလဲ ရှုံးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”

“အာ.. သူ သဲလွန်စရှာတွေ့သွားတဲ့ပုံပဲ” တည်ဆောက်မှုခန်းမမှ တပည့်များသည် တအံ့တသြအော်ကြလေသည်။

အားလုံးသည် လေပေါ်သို့ကြည့်လိုက်ရာ အမှန်တကယ်ပင် သူမသည် ထိုတောကို အောင်မြင်စွာဖြတ်လျှောက်လာသည်။

“ဘယ်လိုလုပ်ဒီလောက်မြန်ရတာလဲ” ထိုတပည့်များသည် မယုံနိုင်စွာ ဖြင့် မျက်လုံးများကိုပွတ်လိုက်ကြသည်။

အစပိုင်း သူတို့ တည်ဆောက်မှုကိုဖွင့်ပြချိန်တွင် ထိုနေရာသို့ ရောက်ဖူး သည်။ သို့သော် သူမလောက် မြန်သည့်သူမရှိပေ။

“အဲဒီတောကအစကတည်းက ရှည်မှမရှည်တာ၊ တည်ဆောက်မှုကို ဖျက်ပြိးတော့ မိနစ်နည်းနည်းအတွင်းကို ထွက်လာနိုင်တာပဲ” တည်ဆောက်မှု ခန်းမခေါင်းဆောင် ရှဲကျိမင် ပြောလေသည်။

“ဒါပေမဲ့ သူ ပထမဆုံးတည်ဆောက်မှုကို ဒီလောက်မြန်မြန်ဖျက်နိုင်တာ တောင်ကြားသခင်လေးရဲ့ တည်ဆောက်မှုအရည်အချင်းက ကျွန်တော်တို့ ထက် မြင့်လောက်တယ်” တပည့်များသည် သက်ပြင်းချကြလေသည်။

“သွေးလက်စွပ်ကရွေးချယ်တဲ့သူတွေက တကယ်ကို မတူဘူး၊ အဂ္ဂိရတ် ပြိုင်ပွဲမှာ အဆင့်၁၊ သူ့တည်ဆောက်မှုကလည်း အားကောင်းတယ်….”

ထိုအချိန်တွင် ရှီမာယူယူပေါ်ထားရှိသည့် တခြားသူများ၏ အမြင်မှာ မြင့်လျက်ရှိသည်။

တည်ဆောက်မှုဖျက်နေစဉ်အတွင်းတွင် ရှီမာယူယူသည် ရုတ်တရက် မျက်ခုံးပင့်မိသည်။ လေးစားမှုအင်အားတိုးလာတယ်လို့ သူမ ဘာလို့ခံစားမိ တာလဲ။ နည်းပါးသော်လည်း အခုချိန်တွင် အန္တရာယ်များနေသေးသည်။ အနည်းငယ် သွေဖယ်သွားလျှင်တောင် သူမ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ် စွမ်းအင်ကို လှုပ်ရှားစေနိုင်သည်။

သူမသည် လျင်မြန်စွာပင် ရပ်တန့်ကာ ထိုရောင်ဝါနှစ်ခုလုံး ယိမ်းယိုင်မှု မဖြစ်စေရန် လုပ်ပြီးနောက်မျက်လုံးပြန်ဖွင့်လိုက်သည်။

“ဒီနေရာမှာ ဘယ်သူကများ ငါ့ကိုလေးစားသွားတာလဲ၊ သိရင်တော့ ကောင်းကောင်းရိုက်ပေးလိုက်မယ်” သူမသည် စိတ်ထဲမှ ကြိမ်းမောင်းကာ ထပြီးနောက် တင်ပါးမှဖုန်များကို ခါကာ တည်ဆောက်မှုကို ဆက်လက် လေ့လာလိုက်သည်။

ထိုတည်ဆောက်မှုသည် ပထမတည်ဆောက်မှုထက် ပိုခက်သည်။ တည်ဆောက်မှုမျဉ်းများသည် ပုန်းကွယ်လျက်ရှိပြီး ရှုပ်ထွေးသည်။ ရှာတွေ့ ရန်မလွယ်ပေ။ ထို့အပြင် တည်ဆောက်မှုထဲတွင် တည်ဆောက်မှုရှိသဖြင့် အနည်းငယ် သတိမပြုမိလျှင်တောင် ထောင်ချောက်တွင်ပိတ်မိပြီး သေသွား နိုင်သည်။

***

All Chapters