← Chapters

ထောင်ချောက်

Vol. 011 Ch. 1038

ထောင်ချောက်

Vol. 011 Ch. 1038

ရှီမာယူယူသည် ကြည့်ရှုခဲ့သည်များကို တစ်ဆင့်ချင်းစီ ကောက်နုတ် လေသည်။  လျန်ဝူမင်နှင့် တည်ဆောက်မှုခန်းမမှအဖွဲ့ဝင်များသည် သူမ၏ မြန်ဆန်သော လက်ချောင်းများကိုကြည့်နေကြသည်။ ဒီကောင်လေးက အချုပ်ကောက်နုတ်တာကို ဦးနှောက်သုံးစရာမလိုဘူးလား။

တခြားသူများ ထိုကဲ့သို့ကောက်နှုတ်ပါက ဆိုးဝါးစွာ ကြိမ်းမောင်းခံရ မည်။ အဘယ့်ကြောင့်ဆိုသော် တည်ဆောက်မှုကို ကောက်နှုတ်သည့်အဆင့် တိုင်းသည် သေချာတွက်ချက်ရကာ တစ်ဆင့်မှားသွားသည်နှင့် အဆင့် အားလုံးမှားသွားမည်။

ရှီမာယူယူသည် လျင်မြန်စွာပင် ကောက်နှုတ်လိုက်သည်။ သူမကို သေချာမသိသောသူများသည် ကလေးကစားစရာကဲ့သို့ သဘောထားနေ သည်ဟု ထင်ကြသည်။ သူမကိုသိသူများသည် သူမ၏ ကောက်နှုတ်ချက်မှာ တခြားသူများထက် အဆပေါင်းများစွာမြန်သည်ကိုသိကြသည်။ သူမသည် တည်ဆောက်မှုမျဉ်းကိုကြည့်လိုက်သည်နှင့် ရလဒ်များစွာကို ကောက်နှုတ်နိုင် သည်။

“သူ့အမြန်နှုန်းနဲ့ဆိုရင် သူ တကယ်ပဲတည်ဆောက်မှုကို ဖျက်နို်င်မှာလား” လူတစ်ယောက် မေးလိုက်သည်။

“တခြားသူသာဆိုရင် မဖြစ်နိုင်ဘူးလို့ ငါပြောမှာပဲ၊ ဒါပေမဲ့ ပထမ တည်ဆောက်မှုမှာ တောင်ကြား သခင်လေးရဲ့အမြန်နှုန်းနဲ့ဆိုရင် သူဒီ တည်ဆောက်မှုကိုဖျက်နိုင်မယ်လို့ ငါယုံတယ်”

“ငါလည်းယုံတယ်”

“တောင်ကြားသခင်လေးကတော့ တကယ်ပဲ တောင်ကြားသခင်လေးပဲ ထင်ထားတဲ့အတိုင်းပဲ သူက ငါတို့ယှဉ်မရတဲ့သူပဲ”

“အဲဒါကလည်း မင်းနှမြောရမယ့်ဟာမဟုတ်ပါဘူး လူတိုင်းရဲ့ လက်ဆောင်တွေကမတူကြဘူးလေ၊ ငါတို့မှာ သူမလို လက်ဆောင်ရှိရင် သွေး လက်စွပ်ရဲ့ ရွေးချယ်တာကိုခံရမှာပဲ”

“ဟုတ်တယ်၊ အဲဒါကြောင့် သူက တောင်ကြားသခင်လေးဖြစ်ပြီး ငါတို့ ကမဖြစ်နိုင်တာပဲ၊ စိတ်ထဲမှာပဲထားလိုက်ပါ”

“ဘယ်လိုပဲဖြစ်ဖြစ် တောင်ကြားသခင်လေးက ငါတို့စံပြပုဂ္ဂိုလ်ပဲ၊ သူက ငါတို့သွားချင်တဲ့ ပန်းတိုင်ပဲ”

“ဟုတ်တယ် ငါရောပဲ”

လူအများသည် ရှီမာယူယူကို စတင်လေးစားလာကြသည်။ ထိုအရာ ကြောင့်ပင် သူမ တည်ဆောက်မှုလုပ်နေစဉ်အတွင်းပင် ထိုလူများကို သူမ ကြိမ်းမောင်းချင်မိသည်။ အဘယ့်ကြောင့်ဆိုသော် သူမ ခန္ဓာကိုယ်ထဲတွင် ယုံကြည်မှုများထပ်မံ ခံစားမိသောကြောင့်ပင်။

သူမ ဒေါသထွက်လာသည်။ ဘာလို့ ဒီယုံကြည်လေးစားတဲ့ အားက ဆက်တိုက်တိုးလာရတာလဲ။ တစ်ယောက်ယောက်ကများ သူမကို သဘော မကျလို့ ဒီနည်းလမ်းကိုသုံးပြီး သူမကို လက်စားချေမလို့များလား။

ကံကောင်းစွာပင် လေးစားမှုအင်အားသည် အများကြီးတိုးမလာခဲ့ပေ။ ထို့ကြောင့် သူမ ခန္ဓာကိုယ်ထဲတွင် ရှုပ်ထွေးမှုမဖြစ်သွားပေ။

သူမ အသုံးပြု၍မရသော ထိုမသမာသော အင်အားအကြောင်းကို တွေး မိလိုက်သည်နှင့် သူမ သက်ပြင်းချမိသည်။

သက်ပြင်းရှည်ချပြီးနောက်တွင် သူမသည် တည်ဆောက်မှုကို အာရုံ ပြန်စိုက်ကာ ဆက်ပြီး ကောက်နှုတ်နေလိုကသည်။

နေ့တစ်ဝက်ကြာပြီးနောက်တွင် တွန့်နေသော သူမ၏ မျက်ခုံးများ အနည်းငယ်ပြေလျော့သွားသည်။ နှုတ်ခမ်းထောင့်များသည် ယုံကြည်မှုရှိ သော အပြံုးအဖြစ်ကွေးတက်သွားရာ ထိုအပြံုးသည် ကြည့်နေသောလူများ ကို ဆန်းကြယ်မှုကိုခံစားရစေသည်။ ကောင်းကင်အောက်တွင် သူမ ကြောက် ရမည့်အရာမရှိသည့်ပုံစံ ခံစားရလေသည်။

ရှီမာယူယူသည် ထပြီးနောက် လေထဲသို့ပျံသွားကာ ကောက်နှုတ်ထား သည့် ရလဒ်အရ ကျောက်ဆောင်များ မြေသားများကိုကြည့်ရှုပြီးသည့်နောက် တွင် သူမ၏ ထင်မြင်ချက်ကိုပိုပြီးယုံကြည်ချက်ရှိလာသည်။

သူမသည် တည်ဆောက်မှုကျောက်တုံးအနည်းငယ်ထုတ်ပြီးနောက် ဦးတည်ရာလေးဘက်ကိုပစ်လိုက်သည်။ ထို့နောက် ဗဟိုသို့ပျံသွားလိုက်ပြီ တည်ဆောက်မှုကျောက်တုံးများနှင့် မြေကြီးကိုရိုက်လိုက်သည်။

“ဖြေရှင်းပြီးသွားပြီ” သူမသည် လက်နှစ်ဖက်ကို ခါရင်းပြံုးလိုက်သည်။

နောက်ဆုံးတည်ဆောက်မှုကျောက်တုံး ရိုက်ပြီးနောက်တွင် တည်ဆောက်မှုအားလုံးသည် သက်ရောက်မှုပျောက်ဆုံးသွားလေသည်။ သူမ တည်ဆောက်မှုများကို ဖြတ်ကျော်ပြီး ဟန်ပါပါဖြင့် လျှောက်လာသည်။

ရှဲကျိမင်သည် ထိုင်ရာမှ တအံ့တသြဖြင့်ထပြီး ရှီမာယူယူကို မယုံနိုင်စွာ ကြည့်လိုက်သည် “တောင်ကြားသခင် ကျွန်တော်မြင်တာမှားနေတာလား၊ သူ တည်ဆောက်မှုကို ဖျက်ဖို့အတွက် တည်ဆောက်မှုကျောက်တုံးနည်းနည်းကို ပဲသုံးသွားတာလား”

လျန်ဝူမင်သည်လည်း အံ့သြမိသည်။ ရှီမာယူယူ၏ တည်ဆောက်မှု အရည်အချင်းမှာ ကောင်းသည်ကို သူသိသည်။ သို့သော် သူမ၏ ကြိုးစားမှုမှာ မြင့်မားမည်ကိုမထင်ထားပေ။

“မျိုးစေ့ကောင်းလေးပဲ သူဘာလို့ အဂ္ဂိရတ်နယ်ပယ်ကိုဝင်တာလဲ” ရှဲကျိမင်သည် ပေါင်ကိုရိုက်ရင်း သူမကို စောစီးစွာမသိခဲ့ရသဖြင့် နှမြောနေ သည်။

အဘိုးကြီးနတ်ဆိုးသည် ထိုနေရာတွင်ရှိမနေသဖြင့် အကြီးအကဲရှောင် သည် အဂ္ဂိရတ်ခန်းမ၏ အကြီးဆုံးဖြစ်နေသည်။ ရှဲကျိမင်ပြောသည်ကို ကြား လိုက်သောအခါ သူ မပျော်တော့ပေ။ သူ မတ်တတ်ရပ်ကာ ရှဲကျိမင်ကို အော် လေသည် “လောင်မန်ရှဲ အဲဒါဘာအဓိပ္ပာယ်လဲ၊ ရှီမာယူယူက အဂ္ဂိရတ်ပြိုင်ပွဲ မှာပထမရခဲ့တာ၊ သူကဘာလို့ အဂ္ဂိရတ်ခန်းမကို ဘာလို့မလာရမှာလဲ”

“စိတ်ဆိုးမနေနဲ့ သူ့ဆရာက အဂ္ဂိရတ်ခန်းမမှာရှိနေတယ်ဆိုရင်တောင် သူက မင်းတို့ အဂ္ဂိရတ်ခန်းမကလို့မဆိုလိုဘူး၊ သူက တောင်ကြားသခင်လေး ပဲ”

“အဲဒါက သူက မင်းတို့တည်ဆောက်မှုခန်းမကလို့လည်း မဆိုလိုဘူး လေ”

“ဟင်း သူက မင်းရဲ့ အဂ္ဂိရတ်ခန်းမကလည်းမဟုတ်ပါဘူး”

“လောင်မန်ရှဲ ဘာပြောလိုက်တာလဲ” အကြီးအကဲရှောင်သည် ရန်ဖြစ် ရန် အကျႋလက်ကိုမတင်လိုက်သည်။ ကံကောင်းစွာပင် လူတစ်ယောက်သည် သူတို့ကိုအချိန်မှီတားလိုက်သည်။

“ငြိမ်ကြ ဘာလို့စကားများနေကြတာလဲ” လျန်ဝူမင် အော်လိုက်သည်။

“အကြီးအကဲရှောင် အကြီးအကဲရှဲ ရန်ဖြစ်စရာမလိုပါဘူး ယူယူက တောင်ကြားသခင်လေးဆိုမှတော့ သူက အဂ္ဂိရန်ခန်းမကဟုတ်သလို တည်ဆောက်မှုခန်းမကလည်းဖြစ်ပါတယ်” ရင်ဘိုင်ချွန်းသည် အနည်းငယ် ပြံုးလိုက်သည်။ ခန်းမခေါင်းဆောင်နှစ်ယောက် သူ့ကိုကြည့်သည့်အကြည့်ကို မြင်လိုက်သောအခါ သူထပ်ပြောလိုက်သည် “သူသာ သားရဲတွေကိုထိန်း ကျောင်းနိုင်ရင် သားရဲထိန်းကျောင်းမှုခန်းမကလည်းဟုတ်တာပဲ၊ သူ လက်နက်လုပ်နိုင်ရင် သူက လက်နက်ခန်းမကလည်းဟုတ်တာပဲ”

သူပြောသည်မှာမှန်သည်။ ဒေါသထွက်နေသော အကြီးအကဲရှောင် သည် အေးစက်စွာနှာမှုတ်လိုက်သည်။ ဆိုလိုသည်မှာ သူသည် ထိုအချက်ကို သဘောတူသည်။

ရှဲကျိမင်သည် အကြီးအကဲရှောင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် နှာမှုတ်လေသည်။

“ခန်းမခေါင်းဆောင်နှစ်ယောက်လုံး ဒါအတွက်ရန်ဖြစ်တာကို ရှီမာယူယူ သိရင် နှစ်ယောက်လုံးအတွက် သူကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်…” ရင်ဘိုင်ချွန်းသည် စကားလုံးများကိုဆွဲပြောလေသည်။

အကြီးအကဲရှောင်ကျင်းရှုံနှင့် ရှဲကျိမင်တို့သည် သူပြောသည့်စကားကို ကြားလိုက်သောအခါ အကြည့်များလွှဲသွားကြပြီး နေရာတွင်ပြန်ထိုင်ကြလေ သည်။

သူတို့ အတွေးမတူတာကြောင့် ရန်ဖြစ်တာကိုသာ ရှီမာယူယူသာသိရင် သူမစိတ်ထဲမှာ သူတို့ကိုတမျိုးတွေးသွားမှာပဲ။ အဲလိုဆို သူမ ခန်းမကိုဝင်ချင် ရင်တောင် အလဟသဖြစ်သွားမှာလေ။ ပြီးတော့ သူမက တောင်ကြားသခင် လေးပဲ၊ သူမ ဝင်ဖို့သဘောမတူရင် ဖိအားပေးလို့မရဘူး။

ရင်ဘိုင်ချွန်းသည် သူတို့နေရာတွင်ထိုင်သည်အထိစောင့်ပြီးနောက် သူ လည်းထိုင်လိုက်သည်။ သူခေါင်းမော့ပြီး ရှီမာယူယူကိုကြည့်ပြီး အနည်းငယ် ပြံုးပြီး ခေါင်းရမ်းမိသည်။

သူမက ဒီကိုတောင်မရောက်သေးဘူး ဒီလောက်လှုပ်လှုပ်ရှားရှားဖြစ်စေ တာ။ ကြည့်ရတာ အံ့ဖွယ်နတ်ဆိုးတောင်ကြားတစ်ခုလုံးက သူကို လက်ခံ လိုက်ပြီပဲ။

လွန်ခဲ့သည့် ဆယ်နှစ်အချိန်က ဆရာဦးလေး ယိလင်းတိုင်းပြည်က ပြန် လာပြီး သွေးလက်စွပ်ရွေးချယ်ခဲ့တဲ့သူကို ကြေညာစဉ်က အနိမ့်တိုင်းပြည် ကလူက သူတို့တောင်ကြားသခင်လေးဖြစ်လာသည်ကို ဆန့်ကျင်ခဲ့ကြသေး သည်။ ထိုစဉ်က သူပင်လျှင် အနိမ့်တိုင်းပြည်အထိ ဆရာဦးလေးနောက်လိုက် ပြီး သူမနဲ့ ပြိုင်ဖို့သွားရှာခဲ့သည်။ သူအားကိုနှိမ့်ထားခဲ့ပေမဲ့ သူ့ကို အံ့သြစေပြီး သည်လိုနဲ့ပဲ သူလည်း လက်ခံခဲ့သည်။

ထို့နောက် သူမ ကမ္ဘာဦးနယ်မြေကိုရောက်သည့်အချိန်တွင် အံ့ဖွယ် နတ်ဆိုးတောင်ကြားဆီသို့ တိုက်ရိုက်မလာပဲနှင့် သူမ ကိုယ်တိုင် ကြီးထွားလာ ရန်အတွက် လမ်းကြောင်းရှာခဲ့သည်။ သူမသည် အပြင်လောကမှ စိန်ခေါ်မှု အားလုံးကို လက်ခံခဲ့သည်။

သူမ သတင်းများ အံ့ဖွယ်နတ်ဆိုးတောင်ကြားတွင် ပြန့်သည်နှင့် တောင်ကြားမှ တပည့်များသည် ထပ်ခါထပ်ခါ အံ့သြကြလေသည်။ အားလုံး သည် သူကို တဖြည်းဖြည်း လက်ခံလာကြသည်။ သူမ ထိုနေရာသို့ရောက် လာသည့်အချိန်သည် အချိန်ကောင်းဖြစ်သည်။

ဒါပေမဲ့ အဲဒါတွေအကုန်လုံးက သူမဘာသာရလာတာတွေပဲမလား။

ရှီမာယူယူသည် တောင်ကြားတွင် ဖြစ်ပျက်နေသည်များကို မသိပေ။ သူမ သိသည်မှာ ထိုတည်ဆောက်မှုကြောင့် ရှုပ်ထွေးသွားသည်ကိုပင်။

ဒုတိယတစ်ခုကိုဖျက်ပြီးနောက်တွင် တည်ဆောက်မှုအနည်းငယ်ရှိနေ သေးသည်။ တစ်ခုပြီးတစ်ခုပင်… အမှားတစ်ခုနှင့်ပင် သူမသည် ထို တည်ဆောက်မှုအတွင်းတွင် ပိတ်သွားသည်။

ထန်ယီသည် သူမ ထိုတည်ဆောက်မှုကြားထဲတွင် ပိတ်မိနေသည်ကို ကြည့်ပြီး ရယ်မောကာ ရှောင်ကျင်းရှုံကိုပြောလိုက်သည် “ကြည့်ရတာ အကန့်အသက်မဲ့ဆေးက ကျွန်တော့်အပိုင်ပဲ”

“ပျော်မနေနဲ့ဦး၊ သူအခုမှဝင်လာတာ ခဏနေရင် ထွက်လာနိုင်မလားဆို တာဘယ်သူသိနိုင်မလဲ” ရှောင်ကျင်းရှုံသည် သူ့ကိုကြည့်ပြီး မပီပြင်စွာပြော လိုက်သည်။

“ကိုယ့်ကိုယ်ကိုလည်းကြည့်ဦး အသံမှာယုံကြည်ချက်တောင်မရှိတော့ ဘူး၊ သူ တည်ဆောက်မှုကနေမထွက်နိုင်ဘူးဆိုတာ အကြီးအကဲလည်း ထင် တယ်မလား” ထန်ယီသည် ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်သည်။

“သူ အရှုံးမပေးမချင်း ရှုံးတယ်လို့ တွက်လို့မရဘူးလေ” ရှောင်ကျင်းရှုံ ပြောလိုက်သည်။

“လိုက်လျောညီထွေမှုမရှိလိုက်တာ ခေါင်းမာတာက ကိုယ့်အတွေးကို တောင်ဆန့်ကျင်နေပြီ” ထန်ယီ ဆက်ပြောလေသည် “ဒါဆိုရင် အလျော့ပေး တာကို ယုံကြည်တဲ့အထိ စောင့်ပေးမယ်”

“ကောင်းပြီ မင်းတို့ပြန်လိုက်ကြ ဒီမှာအစောင့်ထားထားလိုက်၊ သူ လက်လျော့တာဖြစ်ဖြစ် မဟုတ်ရင် အတားအဆီးကိုဖျက်နိုင်တယ်ဆိုရင် မင်း တို့ကို အသိပေးဖို့လူလွှတ်လိုက်မယ်” လျန်ဝူမင် ပြောလိုက်သည်။

ထိုသို့ပြောသည်မှာ ရှီမာယူယူသည် အချိန်တစ်ခုလောက် ထွက်မလာ နိုင်မည်ကို သူ သိနေသောကြောင့်ပင်။

***

All Chapters