အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ခန်းမခေါင်းဆောင် အားလုံး
Vol. 011 Ch. 1039
လျန်ဝူမင်ပြောလိုက်သောစကားပင်လျှင် ထိုတည်ဆောက်မှုသည် ရှီမာယူယူအတွက် စိန်ခေါ်မှုတစ်ခုဟု အဓိပ္ပာယ်သက်ရောက်လေသည်။
အားလုံးတွင်လည်း လုပ်စရာအလုပ်များရှိကြကာ သူမ တည်ဆောက်မှု ဖျက်သည်ကို အချိန်ပေးပြီးကြည့်ရန်မဖြစ်နိုင်သောကြောင့် တပည့်အနည်း ငယ်ကို အစောင့်အဖြစ်ထားပြီး လူစုခွဲလိုက်ကြသည်။
ရှောင်ကျင်းရှုံနှင့် ထန်ယီတို့သည် လုပ်စရာရှိသည်များကို လက်စသတ် ပြီးသွားခဲ့လေပြီ။ သူတို့သည် တောင်ကြား၏အကဲဖြတ်မှုကို လွယ်ကူသည်ဟု မှတ်ယူထားကြသည်။ ထို့ကြောင့် အားလုံးထွက်သွားကြသော်လည်း သူတို့ သည် စောင့်ကြည့်ရန် ကွင်းထဲတွင် ကျန်ခဲ့လေသည်။
သို့သော် တည်ဆောက်မှုသည် ဒီတစ်ကြိမ်တွင် အမှန်တကယ်ပင် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့သည်။ ရှီမာယူယူသည် တည်ဆောက်မှုအတွင်း ၃ရက် ကြာပိတ်မိသည့်တိုင်အောင် သဲလွန်စရှာမတွေ့ပေ။
“အကြီးအကဲရှောင် ရက်တွေတောင်ကြာနေပြီ ဒီအတိုင်းပဲလက်လျော့ လိုက်ပါ” ထန်ယီ ပြောလိုက်သည်။
“မပြီးသေးဘူး” ရှောင်ကျင်းရှုံသည် သူရှုံးမည်ကို စိုးရိမ်မှုမရှိပဲ တည်ငြိမ်စွာပြောလေသည်။
သူတို့ စကားပြောကြသောနေ့သည် အကဲဖြတ်မှုနောက်ဆုံးနေ့ မတိုင်ခင်နေ့ဖြစ်ကာ သူမသာ ထိုအချိန်အတွင်းတွင် တည်ဆောက်မှုကို မဖျက်နိုင်ပါက သူမကို ဆွဲထုတ်ပြီး ရှောင်ကျင်းရှုံ ရှုံးသည်ဟု သတ်မှတ်ရ တော့မည်။
“ဒါဆိုလည်း အကြီးအကဲကို အဆုံးထိအဖော်လုပ်ပေးရတာပေါ့” ထန်ယီ ပြောလိုက်သည်။
နောက်နှစ်ရက်ကြာသွားသည်။ ရှီမာယူယူ ထွက်မလာသေးပေ။ ထန်ယီ သည် စာအုပ်တစ်အုပ်ထုတ်ကာဖတ်နေပြီး ရှောင်ကျင်းရှုံသည် စားပွဲပေါ်ကို လက်ထောက်ပြီး အိပ်နေသည်။
“သူ ထွက်လာပြီ သူ ထွက်လာပြီ”
အောက်မှ တစ်ယောက်သည် အော်လိုက်ရာ ငိုက်နေသော ရှောင်ကျင်းရှုံသည် လန့်သွားကာ စားပွဲနှင့် ဆောင့်မိတော့မလိုပင်ဖြစ်သွား လေသည်။
“သူထွက်လာပြီလား တကယ်ပဲထွက်လာပြီလား” သူ အသိစိတ်ပြန်ဝင် လာချိန်တွင် သူသည် ခုံမှထခုန်ပြီးဖြစ်ကာ ရှီမာယူယူ တည်ဆောက်မှုကို အောင်မြင်စွာ ဖျက်ပြီးထွက်လာသည်ကို မြင်လိုက်ရသည်။ သူမ ပတ်ပတ် လည်မှ တိမ်တိုက်များ မြူခိုးများသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ သူမအတွက် လမ်းရှင်းပေးလိုက်သည်။
“သေစမ်း သူတကယ်ပဲလုပ်နိုင်ခဲ့တာပဲ ဟားဟား အကြီးအကဲထန် ဒီတစ်ခေါက် ခင်ဗျား ကျုပ်ကိုရှုံးသွားပြီ” သူသည် ရယ်မောရင်း ခါးထောက် လိုက်သည်။
ထန်ယီသည် မယုံနိုင်သေးပေ။ ရှီမာယူယူ တည်ဆောက်မှုမှထွက်လာ သည်ကို ကြည့်ပြီး သူသည် တမင်ပြောလိုက်သည် “အကြီးအကဲရှောင် ခင်ဗျား စည်းဖောက်ပြီး သူ့ကိုကူညီလိုက်တာလား”
“စည်းသွားဖောက်နေလိုက်၊ ကျုပ်က တခြားသူတွေကို ကူညီပြီး စည်း ဖောက်ပေးမယ့်ပုံစံပေါက်နေလို့လား၊ ကျုပ်မှတည်ဆောက်မှုတွေကိုမသိတာ စည်းဖောက်ဖို့ဆိုဝေးသေး” ရှောင်ကျင်းရှုံ ပြောလိုက်သည် “အဲဒါဆိုရင် ဘယ် လိုလဲ အကြီးအကဲထန် ကျုပ်ကိုအဲဒီ သံချပ်ကာပေးမယ်မလား”
ထန်ယီသည် သံချပ်ကာကို ထုတ်ပြီး သူ့ဆီပစ်ပေးလိုက်သည်။ သူ၏ မျက်နှာတွင် တွန့်ဆုတ်မှုကိုပြသနေသော်လည်း ပြောပြီးသားစကားကိုပြန် မရုတ်သိမ်းချင်သောကြောင့်ပင်။
ရှောင်ကျန်းရှုံသည် သံချပ်ကာကို ကျေနပ်စွာဖြင့် သိမ်းပြီးနောက် ပြံုး ရယ်ကာ ပြောလိုက်သည် “ကျုပ်လောင်းထားတာ နိုင်တာတွေကိုသွားယူ လိုက်ဦးမယ် မင်းကို ကျုပ်ပြောပါတယ် ကျုပ်လောင်းတာကိုလိုက်လောင်းရင် မမှားပါဘူးလို့ ဟားဟား”
ထန်ယီသည် သူထွက်သွားသည်နှင့် သူ့ကျောကိုကြည့်ကာ မျက်လုံး လှန်လိုက်ပြီး ပြောလိုက်သည် “ကြွားလုံးထုတ်လိုက်တာ”
သူ ခေါင်းမော့ပြီး ရှီမာယူယူကိုကြည့်ရင်းနှင့် လောင်မို အံ့ဖွယ် နတ်ဆိုးတောင်ကြားအတွက် ဘယ်လိုဆန့်ကျင်တတ်တဲ့အရာများကိုယူလာ သလဲဆိုသည်ကို တွေးပြီးစိတ်ထဲမှသက်ပြင်းချမိသည်။
ရှီမာယူယူသည် တည်ဆောက်မှုနယ်မြေမှထွက်လိုက်ရာ ဖန်ဒုန်နှင့် ရှောင်ချီသည် အပြင်တွင် သူမကိုစောင့်နေကြသည်။
“ယူယူ အတော်ဆုံးပဲ” ရှောင်ချီသည် ခုန်ပေါက်ပြေးလာသည် “အဲဒီ တည်ဆောက်မှုတွေက အားကောင်းတယ်လို့ ဖန်ဒုန်ပြောတယ် တော်တော် များများ မဖြတ်နိုင်ကြဘူးတဲ့ ဒါပေမဲ့ယူယူကတော့ ကိုယ့်ဘာသာလုပ်နိုင်ခဲ့ တယ်”
“တကယ်တော့ တော်တော်စိန်ခေါ်ရပါတယ်၊ ဒါပေမဲ့ ကံကောင်းလို့ ငါ ဖြတ်နိုင်သွားတာပါ” ရှီမာယူယူသည် ပြံုးပြီးပြောလိုက်သည်။
“ဘာကံကောင်းမှုလဲ” ရှောင်ချီသည် ခေါင်းမော့ပြီးမေးလေသည်။
“ဒီလိုတည်ဆောက်မှုနဲ့ဆင်တဲ့ဟာတွေကို အရင်ကမြင်ဖူးတယ်၊ အပြောင်းအလဲတွေရှိပေမဲ့ တူတာတွေရှိသေးတယ်” ရှီမာယူယူ ပြန်ဖြေလိုက် သည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားနှင့် တံခါးပြောင်းလဲခြင်းတစ်ရာကြားထဲ တွင် လေးနက်သောဆက်သွယ်မှုရှိလိမ့်မည်ဟု သူမ ခံစားမိသည်။ မဟုတ် လျှင် တောင်ကြားမှကာကွယ်ရေးတည်ဆောက်မှုအများစုက စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့အတိုင်းလုပ်လိုက်တာနဲ့ ပျောက်ကွယ်သွားတာလဲ။
“တောင်ကြားသခင်လေး ကျွန်တော့်နောက်ကိုလိုက်ခဲ့ပါ” ဖန်ဒုန်သည် ရှီမာယူယူကို အံ့ဖွယ်တစ်ခုသဖွယ်ကြည့်လိုက်သည်။ အထူးသဖြင့် သူ လောင်းထားသည်မှာနိုင်ပြီးနောက်တွင် သူတောင်ကြားသို့သွားချိန်တွင် ငွေ ကြေးများရလာမည်။
သူသည် ရှီမာယူယူကို ဂိုဏ်း၏ခန်းမသို့ခေါ်သွားလေသည်။ သူမ ဝင် လိုက်ချိ်န်တွင် ခန်းမထဲတွင် လူများဖြင့်ပြည့်နေသည်။ သူ အရင်ကထိုကဲ့သို့ အခြေအနေကိုမမြင်ဖူးပေ။
လျန်ဝူမင်သည် ခေါင်းဆောင်နေရာတွင်ထိုင်နေပြီး သူ့ဘေးတွင် နေရာ လွတ်ရှိနေသည်မှာ လောင်မို၏နေရာဖြစ်နိုင်သည်။ လျန်ဝူမင်၏အောက်တွင် ရင်ဘိုင်ချွန်းထိုင်နေကာ လောင်မို၏အောက်တွင် နေရာလွတ်နေသည်။ ထို နေရာကို သူမအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ အောက်ခြေ နှစ်ဖက်လုံးတွင် ခန်းမခေါင်းဆောင်များ အကြီးအကဲများ၊ ဒုခန်းမ ခေါင်းဆောင်များနှင့် ခန်းမခေါင်းဆောင်ငယ်များသည် တန်းစီနေကြသည်။
“တောင်ကြားသခင် တောင်ကြားသခင်လေးကိုခေါ်လာပါပြီ”
ရှီမာယူယူသည် အရှေ့တိုးပြီး လျန်ဝူမင်ကို အရိုအသေပေးကာ ပြော လိုက်သည် “ယူယူ တောင်ကြားသခင်ကိုတွေ့ဆုံပါတယ်”
“ထပါ” လျန်ဝူမင်သည် ရှီမာယူယူကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ် တောင်ကြားသခင်” ရှီမာယူယူသည် မတ်မတ်ရပ် လိုက်သည်။
“နေရာမှာသွားထိုင်ပါ” လျန်ဝူမင်သည် သူမနေရာကိုညွှန်ပြပြီး ပြော လိုက်သည်။
ရှီမာယူယူသည် သူမနေရာသို့သွားပြီးထိုင်လိုက်သည်။ သူမသည် အကြီးအကဲများစွာနှင့် မျက်နှာချင်းဆိုင်နေရသော်လည်း စင်ကြောက်သည့် အပြုအမူမျိုးဖြစ်မနေပဲ စွမ်းအင်ပြည့်ဝနေသည်။
ထိုခန်းမခေါင်းဆောင်များသည် နှုတ်ဆက်သည့်အနေနှင့် ခေါင်းညိတ်ပြ ကြသည်။ သွေးလက်စွပ်က သူ့ကို အကြောင်းမဲ့ တောင်ကြားသခင်လေး အဖြစ် ရွေးတာမဟုတ်ဘူးပဲ။
“ယူယူ မိတ်ဆက်ပေးရဦးမယ်၊ ဒါက အဂ္ဂိရတ်ခန်းမခေါင်းဆောင် အကြီးအကဲရှောင်… ရှောင်ကျင်းရှုံ၊ ဒါက လက်နက်ခန်းမခေါင်းဆောင် အကြီးအကဲထန်… ထန်ယီ၊ ဒါကတည်ဆောက်မှုခန်းမခေါင်းဆောင် အကြီးအကဲရှဲ..ရှဲကျိမင်၊ သားရဲ ထိန်းကျောင်းမှုခန်းမခေါင်းဆောင် အကြီးအကဲယွိ ယွိရှိပေါ်၊ ဝိညာဉ်ရှာဖွေသူခန်းမခေါင်းဆောင် အကြီးအကဲဒူ ဒူယန်ဟွီ၊ ဆေးသခင်ခန်းမခေါင်းဆောင် အကြီးအကဲဟော်၊ အဆိပ်သခင် ခန်းမခေါင်းဆောင် အကြီးအကဲတုန်.. တုန်ပိုင်၊ ဒါကအကြီးဆုံး အကြီးအကဲ …”
လျန်ဝူမင်သည် တစ်ယောက်ပြီးတစ်ယောက် ဆက်ပြီးမိတ်ဆက်ပေးရာ ရှီမာယူယူသည် တစ်ယောက်ချင်းစီကိုဦးညွှတ်ပြီး အသေးစိတ်မှတ်လိုက် သည်။
“ယူယူ တည်ဆောက်မှုကို ဘယ်သူ့ဆီကသင်ထားတာလဲ” ရှောင်ကျင်းရှုံ မေးလိုက်သည်။
“ကျွန်တော့်ဆရာက ဖန်ကျိရှင်းပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“ဖန်ကျိရှင်းလား ဖန်မျိုးနွယ်ကလား” ရှဲကျိမင် ဆက်ပြောလေသည် “တည်ဆောက်မှုမျိုးနွယ်ကို တည်ထောင်တဲ့သူပဲ မဆိုးဘူး မဆိုးဘူး”
သူမသည် ဖန်မျိုးနွယ်၏ တပည့်ဖြစ်ခြင်းကို ချီးကျူးလေသလား သို့မဟုတ် သူမ သင်ယူခဲ့သည်ကို ချီးကျူးလေသလားဆိုသည်ကို ရှီမာယူယူ မသိသဖြင့် ဆွံ့အစွာရယ်လိုက်သည်။
“ယူယူရောက်လာပြီဆိုတော့ အကဲဖြတ်ဖို့အတွက် ဆွေးနွေးရအောင်…”
ရှီမာယူယူသည် သူမပြန်လာသည်နှင့် ထိုမျှလောက်အရေးကြီးသည့် အစည်းအဝေးကိုတက်ရောက်ရလိမ့်မည်ဟု မထင်ထားပေ။ သူမသည် အကဲ ဖြတ်သည်နှင့်ပတ်သတ်ပြီး မရှင်းလင်းသေးသဖြင့် ဘေးမှနားထောင်ကာ သူတို့ဆွေးနွေးသော အကြောင်းအရာများကို မှတ်သားနေလိုက်သည်။
ထိုအစည်းအဝေးသည် နေ့တစ်ဝက်ကြာသွားသည်။ အစည်းအဝေးပြီး သောအခါ ရှီမာယူယူသည် မှတ်ယူလိုက်ရသော အကြောင်းအရာများကြောင့် မူးဝေသလိုခံစားရလေသည်။
အားလုံးသည် ခန်းမမှထွက်သွားကြလေသည်။ ရှီမာယူယူသည် သူတို့ ပြောခဲ့သမျှကို စဉ်းစားရင်း နောက်မှလိုက်လာသည်။
ရင်ဘိုင်ချွန်းသည် သူမဆီလျှောက်လာပြီး ရယ်မောကာ ပြောလေသည် “အကြောင်းအရာတွေက များနေလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ကျွန်တော်က တောင်ကြား အကြောင်းဘာမှမသိပဲလာခဲ့တာ၊ အဲတော့ နားမလည်တဲ့အပိုင်းတွေရှိနေ တယ်”
“ရပါတယ် ငါ မင်းကို ဆရာဦးလေးရဲ့ခြံဝန်းကိုခေါ်သွားပြီး တောင်ကြား အကြောင်းကိုပြောပြမယ်” ရင်ဘိုင်ချွန်းပြောလိုက်သည်။
“ကောင်းတယ် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
“သွားမယ်”
ရှီမာယူယူသည် ရင်ဘိုင်ချွန်းနောက်မှလိုက်ပြီး လောင်မို၏ ခြံဝန်းသို့ သွားလေသည်။ လမ်းတွင် တပည့်တချို့သည် ရှီမာယူယူကိုမြင်ပြီး ပျော်သွား ကြသော်လည်း အရှေ့တွင် ရင်ဘိုင်ချွန်းရှိသည်ကိုမြင်သောအခါ သူမအနား မကပ်ရဲကြပေ။
“သူတို့က စီနီယာကိုကြောက်တဲ့ပုံပဲ” ရှီမာယူယူသည် သူမကို နှုတ်ဆက်သော တပည့်များကို ခေါင်းညိတ်ပြပြီး သူတို့ရင်ဘိုင်ချွန်းကိုကြည့် သည့်အကြည့်ကိုကြည့်ပြီး စပ်စုစွာဖြင့် ပြောလိုက်သည်။
“ဟုတ်လား” ရင်ဘိုင်ချွန်းသည် ဘာမှမခံစားရပေ။
“ဟုတ်တယ် ကြည့်လေ သူတို့စီနီယာ့ကိုမြင်တော့ မရဲတင်းရဲဘူး” ထို စုဝေးပြီးပျော်ရွှင်စွာစကားပြောနေကြသောသူများသည် ရင်ဘိုင်ချွန်းကိုမြင် သောအခါ ရုတ်တရက် တလေးတစားဖြစ်သွားပုံကို ရှီမာယူယူ မြင်လိုက် သည်။
“ဟုတ်မှာပေါ့” ရင်ဘိုင်ချွန်း ပြန်ဖြေလေသည် “သူတို့တွေက စကား နားမထောင်တတ်ဘူး၊ တင်းကြပ်မှရမယ် မဟုတ်ရင် အထိန်းအကွပ်မရှိပဲနေ မယ်”
ရှီမာယူယူ ရယ်မောလိုက်သည်။ သူ ဒီလိုအထာကိုင်တဲ့ မျက်နှာကြီးနဲ့ အမြဲလုပ်နေလို့ သူတို့က ဒီလိုဖြစ်နေတာပဲ။
***