← Chapters

ငါတို့က မင်းနဲ့အမြဲတမ်းရှိနေပေးပါမယ်

Vol. 011 Ch. 1040

ငါတို့က မင်းနဲ့အမြဲတမ်းရှိနေပေးပါမယ်

Vol. 011 Ch. 1040

“ရောက်ပြီ ဒါကဆရာဦးလေးရဲ့ခြံဝန်းပဲ” ရင်ဘိုင်ချွန်းသည် ရှီမာယူယူ ကို ခြံဝန်းတစ်ခုဆီသို့ ဦးဆောင်သွားလေသည်။ သူ မဝင်ခင်ကိုတံခါးခေါက် လိုက်သည်။

ထိုနေရာမှာ ရှုပ်ပွနေသည်ကို ရှီမာယူယူ မြင်လိုက်ရသည်။ သူမ မတတ် သာပဲ နှုတ်ခမ်းတွန့်လိုက်သည်။

ရှီမာယူယူ သဘောမကျသည်ကို ရင်ဘိုင်ချွန်းသတိပြုမိလိုက်သည် “ဆရာဦးလေးက သူ့ခြံထဲဝင်တာဖြစ်ဖြစ် သူ့ပစ္စည်းတွေကို တခြားသူတွေထိ တာဖြစ်ဖြစ် မကြိုက်ဘူး၊ သူ့လိုဆိုရင်တော့ ပစ္စည်းတွေရှာဖို့ခက်မှာပဲ”

“ဒါပေမဲ့ သန့်ရှင်းရေးလုပ်ရတာလည်းမကြိုက်ပြန်ဘူးလေ” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။

“အမှန်ပဲ” ရင်ဘိုင်ချွန်း ပြန်ဖြေလိုက်သည် “ဆရာဦးလေးက အိမ်ရှင်းရ တာကိုမုန်းတယ် ဒါပေမဲ့ သူလည်းဒီမှာမရှိဘူး မင်းလည်း လျစ်လျူမရှုနိုင်ဘူး ဆိုရင်တော့ နေရာကိုရှင်းလိုက်ပေါ့”

ရှီမာယူယူသည် လေပြင်းပြင်းရှိုက်ထုတ်ကာ ခြံဝန်းကိုလျင်မြန်စွာပင် စတင်ရှင်းလင်းတော့သည်။

ရင်ဘိုင်ချွန်းသည် ကူညီရန် ရည်ရွယ်ချက်မရှိသည့်အတိုင်း ဘေးမှသာ ကြည့်နေလေသည်။

“လာမကူဘူးလား” ရှီမာယူယူသည် ကြည့်ပြီး မေးလိုက်သည်။

“မင်းက သူ့ပစ္စည်းတွေကို ရွေ့ပြောင်းနိုင်တယ်ဆိုတာက ငါတို့လုပ်လို့ရ တယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ” ရင်ဘိုင်ချွန်း ပြောလိုက်သည် “သူက မင်း ကိုမဆူဘူးဆိုတာ ငါတို့ကိုမဆူဘူးလို့ မဆိုလိုဘူးလေ”

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “ကောင်းလိုက်တဲ့ဆင်ခြေပဲ”

“အဲလိုစဉ်းစားလို့ရပါတယ်” ရင်ဘိုင်ချွန် ပြန်ချေပလေသည်။

“ဒါဆိုရင် ကူညီဖို့လူတွေခေါ်လိုက်မယ်”

“ဘယ်သူမှလာရဲမှာမဟုတ်ဘူး” ရင်ဘိုင်ချွန်း ပြောလိုက်သည် “မင်းနဲ့ ဝူလင်းယူအပြင် သူမရှိရင် ဘယ်သူ့ကိုမှ အဲပစ္စည်းတွေကို ထိခွင့်မပြုထားဘူး”

“ဒါဆိုလည်း ကောင်းပြီလေ” ရှီမာယူယူသည် သူမ ဆရာ၏ အကျင့်မှာ ထူးဆန်းသည်ဟု ခံစားရသည်။ သူမသည် သားရဲများကိုဆင့်ခေါ်ကာ သူတို့ ကို ကူရှင်းခိုင်းရသည်။

အင်အားများလာသဖြင့် မကြာခင်တွင် ခြံဝန်းသည် သန့်ရှင်းပြီးလေ သည်။

“ဒီအခန်းက ဆရာဦးလေးရဲ့အခန်းပဲ ပြီးတော့ ဒါကဝူလင်းယူရဲ့ အခန်း ဟိုဟာက အဂ္ဂိရတ်အခန်း” ရင်ဘိုင်ချွန်းသည် တစ်ခန်းချင်းစီိကိုညွှန်ပြလေ သည် “ဒီအခန်းက မင်းအတွက် ဆရာဦးလေးပြင်ထားတာ”

ရှီမာယူယူသည် သူမ အခန်းကိုဖွင့်လိုက်သည်။ အခန်းထဲတွင် အိပ်ရာ တစ်ခု၊ စားပွဲနှင့် ခုံတစ်စုံသာရှိသည်။ စားပွဲပေါ်တွင် မှော်ဝင်လက်စွပ် တစ်ကွင်းရှိနေသည်။

“မှော်ဝင်လက်စွပ်ထဲမှာ လိုအပ်တာတချို့ထည့်ထားတယ်” ရင်ဘိုင်ချွန်း ရှင်းပြလေသည်။

ရှီမာယူယူသည် မှော်ဝင်လက်စွပ်ကိုကောက်ယူပြီး အထဲမှပစ္စည်းများ ကိုစစ်ကြည့်လိုက်သည်။ အထဲတွင် အသုံးဝင်သောပစ္စည်းများ အသုံးမလို သောပစ္စည်းများစွာရှိလေသည်။ ပစ္စည်းများကို အပြင်တွင်ထားပါက ဖုန်တက် မည်ကိုစိုးသောကြောင့်ဖြစ်မည်။

“ဒါတွေက ဆရာထားသွားတာလား”

“အင်း ငါနားလည်သလောက်ဆိုရင် ပြင်ထားတာကြာနေပြီ၊ မင်းကို တပည့်အဖြစ်လက်ခံပြီးကတည်းက ဖြစ်လောက်တယ်၊ မင်းဒီကိုရောက်လာ ဖို့ ဒီလောက်ကြာမယ်လို့ မထင်ထားလို့ဖြစ်မယ်” ရင်ဘိုင်ချွန်းသည် သူ့အတွေးကို ပြောပြလေသည်။

လောင်မိုသည် အဂ္ဂိရတ်ပညာနှင့် ဝူလင်းယူကိုကယ်ရန်မှလွဲပြီး တခြား လူတစ်ယောက်ကို ဂရုစိုက်သည်ကို သူ မြင်ရခဲသည်။ သို့သော် သူ ယိလင်း တိုင်းပြည်မှပြန်လာပြီးနောက်တွင် သူ့တပည့်အကြောင်းကို အဆက်မပြတ် ချီးကျူးခန်းဖွင့်ကာ သူမအတွက် ပြင်ဆင်ထားသည့် အခန်းအကြောင်းကို တတွတ်တွတ် ပြောခဲ့သည်။ သို့သော် သူထွက်သွားမှပင် သူမရောက်လာခဲ့ သည်။

ရှီမာယူယူသည် လက်ထဲမှ မှော်ဝင်လက်စွပ်ကို ဆုပ်ကိုင်မိသည်။ သူမ ရင်ထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရသည်။ ဆရာသည် သူမကို အလျင် အမြန်ပင် အသိအမှတ်ပြုခဲ့ကာ သူတို့ အဆက်အသွယ်မလုပ်ဖြစ်သော်လည်း သူ သူမအပေါ်ထားရှိသော ကြင်နာမှုကို မှတ်မိသည်။

“ကိုယ့်အခန်းကိုယ် အရင်ပြင်ဆင်မလား” ရင်ဘိုင်ချွန်း မေးလိုက်သည်။

“နောက်မှလုပ်လိုက်ပါမယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “စီနီယာအစ်ကိုရင် တောင်ကြားအခြေအနေကို အရင်ပြောပြပါလား”

“ကောင်းပြီ”

သူတို့သည် ခြံဝန်းထဲရှိ အဆောင်ငယ်တစ်ခုသို့လာကာ ထိုင်လိုက်ကြ သည်။ ရင်ဘိုင်ချွန်သည် သူမကို အံ့ဖွယ်နတ်ဆိုးတောင်ကြားအကြောင်း ပြောပြပေးပြီးနောက်တွင် ထွက်သွားလေသည်။

“ယူယူ ငါ့ရဲ့ ပုံစံအသစ်ကိုလာကြည့်လိုက်ဦး” ဟိန်းသံလေးသည် ရှီမာယူယူကို ပျော်ရွှင်စွာပြောလေသည်။

ရှီမာယူယူသည် ဟိန်းသံလေးကို ဝိညာဉ်စေတီမှခေါ်ထွက်လာလိုက် သည်။ သူ ကြောင်ငယ်လေးပုံစံပြောင်းသည်ကို သူမ မှင်တက်မိသည်။

ရှီမာယူယူ အံ့သြနေသည်ကို ဟိန်းသံလေးသတိထားမိသောအခါ သူမ ကို အနည်းငယ်ပတ်လိုက်ပြီး “ဘယ်လိုလဲ ယူယူ ငါပုံစံပြောင်းတာ ကောင်း တယ်မလား”

“မင်း တကယ်ပဲအဲလိုပြောင်းနိုင်တာလား” ရှီမာယူယူသည် သူ့နားရွက် များကို ဆွဲလိုက်သည်။ ရှည်လျားသောနားရွက်များ ပျောက်ကွယ်သွားခဲ့ပြီ။

“ဒါပေါ့” ဟိန်းသံလေးသည် စောင်းကြည့်လေသည် “နောက်ဆိုရင် ယူယူ ငါ့ကိုဝိညာဉ်စေတီထဲထည့်ထားဖို့မလိုတော့ဘူး”

“ကောင်းပြီ အခန်းကိုပြင်ဆင်ကြမယ်” ရှီမာယူယူသည် ဟိန်းသံလေး ကိုချီပြီး အခန်းထဲသို့ခေါ်သွားလေသည်။

“ယူယူ မှတ်မိသေးလား ငါတို့အင်ပါယာကျောင်းမှာတုန်းက မင်းအခန်း ကို အလှဆင်ဖို့ ကူပေးတာက ငါပဲလေ” ဟိန်းသံလေးသည် စားပွဲပေါ် တက် ရင်း သူမကို စောင်းငဲ့ကြည့်လေသည်။

ရှီမာယူယူသည် စားပွဲသုတ်နေရာမှရပ်သွားကာ အင်ပါယာကျောင်းတွင် ရှိစဉ်က နေ့ရက်များကို ပြန်တွေးနေမိသည်။

ထိုအချိန်က သူမ ယိလင်းတိုင်းပြည်ကိုရောက်ခါစဖြစ်ကာ အရင်ဘဝမှ မှတ်ဉာဏ်များမရှိသေးပေ။ သူမ ထိုကမ္ဘာသို့ ဘဝကူးပြောင်းပြီး ထူးခြားမှုကို ခံစားခဲ့ရသည်။ သူနှင့် ဝိညာဉ်စာချုပ်ရှိသောကြောင့် သူ့ကိုမှီခိုခဲ့ရသည်။

ထိုနေ့ရက်များကို တွေးလိုက်ချိန်တွင် အချိန်များစွာကုန်ဆုံးခဲ့ပြီဟု ခံစား ရသည်။ ထိုအတွေ့အကြံုများသည် ဝေးကွာနေပြီဟု ထင်ရသည်။ဒ

“ယူယူ ဒီမှာဘယ်လောက်ကြာအောင်နေမှာလဲ” ဟိန်းသံလေးသည် လက်သည်းများဖြင့် စားပွဲကိုခြစ်နေသည်။

“မသိဘူး မကြာလောက်ဘူးထင်တာပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒီကအခြေအနေကို စစ်ကြည့်တာပေါ့ ငါတို့ဘယ်ရောက်ရောက် အားကို အရင်တက်အောင်လုပ်သင့်တယ်”

မကြာခင် ထိုနှစ်များတွင် သူမ အလွန်အလုပ်များခဲ့သည်။ ကျင့်ကြံသည့် အချိန်နည်းခဲ့သည်။ ဝူလာမိုင် သူမကို သွေးအဆီအနှစ်ပေးခြင်းနှင့် ရှောင်ချီ ၏ အဆီအနှစ်ကြောင့်သာမဟုတ်လျှင် သူမ၏ အားသည် အံ့ဖွယ်ဧကရာဇ် အဆင့်သို့ရောက်မည်မဟုတ်ပေ။

သို့သော သူမ ရောက်သည့်အချိန်တွင် ရွှမ်ရှင်းမန်နှင့် ဝူလာမိုင်တို့သည် အံ့ဖွယ်နတ်ဆိုးတောင်ကြားတွင် ရက်အနည်းငယ်နေပြီး ကြယ်ကိုးပွင့် သမုဒ္ဒရာသို့ ပြန်သွားလေပြီ။ အကြောင်းမှာ ကြယ်ကိုးပွင့်သမုဒ္ဒရာတွင် ကိစ္စ တစ်စုံတစ်ရာဖြစ်သဖြင့် ဝူလာမိုင် ဖြေရှင်းရန် ပြန်သွားရခြင်းဖြစ်သည်။

ဝူလာလီနှင့် ဝူလာလီတို့ ထိုကိစ္စကို မဖြေရှင်းနိုင်သည်မှာ ပြင်းထန်၍ဖြစ် နိုင်သည်။

ရင်ဘိုင်ချွန်းပြောပြသည်ကို နားထောင်နေစဉ်တွင် ရွှမ်ရှင်းမန် ဆေးမလုံလောက်မည်ကို သူမ စိုးရိမ်မိသည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ သူမ ဆေးဖော်သည့်နည်းအတိုင်း ဆေးများစွာပေးလိုက်ကြောင်း ရင်ဘိုင်ချွန်း အာမခံလေသည်။

“ယူယူ မင်းနားသင့်ပြီလို့ထင်တယ်” ဟိန်းသံလေးသည် စိုးရိမ်တကြီး ပြောလေသည် “အရင်တုန်းက အရမ်းကြိုးစားခဲ့တယ် ဒါပေမဲ့ မင်း အခုလို မပင်ပန်းခဲ့ဘူး”

“အဲကိစ္စတွေဖြေရှင်းပြီးတဲ့အထိစောင့်ပြီးမှ နားမယ်” ရှီမာယူယူ ပြော လိုက်သည် “ငါ့မိသားစုအတွက် လက်စားချေဖို့က မပြီးသေးတာကို ဘယ်လို လုပ်နားနိုင်မှာလဲ”

“ဂိုဏ်းလည်းတည်ထောင်ပြီးပြီ၊ အကုန်လုံးက လမ်းကြောင်းပေါ်ရောက် နေပြီ၊ လက်စားချေတာက အချိန်တစ်ခုပဲလိုတာပါ” ဟိန်းသံလေး တိုက်တွန်း လေသည် “မင်းမှာလူတွေဒီလောက်များနေတာပဲကို တစ်ယောက်တည်း ထမ်းစရာမလိုပါဘူး”

ရှီမာယူယူသည် ဟိန်းသံလေးကိုပိုက်ပြီး သူ့ခေါင်းကို ညင်သာစွာ ပွတ် လိုက်သည် “ငါသိပါတယ်၊ ငါ ဒါကိုတစ်ယောက်တည်းထမ်းနေတာမဟုတ်ပါ ဘူး၊ ဂိုဏ်းကိစ္စတွေကို ဖန်အာနဲ့ သူတို့ကို အပ်ထားခဲ့ပြီမလား”

“ဒါပေမဲ့ မင်းအခုထိကိုမနားသေးဘူး” ဟိန်းသံလေး ပြောလိုက်သည် “မင်း အလုပ်များနေသေးတယ်၊ ဂိုဏ်းကိစ္စတွေကို မစီမံဘူးဆိုရင်တောင် သူတို့အတွက် နောက်ခံအဖြစ်နေပေးဖို့စီစဉ်နေတယ်၊ အဲဒါက ပိုပင်ပန်းတာပဲ”

“အဲဒါလည်း လမ်းကြောင်းမှန်ဖို့ပဲလေ” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူ အားလုံးက မင်းကိုကောင်းကောင်းလေးနားစေချင်တာကို ယုံလိုက်ပါ” ဟိန်းသံလေး ပြောလေသည်။

သူတို့အားလုံးသည် သူမ ဝိညာဉ်စေတီအတွင်းတွင် အလုပ်များနေ သည်ကိုကြည့်ပြီး သူမအတွက် ဖိအားများခဲ့သည်။

“ငါသိပါတယ် ငါနဲ့အတူရှိပေးလို့ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူးတင်စွာ ပြောလေသည်။

“ငါတို့က မင်းနဲ့အမြဲအတူရှိနေမှာပါ” ဟိန်းသံလေးသည် သူမ ရင်ခွင်ထဲ တွင် လူးလွန့်လေသည်။

“ကောင်းပြီ ဒီနေရာကိုရှင်းကြမယ်၊ ပြီးရင် တောင်ကြားသခင်ကို သွား တွေ့ကြမယ်” ရှီမာယူယူ ပြောလုကိ်သည်။

လက်ရှိကိစ္စများကိုရှင်းပြီးနောက်တွင် သူမ သေချာနားပြီး ကောင်းကောင်းကျင့်ကြံရန် အမှန်တကယ်လိုအပ်သည်။

***

All Chapters