သူမကိုစနောက်ခြင်း
Vol. 011 Ch. 1041
လျန်ဝူမင်သည် သူ့အခန်းထဲတွင်နားနေရာမှ ရှီမာယူယူ ခြံဝန်းထဲဝင် လာသည်ကို ခံစားမိလိုက်သည်။
“ဝင်လာခဲ့ပါ” လျန်ဝူမင်သည် လက်ကိုဝေ့ရမ်းပြီး အခန်းတံခါးကိုဖွင့် လိုက်သည်။
ရှီမာယူယူ ဝင်လိုက်သည်။ သူမသည် ခေါင်းဆောင်နေရာတွင်ထိုင်နေ သောလျန်ဝူမင်နှင့် သူ့အောက်တွင်ထိုင်နေသော ခန်းမခေါင်းဆောင်များစွာ ကို ကြည့်လိုက်သည်။
“တောင်ကြားသခင် ခန်းမခေါင်းဆောင်တို့” ရှီမာယူယူသည် လျန်ဝူမင် နှင့် ခန်းမခေါင်းဆောင်များကို အရိုအသေပေးလေသည်။
သူမသည် တောင်ကြားသခင်ဟူသော ခေါင်းစဉ်ယူထားသည်မှာ သူမ ရာထူးသည် မနိမ့်ပေ။ သို့သော် သူမသည် စိတ်ထဲမှ အကြီးများကို တလေး တစားရှိသည်။
ခန်းမခေါင်းဆောင်များသည် ရှီမာယူယူ၏ စောင့်ထိန်းတတ်သော အပြုအမူကိုတွေ့မြင်ကြသည်။ သူမသည် ထူးခြားသောလူငယ်တစ်ယောက် အနေနှင့် ဂုဏ်မောက်ခြင်းမရှိပေ။ သူတို့သည် သူမကို စိတ်ထဲမှ အမှတ်များ ပေးမိသည်။
“ယူယူ ငါတို့ မင်းအကြောင်းကိုဆွေးနွေးနေကြတာ ထိုင်ပြီးနားထောင် လို့ရတယ်” လျန်ဝူမင် ပြောလေသည်။
“ကျွန်တော့် အကြောင်းဟုတ်လား” ရှီမာယူယူသည် လျန်ဝူမင်ညွှန်ပြ သောနေရာတွင် နားမလည်စွာဖြင့်ထိုင်လိုက်သည်။ သူမသည် အားလုံးကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
“မင်း ဖြတ်ကျော်နိုင်တော့ တောင်ကြားကတပည့်တွေအကုန်လုံး စောင့်ကြည့်နေတယ်ဆိုတာ သိလား” လျန်ဝူမင် မေးလိုက်သည်။
“အကုန်လုံးကြည့်နေကြတာလား” ရှီမာယူယူသည် သူ့ကို တအံ့တသြ ကြည့်လိုက်သည်။ အဲဒါဘာအဓိပ္ပာယ်လဲ
“တောင်ကြားက တပည့်တွေအကုန်လုံးက လောင်းထားကြတာ၊ အဲဒါကြောင့် မင်းဖြတ်ကျော်နို်င်တဲ့ မြင်ကွင်းကို မှတ်တမ်းတင်တဲ့ နည်းလမ်း ကိုသုံးခဲ့ကြတယ်၊ အကုန်လုံးက ဝိုင်းကြည့်နေကြတာ” လျန်ဝူမင် ဆက်ပြော လေသည် “ပြီးတော့….”
“ပြီးတော့ ဘာဖြစ်တာလဲ” ရှီမာယူယူ လိုက်ပြောလေသည်။
“ပြီးတော့ အကြီးအကဲရှောင်နဲ့ အကြီးအကဲထန်တို့ စကားများကြတယ်၊ မင်းကို သူတို့ခန်းမခွဲတွေကို ဝင်စေချင်ကြတာ” လျန်ဝူမင် ပြန်ဖြေလေသည်။
ရှီမာယူယူ မျက်လုံးများပြူးကျယ်သွားသည်။ အဲလိုဖြစ်ခဲ့တာလား။
လျန်ဝူမင်သည် သူမ အမူအရာကိုကြည့်ပြီး “ဒါတင်မဟုတ်ဘူး”
“ရှိသေးတာလား” ရှီမာယူယူ အံ့သြနေလေသည်။
“မင်း တိမ်ပင်လယ်မြို့တုန်းက ကျောက်လောင်းကစားလိုက်တော့ မင်း က ရှာဖွေသူဝိညာဉ်သခင်ဆိုတာကို သူတို့သိသွားကြတယ်” လျန်ဝူမင် ပြော လိုက်သည် “အဲဒါကြောင့် အကြီးအကဲဒူက မင်းကို သူ့နေရာလာစေချင်နေ တယ်”
ရှီမာယူယူသည် ဒူယန်ဟွီကိုကြည့်လိုက်သည်။ သူ ပြံုးပြီး သူမကို ခေါင်းညိတ်ပြလေသည်။
“ပြီးတော့…”
“ပြီးတော့လား” ရှီမာယူယူသည် ခေါင်းမော့ပြီး လျန်ဝူမင်ကိုကြည့်လိုက် သည်။
“မင်းက သားရဲထိန်းကျောင်းသူသခင်ဆိုတာလည်းသိကြတယ် အဲဒါ ကြောင့်…”
“မင်း သားရဲထိန်းကျောင်းသူခန်းမကိုဝင်ချင်လား” ယွိရှီပေါ်သည် ပျော်ရွှင်စွာဖြင့်မေးလေသည်။
“ထပ်ပြောရရင် မင်းက ဂိုဏ်းက ဆေးသခင်ဆိုတာကို ငါတို့သိထား တယ် အဲဒါကြောင့်….”
ရှီမာယူယူသည် ခေါင်းကိုက်လာသည်။ သူမ နှုတ်ခမ်းတွန့်ကာ “ထပ်ရှိ သေးလား”
“မင်း အဆိပ်အရည်အချင်းကောင်းတယ်လို့ ကြားလို့ အဆိပ်သခင် ခန်းမကလည်း မင်းကိုခေါ်ချင်နေတယ်” လျန်ဝူမင်သည် ဆက်ပြောလေ သည်။
“ဟုတ်တယ် တောင်ကြားသခင်လေး ကျုပ်ရဲ့အဆိပ်သခင်ခန်းမကိုလာ ချင်လား” တုန်ပိုင်သည် သူမကို သွားဖြဲပြလေသည်။
“အာ….”
ရှီမာယူယူသည် တွေဝေသွားသည်။ သူမရဲ့ ဒီလောက်သရုပ်မှန်တွေ အများကြီးကို သူတို့ဘယ်လိုသိသွားတာလဲ။
“အရမ်းရှုပ်သွားလား” လျန်ဝူမင် မေးလိုက်သည် “လက်နက်ခန်းမကလွဲ ပြီး တခြားခန်းမခေါင်းဆောင်တွေအားလုံးက မင်းကိုခေါ်ချင်နေကြတာ”
ရှီမာယူယူသည် နဖူးကိုပွတ်လိုက်သည်။ တကယ်ပဲရှုပ်သွားတာပဲ။
သူမက အခုမှတောင်ကြားကိုရောက်တာလေ။ လူတိုင်းကို ပြစ်မှားမိရင် မကောင်းဘူး။
“အာ အဲဒါက ကျွန်တော့်ဆရာပြောတာကို နားထောင်သင့်တယ်၊ ဆရာ ကဒီမှာမရှိပေမဲ့ အာ… ဘယ်ခန်းမအခွဲကိုသွားရမလဲဆိုတာ ရွေးဖို့မလိုဘူး ထင်တယ် ဟုတ်တယ်မလား”
သူမပြောပြီးသည်နှင့် ရင်ဘိုင်ချွန်းကိုကြည့်လိုက်သည်။ ဒီလိုဖြစ်လာ မည်ကို ထိုလူက သူမကိုသတိပေးခဲ့သည်။
ရင်ဘိုင်ချွန်းသည် သူမကို တည်ငြိမ်သောအကြည့်ဖြင့်ပြန်ကြည့်ပြီး ဘာမှ မပြောပေ။
ရှီမာယူယူသည် သူဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်သဖြင့် မျက်တောင်ခတ်လိုက်သည်။
“ဘယ်ကိုမှမသွားချင်တာသေချာရဲ့လား” လျန်ဝူမင်သည် ထပ်မေးလေ သည်။
ရှီမာယူယူသည် လှည့်ပတ်ကြည့်ပြီးနောက် အတိအကျပင် ခေါင်းညိတ် ကာပြောလေသည် “ဒီကိစ္စကိုဆုံးဖြတ်ဖို့ ကျွန်တော် ဆရာပြန်လာတဲ့အထိ စောင့်ပါ့မယ်”
“ဟားဟား သူရွေးမှာမဟုတ်ဘူးလို့ ကျုပ်မပြောဘူးလား” လျန်ဝူမင် သည် အောက်ကိုဝေ့ကြည့်လိုက်သည်။ သူ့ရယ်မောသံသည် အနည်းငယ် တိမ်သည်။
“ကြည့်ရတာ ကျုပ်တို့ အရင်သဘောတူညီချက်ကိုပဲ အကောင်အထည် ဖော်ရမယ်ထင်တယ်” အကြီးအကဲရှောင် ပြောလိုက်သည်။
“ဘာသဘောတူညီချက်လဲ” ရှီမာယူယူ ရှုပ်ထွေးသွားသည်။
“မင်း ဘယ်ခန်းမအခွဲကိုမှမရွေးဘူးလို့ ပြောခဲ့ကြသေးတယ်” ရင်ဘိုင်ချွန်း ပြန်ဖြေလိုက်သည်။
“အဲဒါကြောင့် ကျွန်တော့်ကို ဆက်တိုက်မေးနေတာလား”
“မင်း ဝင်ချင်မလားလို့ကြည့်တာ” လျန်ဝူမင် ပြောလိုက်သည် “အခု မင်း အတွေးကို ငါတို့သေချာသိသွားပြီလေ”
“အဲတော့…”
“အဲတော့ အကုန်လုံးပျော်ကြတာပေါ့” လျန်ဝူမင် ပြောလေသည် “လျှို့ဝှက်တောင်ကြားသခင်လေးအနေနဲ့ မင်းဘယ်ခန်းမအခွဲကိုမှ ဝင်စရာ မလိုပါဘူး ဒါပေမဲ့ ဘယ်ခန်းမခွဲကနေမဆို မင်းသင်လို့ရတယ်”
“တကယ်လား” ရှီမာယူယူသည် ထိုမှအပြောင်းအလဲမြန်မည်ဟု မထင် ထားပေ။
“တကယ်” လျန်ဝူမင် အတည်ပြုလိုက်သည် “မင်းက အခုမှတောင်ကြား ကိုလာတာဆိုတော့ ရင်ဘိုင်ချွန်းက တောင်ကြားအကြောင်းတချို့ကို ပြောပြ ထားပေမဲ့ ဒီကိုမရင်းနှီးသေးဘူး၊ နောက်လာမယ့်နေ့တွေအတွက် မင်း တောင်ကြားကို ရင်းနှီးသင့်တယ်၊ ပြီးတော့ ဘိုင်ချွန်းနောက်လိုက်ပြီး တောင်ကြားကို စည်းကြပ်ပေးရမယ်၊ ဒီနဲ့ရင်းနှီးသွားပြီဆိုရင် ခန်းမတစ်ခုစီကို လိုက်ပြီး သင်လို့ရတယ်”
“တကယ်လား”
“ဒါပေါ့” လျန်ဝူမင် ပြန်ဖြေလေသည် “မင်းဆရာက တောင်ကြားမှာမရှိ တော့ မင်းရဲ့စီနီယာတွေ ငါတို့လို အကြီးတွေက မင်းအတွက် စီစဉ်ပေးမယ်”
“ကျေးဇူးတင်ပါတယ် ဆရာဦးလေး” ရှီမာယူယူသည် လျန်ဝူမင်ကို ဝမ်းပန်းတသာ ကျေးဇူးတင်လေသည်။
“အဲဒါကြောင့် တောင်ကြားသခင်လေး စည်းကြပ်ပြီးရင်တော့ အဂ္ဂိရတ် ခန်းမကို မကြာခဏလာရမယ်၊ အရင်တုန်းက မင်းဆရာက အဂ္ဂိရတ်ခန်းမမှာ မကြာခဏနေတတ်တယ်” အကြီးအကဲရှောင် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြံုးပြီးခေါင်းညိတ်လိုက်သ်ည။
“တည်ဆောက်မှုခန်းမကိုလည်းလာရမယ်နော် မင်းရဲ့ တည်ဆောက်မှု ဆရာက ပြိုင်ဘက်ကင်းပဲ၊ မင်းလည်း ဒီမှာ အတော်ဆုံး တည်ဆောက်မှု သခင် တစ်ယောက်ဖြစ်လာမယ်လို့ယုံတယ်” ရှဲကျိမင် ပြောလိုက်သည်။
“ခန်းမခေါင်းဆောင်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူမကိုခေါင်းညိတ်ပြလိုက်သည် “ကျွန်တော် ဆက်ကြိုးစား ပါမယ်”
“ငါ့နေရာကိုလာဖို့လည်းမမေ့နဲ့နော်” တုန်ပိုင် ထပ်ပြောလိုက်သည် “မင်းဂိုဏ်းထက်ပိုကောင်းတယ်ဆိုတာ သိသွားပါလိမ့်မယ်”
“ကျွန်တော်မျှော်လင့်နေပါမယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် သူမ သင်ယူရန်အတွက် သင့်လျော် သည်ဟု အဘိုးနတ်ဆိုးနှင့် ဝူလင်းယူတို့နှစ်ယောက်လုံး ပြောခဲ့သည်။ သူမ အပြင်ပိုင်းဒေသသို့မသွားဖြစ်ပဲ ကောင်းကင်ဂိုဏ်းနှင့် မတွေ့ဆုံခဲ့ပါက သူမ သည် သည်နေရာသို့တိုက်ရိုက်လာပြီး သင်ယူဖြစ်လောက်သည်။
“ဘိုင်ချွန်း နောက်ရက်တွေကို မင်း သူ့ကိုပြပေးလိုက်” လျန်ဝူမင် ပြော လိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာ ဂျူနီယာညီလေး ဒီနေရာနဲ့ မြန်မြန်ရင်းနှီးသွားအောင် ကျွန်တော် ပြပေးလိုက်ပါမယ်” ရင်ဘိုင်ချွန်း ပြန်ဖြေလေသည်။
“စည်းကြပ်ဖို့ကို ရက်နည်းနည်းလိုသေးတယ် မင်းတို့ပြန်ပြီးတော့ ကိုယ့် တပည့်တွေကို ပြင်ဆင်ပေးလိုက်ကြဦး” လျန်ဝူမင် ပြောလိုက်သည် “ကောင်းပြီ မင်းတို့ပြန်ပြီး အလုပ်လုပ်ကြတော့”
“တောင်ကြားသခင်လေး ငါ့နေရာကိုလာဖို့မမေ့နဲ့နော်” ရှောင်ကျန်းရှုံ သည် ရှီမာယူယူကို ပြန်ကြည့်ပြီး နောက်တစ်ကြိမ် အတည်ပြုပြီးနောက် ထွက်သွားလေသည်။
“မှတ်ထားပါမယ်” ရှီမာယူယူသ် သူ့ကိုပြန်ပြံုးပြလိုက်သည်။ နောက်ဆုံး တွင် သူထွက်သွားလေသည်။
သူတို့ထွက်သွားပြီးနောက်တွင် အခန်းထဲတွင် လျန်ဝူမင်နှင့် ရင်ဘိုင်ချွန်းသာ ကျန်ခဲ့လေသည်။ ရှီမာယူယူသည် နောက်ဆုံးတွင် စိတ် သက်သာရာရသွားလေသည်။
“စီနီယာအစ်ကိုရင် ကျွန်တော့်ကိုစောစောပြောထားသင့်တာ” ရှီမာယူယူသည် ရင်ဘိုင်ချွန်းဘက်လှည့်လိုက်သည်။ သူမသည် ဆွံ့အသွားခဲ့ ရသည်။
“ဆရာက မပြောခိုင်းဘူး” ရင်ဘိုင်ချွန်းသည် မတတ်သာစွာ ပခုံးတွန့် လိုက်သည် “သွားမယ် မင်းကိုအံ့ဖွယ်နတ်ဆိုးတောင်ကြားကို ပတ်ပြပေးမယ်”
ရှီမာယူူယသည် လျန်ဝူမင်အားကြည့်လိုက်သည်။ သူ ဘာမှပြန်မပြော သည်ကိုကြည့်ပြီး ရင်ဘိုင်ချွန်းနောက်လိုက်ကာ ထွက်ခဲ့လိုက်သည်။ ရှောင်ချီ နှင့်တွေ့ပြီးနောက် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို အသေအချာလည်ပတ် လေသည်။
***