သွေးလက်စွပ်၏အဆင့်အတန်း
Vol. 011 Ch. 1042
အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် အလွန်ကြီးသည်။ သူမ တွေးထား သည်ထက် ကြီးသည်။ တစ်ပတ်ပြည့်အောင်ပတ်ရန် အနည်းဆုံး ရက် အနည်းငယ်လိုမည်။
ရင်ဘိုင်ချွန်းသည် သူမကို ခန်းမများကိုခေါ်သွားသည်။ ဂိုဏ်းမှ အဖွဲ့ဝင် များထိုအကြောင်းကိုကြားသည်နှင့် စိတ်လှုပ်ရှားကြကာ ရင်ဘိုင်ချွန်း၏ ဥပက္ခာပြုမှုကို လျစ်လျူရှုကာ ၃ယောက် တစ်ဖွဲ့ ၄ယောက်တစ်ဖွဲ့ဖွဲ့ပြီး ရှီမာယူယူကို ချောင်းကြည့်ကြလေသည်။
သူတို့အားလုံးသည် ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့သည် အချိန် တော်တော်များများတွင် ဂုဏ်မြင့်သော်လည်း အင်အားရှိသောသူရှေ့တွင် သူတို့ကို စိတ်ရင်းနှင့်လေးစားကြသည်။ ရှီမာယူယူကဲ့သို့ အရည်အချင်းရှိသူ ကို သူတို့သည် ရင်ထဲကပင် လေးစားကြသည်။
ရှီမာယူယူသည် အဂ္ဂိရတ်ခန်းမမှရင်းနှီးသောလူတချို့ကိုတွေ့လိုက်ရာ မှီခိုကင်းတိုင်းပြည်မှ သူမ မိသားစုကို သွားသတိရမိသည်။
“ယွန်ယိ တောင်ကြားသခင်လေးကိုတွေ့ဆုံပါတယ်” ယွန်ယိသည် ရှီမာယူယူကို အရိုအသေပေးပြီးနှုတ်ဆက်လေသည်။ သူတို့သည် ဆယ်နှစ် ကျော်မတွေ့ခဲ့ရသော်လည်း သူသည် အရင်အတိုင်း မပြောင်းလဲပေ။
“ယွန်ယိ မင်းလည်းဒီမှာပဲလား” ရှီမာယူယူသည် သူ့ကိုမြင်သောအခါ ပျော်ရွှင်စွာ လျှောက်သွားလိုက်သည်။
“ယွန်ယိက အဂ္ဂိရတ်ခန်းမအကြီးအကဲရဲ့တပည့်ပဲ” ရင်ဘိုင်ချွန်း ပြော လိုက်သည်။
“ယွန်ယိ မင်း ပြီးခဲ့တဲ့နှစ်တွေက မှီခိုကင်းတိုင်းပြည်ကိုသွားသေးလား” ရှီမာယူယူ မေးလိုက်သည်။
“၂နှစ်တစ်ခါပြန်တယ်” ယွန်ယိ ပြန်ဖြေလေသည် “တောင်ကြားသခင် လေးရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေ ကောင်းကောင်းရှိပါတယ် သူတို့က မှီခိုကင်း တိုင်းပြည်မှာ အခြေကျနေပြီ သူတို့ကိုစိုးရိမ်ဖို့မလိုတော့ပါဘူး”
“ကောင်းတယ်” ရှီမာယူယူသည် စိတ်သက်သာရာရသွားသည်။ သူမ မျိုးနွယ်စုသည် အင်အားအကန့်အသက်ရှိသဖြင့် ထိုနေရာတွင် အခြေချနိုင် မည်ဟု သူမ မထင်ခဲ့ပေ။ သူတို့သည် အရင်အင်အားကြီးများကို မှီခိုနေရ သော်လည်း သည်နေရာအထိတက်လာပါက သူတို့ဖိအားပေးခံရမည်။ အားနည်းနေဦးမည်။
သေချာစဉ်းစားပြီးနောက်တွင် သူတို့အနိမ့်တိုင်းပြည်တွင်နေထိုင်ခြင်းက ပိုကောင်းမည်။ အကယ်၍ တစ်စုံတစ်ယောက်၏ အင်အားကြီးလာသဖြင့် သည်တိုင်းပြည်ကိုလာချင်သည်ဆိုပါက သူမ သူတို့ကိုကူညီပေးမည်။
“ကျွန်တော် ဒီကိုမလာခင် သူတို့ဆီသွားသေးတယ် သြော် ဟုတ်သား သူတို့က သခင်လေးအကြောင်းမေးနေကြတယ်” ယွန်ယိသည် ခြံထဲရှိ အဆောင်ငယ်ကိုညွှန်ပြပြီး စကားပြောရန်အတွက် အဆောင်ငယ်ဆီသို့ လမ်း လျှောက်သွားလိုက်ကြသည်။ “ကံကောင်းသွားတာက သခင်လေးရဲ့ သတင်း ကတောင်ကြားမှာ တစ်ခါတစ်ခါကြားရတယ်လေ မဟုတ်ရင် သူတို့မေးတာ ကို ဘယ်လိုပြန်ဖြေရမှန်းသိမှာမဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ် ယွန်ယိ” ရှီမာယူယူသည် ကျေးဇူးတင်စကားပြော လိုက်သည်။
“ရပါတယ် တောင်ကြားသခင်လေး အဲဒါကျွန်တော့်အလုပ်ပါ၊ ဘာမှ လည်းမလုပ်လိုက်ရပါဘူး သခင်လေးအကြောင်းကို သူတို့ကိုပြောပြရုံတင်ပါ” ယွန်ယိ ပြံုးလိုက်သည်။
“ယူရှင်းနဲ့ တခြားသူတွေရော အဆင်ပြေရဲ့လား” ရှီမာယူယူ မေးလိုက် သည်။
“သူတို့ပြေပါတယ် သူတို့က သခင်လေးကိုလွမ်းတယ်လို့ပြောနေကြတာ” ယွန်ယိ ဆက်ပြောလေသည် “ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့အားက မြန်မြန်တက် လာတယ်၊ နောက်နှစ်နည်းနည်းလောက်ဆို သူတို့ဒီကိုတက်လာနို်င်မယ်ထင် တယ်”
“တကယ်လား” ရှီမာယူယူသည် သူတို့အတွက် ဝမ်းသာမိသည်။ သူတို့ ဒီနေရာသို့တက်လာပါက သူတို့၏အနာဂတ်ပိုကောင်းသွားမည်။
“သူတို့က တော်ကြတယ်” ယွန်ယိ ပြောလိုက်သည်။
“ငါသိပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူတို့ အရည်အချင်းများ ပြောင်းလဲစေရန် သူမသည် သူတို့ကို ခြင်ဆီနှင့်အကြော သန့်ရှင်းရေးဆေးကိုပေးခဲ့သည်။ သူတို့ တခြားသူများထက် ပိုသန်မာလာ သည်မှာ မျှော်လင့်ထားသည့်အတိုင်းပင်။
“မင်း ဘယ်တော့ပြန်သွားဖြစ်မလဲဆိုတာ ပြောဦး” ရှီမာယူယူ ပြော လိုက်သည်။
“ကျွန်တော်လုပ်ပေးစရာရှိလို့လား” ယွန်ယိ မေးလိုက်သည်။
“အင်း မင်းထပ်ဆင်းသွားမယ်ဆိုရင် ပစ္စည်းတချို့နဲ့ စကားနည်းနည်း ပါးလိုက်ချင်လို့” ရှီမာယူယူ ပြန်ဖြေလေသည်။
“ကောင်းပါပြီ”
ရှီမာယူယူသည် တခြားခန်းမများကိုသွားရန်ရှိသဖြင့် ယွန်ယိနှင့် အချိန် ကြာအောင်မပြောတော့ပဲ လမ်းခွဲလိုက်ကြသည်။
တစ်နေ့တွင် ရင်ဘိုင်ချွန်းသည် စည်းကြပ်ရန်အတွက်ဖြေရှင်းရန်ကိစ္စ များရှိနေသဖြင့် ရှီမာယူယူတို့သည် ခန်းမများကိုသွားမလည်တော့ပဲ လည်ပတ်သည့်ကိစ္စကိုနောက်ဆုတ်ထားလိုက်သည်။
ရင်ဘိုင်ချွန်းသည် လျန်ဝူမင်ကို ကူညီပြီး တောင်ကြားကိစ္စများကို လုပ် နေကျဖြစ်သဖြင့် ပြိုင်ပွဲကိုစည်းကြပ်သည့်ကိစ္စသည် ပထမဆုံးအကြိမ်မဟုတ် တော့ပေ။ ပြီးခဲ့သည့်အတွေ့အကြံုအရ ဖြေရှင်းရန်မခက်ပေ။ အရေးမကြီး သော ကိစ္စတချို့ကို ဖြေရှင်းရုံသာဖြစ်သည်။
ရှီမာယူူယူသည် ရင်ဘိုင်ချွန်းနောက်လိုက်ကာ ကိစ္စများကိုင်တွယ်ရာ တွင် အကြံတချို့ဝင်ပေးတတ်သည်။ ထိုအကြံများသည် ရင်ဘိုင်ချွန်းနှင့် စည်းကြပ်ရာတွင်ပါဝင်မည့် တခြားသူများကို မျက်လုံးများတောက်ပသွားစေ သည်။
ထိုတာဝန်ခံများထွက်သွားပြီးနောက်တွင် ရင်ဘိုင်ချွန်းသည် ရှီမာယူယူ ကိုကြည့်ပြီး ရယ်မောရင်း ခေါင်းရမ်းကာ ပြောလေသည် “မင်းက စီမံရေးရာ မှာလည်း သန်မာပြီးအလားအလာရှိတာကို ဆရာ့ကိုပြောရတော့မယ် တောင်ကြားကိစ္စတွေကို မင်းစီမံသင့်တယ်”
“ကျွန်တော် အဲလိုတွေလုုပ်ရတာမကြိုက်ဘူး” ရှီမာယူယူ ဆက်ပြော လေသည် “စီနီယာအစ်ကိုရင်က ကျွန်တော့်ကိုရောင်းစားမလို့လား”
ရင်ဘိုင်ချွန်းသည် ရှီမာယူယူကို စိုက်ကြည့်ပြီးပြောလိုက်သည် “ငါသာ သူ့ကိုတကယ်ပြောလိုက်ရင် မင်းထွက်ပြေးပြီးနေလောက်ပြီ”
ရှီမာယူယူ ရယ်မောလိုက်သည် “စီနီယာအစ်ကို ကျွန်တော့်ကိုကောင်း ကောင်းသိတာပဲ”
သူမသည် ထိုကဲ့သို့ကိစ္စများကို စီမံရသည်ကိုမနှစ်သက်ပေ။ လူများ သည် အခွင့်အာဏာရသည်ကို သဘောကျကြသော်လည်း သူမ မနှစ်သက် ပေ။
သူမသာ ထိုကဲ့သို့စွမ်းအင်ရှိပါက ပြန်ပြီး သူမ ကိုယ်ပိုင်ဂိုဏ်းကိုသာ စီမံ မည်ဖြစ်သည်။
“ဒါပေမဲ့ မင်းကတောင်ကြားသခင်လေးပဲ အခုပဲဖြစ်ဖြစ် နောက်ပဲဖြစ်ဖြစ် တောင်ကြားကိစ္စတွေကို ငါနဲ့အတူ စီမံရမှာပဲ” ရင်ဘိုင်ချွန်း ပြောလိုက်သည် “တာဝန်တွေအကုန်လုံးကို ငါ့ကိုပဲလွှဲထားဖို့စီစဉ်ထားတာလား”
“စီနီယာအစ်ကို စီနီယာရဲ့ လက်ဆောင်ကဘာလဲ” ရှီမာယူယူသည် သူ့ ကိုပြန်မဖြေပဲ မေးခွန်းမေးလိုက်သည်။
ရင်ဘိုင်ချွန်းသည် သူ့လက်မှ ကျောက်စိမ်းဖြူလက်စွပ်ကို ပြလိုက် သည်။
“ကျွန်တော့်လက်စွပ်နဲ့တူတာပဲ အရောင်ပဲမတူတာ” ရှီမာယူယူသည် လက်စွပ်ကိုကြည့်ပြီး သူမလက်စွပ်နှင့် ယှဉ်လိုက်သည်။
“မတူဘူး ငါ့လက်စွပ်က မင်းဟာနဲ့ကွာတယ်” ရင်ဘိုင်ချွန်း ဆက်ပြော လေသည် “ငါ့ကျောက်စိမ်းလက်စွပ်ကမဟုတ်…အင်း.. ဆိုးသွမ်းတယ်”
“နတ်ဆိုးဟုတ်လား” ရှီမာယူယူသည် လက်ကိုမြှောက်ကာ သွေး လက်စွပ်ကိုကြည့်လိုက်သည်။ ထိုအနီရောင်သွေးသည် အမှန်တကယ်ပင် လူ ကို အနည်းငယ်ဆိုးသွမ်းသည်ကို ခံစားရစေသည် “ဒါက ဘယ်လိုလုပ် ဆိုးသွမ်းတာလဲ”
“အရင်က သွေးလက်စွပ်ကအရွေးခံရတဲ့သူက ဘဝင်မြောက်သွားတယ် လို့ ဆရာပြောတာကြားဖူးတယ်” ရင်ဘိုင်ချွန်း ဆက်ပြောလေသည် “ဒါပေမဲ့ မင်းကိုကြည့်ရသလောက်တော့ မင်းက ဘဝင်မြောက်မယ့်လူမျိုးနဲ့မတူဘူး”
“ဘဝင်မြောက်တယ်မဟုတ်လား ဘယ်လိုလဲ” ရှီမာယူယူသည် ကြောက်ရွံ့မှုကိုခံစားလိုက်ရသည်။ သွေးလက်စွပ် သူမကိုရွေးချယ်စဉ်က စိတ်ချောက်ချားကာ မိန်းမလှလေးနှင့် လူသားအရိုးစုကိုမြင်ခဲ့သည်ကို သတိ ရသါားသည်။
“တစ်ခါတလေမှာ စိတ်ချောက်ချားပြီး တကယ်ပဲစိတ်ချောက်ချားတာ လား မဟုတ်ရင် လက်တွေ့ဖြစ်နေတာလားဆိုတာကို မသိနိုင်တော့ပဲ ရူးသွား ကြတယ်လို့ ပြောကြတယ်” ရင်ဘိုင်ချွန်းပြောလေသည်။
“အဲလောက်ဆိုးတာလား” ရှောင်ချီသည် တိုးညင်းစွာပြောလိုက်သည် “ယူယူ ယူယူလည်းအဲလိုဖြစ်လာမယ်လို့တော့မပြောလိုက်နဲ့နော်”
“ငါဘာမှမခံစားရဘူး ငါ တစ်ခါတလေ ပုံမှန်မဟုတ်တာကိုခံစားမိလား” ရှီမာယူယူ မေးလိုက်သည်။
ရှောင်ချီသည် အလေးအနက်စဉ်းစားကာ ပြောလိုက်သည် “အခုတော့ မဟုတ်ဘူး”
“ဂျူနီယာညီလေးက စိတ်ဓာတ်သန်မာတယ် အလွယ်တကူ ထိန်းချုပ်ခံ ရမှာမဟုတ်ဘူး” ရင်ဘိုင်ချွန်း ပြောလိုက်သည် “အဲဒါနဲ့ သွေးလက်စွပ်ရှိတဲ့သူ က အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်လေးအစစ်အမှန်ပဲ၊ အနာဂတ် တောင်ကြားသခင်ဆိုလည်းဟုတ်တယ်”
“သွေးလက်စွပ်ရဲ့ အဆင့်ကအဲလောက်မြင့်တာလား”
“ဟုတ်တယ် ကောလဟလတွေအရတော့ သွေးလက်စွပ်က အံ့ဖွယ် နတ်ဆိုးတောင်ကြားနဲ့ လျှို့ဝှက်ဆက်သွယ်ချက်ရှိတယ်လို့ပြောကြတယ် ဒါပေမဲ့ နှစ်တွေအများကြီးကြာတာတောင် သွေးလက်စွပ်ရဲ့ အစစ်အမှန် အသိအမှတ်ပြုတာကိုမခံရသလို ဘယ်သူမှလည်း လက်စွပ်ကိုမထိန်းချုပ်နိုင် ဘူး၊ အဲဒါကြောင့် ဒီလောက်နှစ်တွေကြာတာတောင် သွေးလက်စွပ်ရဲ့ လျှို့ဝှက်ချက်ကို ဘယ်သူမှမသိကြဘူး” ရင်ဘိုင်ချွန်း ဆက်ပြောလေသည် “မင်းက အဲလျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်တာလည်းဖြစ်နိုင်တယ်”
“အာ… စီနီယာအစ်ကိုရင် အဲလိုပြောလိုက်ရင် ကျွန်တော်က ဖိအားပိ သွားပြီ” ရှီမာယူယူသည် ရှက်ရွံ့စွာပြောလေသည်။
သူမသည် လက်တွင်ဝတ်ထားသောသွေးလက်စွပ်ကိုကြည့်လိုက်ရာ အနီရောင်သွေးစက်သည် အသက်ဝင်သကဲ့သို့ဖြစ်ကာ သူမကို ဝါးမျိုတော့ မည့်အတိုင်း ဖျော့တော့သောအနံ့ထွက်လာလေသည်။
***