အမှတ်မထင်ဆုံခြင်း
Vol. 25 Ch. 370
ဒါပေမယ့်မူဇောင်က ဦးဆောင်ပြီး "အဖေ၊ ဒီအချိန် ဖျားနေတဲ့သူဟာ မင်းမဟုတ်ပဲ အမေ ဒါမှမဟုတ် ငါဖြစ်နေကြည့်၊အစ်ကို လင်းကလဲဒါကို မသိလို့မကူညီပေးဘူးဆိုရင်ရလဒ်က ဘာဖြစ်မယ်ဆိုတာ မင်းသိလား။"
ဒါကိုကြားတော့မူဒန်၏နှလုံးသည် အနည်းငယ် တုန်ခါသွားသည်။
အကယ်လို့ ဖျားနေတဲ့သူမဟုတ်ပဲမူဇောင် နှင့်လီဂျန်တို့သာဖြစ်ရင်စောင့်မျှော်နေခြင်းသည် သေခြင်းပင်ဖြစ်သည်။
မူဒန်ချက်ချင်းပဲ "ဝမ်ရှ၊ငါတို့မိသားစုက မင်းနဲ့ဘာမှမဆိုင်တော့ဘူး။ ငါ့ကိုဘာမှမမေးနဲ့တော့!"
ဒါကိုကြားတော့ဝမ်ရှ ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမနားကို သူမ မယုံနိုင်ဖြစ်သွားခဲ့သည်။
ငြင်းဆန်ခဲ့သည်။
အကိုကြီးမူဒန်က သူမကိုယ်ငြင်းဆန်လိုက်တာလား။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ဝမ်ရှပါးစပ်ကိုဖွင့်ပြီး တစ်ခုခုပြောဖို့လုပ်လိုက်သည်။
ထိုအချိန်တွင် သူ့ဘေးနားမှ စကားမပြောဘဲရပ်နေတဲ့မူဒန်ဟီက “ဘာမှပြောစရာမလိုဘူး” ဟု အော်ပြောသည်။
ဝမ်ရှအံ့သြသွားပြန်သည်။
သမူ့စကားတွေကို အမြဲနာခံတတ်တဲ့ မူဒန်ဟီ က သမူ့ကိုယ်အော်ပြောလိုက်တာလား။
ဒါက ဘယ်လိုဖြစ်နိုင်မလဲ။
ဝမ်ရှက "မူဒန်ဟီ၊ မင်း..."
မူဒန်ဟီက "ဘယမှ ပြောစရာမလိုဘူး!"
မူဒန်ဟီ က မူဒန်၊ လီဂျန် နဲ့မူဇောင်ဘက်ကိုလှည့်ပြီး "အစ်ကိုကြီး၊ ယောင်းမ ရှောင်မူငါတောင်းပန်ပါတယ်"
ထိုစကားပြောပြီးနောက် သူတို့သုံးယောက်ကို လေးလေးနက်နက် ဦးညွှတ်သည်။
ထို့နောက် လှည့်ထွက်သွားသည်။
ဝမ်ရှအံ့သြသွားပြန်သည်။
မူဒန်ဟီ သွားပြီ။
သူ့မကိုယ်နှုတ်ဆက်စကားတောင် မပြောပဲ ထွက်သွားတယ်။
ဝမ်ရှသည် ရှုပ်ထွေးသော မျက်လုံးများဖြင့် မူဒန်ဟီ၏ကျောကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ လိုက်လာခဲ့သည်။
မူဒန်ဟီ နှင့် ဝမ်ရှထွက်သွားပြီးနောက်၊ ဖန်လုံဟိုတယ်၏ မူလက ဆူညံနေသော ဧည့်ခန်းသည် ပို၍ တိတ်ဆိတ်လာသည်။
ကျောက်ဝမ်ဘို သည်လဲလင်းဖန်နဲ့ညစာစားဖို့မပြောရဲဘဲ အကြောင်းပြချက်ရှာပြီး ထွက်လာခဲ့သည်။
လင်းဖန် နဲ့ မူဇောင် တို့မိသားစု ဟာ ဒီညစာဟာ အလွန်ပျော်စရာကောင်းတဲ့ညစာဖြစ်ခဲ့ပါသည်။
…………
အချိန်သည် ရေနှင့်တူသည်။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်ပတ်ကြာသွားလေသည်။
ဒီနေ့ လင်းဖန်က ထုံးစံအတိုင်း စာသင်ခန်းထဲသို့ရောက်လာခဲ့သည်။
ဒီအချိန်မှာ စာသင်ခန်းအပြင်မှာ ခြေသံတွေ ထွက်လာလေသည်။
အတိုင်ပင်ခံပုဂ္ဂိုလ် စုရန်ဒေါင်သည် အလျင်အမြန်ဝင်လာခဲ့သည်။
သူက စာသင်ခန်းထဲကိုရောက်တာနဲ့သာကတစ်ခန်းလုံးကိုကြည့်ပြီးလင်းဖန်ကို မြင်လိုက်တာနဲ့ သူ့မျက်နှာမှာ အပြုံးတစ်ခုချက်ချင်းဖုံးလွှမ်းသွားတော့သည်။
"လင်းဖန်၊ မင်း စာသင်ခန်းထဲမှာ ရှိနေတာအတော်ပဲ"
ထို့နောက် သူက လည်ချောင်းကို ရှင်းထုတ်ပြီး "လင်းဖန်၊ သတင်းကောင်းတစ်ခု ပြောပြချင်ပါတယ်၊ ချားသင်္ချာဆုကိုရရှိဖို့လျာထားတဲ့ထဲမှာမင်းပါတယ်"
စုရန်ဒေါင်က ဒီလိုပြောတဲ့အခါ သူ့အသံက ကျယ်လောင်လာဖို့ မကူညီနိုင်ခဲ့ပေ။
သူ့စကားသံကျသွားပြီးနောက် စာသင်ခန်းရှိ ကျောင်းသားအားလုံး၏ မျက်နှာများတွင်ဖုံးကွယ်၍မရသော ငြူစူသောအမူအရညကို ပြသခဲ့သည်။
လင်းဖန်သည် ဇောင် ၏ထင်မြင်ယူဆချက်ကို ဖြေရှင်းနိုင်ခဲ့ကြောင်း၊ အနှစ်သာရ၊ မိုးသီးထင်မြင်ချက်နှင့်.....တို့ကို ဖြေရှင်းကြောင်းသိရှိလာသောအခါတွင် လင်းဖန်သည် ဤဆုတံဆိပ်ကို ဆွတ်ခူးနိုင်မည်ဟု မှန်းဆခဲ့ကြသည်။
စုရန်ဒေါင်က "ချားသင်္ချာဆုပေးပွဲကို သဘက်ခါ ဟွမ်ကျူတက္ကသိုလ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မနက်ဖြန် မနက်ခင်းမှာ ပေဂျင်းကိုသွားဖို့ လက်မှတ်ကို ကျွန်တော်တို့ ကျောင်းက ကြိုတင်မှာပေးထားပါတယ်"
"လင်ဖန်၊ မင်းအိမ်ပြန်ရင် ခရီးဆောင်အိတ်ယူလာဖို့မမေ့နဲ့"
သာမာန်လူများအတွက်တော့ ဆုတံဆိပ် ဂုဏ်ထူး ၊ ဆုကြေး ၊ ကျော်ကြားမှု ၊ အဆင့်အတန်း ...
ဒါပေမယ့်... ဒါတွေက လင်းဖန်အတွေက်တော့ဆွဲဆောင်မှုတစ်ခုမှ မရှိပေ။
ဂုဏ်?
သူမလိုအပ်ပေ။
ဘောနပ်စ်?
သင်္ချာဘာသာရပ်အတွက်ချားဆုသည် အမေရိကန်ဒေါ်လာ 500,000 သာရရှိသည်။
လင်းဖန်သည် ဤငွေပမာဏကို လုံးဝကိုလစ်လျူရျုထားသည်။
နာမည်ကြီးတာလား
လင်းဖန်သူက နာမည်ကြီးချင်ရင် အင်တာဗျူးကို လက်ခံထားသရွေ့ ကမ္ဘာတဝှမ်းမှာ နာမည်ကြီးမှာသေချာသည်။
ထို့ကြောင့် လင်းဖန်သည်ဆုတံဆိပ်များရယူရန် ပေကျင်းသို့ သွားသင့်လား။
ထိုအချိန်တွင် သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
【ဒင်း! မစ်ရှင်-နိုင်ငံတကာဆု ၅ ဆု လက်ခံရယူပါ။ ရွှေရောင် အနီရောင် စာအိတ် ၅ စောင် ချီးမြှင့်မည်။ 】
အချိန်အတော်ကြာပြီးနောက်၊ "ကောင်းပြီ" ဟုပြောလိုက်သည်။
စုရန်ဒေါင်က အသံကျယ်ကြီးဖြင့် "အားလုံးပဲလှိုက်လှိုက်လှဲလှဲ လက်ခုပ်တီးလိုက်ကြရအောင်၊ လင်းဖန်းဟာ ချား သင်္ချာဆုကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်!"
"ပါ့ ပါ့ ပါ့'''
ရုတ်တရက် စာသင်ခန်းတစ်ခုလုံး ကျယ်လောင်သောလက်ခုပ်သံများ ထွက်ပေါ်လာလေသည်။
အရှေ့မှာထိုင်နေတဲ့ ဆောင်ကျင်းအန်းက လက်ခုပ်တီးပြီး လင်းဖန်ကိုတောက်ပသောအကြည့်ဖြင့်ကြည့်နေလိုက်သည်။
…………
နောက်တစ်နေ့။
လင်းဖန်က မနက်စာစားပြီးတာနဲ့ Cullinan (ကား)ဖြင့်လေဆိပ်ကို တန်းတန်းမတ်မတ်မောင်းသွားခဲ့သည်။
Admin, [4/15/2025 8:17 PM]
ရှဂို လေကြောင်းလိုင်း၏ အဓိကရှယ်ယာရှင်အဖြစ် လင်းဖန်သည် အထူးလေယာဉ်သို့ အချိန်မရွေး ပြောင်းစီိးနိုင်သည်။
ဒါပေမယ့် ကျောင်းက လင်းဖန်အတွက်မှတ်ဝယ်ပေးထားသည်။
ထို့အပြင် ယခုတစ်ကြိမ်တွင် ဟေးချမ်နှင့် ပရော်ဖက်ဆာ စုဂိုတိုတို့သည် ပေကျင်းသို့ လေယာဉ်ဖြင့် အတူတူလိုက်ခဲ့ကြသည်။
ဒုက္ခမဖြစ်အောင် လင်းဖန်က နောက်ထပ် ဘာအစီအစဉ်မှ မလုပ်ခဲ့ပေ။
ထင်ရှားသည်မှာ၊ကျန့်ပေ့တက္ကသိုလ်အတွက် ချားသင်္ချာဆု သည်အလွန်အရေးကြီးပါသည်။ လက်မှတ်သည် ပထမတန်းစားဖြစ်ပြီး ဟိုတယ်သည်ဟွမ်ကျူ တက္ကသိုလ်အနီး ကြယ်ငါးပွင့် ဘိုရမ်ဟိုတယ် ဖြစ်သည်။
လေယာဉ်ပေါ်တွင် ဟေးချမ်နှင့် စုဂိုတိုတို့သည် လင်းဖန် နှင့် ပိုမိုနီးစပ်ရန် အချိန်ကို ဖြတ်သန်းလိုကြသည်။
အခါအားလျော်စွာ အကြောင်းအရာတစ်ခုကို ရှာဖွေပြီး ၎င်းအကြောင်းကို ဆွေးနွေးကြသည်။
ဟိုတယ်သို့ရောက်ပြီးနောက် လင်းဖန် သည် ဟေးချမ်နှင့် စုဂိုတိုကိုမြင်ပြီး သူနှင့်ထပ်စကားပြောချင်ပုံရသည်။
ဒါကြောင့်ပေကျင်းမှာ တစ်ခါမှ မလှည့်လည်ဖူးတဲ့ အကြောင်းရင်းကို ရှာပြီး လှည့်ပတ်ကြည့်ချင်တာကြောင့် ဟိုတယ်ကနေ တိုက်ရိုက်ထွက်လာခဲ့သည်။
လင်းဖန်သည် ဤစာကားလုံးကို မလိမ်ခဲ့ပေ။။
ပေကျင်းကိုသူ တစ်ခေါက်ရောက်ဖူးသည်။
အဲဒီတုန်းက နှစ် ၁၀၀ သက်တမ်းရှိတဲ့ ဂျင်ဆင်းကို ဝယ်ဖို့အတွက်ဖြစ်သည်။
ရာစုနှစ်တစ်ခုကြာ ဂျင်ဆင်းကို ဝယ်ယူပြီးနောက် ဇောင် မိသားစုကို ဖျားနာခြင်းမှ ကယ်တင်ခဲ့ပြီး ပေကျင်းမှ ထွက်ခွာခဲ့သည်။
လမ်းကျယ်ကြီးပေါ်မှာ လမ်းလျှောက်ရင်း အဝေးရှိအထပ်မြင့် အဆောက်အဦးတွေ၊ ကျဉ်းမြောင်းတဲ့ လမ်းကြားတွေကိုလျည့်ပတ်ကြည့်နေသည်။
ဒါတွေအားလုံးက မြို့တော်ကို ဖက်ရှင်ကျစေပြီးခေတ်မီရုံသာမက သမိုင်းဆိုင်ရာ လေးနက်မှုတွေနဲ့လဲပြည့်နှက်နေစေသည်။
လင်းဖန်သည် ထောင့်တစ်ဝိုက်သို့ လျှောက်သွားသောအခါတွင် ပရော်ဖက်ရှင်နယ်ဝတ်စုံဖြင့် လှပသော အမျိုးသမီးတစ်ဦး ပေါ်လာသည်။
လင်းဖန်သည် အလှလေးကိုမြင်သောအခါ အလှဆလးသည်လဲသူ့ကိုမြင်သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ဤအခိုက်အတန့်တွင် လေထုသည် လုံးဝ တိတ်ဆိတ်သွားပုံရသည်။
အဘယ်ကြောင့်ဆိုသော် ဤအလှလေးသည် လင်းဖန်နှစ်(၁၀၀) သက်တမ်းရှိ ဂျင်ဆင်းဝယ်ရန် ပေကျင်းသို့ လာသောအခါ လင်းဖန်သည် ရှောင်ရီဟိုတယ် ပွဲအတွင်း တွေ့ဆုံခဲ့သည့် အလှလေးဖြစ်ကြောင့် ဖြစ်သည်။
လင်းဖန်သည် ထိုနေ့က အဖြူရောင် စကတ်ကို ၀တ်ထားသည့် ဤအလှလေးသည် သူမ၏ ရုပ်ရည်နှင့် စိတ်နေစိတ်ထား လွန်စွာ ကောင်းမွန်လှသည် ။
သို့သော် နောက်တစ်နေ့ အိပ်ရာက နိုးလာသောအခါတွင်အလှလေးကပျောက်ကွယ်သွားပြီး စားပွဲပေါ်တွင် အနီရောင် ငွေစက္ကူများသာရှိတော့သည်။
ဒီကိစ္စနဲ့ ပတ်သက်လို့ လင်းဖန်ဟာ ခဏတာ အကူအညီမဲ့ ဖြစ်ခဲ့သည်။
မထင်မှတ်ပဲ ဒီနေ့ အချင်းချင်း မတော်တဆ တွေ့ကြလေသည်။
လင်းဖန် အံ့သြသွားသည်။
လင်းဖန်သည် အံ့သြသွားသော်လည်းအလှလေးသည် ပို၍ပင် အံ့သြနေသည်။
ထိုအချိန်တွင် သူမသည် အလုပ်တွင် ဖိအားများစွာ ခံနေရပြီး အလွန်စိတ်သက်သာရာရစရာ ဧည့်ခံပွဲတစ်ခုရှိကြောင်း သူငယ်ချင်းတစ်ဦးပြောသည်ကို ကြားလိုက်ရသည်။
စိတ်ဖိစီးမှုကို လျှော့ချရန် စိတ်ကူးဖြင့် အလှလေးလာခဲ့သည်။
ထိုနေ့တွင် သူမသည် လင်းဖန်နဲ့အဲ့လိုလုပ်ဖို့စိတ်ကူးမရှိပေ။
လင်းဖန်သည် စန္ဒယားဆီသို့ လျှောက်သွားကာ စန္ဒယားတီးခတ်သောအခါ၊
သူမသည် လင်းဖန်ကိုလုံးလုံးစွဲလမ်းသွားပြီး လင်းဖန်၏ရင်ခွင်ထဲတွင်သူမတစ်ကိုယ်လုံး အရည်ပျော်သွားစေရန်ပင် ဆန္ဒရှိခဲ့သည်။