← Chapters

ညစာစားခြင်း

Vol. 25 Ch. 371

ညစာစားခြင်း

Vol. 25 Ch. 371

အလှလေးရဲ့ နာမည်ကရှောင်နင်အာ ဖြစ်သည်။

သို့ပေမယ့်လည်း ထိုညက သူမသည် အဖိုးတန်ဆုံးသောအရာကို ဆုံးရှုံးခဲ့ရသည်။

သို့သော် သူမသည်ဒါကိုနောင်တမရခဲ့ပေ။

ထို့နောက် သူမသည် ကုတင်ပေါ်တွင်ရှိသောအနီရောင်အကွက်ကိုကတ်ကြေးနဲ့ဖြတ်ပစ်လိုက်လေသည်။

မထွက်ခွာမီ ရှောင်နင်အာသည် လင်းဖန်၏ အသွင်အပြင်ကို ကြည့်ကာ ငွေစက္ကူတစ်အုပ်ကို ရည်ရွယ်ချက်ရှိရှိ ထားခဲ့သည်။

မူလက ရှောင်နင်အာက ဒီဘဝမှာတော့ သူနဲ့ ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ဖင်ခဲ့သည်ယ

မထင်မှတ်ပဲ...ဒီနေ့မှာတော့ပြန်တွေ့လေသည်။

ရှောင်နင်အာသည် သူ့ရှေ့မှ လင်းဖန်ကို လှမ်းကြည့်ကာ သူ၏ စန္ဒယားတီးပုံနှင့် အချို့သော လှုပ်ရှားမှုပုံရိပ်များသည် သူ့မစိတ်ထဲတွင် ပြန်မြင်ယောင်မိသွားလေသည်။

ထိုအခါသူမ၏လှပသော မျက်နှာတစ်ခုလုံး နီရဲနေသည်။

လင်းဖန် က “အလှလေးငါတို့ပြန်တွေ့ကြပြီနော်။ နောက်ဆုံးအကြိမ် ကကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့ မေ့သွားတယ်။ ငါ့နာမည်က လင်းဖန်ပါ’’

“အလှလေးကိုဘယ်လိုခေါ်ရမလဲ”

ရှောင်နင်အာက”ငါ့နာမည်က ရှောင်နင်အာ” လို့ပြောလိုက်သည်။

“ဒီနာမည်က မင်းနဲ့အရမ်းလိုက်တယ်။” လင်းဖန်က ပြောလိုက်သည်။

ရှောင်နင်အာ က နောက်ထပ် တစ်ခုခုပြောဖို့လုပ်လိုက်တဲ့အချိန်မှာသူမနောက်ကနေခြေသံတွေထွက်လာသည်။

“ရှောင်နင်အာနင်ဘာလို့ဒီလောက်မြန်မြန်သွားနေတာလဲ မစ္စတာဝမ်က ကျူတန်ဟိုတယ်မှာ ညစာစီစဉ်ပြီး ဟန်ရှင်းကုမ္ပဏီရဲ့ဖန်ဂျန်ကိုလဲဖိတ်ခေါ်ထားတယ်”

“ငါတို့သူတို့ကို နှုတ်ဆက်ရမယ်။ ဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ!”

အသက်(၃၀)ခန့်ရှိ လူလတ်ပိုင်းအမျိုးသမီးတစ်ဦးသည် သူမ၏မျက်နှာပေါ်တွင် အပြုံးဖြင့် ပြောလိုက်သည်။

​ရှောင်နင်အာကတော့ လုံးဝမပြုံးမိပေ။

ဟန်ရှင်း ကုမ္ပဏီ၏ ဖန်ဂျန်ဟာကြားလိုက်ရသောအခါ သူမသည်ရွံရှာသွားသည်။

ခဏနားပြီးနောက် လူလတ်ပိုင်းအမျိုးသမီးက “ဖန်ဂျန် ၏ဟန်ရှင်း ကုမ္ပဏီသည် IPOတစ်ခုအတွက် စတင်လျှောက်ထားနေပြီဟု ကြားသိရသည်။ မကြာမီတွင် သူသည် စာရင်းဝင်ကုမ္ပဏီတစ်ခု၏ သူဌေးဖြစ်လာတော့မှာ”

ထိုအချိန်တွင် သူမ၏မျက်လုံးများသည် အလင်းရောင်ဖျော့ဖျော့နှင့် လင်းလက်လာသည်။

ထိုအချိန်တွင်၊ လူလတ်ပိုင်းအမျိုးသမီး သည်ရှောင်နင်အာရှေ့တွင် ရပ်နေသော လူငယ်တစ်ဦး ရှိနေသည်ကို သတိပြုမိလိုက်ပြီး သူမသည် မတွေးမိနိုင်ကာ”ဒါက?”ဟုမေးလိုက်သည်။

လင်းဖန်၏ စူးစမ်းလေ့လာမှုနှင့် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်သည် မည်မျှ ထူးချွန်သနည်း။

ရှောင်နင်အာသည် ဖန်ဂျန်ကို ရွံရှာကြောင်း အလွယ်တကူ မြင်နိုင်သည်။

တစ်ချိန်တည်းမှာပင်၊ သက်လတ်ပိုင်းအမျိုးသမီးသည် လိုက်ဖက်ညီသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်ဖန်ဂျန်အား တမင်တကာ ချီးမွန်းနေကြောင်းတွေ့မြင်နိုင်သည်။

လင်းဖန် နှင့် ရှောင်နင်အာ သည် တစ်ကြိမ်သာ တွေ့ဆုံဖူးသည်။

သို့သော် ထိုအချိန်တွင် သူတို့နှစ်ဦးသည် ချစ်သူဖြစ်ခြင်းထက်ကျော်တဲ့အရာကိုလုပ်ခဲ့လေသည်။

ထိုအခြေအနေတွင် ရှောင်နင်အာသည် သူမ၏ကိုယ်ပိုင်အမျိုးသမီးဖြစ်သည်။

ဒါကြောင့် လင်းဖန်ကရှောင်နင်အာ ရဲ့ သွယ်လျတဲ့ခါးကို ဖက်ထားရင်း လက်ကိုမြှောက်လိုက်ကာ”ငါက ရှောင်နင်အာရဲ့ ချစ်သူ လင်းဖန် ပါ” လို့ပြောလိုက်သည်။

ရုတ်တရက် လူအများရှေ့တွင် သူမ၏ခါးကို ဖက်လိုက်သည့် အတွက်ရှောင်နင်အာက လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် သူမအားဘယ်လောက်သုံးသုံး တစ်ချက်မှရွှေ့၍မရပေ။

လင်းဖန်၏ နွေးထွေးမှုကို သူမ ခံစားလိုက်ရသောအခါ သူမ၏ လှပသော မျက်နှာသည် နီမြန်းလာပြန်သည်။

ဆန့်ကျင်ဘက်တွင် ရပ်နေသော သက်လတ်ပိုင်း အမျိုးသမီးသည် လင်းဖန်၏ အဖြေကို နားထောင်ပြီး လင်းဖန်၏ လှုပ်ရှားမှုများကို ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။

ခဏအကြာတွင် သူမက “ဟုတ်...ဟုတ်လား။ ဒါပေမယ့် ရှောင်နင်အာ နင်​ပြောတာကို ငါ တစ်ခါမှ မကြားဖူးဘူး” လို့ ပြောလိုက်သည်။

ဒီစာကြောင်းက အပေါ်ယံမေးခွန်းဆိုပေမဲ့တစ်​ယောက်နဲ့တစ်ယောက်ကိုသွေးခွဲနေတာပင်ဖြစ်သည်။

လင်းဖန်က သိပ်ဂရုမစိုက်ဘဲ အေးအေးဆေးဆေးပြောလိုက်သည်”ဒါက သူမကိုအပြစ်တင်စရာမလိုပါဘူး၊ကျနော်မပြောခိုင်းတာပါ”

လင်းဖန် ၏အဖြေသည် သက်လတ်ပိုင်းအမျိုးသမီးအား ဂွမ်းစကို လက်သီးဖြင့်ထိုးသည့်ခံစားချက်ကို ပေးစွမ်းသည်။

သူမ လင်းဖန်ကို အပေါ်အောက် ငုံ့ကြည့်ရုံမှ မတတ်နိုင်ဘဲ “မင်း ပေကျင်းမှာ အလုပ်လုပ်တာမဟုတ်ဘူးလား”

လင်းဖန်က ခေါင်းခါပြီး “ကျနော် က ကျန်ပေ့တက္ကသိုလ်မှာ ကျောင်းတက်နေတယ်”

“ကျောင်းသားပဲရှိသေးတာလား” သက်လတ်ပိုင်း အမျိုးသမီးက အံ့သြစွာ မေးလိုက်သည်။

သက်လတ်ပိုင်းအမျိုးသမီးတွေရဲ့ အံ့အားသင့်စရာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ရှောင်နင်အာကပုံမှန်ပင်ဖြစ်သည်။

လင်းဖန် နဲ့ ပေါင်းသင်းဆက်ဆံပြီးတဲ့ နောက်မှာတော့ သူမဟာ လင်းဖန်သည်ကျောင်းသားတစ်ယောက်လို့ ခံစားလာရလို့ပင်ဖြစ်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ် ပြဿနာရှိလို့လား?”

“မရှိပါဘူး၊မရှိပါဘူး။” လူလတ်ပိုင်း အမျိုးသမီးက ပြောလိုက်သည်။

လင်းဖန် က “စကားမစပ်၊ မင်း ရှောင်နင်အာနဲ့အတူညစာသွားစားကြမယ်လို့ ငါကြားလိုက်သလားလို့၊သူ့ချစ်အနေနဲ့ငါလည်းလိုက်ခဲ့သင့်တယ်”

သက်လတ်ပိုင်းအမျိုးသမီးက ချီတုံချတုံနဲ့ပြောတယ် “ဒါ...ဒါက ငါတို့ကုမ္ပဏီရဲ့ ညစာစားပွဲလေ၊လိုက်ဖို့မသင့်ဘူးထင်တယ်...”

လင်းဖန်က “တကယ်လား? ဒါဆိုရှောင်နင်ဒီည ညစာစားပွဲကိုမလိုက်နိုင်တော့ဘူး။ဘာလို့လဲဆိုတော့သူမကငါနဲ့ညစာစားမယ်လို့ချိန်းထားလို့လေ .”

ရှောင်နင်အာကလင်းဖန်သည် သူ့မကိုယ်ကူညီနေသည်ကိုနားလည်သည်။

ဒါနဲ့ သူက “လင်းဖန် နဲ့ ညစာမစားရတာကြာပြီ။”

“သူ ငါနဲ့ ကျူတန်ဟိုတယ်ကို မသွားနိုင်ဘူးဆိုမှတော့ ဒီညစာစားပွဲမှာ ငါမပါဝင်တော့ဘူး အစ်မချင်ကျေးဇူးပြုပြီး ဒီအကြောင်းကိုမစ္စတာဝမ် နဲ့ တခြားသူတွေကိုပြောပေးလို့ရမလား”

ရှောင်နင်အာစကားပြောနေစဉ်တွင် သူမသည် လင်းဖန် နှင့်အတူအဝေးဆုံးသို့ ထွက်ခွာသွားတော့မည်ဖြစ်သည်။

ညီအစ်မ ချင်က ကမန်းကတန်းပြောလိုက်သည်။ “မင်းဘာလို့ ထွက်သွားမှာလဲ။ ငါ...တို့နဲ့အတူတူလိုက်တာကနည်းနည်းတော့ မသင့်တော်လှဘူး”

“ဒါပေမဲ့လင်းဖန် က သွားချင်တာဆိုတော့ ပြဿနာမရှိပါဘူး”

သိရန်…

သူမသည် မစ္စတာ ဝမ် နှင့်ဖန်ဂျန်တို့ကရှောင်နင်အာကိုပါအောင်ခေါ်လာခိုင်းသည်။

ရှောင်နင်အာသာမလိုက်ဘူးဆိုရင်သူမပြောခံရမှာသေချာလေသည်။

ထို့ကြောင့်သူမသည်လင်းဖန်ကိုပါလိုက်ခွင့်ပြုလိုက်ရခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ရှောင်နင်အာလိုက်​သမျှတော့ အဆင်ပြေသည်။

ရှောင်နင်အာသည် လင်းဖန်ကိုကြည့်ကာ သူ့ထင်မြင်ချက်ကို တောင်းခံနေပုံပေါ်သည်။

လင်းဖန် က “ဒါဆိုရင် ကျူတန်ဟိုတယ် ကို သွားကြရအောင်”

...

ကျူတန်ဟိုတယ်သည် ပေကျင်းရှိ အလွန်ကျော်ကြားသော ဟိုတယ်တစ်ခုဖြစ်သည်။

ဤနေရာတွင် အလှဆင်ခြင်းနှင့်ဟင်းပွဲများသည်အလွန်အဆင့်မြင့်ကြသည်။

ထိုအချိန်တွင် ဘီယာဗိုက်ရှိလူများသည်ဘောက်စ်(အခန်း) 006 ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ၀င်သွားကြသည်။

ထိပ်ပြောင်နေသော ဝမ်စီက သဘောကျစွာ ပြုံးလိုက်ပြီး “မစ္စတာ လီ မစ္စတာ ကျောက် ကြိုဆိုပါတယ်!”

ထို့နောက် သူက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်- “အိုး! ဖန်ဂျန်မင်းကိုနွေးထွေးစွာ ကြိုဆိုပါတယ်!”

“မစ္စတာဝမ်၊ မင်းက ယဉ်ကျေးလွန်းနေပြီ။”

ဖန်ဂျန်က သူ့လက်ကို ဝှေ့ယမ်းပြီးပြောလိုက်သည်။

ဝမ်စီ က “ဒါကယဉ်ကျေးတာမဟုတ်ပါဘူး။ ငါပျော်ပြီး စိတ်လှုပ်ရှားနေတာပါ”

“ဖန်ဂျန် ကျေးဇူးပြုပြီး မင်းရဲ့ထိုင်ခုံမှာလာထိုင်ပေးပါ”

All Chapters