← Chapters

ကျူခိုင်

Vol. 25 Ch. 372

ကျူခိုင်

Vol. 25 Ch. 372

ဖန်ဂျန်က “မစ္စတာဝမ်က ကျွန်တော့်ကို ဖိတ်တဲ့အတွက် ကျွန်တော် လဲအားမနာတော့ဘူး”

ထို့နောက် ဝမ်စီက မစ္စတာ လီ နှင့် မစ္စတာကျောက် တို့ကို ထိုင်ရန် စီစဉ်ပေးလိုက်သည်။

လူအနည်းငယ်ထိုင်ပြီးနောက်စကားပြောကြပြီး လေထုသည် လိုက်ဖက်ညီသည်ဟု ယူဆလို့ရသည်။

ဤအခိုက်အတန့်တွင် ဖန်ဂျန်သည် အခန်းတံခါးကို တစ်ချက်ကြည့်လိုက်ပြီး “မင်းတို့အားလုံး ဒီကိုရောက်နေကြပြီလား?”

ဝမ်စီက ဖန်ဂျန် ရဲ့ အဓိပ္ပါယ်ကို နားလည်လိုက်သည်။

သူက ရှောင်နင်အာကို မကြာခင် ဒီကိုလာဖို့ တောင်းဆိုနေတာပင်ဖြစ်သည်။

ဒါကြောင့်သူက ပြုံးပြီးပြောလိုက်သည်။” သူတို့လမ်းမှာရောက်နေပါပြီ၊ငါတို့ထမင်းအရင်စားကြရအောင် “

ဖန်ဂျန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ၊ စားကြရအောင်”

ထို့နောက် ဝမ်စီ သည် စားပွဲပေါ်ရှိ ဝန်ဆောင်မှုခလုတ်ကို နှိပ်လိုက်သည်။

ခဏအကြာတွင် အရပ်ရှည်ရှည်ရျိသောစားပွဲထိုး အမျိုးသားတစ်ဦး ဝင်လာပြီး “မစ္စတာဘယများမှာစရာရှိလို့လဲ”

ဝမ်စီက “ငါတို့မှာထားတာတွေလာချပေးတော့။”

“ကောင်းပြီ၊ ခဏစောင့်ပေးပါ” စားပွဲထိုးက ပြောလိုက်သည်။

စားပွဲထိုး ထွက်သွားပြီးသိပ်မကြာခင်မှာပဲ စင်္ကြံမှာ ခြေသံများထွက်ပေါ်လာသည်။

ထို့နောက် ညီအစ်မ ချင်၊ ရှောင်နင်အာ နှင့် လင်းဖန်တို့သည် တယောက်ပြီးတယောက် အခန်းထဲသို့ ဝင်လာကြသည်။

ဖန်ဂျန် သည် ရှောင်နင်အာ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် စိုက်ကြည့်ပြီးနောက် သူ့မျက်လုံးများ အနည်းငယ် တောက်ပလာသည်။

ဝမ်စီ က သူ့မျက်လုံးထဲမှာ သူ့ရဲ့ တုံ့ပြန်မှုကို မြင်ပြီး “နောက်ဆုံးတော့ မင်းဒီကို ရောက်ပြီပဲ၊ငါတို့ စောင့်နေတာကြာပြီ!”

ထို့နောက် ချက်ချင်းပင် သူက “လီချင်၊ မင်းက မစ္စတာကျောက် ရဲ့ဘေးမှာ ထိုင်လိုက်၊ ဒီနေ့ မင်းရဲ့တာဝန်က မစ္စတာကျောက်ကို ကောင်းကောင်းပြုစုဖို့ပဲ!”

“ရှောင်နင်အာ၊ မင်း ကဖန်ဂျန်ဘေးမှာ ထိုင်၊ ဒီနေ့ မင်းရဲ့တာဝန်ကဖန်ဂျန် ကို ပြုစုဖို့ပဲ!”

ထိုသို့ပြောပြီးနောက် ဝမ်လီသည် သူ့ဘေးနားမှ ထိပ်ပြောင်သောလူဆီသို့ လှည့်ကာ “ငါ့ရဲ့တာဝန်မှာ ဥက္ကဌ လီကို ပြုစုရန်ဖြစ်သည်။”

(မှတ်ချက်။ ။ပြုစုတယ်ဆိုတာကဝိုင်တွေဘာတွေလောင်းထည့်ပေးတာတို့ပါ။ဟိုလိုမဟုတ်ပါဘူး)

မစ္စတာလိက ပြုံးပြီး “ဟာဟား။ ကောင်းပါပြီ”

ဘောက်ထော်၏ လေထုသည်လည်း တက်ကြွနေသည်။

သို့သော်…

လင်းဖန်က ဝမ်စီကိုကြည့်ကာ “ရှောင်နင်အာ က ဖန်ဂျန်ကိုဒီညစာစားပွဲမှာမပြုစုနိုင်တဲ့အတွက်ဆော့တီးပါဗျ” လို့ပြောလိုက်သည်။

ဒါကိုကြားတော့ဝမ်စီအနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

အခန်းထဲတွင် မရင်းနှီးသော လူငယ်တစ်ယောက်ရှိနေသည်ကို သူသတိပြုမိလိုက်သည်။

“ဟုတ်လား?”

“ကျွန်တော်က လင်းဖန် ပါ၊ ရှောင်နင်အာ ရဲ့ ချစ်သူ” လင်းဖန်က အေးအေးဆေးဆေးပြောလိုက်သည်။

လင်းဖန်ပြောပြီးတာနဲ့ မူလက အသက်ဝင်သောအခန်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ဖန်ဂျန်သည် အောက်သို့ဖြည်းညှင်းစွာ ငုံ့ကြည့်လိုက်ရာ ရှောင်နင်အာ သည် လင်းဖန်နှင့် လက်ဆွဲထားသည်ကို တွေ့လိုက်ရသည်။

သူ့မျက်နှာသည် ချက်ချင်းပင် ရုပ်ဆိုးသွားတော့သည်။

ဝမ်စီက ဒီလိုအဖြစ်မျိုး ဖြစ်လာဖို့ လုံးဝ မမျှော်လင့်ထားပေ။ ဖန်ဂျန်၏မျက်နှာပြောင်းလဲသွားသည်ကိုမြင်ပြီးနောက် သူ့စိတ်ပူသွားလေသည်။

ထို့ကြောင့် သူက “ရှောင်နင်အာ မင်းမှာ ရည်းစားရှိတာလား? ဟိုအရင်တုန်းက မင်း ကစင်ဂယ်လို့လို့ မပြောဘူးလား။”

ဝမ်စီဟာ ​​ကုမ္ပဏီတစ်ခုရဲ့ သူဌေးဖြစ်လာဖို့ အရည်အချင်းတစ်ချို့ရှိတယ်လို့ ပြောရမဘ်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ရှောင်နင်အာသည် တစ်ကိုယ်တည်းဖြစ်ကြောင်း အစောပိုင်းက ဖန်ဂျန်အား ပြောခဲ့သည်။

ဒီစကားက…

တစ်အချက် သူပြောတဲ့အချက်အလက်တွေရဲ့ စစ်မှန်မှုကို ထောက်ပြဖို့ပင်ဖြစ်သည်။

ဒုတိယချက်မှာ ဖန်ဂျန် သည် လင်းဖန်သည်ရှောင်နင်အာ၏ ချစ်သူ ဟုတ်မဟုတ်ဆိုတာဖော်ထုတ်ရန် ကူညီပေးရန် ဖြစ်သည်။

တတိယအချက်မှာ လင်းဖန် နှင့် ရှောင်နင်အာတို့အကြားသွေးကွဲရန်ဖြစ်သည်။

ရှောင်နင်အာ က ထိုင်ချလိုက်ပြီး “ဒါ... မစ္စတာဝမ်၊ မင်းမှတ်ဉာဏ်မှားနေတာနေမယ်” လို့ပြောလိုက်သည်။

သူမသည် လုပ်ငန်းခွင်တွင် ၀ါရင့်သူတစ်ဦးလည်းဖြစ်သည်။

ယေဘူယျပြဿနာဖြစ်ခဲ့လျှင်ရှောင်နင်အာသည် ဤကဲ့သို့ ထိုင်နေမည်မဟုတ်သည်မှာ သေချာသည်။

ရှောင်နင်အာ သည် သူမ၏လက်ချောင်းများမှတစ်ဆင့်နွေးထွေးမှုနှင့် လင်းဖန် ၏ခန္ဓာကိုယ်ပေါ်ရှိ ယောက်ျားပီသသောဝိညာဉ်ကို ခံစားလိုက်ရသည်။

ရောက်ရှိလာသူအားလုံးက ရှောင်နင်အာ၏ စိတ်လှုပ်ရှားဖွယ်အသွင်အပြင်ကို ကြည့်နေကြသည်။

သူတို့စိတ်ထဲမှာတော့ထင်ကြေးအမျိုးမျိုးရှိနေကြသည်။

ဖန်ဂျန်၏မျက်လုံးများသည် ခဏတာပြောင်းလဲသွားကာ သူဘာတွေတွေးနေမှန်းမသိပေ။

ထိုအချိန်တွင် စားပွဲထိုးမှ ထူးထူးခြားခြား လှပပြီးအရသာရှိသောဟင်းပွဲများကို တစ်ခုပြီးတစ်ခု ယူဆောင်လာခဲ့သည်။

အစားအသောက်ထားလိုက်သည်နှင့် အခန်းထဲတွင် စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့တစ်ခု ပေါ်လာပြီး စားချင်စိတ်ကို ပွင့်စေသည်။

လူတိုင်းအတွက် ဝိုင်တစ်ခွက်လောင်းထည့်ပေးပြီးနောက် မစ္စတာ ဝမ် က “ဒီနေ့ CEO တော်တော်များများကို ညစာအတူစားခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်၊အဲ့အတွက်ငါဒီတစ်ခွက်ကိုသောက်ပါရစေ’’ လို့ ပြောလိုက်သည်။

“ဂရု!”

ဝိုင်တစ်ခွက်သောက်ပြီးနောက် အခန်းအတွင်းရှိ လေထုသည် အနည်းငယ် တိုးတက်လာခဲ့သည်။

ညီအစ်မ ချင်က အဲဒီအထဲမှာ စကားပြောပြီး ရယ်မောနေသည်။

ရှောင်နင်အာသည် သူမဘေးတွင် တိတ်တိတ်ဆိတ်ဆိတ်ထိုင်ကာ အစားအစာအနည်းငယ်ကို တိတ်တိတ်ဆိတ်ဆိတ် စားနေသည်။

လင်းဖန်က သူမရှိ ဝိုင်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး “နင်အာ၊ ငါတို့ သောက်မလား?”

သောက်မလား

ရှောင်နင်အာသည် ထိုညကို တွေး၍ မတတ်နိုင်ဘဲ သူမလည်း အဲ့အချိန်ကသောက်ခဲ့ပုံရသည်။

ထို့ကြောင့် ထိုညက ပုံရိပ်သည် သူမ စိတ်ထဲသို့ တိုးဝင်လာပြန်သည်။

ဒါတောင် သူမကသောက်ရသေးဘူး။

သို့သော် သူမ၏ လှပသော မျက်နှာသည် နီမြန်းနေပြီဖြစ်သည်။

ခဏအကြာတွင်ရျောင်နင်အာသည် ဝိုင်ဖန်ခွက်ကို ကိုင်ဆောင်ထားဆဲဖြစ်သည်ကို လင်းဖန် သတိပြုမိသည်။

“ငါမသောက်တတ်ဘူး ဒါဆိုရင်ရောတစ်ငုံလောက်သောက်ပြီးတာနဲ့ရပ်လိုက်တော့မယ်’’

လင်းဖန်က “ကောင်းပြီ။”

“ဒင်း!”

နှစ်ယောက်သား၏ ဝိုင်ခွက်ကို ထိလိုက်သောအသံထွက်လာကာ လင်းဖန်သည် ဝိုင်ကိုတစ်ရှိန်ထိုး သောက်လိုက်သည် ။

ရှောင်နင်အာက သူမပြောသည့်အတိုင်း တစ်ငုံသောက်လိုက်သည်။

ဒါကိုမြင်တော့ ပင်မထိုင်ခုံမှာထိုင်နေတဲ့

ဖန်ဂျန်က အနည်းငယ်ရုပ်ပျက်သွားသည်။

ဒါကြောင့်မစ္စတာကျောက်က သူ့(ဖန်ဂျန်)ဆီဖန်ခွက်ကို မြှောက်လိုက်ပြီး “ ဖန်ဂျန် ငါ မင်းကို တစ်ခွက်နဲ့ဆုတောင်းပေးလိုက်တယ်၊ ဟန်ရှင်း ကုမ္ပဏီ ဒီထက်မက ပိုအောင်မြင်လာပါစေ !”

ဖန်ဂျန်က “ကောင်းပါပြီ!”

ခဏကြာတော့ မစ္စတာ လီ က သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး “ဖန်ဂျန်၊ ငါလည်း မင်းကို ဒီဖန်ခွက်နဲ့ဆုတောင်းပေးလိုက်တယ်၊၊ IPO လျှောက်တဲ့လမ်းမှာ ဟန်ရှင်း ကုမ္ပဏီကမြင်နက်တစ်ကောင်လိုကျော်ကြားပါစေ”

ဖန်ဂျန်က ပြုံးပြီး “မစ္စတာလီရဲ့ဆုစကားအတွက် ကျေးဇူးတင်ပါတယ်”

ပြီးနောက်သူက ထပ်ပြောလိုက်သည်။ “ဒါပေမယ့် မင်းတို့ ငါမသောက်တော့ဘူး၊ငါတော့ အလှလေးနှစ်ယောက်နဲ့သောက်လိုက်မယ်!”

စကားပြောနေတုန်း ဖန်ဂျန် က ဝိုင်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရှောင်နင်​အာကို “မစ္စ ရှောင်၊ သောက်ရအောင်၊ ဘယ်လိုလဲ”

ရှောင်နင်အာ သည် တုံ့ဆိုင်းနေသောအရိပ်အမြွက်ပြလိုက်သည်။

လင်းဖန် က “တောင်းပန်ပါတယ်မစ္စတာ၊ရှောင်နင်အာ က မသောက်တတ်ဘူး။ မင်းသောက်ချင်ရင် သူ့အစား မင်းနဲ့အတူ ငါသောက်ပေးနိုင်ပါတယ်”

ဒါကိုကြားတော့ဖန်ဂျန် ၏မျက်နှာသည် အနည်းငယ် ညှိုးကျသွားသော်လည်း သူက ပြုံးကာ “တကယ်လား? မင်းရည်းစားကို အကာအကွယ်ပေးတာ မဆိုးဘူး!”

အခန်းထဲတွင် စကားစမြည်ပြောခြင်း၊ သောက်ခြင်း၊ အစာစားခြင်းများ ပြန်လည်စတင်ခဲ့သည်။

ယခင်က လင်းဖန်သည် ပေကျင်းကိုအနည်းငယ်လှည့်လည်ခဲ့သော်လည်း အိမ်သာသို့ မရောက်ဖူးပေ။

ယခုအခါ ဝိုင်နှင့် ဟင်းချိုအချို့ သောက်ပြီးနောက်တွင် သူ၏ဝမ်းဗိုက်အောက်ပိုင်း၌ အနည်းငယ်ဖောင်းလာသည်ဟု ခံစားခဲ့ရသည်။

လင်းဖန်၏ ကိုယ်လုံးကိုယ်ပေါက်က သူမန်လူများနှင့်လုံးဝမယှည်မရပေ။

သို့သော် သာမန်လူများ၏ အရေးကြီးဆုံးချက်ကိုတော့ရှောင်လွှဲ၍မရသေးပေ။

လင်းဖန်သည် ရှောင်နင်အာအား ပြောပြီးနောက် အိမ်သာဆီသို့ လျှောက်သွားသည်။

သူ အိမ်သာထဲက ထွက်လာတော့ နည်းနည်း ခံ့ညားတဲ့ ပုံပေါက်တဲ့ လူငယ်တစ်ယောက်နဲ့ တွေ့လေသည်။

မူလက လူငယ်သည် ခေါင်းကို စောင်းကာ လမ်းလျှောက်လာခဲ့သည်။

သို့သော် လင်းဖန်ကို မြင်လိုက်သောအခါတွင် သူ၏ရုပ်သည် ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းကို အလိုအလျောက် ငုံ့ထားလိုက်မိသည်။

ထို့နောက် အလွန်ရိုသေသော လေသံဖြင့် “လင်း... မစ္စတာလင်း”

လင်းဖန်သည် ထိုလူကို အနည်းငယ် ငုံ့ကြည့်ကာ “မင်းကဇောင် မိသားစုကလား။”

လူငယ်သည်လင်းဖန်ကသူ့ကို မှတ်မိဖို့ကိုမမျှော်လင့်ထားသောကြောင့်စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ ငါ့နာမည် က ကျူခိုင် ပါ၊ ဇောင်စန်းဟိုင်ကငါ့ရဲ့ယောက္ခမပါ’’

ဇောင် မိသားစု၏ထောက်တိုင်ဖြစ်သောဖခင်သည် အပြင်းဖျားနေချိန်တွင် ကျူခိုင် သည် ပထမအကြိမ်တွင် သူ့ကို သွားရောက်ကြည့်ရှုခွင့်မရှိပေ။

သို့သော်လည်း ဇောင် မိသားစုသည် အန္တရာယ်ရှိသောကာလကို ကျော်လွန်ပြီးနောက်၊ ကျူခိုင် နှင့် သူ့အဖေသည် ဇောင် မိသားစုထံ သွားခဲ့သည်။

ဇောင်၏အိမ်သို့သွားသောအခါတွင်လည်း ကျူခိုင် သည် ဇောင်အဘိုးအိုကိုအဝေးမှကုသပေးသောလူငယ်ကိုတွေ့လိုက်ရသည်။သူကတော့လင်းဖန်ပင်ဖြစ်သည်။

မိသားစုတွေ့ဆုံပွဲမှာ ဇောင် မိသားစုက ဘယ်သူပဲဖြစ်ပါစေ လင်းဖန်ကိုမြင်ရင် သူ့ကိုယ်မြင်တဲ့အတိုင်းလေးစားရမယ်လို့ လူသိရှင်ကြားပြောကြားခဲ့သည်။

နောက်ပိုင်းမှာ လင်းဖန်အဘိုး မွေးနေ့ကိုရောက်သောအခါ အဘိုး ဇောင် လည်း ချန်ပြည်နယ် ချင်ရှီ ကို ကိုယ်တိုင်သွားခဲ့သည်။

ဤအရာအားလုံးသည် အဘိုး

ဇောင်၏နှလုံးသားတွင် လင်းဖန်ကို မည်မျှတန်ဖိုးထားကြောင်းကို ပြသနေသည်။

All Chapters