ပါးရိုက်ခြင်း
Vol. 25 Ch. 373
ထို့အပြင် လင်းဖန်သည် ကျူဝမ်မင် ၏မြေးအသက်ကို ကယ်တင်ခဲ့ကြောင်းကျူခိုင်မှကြားသိရသည်။
အဘိုးလင်းဖန်က သူ့မွေးနေ့ကို လာတဲ့အချိန်မှာတောင် အဖိုး ကျူဝမ်မင်ကလဲလင်းဖန်အဘိုးမွေးနေ့ကို အတူကျင်းပဖို့ ခေါင်းဆောင်တော်တော်များများကို ခေါ်လာခဲ့သည်။
လူတစ်ဦးသည် ဇောင်မိသားစုနှင့်ကျူ မိသားစုနှင့် ကောင်းသောဆက်ဆံရေးရှိသ
ထို့ကြောင့် ကျူခိုင်သည် လွန်ခဲ့သည့်လအနည်းငယ်က လင်းဖန်နှင့် အဝေးမှပင် တွေ့ဆုံခဲ့သေးသည်။
သို့သော် သူသည် လင်းဖန်၏ အသွင်အပြင်ကို သူ့နှလုံးသားထဲတွင် မှတ်သားထားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် တစ်နေ့တွင် လင်းဖန် နှင့်တွေ့ဆုံနိုင်ပြီး စကားအနည်းငယ်ပြောရန် သို့မဟုတ် ဆက်ဆံရေးအနည်းငယ်ရှိရန် အိပ်မက်မက်နေသောကြောင့်ဖြစ်သည်။
မထင်မှတ်ပဲ၊ အခု လက်တွေ့ဖြစ်လာလေသည်။
လင်ဖန်က ခေါင်းညိတ်ပြီး “အဘိုးဇောင်ကျန်းမာရေးရောဘယ်လိုနေလဲ”
ဇောင်တန် အပေါ် လင်းဖန်၏အမြင်မှာ အလွန်ကောင်းသည်။
ကျူခိုင် က “မစ္စတာ လင်းရဲ့ ကောင်းချီးကြောင့်အဘိုးကလုံးဝကိုကျန်းမာရေးကောင်းတယ်”
“အရင်ကထက်တောင်ထမင်းပိုစားလာတယ်.. မင်းက ဇောင် မိသားစုရဲ့ ကျေးဇူးရှင်ဖြစ်တယ်လို့ မကြာခဏပြောလေ့ရှိတယ်။ မင်းကိုတွေ့တဲ့အခါ သူ့ကိုတွေ့တဲ့အတိုင်းပဲလေးစားသင့်တယ်ပြောတယ်.....”
ကျူခိုင် က နောက်ပြောင်နေတာမဟုတ်ဘူးဆိုတာကို လင်းဖန်ကသိတော်ခေါင်းညိတ်ပြလိုက်သည်။
ပြီးနောက်လင်းဖန်က “အဘိုးကြီး ဇောင် က ယဉ်ကျေးလွန်းနေပြီ။ နှစ်ရက်ကြာရင် ငါ သူ့ကို တွေ့ဖို့ ဇောင်အိမ်ကို လာခဲ့မယ်။”
“မစ္စတာလင်းပြောတာကိုအဘိုးကြီးသိရင် အရမ်းပျော်မှာပဲ” ကျူခိုင်ကစိတ်လှုပ်ရှားစွာပြောလိုက်သည်။
လင်းဖန်က “ဒီမှာညစာလာစားတာလား”
“ဟုတ်တယ်၊ ဒီနေ့ သူငယ်ချင်းနည်းနည်းပါးပါးနဲ့ ဆုံးတုန်းညစာလာဟားတာပါ.” ကျူခိုင်က ပြောသည်။
“ဒါဆို မင်းသွားတော့လေငါလည်းပြန်သွားစားလိုက်အုံးမယ်” လင်းဖန်က ပြောသည်။
“ဟုတ်ကဲ့ ကျေးဇူးပြုပြီး...” ကျူခိုင်က လုံးဝမနှောင့်နှေးဘဲ ကမန်းကတန်းလမ်းဖယ်ပြီးပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြပြီး အခန်း 006 ဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။
လင်းဖန်သည် အခန်းနံပါတ် 006 တံခါးကိုဖွင့်သည့်တိုင်အောင် ကျူခိုင်က ဆက်လက်စောင့်ကြည့်နေပါသည်။
…………
ဤအချိန်အခန်းနံပါတ်006 တွင်၊
ဖန်ဂျန် က ဝိုင်ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး “မစ္စ ရှောငမ၊ ငါ မင်းနဲ့အတူတစ်ခွက်လောက်သောက်ရအောင်” လို့ပြောလိုက်သည်။
ရှောင်နင်အာက “တောင်းပန်ပါတယ် မစ္စတာ၊ငါသိပ်မသောက်တတ်လို့ပါ”
သူ့ကိုငြင်းလိုက်တာလဲ
ဖန်ဂျန်က မျက်မှောင်ကြုတ်လိုက်သည်။
မသောက်တတ်ဘူးလား
လင်းဖန်နဲ့ကျမင်းသောက်တယ်မဟုတ်ဘူးလား
ဤအဖြစ်အပျက်သည် ဖန်ဂျန် ၏ စိတ်အားနှိုးဆွပေးပုံရသည်။
သူက စားပွဲပေါ်ကနေ တိုက်ရိုက်ထပြီးရှောင်နင်အာနားကပ်ကာ”မစ္စ ရှောင်၊ ရှက်စရာမလိုပါဘူး၊သောက်လိုက်စမ်းပါ’’
ရှောင်နင်အာသည် ဖန်ဂျန်ကသူ့မနားကိုအဆက်မပြတ်တိုးလာသည်ကိုမြင်တာနဲ့သူ့မသည်ဖန်ဂျန် ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး “ဖန်ဂျန်၊ မင်းဘာလုပ်နေတာလဲ?”
ဖန်ဂျန်သည်ထိုအချိန်တွင်အများကြီးသောက်ထားသောကြောင့်သူ့ခန္ဓာကိုယ်က နည်းနည်းယိုင်နေသည်။ရှောင်နင်အာ ဖြည်းညှင်းစွာ တွန်းလိုက်သောအခါတွင် သူလက်ရှိဝိုင်များသည်သူ့ခန္ဓာကိုယ်ပေါ်သို့ မတော်တဆ ဖိတ်ကျသွားပြီး လူတစ်ကိုယ်လုံး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
“ဖန်ဂျန် မင်းအဆင်ပြေရဲ့လား”
“ဖန်ဂျန်”
အခန်းထဲကလူတိုင်းကဂရုစိုက်တဲ့အသံနဲ့ပြောလိုက်ကြသည်။
ဖန်ဂျန်သည် လုံးဝ ဒေါသထွက်သွားသည်။ထို့ကြောင့်သူသည် အော်ဟစ်ပြီးနောက် လက်ကိုမြှောက်ကာ ရှောင်နင်အာ ၏မျက်နှာကို ရိုက်ဖို့လုပ်လိုက်လေသည်။
ထိုအချိန်တွင် အခန်းတံခါးသည်ရုတ်တရက်ပွင့်လာပြီးလင်းဖန်ဝင်လာလေသည်။
လင်းဖန်သည်ရှောင်နင်အာကိုရိုက်တော့မယ့်မြင်ကွင်းကိုမြင်လိုက်လေသည်။
ယနေ့တွင်လင်းဖန်၏ တုံ့ပြန်မှုစွမ်းအားနှင့် အရှိန်အဟုန်သည် သာမှန်လူသားထက်ကျော်လွန်ပြီဟုဆိုနိုင်သည်။
ချက်ချင်းဆိုသလိုပဲ၊ သူက ရှောင်နင်အာအနားရောက်လာပြီးဖန်ဂျန် ရဲ့ လက်ဖဝါးကို တိုက်ရိုက်ကိုင်လိုက်လေသည်။
ထို့နောက်လင်းဖန်က အေးစက်စွာပြောလိုက်သည်။ “မင်းဘာလုပ်နေတာလဲ”
ဖန်ဂျန်သည် တုန်လှုပ်ခြောက်ခြားမနေဘဲ “မင်းဘာလုပ်နေတာလဲ၊ဆိုတာကငါမေးချင်တာ၊အခုချက်ချင်းငါ့လက်ကိုလွှတ်စမ်း!”
လင်းဖန်က “လွှတ်ပေးတာကရပါတယ်၊ဒါပေမဲ့အခုချက်ချင်းရှောင်နင်အာကို ချက်ချင်း တောင်းပန်ပြီး ကိုယ့်ကိုကိုယ် ပါး10 ခါလောက် ရိုက်လိုက်”
ဖန်ဂျန် သည်ရှောင်နင်အာ ကို မထိခဲ့ပေ။
ဒါတောင်လင်းဖန်က တစ်ဖက်ကို 10 ချက်လောက်ရိုက်ခိုင်းသေးသည်။
ဒါက လင်းဖန်ပင်ဖြစ်သည်။
တစ်ဖက်သားက သူ့မိန်းမကိုလာရိုက်ချင်နေမှတော့အပြစ်ပေးရတာပေါ့။
ဖန်ဂျန်က ရယ်ပြီး “ ကိုယ့်ကိုကိုယ် ပါး10ချကိရိုက်ရမှာလဲ၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်လဲ၊ မင်းမှာ အရည်အချင်းရှိရင် မင်းကိုယ်တိုင် ငါ့ကိုလာလုပ်လို့ရတယ်။ ငါ့ကိုမြန်မြန်လွှတ်စမ်း!”
စကားပြောပြီးနောက် လက်ကောက်ဝတ်လွတ်မြောက်အောင်ခက်ခက်ခဲခဲ ရုန်းကန်ခဲ့သော်လည်း မလွတ်မြောက်ပဲရှိနေလေသည်။
“အိုး? မင်းက ငါ့ကို ကိုယ်တိုင်ရိုက်ခိုင်းတာလား ဒါဆိုရင်မင်းပြောတဲ့အတိုင်းဖြည့်ဆည်းပေးရတာပေါ့” လင်းဖန်က ပြောလိုက်သည်။
စကားများပြောပြီးသောအခါ လင်းဖန်သည် သူ့လက်ကို မြှောက်ကာ ဖန်ဂျန်ကိုရိုက်လိုက်လေသည်။
“ဖတ့်”
အခန်းထဲတွင်ပါးရိုက်သံကပဲ့တင်ထပ်သွားလေသည်။
တစ်ချိန်တည်းမှာပင် ဖန်ဂျန်၏ မျက်နှာဘယ်ဘက်ခြမ်းတွင် လက်ဝါးယာတစ်ခုပေါ်လာလေသည်။
အခန်းထဲရှိလူတိုင်းက လင်းဖန်သည်ဖန်ဂျန်ကိုတစ်ကယ်ရိုက်လိမ့်မယ်ဟုမမျှော်လင့်ထားသောကြောင့်သူတို့အားလုံး အံသြသွားကြသည်။
ဖန်ဂျန်သည်လဲရိုက်နှက်ခံရသောကြောင့် လုံးလုံး အံ့အားသင့်နေသည်။
လင်းဖန်သည် ထိုမျှလောက်ကိုဂရုမစိုက်ဘဲ အခြားပါးတစ်ဖက်ကို သူတီထွင်ထားသောပါးရိုက်နည်းစနစ်ဖြင့်ရိုက်လိုက်သည်။
“ဖတ့်”
နောက်ထပ်အသံတစ်ခုအခန်းထဲတွင်ပဲ့တင်ထပ်သွားပြန်သာ်။
ထို့နောက် ချက်ချင်းပင်၊ ဖန်ဂျန်သည် သူ့မျက်နှာ၏ အခြားတစ်ခြမ်းပေါ်တွင် လက်ဝါးယာတစ်ခုပြောလာသည်။
“ဖတ့်”
“ဖတ့်!”
…………