← Chapters

ရိုက်စ့်ဂရု

Vol. 25 Ch. 375

ရိုက်စ့်ဂရု

Vol. 25 Ch. 375

ကျူခိုင်က ဒေါသထွက်လာပြီး ဖန်ဂျန် ကို တိုက်ရိုက်ကန်လိုက်သည်။

“ဗွမ်း!”

ဖန်ဂျန်သည် နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မြေပြင်ပေါ်သို့ လဲကျကာကွေးနေလိုက်သည်။

လုံခြုံရေးအစောင့်များစွာရှေ့မှာဝင်တိုက်ခိုက်တာလား။

လူတိုင်း အံသြသွားကြသည်။

လုံခြုံရေးအစောင့်တွေက ခါးပတ်ပတ်ထားတဲ့နေရာကနေတုတ်ချောင်းတွေကို ဆွဲထုတ်လိုက်ကြသည်။

ကျောက်ဖန်က ဒါကိုမြင်လိုက်တဲ့အခါမှာတော့ အေးစက်စက် ချွေးစက်တစ်စက် သူ့နဖူးပေါ်ထွက်ပြီး လုံခြုံရေးအစောင့်တွေကို “အားလုံးတုတ်တွေသိမ်းပြီးငြိမ်ကြစမ်း”ဟုပြောလိုက်သည်။

လုံခြုံရေးအစောင့်တွေက ဒါကိုကြားလိုက်တာနဲ့ သူတို့မျက်နှာမှာ နားမလည်နိုင်တဲ့အမူအရာတွေပေါ်လာသည်။

သို့သော် စကားနှင့်အညီ တုတ်တွေကိုပြန်သိမ်းလိုက်ကြသည်။

ထို့နောက် ကျောက်ဖန် က ခေါင်းငုံ့ကာ အလွန်လေးစားသောလေသံဖြင့် “ မစ္စတာကျူမင်္ဂလာပါ “

ကျူရဲ့ မိသားစုရဲ့အင်အားကသိပ်မကောင်းပေ။

သို့သော် ကျူမိသားစုမှ အမျိုးသမီးသည် ဇောင်မိသားစုနှင့် လက်ထပ်နိုင်ခဲ့သည်။

ဤသည်မှာ ကျူမိသားစုသည် ထူးခြားကြောင်းပြသရန် လုံလောက်ပါသည်။

ကျူခိုင်သည် ကျူမိသားစုဝင်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ကျူခိုင်သည်ဇောင်မိသားစုနဲ့လက်ထပ်သွားသောမိန်းကလေးရဲ့တူဖြစ်သည်။

ကျူခိုင် သည် ကျောက်ဖန်ကို လုံးဝ ဂရုမစိုက်ဘဲ ရှေ့သို့သွားကာ ဖန်ဂျန် ကို ထပ်မံကန်လိုက်ခဲ့သည်။

ဖန်ဂျန်သည် အရိုက်ခံရသောကြောင့် မူးလဲလုဆဲဆဲတွင်လင်းဖန်က “တော်ပြီ” ဟုပြောသည်။

ကျူခိုင်သည် ထိုစကားကိုကြားပြီးနောက် ရပ်တန့်ပြီး နောက်တစ်ကြိမ် ကိုင်းညွတ်ကာ “ဟုတ်ကဲ့ပါ မစ္စတာလင်း” ဟုဆိုသည်။

လင်းဖန်သည် ကြောင်တက်တက်ဖြစ်နေသော ရှောင်နင်အာ၏လက်ကိုကိုင်ကာသူက “ဒါကို ဖြေရှင်းဖို့ မင်းကို ငါထားခဲ့မယ်၊ ပြဿနာရှိလား”

“ကိစ္စမရှိပါဘူး မစ္စတာလင်း၊ စိတ်မပူပါနဲ့၊ ငါ့ကိုထားခဲ့ပါ၊ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မယ်!” ကျူခိုင်က ပြောသည်။

သူပြောခဲ့တဲ့စကားရဲ့ အဓိပ္ပါယ်က အရမ်းရှင်းပါတယ်။ ပြင်းထန်စွာ ရိုက်နှက်ခြင်းသည် ပြင်းထန်သော ပြစ်ဒဏ်မဟုတ်ပေ။

ထို့နောက် ရှောင်နင်အာ အား “ရှောင်နင်အာသွားရအောင်”လို့ပြောလိုက်သဘ်။

“အာ...အာ...အင်း” ထို့နောက် ရှောင်နင်အာ က တုံ့ပြန်ပြောဆိုလိုက်သည်။

ကျူခိုင်သည် လင်ဖန်းကို အခန်းတံခါးအထိလိုက်ပို့ပေလိုက်သည်။

လင်းဖန် နှင့် ရှောင်နင်အာတို့ လုံးဝထွက်သွားပြီးနောက်၊ သူသည် လူသေကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဖန်ဂျန်ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ကျောက်ဖန်အား စိုက်ကြည့်လျက် “ကျောက်ဖန် မင်းက ခုနကမစ္စတာလင်းကို ရိုင်းစိုင်းဖို့စိတ်ကူးနေတာမဟုတ်ဘူးလား” လို့ လေးနက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင်၊ကျောက်ဖန် သည် လင်းဖန်၏ဝိသေသလက္ခဏာသည် အဘယ်ကြောင့် လုံးဝကြောက်စရာကောင်းသည်ကို နားမလည်သောလေသံဖြင့် “မဟုတ်ဘူး၊ မဟုတ်ဘူး” ဟု လျင်မြန်စွာပြောသည်။

ကျူခိုင်ကအဲ့လေသံကိုကြားတော့သူ့အမူရာပြောင်းသွားလေသည်။

ကျောက်ဖန်က “အဲဒီလူက ဖန် မိသားစုကပါ။ပြီးတော့ ဟန်ရှင်းကုမ္ပဏီရဲ့ ဥက္ကဌ ဖန်ဂျန်ပါ။”

ဖန်မိသားစုသည်ပေကျင်းရှိ အလတ်စား မိသားစုအဖြစ် သတ်မှတ်နိုင်သည်။

ဟုတ်ပါတယ်၊ ဖန် မိသားစုကိုတော့ကျူ မိသားစုနဲ့ နှိုင်းယှဉ်လို့မရပေ။

သို့သော် ကျူမိသားစုသည် လဲဖန်မိသားစုကို လုံးဝလျစ်လျူရှုလိုပါက၊ မဖြစ်နိုင်ပေ။

ကျူခိုင် က “ဖန်မိသားစုကို၊ အဘိုးဇောင်ကကိုယ်တိုင်ဂရုစိုက်လိမ့်မယ်”

ကျောက်ဖန်သည် ထိုစကားကိုကြားသောအခါသူ့မျက်လုံးများဝိုင်းစက်သွားသည်။

ပေကျင်းတွင် ဇောင် ဟုခေါ်သော လူများစွာ ရှိကောင်းရှိနိုင်သည်။

ဒါပေမယ့် ကျူခိုင်ပါးစပ်ကထွက်လာတဲ့အဘိုးဇောင်ကတော့ဇောင်မိသားစုရဲ့ထောက်တိုင်ဇောင်တန်ပင်ဖြစ်တယ်ဆိုတာသိသာသည်။

ကျူ မိသားစုသည် ဖန်မိသားစုကို အမှန်တကယ် လျစ်လျူမရှုနိုင်ပေ။

သို့သော် ဇောင် မိသားစု၏အမြင်တွင် ဖန်မိသားစုသည် ပိုကြီးသောပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။

မစ္စတာဝမ်၊ မစ္စတာကျောက်၊ မစ္စတာလီ၊ ညီမ ချင် နှင့် အခြားလူများက ဖန်းဂျန်၏ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ဤအချိန်တွင် ဇောင်မိသားစုမှ အဘိုးကြီးသည် ကိုယ်တိုင်ဝင်ရောက်စွက်ဖက်မည်ကို ကြားလိုက်ရသောအခါ ပို၍ပင် ထိတ်လန့်သွားသည်။

ထိုအချိန်တွင် ကျူခိုင် သည် တစ်ခုခုကို တွေးမိပုံရပြီး စူးရှသော မျက်လုံးတစ်စုံဖြင့် မစ္စတာ ဝမ်၊ မစ္စတာကျောက်၊ မစ္စတာလီ၊ အစ်မချင် နှင့် အခြားသူများကို စူးစူးစိုက်စိုက်ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။’’ မင်းတို့ကလဲ မစ္စတာလင်းကို စော်ကားခဲ့တာလား”

သူတို့လေးယောက်ဒါကိုကြားတော့ အအေးစက်က ချွေးများထွက်လာသည်။

နောက်နေတာလဲ။အဘိုးကြီးဇောင်တောင်ဒီကိစ္စမှာပါနေတယ်လေ။

နှိုးဆော်လိုက်လျှင် အကျိုးဆက်က သူတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

ထို့နောက် ကျူခိုင်က “ဒါဆို မစ္စတာလင်းက ဒီနေ့ ညစာစားဖို့ ဘာလို့ လာတာလဲ”

ဝမ်စီက “လင်... မစ္စတာလင်းရဲ့ အမျိုးသမီးက ငါတို့ ကုမ္ပဏီရဲ့ ဝန်ထမ်းပါ”

ကျူခိုငိက ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်လဲ။

အဲဒါကို ခဏလောက် စဉ်းစားကြည့်တော့ ဘာဖြစ်သွားလဲဆိုတာကိုသိသွားလေသည်။

သူသည် အေးစက်စက် မျက်လုံးဖြင့်သူတို့လေးယောက်ကိုစိုက်ကြည့်လိုက်သည်။

သူတို့လေးယောက်သည်ချက်ချင်းကြောက်ရွံ့သွားလေသည်။

…………

ထုံးစံအတိုင်း၊လင်းဖန်သည် အခန်းထဲတွင် ဘာတွေဖြစ်ခဲ့သည်နှင့် မည်သို့ကိုင်တွယ်နေတာကို မသိခဲ့ပေ။

ထိုအချိန်တွင် လင်းဖန်နှင့် ရှောင်နင်အာတို့ သည် ကျူတန်ဟိုတယ်မှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ပေကျင်းတွင် ကျယ်ပြန့်သော ကတ္တရာလမ်းများနှင့် အကွေ့အကောက်များသော လမ်းများရှိသည်။

ထိုအချိန်တွင်ရှောင်နင်အာသည် အုတ်ခဲတစ်ခုပေါ်သို့ နင်းမိသွားပြီး သူမသည်တစ်ခြားတစ်ဖက်သို့ မတော်တဆ ပြုတ်ကျသွားသည်။

လင်းဖန်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ရှောင်နင်အာ၏ သွယ်လျသောခါးကို ဆုပ်ကိုင်လိုက်သည်။

သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားလေသည်။

( ̄ε ̄)

( ̄3)(ε ̄)

…………

ဂျေဟန် အမည်ရှိ အိမ်ရာ။

ရှောင်နင်အာသည် ဤနေရာတွင် အဆောက်အဦး C ၏ အခန်း 2104 တွင် နေထိုင်သည်။

ယနေ့တွင် C အဆောက်အဦးတစ်ခုလုံး ငလျင်လှုပ်နေပုံရသည်။

…………

နောက်တစ်နေ့ မနက်စောစော။

လင်းဖန်သည် ခြေသံကို ယောင်ဝါးဝါးကြားလိုက်ရသည်။

သူသည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်ရာရှောင်နင်အာသည် ပရော်ဖက်ရှင်နယ် (ရုံးဝတ်စုံကိုဆိုလိုတာပါ)၀တ်စားဆင်ယင်မှုအဖြစ်သို့ ပြောင်းလဲသွားပြီး အပြင်ထွက်ဖို့လုပ်နေတာကိုတွေ့လိုက်သည်။

“နိုးပြီလား?” ရှောင်နင်အာကမေးလိုက်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “မင်း အလုပ်သွားတော့မလို့လား။”

“ဟုတ်တယ်” ရှောင်နင်အာ က ဖြေလိုက်သည်။ ထို့နောက် သူမ လက်ပတ်နာရီကို ငုံ့ကြည့်ကာ “ငါ မင်းကို မပြောရသေးဘူး၊ ငါ ဒီနေ့ အရေးကြီးတာတွေ လုပ်စရာ ရှိတယ်။ စားပွဲပေါ်မှာ မနက်စာနဲ့ သော့ အပို ရှိတယ်...”

“ငါအခုသွားတော့မယ်။”

စကား​ပြောပြီး​နောက်​ သူမသည်အပြင်​သို့ အမြန်​ထွက်​သွားသည်​။

တံခါးပိတ်သံ တိုးတိုးလေးကြားပြီးနောက် တစ်အိမ်လုံး တိတ်ဆိတ်သွားသည်။

ရှောင်နင်အာသည် လင်းဖန် ၏ ထူးခြားသောစွမ်းရည်ကို ယမန်နေ့က မြင်တွေ့ခဲ့ပြီးဖြစ်သည်။

သို့သော်လည်း သူမသည် ယနေ့အချိန်မှန် အလုပ်သွားရန် ရွေးချယ်ခဲ့ပြီး လင်းဖန်နှင့် မနေခဲ့ပေ။

ယင်းနှင့်ပတ်သက်၍...

လင်းဖန်သည် စိတ်မဆိုးရုံသာမက ဆန့်ကျင်ဘက်သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

ဟေးလင်း နှင့် ချူစီရှင်းတို့ကိုလင်းဖန်သည်သည် ၎င်းတို့အား အကောင်းဆုံးအစားအစာနှင့် ဇိမ်ခံအဝတ်အစားများကို ပေးဆောင်သော​ကြောင့်ပျော်ရွှင်နေမည်ဖြစ်သည်။(ပြောချင်တာကဘာမှမလုပ်ပဲပျော်ပျော်ရွှင်နေတာပါ။ပိုက်ဆံကြောင့်လင်းဖန်ကိုရွေးတညမဟုတ်ပါဘူး)

ဟန်တီ နှင့် ချမ်ရီရီ ကဲ့သို့သော သန်မာသော အမျိုးသမီးများလည်း ရှိသည်။(ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်သူများ)

လင်းဖန်သည် ၎င်းတို့ကို သူ့ဘေးတွင် ခိုင်မြဲစွာ ချည်နှောင်ထားရန် ဘယ်တုန်းကမှ မတွေးခဲ့ပေ။

…………

လူတိုင်းမှာ ကိုယ်ပိုင်စရိုက်နဲ့ ဝါသနာတွေရှိကြတာကြောင့်လင်းဖန်သည်ဒညကို ဝင်စွက်ဖက်မှာ မဟုတ်ပေ။

လင်းဖန်သည် ထုံးစံအတိုင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။

ဤအချိန်တွင် မျက်နှာပြင်ပေါ်တွင် စာသားမက်ဆေ့ခ်ျတစ်ခု ပေါ်လာသည်။

“၀:၀၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၇၄၈၉၀၀၀ ရရှိသည်”

လင်းဖန် က ဒါကို ကျင့်သားရနေပြီမို့သူ့အမူအရာက လုံးဝ ပြောင်းလဲမသွားပေ။

ထို့နောက် သူသည် ဆိုင်အင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။

“ဆိုင်းအင်ဝင်မယ်!”

【ဒင်း! ဂုဏ်ယူပါတယ် မင်းဟာ ရိုက်စ့်ဂရုရဲ့ ရှယ်ယာ 51% ကို ရရှိခဲ့သည်။ 】

ဒါကိုကြည့်ရင်းလင်းဖန်၏ အမူအရာ အနည်းငယ် လှုပ်ရှားသွားသည်။

ရိုက်စ့်ဂရုသည် မိုဘိုင်းလ်ဖုန်း၊ ရုပ်မြင်သံကြား၊ လေအေးပေးစက် စသည်ဖြင့် လုပ်ငန်းအမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လုပ်ငန်းတိုင်းသည် အလွန်ကောင်းမွန်သည်။

လင်းဖန်သည် ယခင်က ရိုက်စ့်၏ လက်ကိုင်ဖုန်းကို အသုံးပြုခဲ့ဖူးသည်ကို သတိရမိသေးသည်။

ရိုက်စ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းက လင်းဖန်ကို စိတ်မပျက်စေခဲ့ပေ။

ယနေ့အချိန်တွင် ရိုက်စ်အုပ်စု၏ ဈေးကွက်တန်ဖိုးသည် ယွမ် ဘီလီယံ ၅၀၀ ကျော်သွားပြီဖြစ်သည်။

ရှယ်ယာတွေရဲ့ 51%ဆိုတာက... ငါ့ရဲ့ကိုယ်ပိုင်ပိုင်ဆိုင်မှု ယွမ် ဘီလီယံ 250 တိုးလာတာကိုဆိုလိုတာမဟုတ်ဘူးလား။

လင်းဖန် က ဒါကို တွေးပြီး သူ့နှာခေါင်းကို ပွတ်လိုက်လေသည်။

ထိုအချိန်တွင် လေသည် အဝေးမှ တိုက်ခတ်လာပြီး သူ့စီတည့်တည့်တိုးဝင်လာသည်။

မပိတ်ရသေးသော အိပ့်ခန်းဗီရိုတံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။

နောက်အခိုက်အတန့်တွင် လင်းဖန်သည် ဗီရိုတံခါးတွင် သပ်သပ်ရပ်ရပ် ထားထားသောအဖြူရောင်အိပ်ယာခင်းတစ်ခုကိုတွေ့လိုက်သည်။

သူသည်အိပ်ယာခင်းကို ကြည့်ရင်းရှောင်နင်အာ နဲ့ ပထမဆုံးတွေ့တဲ့ မြင်ကွင်းကို ပြန်မြင်ရင်း သူ့မျက်နှာမှာ အပြုံးလေးတစ်ခု ပေါ်လာသည်။

ခဏကြာပြီးနောက် လင်းဖန်သည် ကုတင်ပေါ်မှ ဖြည်းညှင်းစွာထလာသည်။

ဧည့်ခန်းသို့ရောက်သောအခါတွင် စားပွဲပေါ်ရှိ ခေါက်ဆွဲခြောက်ကို ကောက်ကိုင်ကာ ခေါက်ဆွဲကို​ပြုတ်တော့သည်။

ခေါက်ဆွဲစားပြီးနောက် လင်းဖန်သည် အိမ်ထဲတွင် အကြာကြီးမနေဘဲ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အကွေ့အကောက်များသော လမ်းဘေးကိုဖြတ်၍ ပန်းခြံထဲတွင် စစ်တုရင်ကစားနေသည့် လူအိုကြီးများကို ကြည့်ခြင်းနှင့် လမ်းတစ်လျှောက် ကားများ အရှိန်ပြင်းပြင်းနှင့် ဖြတ်သွားသော လမ်းသွားလမ်းလာများကို ကြည့်နေသည်။

မကြာမီတွင် လင်းဖန်၏ အမြင်အာရုံထဲတွင် မြင့်မားသော အဆောက်အအုံများ ပေါ်လာသည်။

လင်းဖန်သည် မျက်လုံးပြူးစွာဖြင့်ရိုက်စ့် အဆောက်အအုံကို တိုက်ရိုက်စိုက်ကြည့်နေသည်။

သူ့နှာခေါင်းကို ထိလိုက်ပြီးမကူညီနိုင်ဘဲ “မမျှော်လင့်ဘဲ ငါဒီကို မတော်တဆရောက်လာတာပဲ”

“ကလင် ကလင် ကလင် !”

ထိုအချိန်တွင် လင်းဖန်၏ အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းသည် အသံမြည်လာသည်။

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းမှာ သူမရင်းနှီးသောနံပါတ်တစ်ခုဖြစ်သည်။

လင်းဖန်သည် တုံ့ဆိုင်းမနေဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

“ခွင့်လွှတ်ပါ မစ္စတာလင်း လား” ဖုန်းမှ ထွက်ပေါ်လာသည်။

လင်းဖန်သည် ထိုအသံကိုကြားလိုက်သောအခါတွင် အခြားပါတီက မည်သူမည်ဝါဖြစ်သည်ကို သူ ချက်ချင်းသိလိုက်သည် ။

၎င်းမှာ ရိုက်စ့်ဂရု ၏ ဥက္ကဋ္ဌ လူဘီပင် ဖြစ်သည်။

လင်းဖန်သည် လူဘီ ၏ တိုက်ရိုက်မိန့်ခွန်းများကို မကြာခဏမြင်ဖူးသောကြောင့်ဖြစ်သည်။

“ဒါက ဥက္ကဋ္ဌ လူဘီ မလား။ ကျနော်က လင်းဖန်ပါ” လင်းဖန်က ပြောသည်။

လူဘီက စိတ်လှုပ်ရှားစွာနဲ့ “မစ္စတာလင်းက အရမ်းအံ့သြစရာကောင်းတာပဲ၊ငါ့ကိုတောင်ခန့်မှန်းနိုင်တယ်။”

ခေတ္တနားပြီးနောက် လူဘီက “ကျွန်ုပ်တို့၏ရိုက်စ့်အုပ်စုကို ယုံကြည်သည့်အတွက် မစ္စတာလင်းကို ကျေးဇူးတင်ပြီး ရှယ်ယာ 51% ကို တိုက်ရိုက်ဝယ်ယူပေးသောကြောင့် ကျွန်ုပ်တို့၏ရိုက်စ့်အုပ်စုသည် ပိုမိုလုံလောက်သော ရန်ပုံငွေများရရှိကာ ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ရရှိစေပါသည်။”

All Chapters