ပြန်လည်မွေးဖွားခြင်း၏ကံမကောင်းအကြောင်းမလှ ခြင်း
Vol. 011 Ch. 1043
“ယူယူ ယူယူ”
မူးဝေနေစဉ်တွင် တစ်စုံတစ်ယောက်သည် သူမလက်ကိုဆွဲထားသည် ကို ရှီမာယူယူ ခံစားမိသည်။ ရှောင်ချီ၏ စိုးရိမ်သောအသံသည် သူမကို အမူး ပြေသွားစေသည်။
သူမ ခေါင်းငုံ့ကြည့်လိုက်ရာ ရှောင်ချီ၏ စိုးရိမ်နေသော မျက်နှာလေးကို မြင်ရလေသည်။
“ဘာဖြစ်သွားတာလဲ”
ရှီမာယူယူ သတိပြန်ဝင်လာသည်ကို ရှောင်ချီသတိပြုမိသည်။ သူမ လေ ပြင်းပြင်းရှိုက်ထုတ်လိုက်သည်။ “သတိပြန်ဝင်လာလို့တော်သေးတယ်၊ ခုနက ယူယူက သွေးကိုစိုက်ကြည့်ပြီး ညွှန်ပြခဲ့တာ ခဏနေတော့ မိန်းမောသွားတာ ပဲ၊ ရှောင်ချီ ဘယ်လောက်ခေါ်ခေါ် သတိပြန်မဝင်လာဘူး”
“ငါ မိန်းမောသွားတာလား” ရှီမာယူယူသည် တအံ့တသြပြောလေ သည်။
“ဟုတ်တယ်” ရင်ဘိုင်ချွန်း ပြန်ဖြေလိုက်သည် “မင်း အာရုံလွင့်သွားတာ ငါ ဘယ်လောက်ခေါ်ခေါ်ပြန်မတုန့်ပြန်ဘူး ဘာဖြစ်သွားတာလဲ”
“ကျွန်တော်….” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “စိတ်လွင့် သွားတာထင်တယ်”
“ဒီလိုအခြေအနေအရင်ကဖြစ်ဖူးလား” ရင်ဘို်င်ချွန်းသည် အနည်းငယ် စိုးရိမ်စွာဖြင့် မေးလေသည်။
ရှီမာယူယူသည် ခေါင်းရမ်းလိုက်သည် “အရင်ကတစ်ခါမှမဖြစ်ဖူးဘူး၊ လက်စွပ်က ကျွန်တော့်ကိုပိုင်ရှင်အဖြစ်ပထမဆုံး သတ်မှတ်တုန်းက မြင်ကွင်း တစ်ခုကိုမြင်ခဲ့တယ် အခုတစ်ခါကမတူဘူး ဘာမှမမြင်ရဘူး”
“သွေးလက်စွပ်က ဆိုးသွမ်းတယ်လို့ မင်းကိုပြောလိုက်တော့ မင်းက လည်းသိချင်စိတ်ဖြစ်သွားတော့ ထိန်းချုပ်နိုင်စွမ်းလွတ်သွားတာဖြစ်မယ်” ရင်ဘိုင်ချွန်း အကြောင်းပြချက်ရှာလေသည် “မင်းရဲ့ အံ့ဖွယ်အာရုံက သန်မာ တာပဲ ထိန်းချုပ်မှုမလွတ်လောက်ပါဘူး”
“ဟုတ်လောက်မှာပါ” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ သူမသည် ထိုအကြောင်းအရာကို စိတ်ထဲတွင် မထားပေ။
ရင်ဘိုင်ချွန်းနောက် ရက်အနည်းငယ်လိုက်ပြီးနောက်တွင် ရှီမာယူယူ သည် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ တည်ဆောက်ပုံကို အကြမ်းဖျင်းရှင်း သွားလေသည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားတစ်ခုလုံးကို အတွင်းပိုင်းသင်ကြားမှုှနှင့် အပြင်သင်ကြားမှုဟူ၍ ပိုင်းခြားထားသည်။ တောင်ကြား၏ အတွင်းပိုင်း တပည့်များမှာ အဂ္ဂိရတ်ပညာရှင်များ၊ လက်နက်ပညာရှင်များ၊ တည်ဆောက် မှုသခင်များ၊ သားရဲထိန်းကျောင်းသူများ အစရှိသဖြင့် ကျွမ်းကျင်သူများဖြစ် ကြသည်။ အပြင်ပိုင်းတပည့်များမှာ ဖန်ဒုန်ကဲ့သို့ အံ့ဖွယ်နတ်ဆိုးတောင်ကြား ၏ လုံခြံုရေးကို စောင့်ကြပ်ရာတွင် တာဝန်ယူထားသော သူများဖြစ်ကြသည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားအပြင် ဂိုဏ်းခွဲတချို့ရှိကာ ဆိုင်များကို နေရာမျိုးစုံတွင် ဖြန့်ကျက်ထားသည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားတွင် အပြင် ပိုင်းတပည့်ဟု ထင်ရလောက်သော နိမ့်ချနေတတ်သော တပည့်များစွာရှိ သည်။
ရက်အနည်းငယ်ပြင်ဆင်ပြီးနောက်တွင် ပြိုင်ပွဲစည်းကြပ်ရမည့်နေ့ ရောက်လာသည်။ အပြင်တွင် စမ်းသပ်မှုလုပ်နေကြသော တပည့်များသည် အတွင်းတောင်ကြားသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ပြီးခဲ့သည့်နှစ်ရက်တွင် ရင်ဘိုင်ချွန်းသည် အလုပ်များရင်း အလုပ်များနေ ခဲ့သည်။ သူ့ကိုအနှောင့်အယှက်မဖြစ်စေရန်အတွက် ရှီမာယူယူသည် အဘိုး နတ်ဆိုး၏ခြံဝန်းအတွင်းနေလေသည်။
“ယူယူ ယူယူ” ရှောင်ချီသည် အပြင်မှ ပြေးဝင်လာသည်။
ရှီမာယူယူသည် ရှောင်ချီ ပြေးလာသည်နှင့် ကြည့်လိုက်သည်။ သူမ ခေါင်းမော့ပြီးမေးလိုက်သည် “ဘာကိစ္စလဲ အဲလောက်ပြေးလာတာ”
“အစ်ကိုယွန်ယိ တစ်ခုခုဖြစ်နေပြီ” ရှောင်ချီ ပြောလိုက်သည်။
“ယွန်ယိ ဘာဖြစ်တာလဲ” ရှီမာယူယူသည် စာအုပ်ကိုချပြီး အလျင်အမြန် ပင် မတ်တတ်ရပ်လုကိ်သည်။
ပြီးခဲ့သည့်နှစ်ရက်တွင် သူမသည် ခြံဝန်းမှမထွက်ခဲ့ပေ။ ရှောင်ချီသည် သူမဘာသာ အပြင်ထွက်ဆော့ရာမှ တောင်ကြား၏တပည့်များနှင့် အသိအကျွမ်းပင် ဖြစ်၍နေသည်။
“အစ်ကိုယွန်ယိ ထိခိုက်ထားတယ် ပြင်းထန်တယ်ထင်တယ် သွားကြည့် ချင်လား” ရှောင်ချီ ပြောလိုက်သည်။
“ယွန်ယိကဘာလို့ ထိခိုက်မိတာလဲ” ရှီမာယူယူသည် စာအုပ်သိမ်းပြီး ရှောင်ချီ နောက်လိုက်ပြီး အဂ္ဂိရတ်ခန်းမသို့ သွားလိုက်သည်။
“မသိဘူး ရှောင်ချီက သူတို့နဲ့ကစားနေတုန်း လူနှစ်ယောက်က အစ်ကို ယွန်ယိကိုသယ်လာတာတွေ့လိုက်တာ” ရှောင်ချီ ရှင်းပြလေသည် “သူသွေး တွေအများကြီးထွက်နေပြီး အကျႋတွေလည်း နီရဲနေတာပဲ”
“ပြိုင်ပွဲကစတော့မှာ ဒီအချိန်မှာမှ ဘယ်လိုဖြစ်လို့ ထိခိုက်မိတာလဲ” ရှီမာယူယူသည် ရှုပ်ထွေးသွားသော်လည်း အမြန်သွားလိုက်သည်။
“တောင်ကြားသခင်လေး” အဂ္ဂိရတ်ခန်းမမှ လူများ ရှီမာယူယူကို မြင် ချိန်တွင် သူမဝင်ရန် လမ်းဖွင့်ပေးလေသည်။
ရှီမာယူယူသည် အခန်းထဲသို့ဝင်ပြီး ဖျော့တော့ကာ အိပ်ရာပေါ်တွင်လဲ နေသော ယွန်ယိကို စမ်းသပ်လေသည်။
ရှောင်ကျင်းရှုံနှင့် ဟော်ဝမ်နှင့်အတူ ယွန်ယိ၏ဆရာသည် အိပ်ရာနား တွင်ဝိုင်းနေကြသည်။ ရင်ဘိုင်ချွန်းသည် ဘေးတွင်ရပ်နေသည်။ ရှီမာယူယူ ဝင်လာသည်ကိုမြင်သောအခါ သူပြောလိုက်သည် “ဘာလို့ရောက်လာတာလဲ”
“ယွန်ယိ ထိခိုက်မိတယ်လို့ ရှောင်ချီ ပြောလို့လာကြည့်တာ” ရှီမာယူယူ သည် အခြေအနေပြင်းထန်သည့်ပုံပေါ်သည့် ယွန်ယိကိုကြည့်လိုက်သည် “ပြိုင်ပွဲမရောက်ခင် နှစ်ရက်လိုသေးတယ် သူဘယ်လိုဖြစ်လို့ ထိခိုက်မိတာလဲ”
“တိမ်တိုက်ဂူလုပ်လိုက်တာ” ယွန်ယိ၏ စီနီယာအစ်ကို ရှောင်ခိုင်သည် လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ “ကျွန်တော် ယွန်ယိနဲ့ တောင်ကြား အပြင်သွားတာ အပြန်ကို တိမ်တိုက်ဂူကလူတွေနဲ့တွေ့မယ်လို့မထင်မိဘူး၊ ကျွန်တော်တို့လူနည်းတာကို သူတို့တွေ့တယ်၊ နောက်ဆုံးတော့ ယွန်ယိက သူတို့ကို အတင်းလမ်းဖယ်ခိုင်းတယ် ဒါပေမဲ့ သူ…”
ရှောင်ခိုင်၏ မျက်လုံးများ ရဲလာသည်။
“တိမ်တိုက်ဂူဟုတ်လား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “ဝမ်ဟိုင် လောကအသေးမှာတုန်းက ကျွန်တော်တို့ သတ်ခဲ့တဲ့ တိမ်တိုက်ဂူ လား”
“ဟုတ်တယ် သူတို့ပဲ” ရှောင်ခိုင် ပြန်ဖြေလေသည် “အဲတုန်းက ကျွန်တော်တို့ သူကိုသတ်ခဲ့တယ်၊ ကျွန်တော်တို့လုပ်တယ်ဆိုတာ သူတို့ သက်သေပြစရာမရှိတော့ တိမ်တိုက်ဂူက ဒီတွေမှာ ကျွန်တော်တို့ကို ပြဿနာ ရှာခဲ့တယ်”
“တိမ်တိုက်ဂူက အံ့ဖွယ်နတ်ဆိုးတောင်ကြားအပြင်မှာ သွားလာပြီး ငါတို့ တပည့်ကိုသတ်ရဲတယ်ဟုတ်လား သူတို့ဘယ်မှာလဲ” ရှီမာယူယူ၏ စိတ်ထဲမှ ဒေါသများမြင့်တက်လာသည်။ ဒေါသမှာ ငယ်ထိပ်နေရောက်၍နေလေပြီ။
“တချို့ကိုကျွန်တော်တို့သတ်လိုက်တယ် တချို့ကိုလာကူတဲ့အပြင်ပိုင်း တပည့်တွေကသတ်လိုက်တယ်” ရှောင်ခိုင်ပြောလေသည် “သူတို့က ကျွန်တော်တို့လူတွေကိုသတ်လိုက်တာကို ဘယ်လိုလုပ်လွှတ်ပေးရမှာလဲ”
“ငါတို့ပြိုင်ပွဲရောက်တော့မှာရယ် တပည့်တော်တော်များများက အပြင် ကနေပြန်လာမယ်ဆိုတာရယ်ကို တိမ်တိုက်ဂူကသိတယ်” ရင်ဘိုင်ချွန်းပြော လိုက်သည် “ဒီနေ့ သူတို့က ငါတို့တပည့်ကိုတိုက်ခိုက်ခဲ့တယ် ဒါက မတော် တဆဖြစ်မယ်လို့ မထင်ဘူး”
“တောင်ကြားသခင်လေး သူတို့က ကျုပ်တို့ အတွင်းပိုင်းတပည့်တွေကို သတ်ဖို့ ချောင်းတိုက်ခိုက်တယ်လို့ စဉ်းစားနေတာလား” အဂ္ဂိရတ်ခန်းမမှ အကြီးအကဲ ပြောလိုက်သည်။
“အဲလိဖြစ်မယ်လို့ထင်တယ်” ရင်ဘိုင်ချွန်းအတည်ပြုလိုက်သည် “တိမ်တိုက်ဂူကလူတွေ ဒီနားမှာရှိတယ်ဆိုတာ သတင်းရပြီးပြီ ဒါပေမဲ့ ပြိုင်ပွဲနဲ့ အလုပ်များနေတော့ သူတို့ကို အာရုံမစိုက်နိုင်ဘူး၊ ဒီအတိုင်းပဲ စစ်ဆေးဖို့ လူ လွှတ်လိုက်တာ အခုစဉ်းစားကြည့်လိုက်တော့ သူတို့ဒီတစ်ခေါက်အချိန်ကို အခွင့်ကောင်းယူလိုက်တာပဲ”
“ခန်းမသခင်ဟော် ခန်းမသခင်ဟော် တောင်ကြားသခင်က လက်နက် ခန်းမကိုလာခဲ့ပါတဲ့” တပည့်တစ်ယောက်သည် အပြင်မှပြေးဝင်လာကာ ဟော်ဝမ်ကိုအော်လေသည်။
“လက်နက်ခန်းမကဘာဖြစ်လို့လဲ” ယွန်ယိ၏ ဒဏ်ရာကို ထိန်းချုပ်ပေး နေသော ဟော်ဝမ်သည်ထပြီးမေးလိုက်သည်။
“လက်နက်ခန်းမက တပည့်တော်တော်များများ ထိခိုက်ထားကြတယ်၊ သူတို့ဒဏ်ရာပြင်းတယ် တောင်ကြားသခင်က လာပြီးကြည့်စေချင်နေတယ်” ထိုတပည့်က ပြန်ဖြေလေသည်။
“ယွန်ယိရဲ့ အခြေအနေက ထိန်းပြီးပြီ၊ ကျန်တာကို မင်းတို့ကို အပ်ခဲ့ မယ် ကျုပ် နောက်တစ်ဖက်ကအခြေအနေကိုသွားကြည့်လိုက်ဦးမယ်” ဟော်ဝမ်သည် ရှောင်ကျင်းရှုံ ကိုပြောလိုက်သည်။
“ကောင်းပြီ”
“ခန်းမသခင်ဟော် ကျွန်တော်လိုက်ခဲ့မယ်” ရှီမာယူယူ ကမ်းလှမ်းလိုက် သည်။
သူမသည်လည်း သမားတော်တစ်ယောက်ဖြစ်ကာ ဒဏ်ရာများကို ဖြေရှင်းနိုင်သည်။
ရှီမာယူယူ၏ ဆေးအရည်အချင်းမှာကောင်းသည်ကို ဟော်ဝမ်သိသဖြင့် ခေါင်းညိတ်လိုက်သည် “ဒါဆိုရင် တောင်ကြားသခင်လေးကမ်းလှမ်းတာကို လက်ခံလိုက်ပါမယ်”
ရှီမာယူယူနှင့် ဟော်ဝမ်တို့ လက်နက်ခန်းမကိုရောက်သောအခါ ထို အခြေအနေမှာ ယွန်ယိထက်ပင် ပိုပြင်းထန်သည်ကို တွေ့လိုက်ရသည်။ တပည့်များစွာသေဆုံးသည်ကိုမပြောနှင့် တချို့မှာ အဆိပ်မိထားကာ တခြား သူများသည် ထိခိုက်ဒဏ်ရာရထားကြသည်။ သူတို့အသက်လုနေရသည်။
“လောင်ပိုင်လည်းရောက်နေတာလား” ဟော်ဝမ်သည် တုန်ပိုင်ကို တအံ့တသြကြည့်လေသည်။
“သူတို့အဆိပ်က ထူးဆန်းတယ် ဒီတပည့်တွေလည်းမကူညီနိုင်ဘူး ကိုယ့်ဘာသာလာကြည့်ရတာပဲ” တုန်ပိုင် ပြောလိုက်သည် “ဒဏ်ရာတွေက ပြင်းထန်တယ်၊ မင်းတပည့်တွေက သူတို့ကိုကုပေးပေမဲ့ သက်ရောက်မှု အရမ်းမကောင်းဘူးထင်တယ်”
ရှီမာယူယူသည် တုန်ပိုင်ကြည့်သည့်နေရာသို့လိုက်ကြည့်လိုက်သည်။ သူမသည် ခြေဆန့်လက်ဆန့်လဲနေကြသောသူများကို စမ်းစစ်ကြည့်လိုက် သည်။ သူတို့အသက်ဆုံးရှုံးပြီဟုပင် ပြောလို့ရနေပြီ။
***