ပူးပေါင်းဆောင်ရွက်မှု
Vol. 26 Ch. 390
ရန်ဖေးက အလျင်စလိုပြောလိုက်သည်’’ဒါဆိုချပ်စ့်ကိုတပ်ကြည့်မယ်”
ဥက္ကဋ္ဌတော်တော်များများက ကုမ္ပဏီကို ဘယ်လိုစီမံခန့်ခွဲပြီး လည်ပတ်ရမလဲဆိုတာ သိကြသည်။
ကုမ္ပဏီရဲ့ နည်းပညာကို နားမလည်ကြပေ။
ဒါပေမယ့် ရန်ဖေး ကတော့ မတူပေ။
သူသည် မူလက နည်းပညာဆိုင်ရာနောက်ခံဖြစ်သည်။
ကုမ္ပဏီကိုစတင်ပြီးနောက်၊ နောက်ဆုံးပေါ်နည်းပညာကိုလေ့လာရန် နေ့တိုင်း အချိန်များစွာကုန်ဆုံးခဲ့သည်။
လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု(နည်းပညာကို)ကို နားလည်သဘောပေါက်မှသာ ကုမ္ပဏီသည် လမ်းကြောင်းမှန်သို့ သွားနိုင်မည်ဟု သူခံစားရသောကြောင့် ဖြစ်သည်။
မဟုတ်ပါက ကုမ္ပဏီအတွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပါက မှားယွင်းသော ဆုံးဖြတ်ချက်များချရန် လွယ်ကူသည်။
ခဏအကြာတွင်ရန်ဖေးသည် ချပ်စ့််ပြားကို လက်ကိုင်ဖုန်းထဲသို့ထိုးလိုက်သည်။
သူ့ဘေးနားရှိ ဖန်ရှင်းကမျက်တောင်မခတ်ပဲစိုက်ကြည့်နေသည်။
ရန်ဖေးသည် တေးဂီတ၊ ဗီဒီယို၊ ဂိမ်းများကို အဆက်မပြတ်ဖွင့်နေသည်... အားလုံးသည် စကားထစ်ခြင်းမရှိဘဲဝင်ရောက်ခဲ့သည်။
ထို့နောက် သူသည် ချပ်စ့်အကဲဖြတ်ဆော့ဖ်ဝဲကို ဖွင့်လိုက်ပြီး ၎င်းတွင် ရမှတ်များ တိုးလာခဲ့သည်။
100,000!
…………
1000000!
5000000!
10 သန်း!
20000000!
သန်း 30!
50000000!
100000000!
ဒီအချိန်မှာ အမှတ်က တဖြည်းဖြည်း ရပ်တန့်သွားသည်။
ရန်ဖေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ လုံးဝ အံ့အားသင့်သွားသည်။
သူ့ဘေးနားရှိ ဖန်ရှင်း သည် ရန်ဖေးတစ်ချိန်လုံးစကားမပြောသည်ကိုမြင်သောကြောင့် “ဘယ်လိုလဲ၊ ဒီချပ်ပြားရဲ့စွမ်းဆောင်ရည်ကဘာလိုလဲ။ ရန်ဖေး မင်းတစ်ခုခုပြောလေ”
ဖန်ရှင်းလည်း ရန်ဖေးကို သိသည်။
ရန်ဖေးက “အင်မတန်...အင်မတန် အစွမ်းထက်တယ်။ မိုဘိုင်းလ်ဖုန်းတွေမှာ အသုံးပြုတဲ့ နောက်ဆုံးပေါ် ဆီလီကွန်အခြေခံ ချစ်ပ်ပြားဟာ အမှတ်ပေါင်း ၁ သန်းလောက် လည်ပတ်နိုင်တယ်လို့ ဆိုတယ်။”
“ပြီးတော့ ဒီကာဗွန်အခြေခံ ချစ်ပ်ပြားက အမှတ် သန်း 100 အထိ လည်ပတ်တယ်။’’
ထိုစကားများကိုပြောပြီးနောက် ရန်ဖေး ၏လေသံသည် ထိတ်လန့်တုန်လှုပ်သွားပြီး ဖုံးကွယ်ရခက်သည်။
ဖန်ရှင်း က “သန်း၊ သန်း 100... အကြိမ် သန်း100!”
“ကောင်းပြီ၊ ဟားဟား! ကောင်းလိုက်တာ!” ဖန်ရှင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူ၏ စိတ်လှုပ်ရှားမှုကြောင့်ပင် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ့မျက်လုံးထောင့်တွင် မျက်ရည်စများ စီးကျလာသည်။
သူသည် တရုတ်နိုင်ငံအပေါ် အပြည့်အဝ သစ္စာရှိသောသောကြောင့်တရုတ်နိုင်ငံတွင် ရင်ဆိုင်နေရသည့် ချပ်စ့်ကပ်ဆိုးမျိုးကိုလည်း သူကောင်းကောင်းသိသည်။
ယခု ဤအကျပ်အတည်းသည် နောက်ဆုံးတွင် မရှိတော့ပြီဖြစ်သည်။
ထို့နောက် ဖန်ရှင်း က “လင်းဖန်၊ဒီချပ်စ့်နဲ့ ဒီပုံသဏ္ဍာန်စက်ကို လေ့လာဖို့ ပေကျင်းကို ယူသွားလို့ရမလား။”
လင်းဖန် က “ရပါတယ်၊ ဒါပေမယ့် ကျွန်တော် မူလက ဟွာအုပ်စုမှာဒီချပ်စ့်လုပ်ငန်းနဲ့ ပူးပေါင်းဖို့ စီစဉ်ထားပါတယ်။”
ယခင်က စုပါဘယ်ထရီတွင် ဟွာအုပ်စု နှင့် လက်တွဲခဲ့ဖူးသည်။
လက်တွဲပြီးနောက်မှာတော့ ရန်ဖေး က တော်တော်ကောင်းတယ်လို့ ခံစားရသည်။
ထို့အပြင် ရန်ဖေးကြောင့်မစ်ရှင်ပေါ် လာပြီးလင်းဖန် သည် ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်နှင့် ၎င်း၏နည်းပညာကို ရယူနိုင်ခဲ့သည်။
ထို့ကြောင့် လင်းဖန်က ထိုကိစ္စကို ပြောခြင်းဖြစ်သည်။
ဖန်ရှင်းက “ဟွာအုပ်စု ဟာ အရမ်းကောင်းတဲ့ နည်းပညာကုမ္ပဏီတစ်ခုပါ။ သူနဲ့ ပူးပေါင်းဆောင်ရွက်တာကမင်းအတွက် အရမ်းကောင်းတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။”
“ထို့ပြင်၊ မြေယာ၊ အခွန်စသည်တို့အပါအဝင် ဦးစားပေးအခြေအနေအားလုံးအတွက် ငါမင်းကို လျှောက်ထားပေးပါ့မယ်။”
ထို့နောက် ဖန်ရှင်းသည် ၎င်း၏ ဆဲလ်ဖုန်းကို ထုတ်ကာ ဖုန်းခေါ်ဆိုသည်။
....
သိပ်မကြာခင်...
စစ်စိမ်းရောင်လေယာဉ်ကြီးတစ်စင်းသည် ဝေဟင်၌ ပေါ်လာပြီး ပန်လုံဗီလာဝင်းအတွင်း ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ကြီးမားသော လေပြင်းတိုက်မှုကြောင့် ဖုန်မှုန့်များ ပျံနှံ့သွားစေသည်။
စစ်သားအများအပြားသည် လျင်မြန်စွာလျှောက်လာကာ လေယာဉ်၏ နှစ်ဖက်စလုံးတွင် သတ်မှတ်ထားသလိုရပ်လိုက်ကြသည်။
၎င်းတို့အနက်မှစစိသားတစ်ဦးက “ဒါရိုက်တာ ဖန် ငါတျု့ဘာတွေ သယ်ရမှာလဲ” လို့ ပြောသည်။
“အဲဒါ!ကိုသေချာ ကိုင်တွယ်နော်၊ မပျက်စီးစေနဲ့။” ဖန်ရှင်းသည် ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်ကို ညွှန်ပြပြီး သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ” စစ်သားက ပြန်ဖြေလိုက်သည်။
ထို့နောက်တွင်၊ စစ်သားအများအပြားသည် ကာဗွန်အခြေခံပုံသဏ္ဍာန်စက်ကို လေယာဉ်သို့ပို့ဆောင်ရန် ကြီးမားသောကြိုးများနှင့် အခြားကိရိယာများကို အသုံးပြုခဲ့ကြသည်။
ဖန်ရှင်း က “ကျောင်းသား လင်းဖန်...”
လင်းဖန်သည် သူ့အား စကားပြီးအောင်ပြောတာကိုမစောင့်ဘဲ ရှောင်ဘိုင်ကြိုတင်ပြင်ဆင်ထားသည့် လမ်းညွှန်လက်စွဲနှင့် ဇယားကွက်ကို တိုက်ရိုက်ထုတ်ကာ “ကျွန်တော် အဲဒီကို မလိုက်တော့။ ဒါလေးကို ယူသွားလိုက်ပါ။”
လင်းဖန်သည် ပေးကျင်းမှ ပြန်လာရန် အချိန်အတော်ကြာခဲ့သည်။
ထပ်မသွားချင်သေးပေ။
ဖန်ရှင်းက အနည်းငယ် လှန်လိုက်ပြီး “ကျေးဇူးတင်ပါတယ် လင်းဖန်!”
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “ဒါဟာ အသေးအမွှားကိစ္စပဲ” လို့ ပြောလိုက်သည်။
လေယာဉ် အသံမြည်ပြီးနောက် စစ်စိမ်းရောင် လေယာဉ်သည်လည်း တဖြည်းဖြည်း အဝေးသို့ ရွေ့လျားသွားခဲ့သည်။
ထို့နောက် လင်းဖန် သည်ရန်ဖေးကို စိုက်ကြည့်သည်။
“ရန်ဖေး၊ ငါပြောတာကို မင်းကြားလား”
ရန်ဖေးသည် လင်းဖန်၏ဆိုလိုရင်းကို သဘာဝကျကျနားလည်ခဲ့ပြီး “ကျွန်ုပ်တို့ဟွာအုပ်စုသည် ကာဗွန်အခြေခံချပ်စ့်ပြားဖြန့်ဖြူးမှုရရှိရန် ရှယ်ယာ 20% ကို မင်းကိုပေးစွမ်းနိုင်ပါသည်။ တစ်ချိန်တည်းတွင်၊ ကာဗွန်အခြေခံချပ်စ့်များ၏ 50% အမြတ်ငွေ မင်းပိုင်တယ်...မင်းဘယ်လိုထင်လဲ”
ရှယ်ယာ 20% ကို တိုက်ရိုက်ပေးမယ်။
ကာဗွန်အခြေခံချပ်စ့်များ၏ 50% အမြတ်လဲရရှိမည်ဖြစ်သည်။
ရန်ဖေးက ကိစ္စတွေကို လုပ်တဲ့နေရာမှာအရမ်း ပြတ်ပြတ်သားသား ပြောရမည်ဖြစ်သည်။
ဟွာအုပ်စုသည် စျေးကွက်တန်ဖိုးထရီလီယံကျော်ရှိသော နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
ထို့အပြင် ဟွာအုပ်စုသည် အခြားသူများတွင် ပိုက်ဆံရှိလျှင်ပင် အစုရှယ်ယာအများကြီး မရရှိနိုင်ပေ။
ရန်ဖေးအနေနှင့် ဟွာအုပ်စု ၏ ရှယ်ယာ 40% ကိုသာ ပိုင်ဆိုင်သည်။
၎င်းသည် ကာဗွန်အခြေခံချပ်စ့်များ၏ အထွေထွေအေးဂျင့်အခွင့်အရေးအတွက် ရန်ဖေး ရှယ်ယာတစ်ဝက်ကို တိုက်ရိုက်ထုတ်ယူခြင်းနှင့် ညီမျှသည်။
လင်းဖန် က ဂရုမစိုက်ဘူး “ကောင်းပြီ၊ဒီလိုပဲလုပ်တော့’’
သူ့အကြံက အရမ်းရိုးရှင်းပါတယ်၊ သူ့ကို ဂရုမစိုက်မိစေနဲ့။
အဲ့လိုမှမဟုတ်ရင် တော်တော်ဒုက္ခရောက်လိမ့်မယ်။
ရန်ဖေး သည် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အမြွက်ကို ပြလိုက်ရသည်။
ကာဗွန်အခြေခံ ချပ်စ့််များ ၏ အနာဂတ်သည် လုံးဝကြီးကျယ်သည်ဟု သူယုံကြည်သည်။
တစ်ဆက်တည်းတွင်၊ဟွာအုပ်စု ၏အနာဂတ်သည် ပိုမိုတောက်ပလာမည်ဖြစ်သည်။
ထို့နောက် တွင်ရန်ဖေးက ဖုန်းခေါ်လိုက်သည်။
.......
နေ့ခင်းဘက်တွင် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် စာရွက်စာတမ်းထူထူဖြင့် ပန်လုံဗီလာသို့ ရောက်ရှိလာသည်။
ဒါ... ရန်ဖေးရေးဆွဲခဲ့တဲ့ စာချုပ် အတိအကျပင်ဖြစ်သည်။
ရန်ဖေးသည် ဆယ်မိနစ်ကျော်ကြာအောင် စာချုပ်ကို အစအဆုံး သေသေချာချာ ပြန်သုံးသပ်ပြီးနောက် လင်းဖန်ထံ ပေးအပ်ကာ “မစ္စတာ လင်း ကျေးဇူးပြု၍ စစ်ကြည့်ပေးပါအုံး” ဟုဆိုသည်။
တစ်မျက်နှာ၊ နှစ်မျက်နှာ...
ဆယ်စက္ကန့်အတွင်းမှာပဲ လင်းဖန်က စာချုပ်ပါ အကြောင်းအရာအားလုံးကို လှန်လိုက်ပြီး “ကောင်းပြီ၊ ဒါကမင်းပြောတာနဲ့ကွတ်တိပဲဒါကိုဒီမှာထိုးလိုက်မယ်” လို့ ပြောလိုက်၏။
လင်းဖန်လုပ်ရပ်ကိုတွေ့တော့ရန်ဖေးက မထိန်းနိုင်ဘဲ ပါးစပ်ကို ခါယမ်းလိုက်သည်။
လင်းဖန် နဲ့ နောက်ဆုံးအကြိမ် စူပါဘယ်ထရီအတွက် စာချုပ်ချုပ်တုန်းက လင်းဖန် က ပေါ့ပေါ့ပါးပါးပဲ ကြည့်လိုက်သည်။
သို့သော် ထိုအချိန်က ၎င်းသည် ယွမ် ၁.၅ ဘီလီယံနှင့် စူပါဘက်ထရီများ၏ အမြတ်ဝေစု ၅၀ ရာခိုင်နှုန်းသာ ပါဝင်ခဲ့သည်။
ယခုတစ်ကြိမ်တွင် တော့တွင် ဟွာအုပ်စု ၏ ရှယ်ယာ 20% နှင့် ကာဗွန်အခြေခံ ချပ်စ့်ပြားများ၏ အမြတ်50% ပါဝင်ပါသည်။
ပေါ့ပေါ့တန်တန် ကြည့်လိုက်ရင် စာချုပ်ပါ အကြောင်းအရာမှာပြဿနာဖြစ်မှာကို သူ မကြောက်ဘူးလား။
လင်းဖန်သည် ရန်ဖေး၏ အတွေးများကို လျစ်လျူရှုလိုက်သည်။ နောက်ဆုံးတွင်၊ သူသည် စကင်န်ဖတ်ခြင်းစွမ်းရည်နှင့် ကျွမ်းကျင်သောရှေ့နေအတွေ့အကြုံရှိသူဖြစ်သည်။
တစ်ချက်ကြည့်လိုက်တာနဲ့စာချုပ်တစ်ခုလုံး၏ အကြောင်းအရာအားလုံးကို စိတ်ထဲတွင် ရှိပြီး စည်းကမ်းချက်အားလုံးတွင် အမှားအယွင်းများ ရှိမရှိကို သိရန်လွယ်ကူသည်။
ထို့နောက် လင်းဖန်သည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး သူ့နာမည်ကို ရေးထိုးလိုက်သည်။
ထို့နောက် သူက ရန်ဖေး ရှေ့မှာ စာချုပ်ကိုတွန်းလိုက်ပြီး “လက်မှတ်ထိုးပြီးပြီ” လို့ပြောလိုက်သ
ထိုမှသာ ရန်ဖေးတုံ့ပြန်ပြီး “အ...အင်...အိုကေ”
စကားပြောနေစဉ်တွင် သူသည် ၎င်း၏အမည်ကို လက်မှတ်ရေးထိုးကာ ဟွာအုပ်စု ၏ တရားဝင်တံဆိပ်ကို တံဆိပ်ခတ်လိုက်သည်။