← Chapters

အဆုံးမဲ့နောင်တရခြင်း

Vol. 26 Ch. 376

အဆုံးမဲ့နောင်တရခြင်း

Vol. 26 Ch. 376

လူဘီကဒီလိုသာပြောတာဒါပေမယ့် တကယ်တော့?

သူ့နှလုံးသားက သွေးတွေရွှဲနေပြီး သူသည် အလွန်ဝမ်းနည်းနေခဲ့သည်။

အစပိုင်းမှာတော့ ကုမ္ပဏီကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစုရှယ်ယာအမြောက်အမြားကို ရောင်းချခဲ့ရသည်။

သူသည် ခက်ခက်ခဲခဲဖြင့် ရိုက်စ့်ဂရုကို ယနေ့ တရုတ်နိုင်ငံရှိထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်အောင် ထူထောင်ခဲ့သည်။

မကြာမီပင်လူဘီသည် ကုမ္ပဏီရှယ်ယာ51% ကို စုဆောင်းခဲ့သောလူတစ်ဦးရှိတယ်ဆိုတာကိုသိလိုက်ရသည်။

ရှယ်ယာတစ်ဝက်ကျော်။

၎င်းသည် မိမိပင်ပင်ပန်းပန်းနဲ်တည်ထောင်ထားသော ကုမ္ပဏီကိုတစိခြားသူတစိဦးကသိမ်းပိုက်လိုက်သည်နှင့်ညီမျှသည်။

တခြားပါတီက စိတ်ရှိသရွေ့ သူ့လိုဥက္ကဋ္ဌကိုဖြုတ်ပြီးတစိခြားတစ်ယောက်ကိုအလွယ်တကူ အစားထိုးနိုင်သည်။

လင်းဖန်က “ကျွန်တော်က ရင်းနှီးမြှပ်နှံမှုလေးတစ်ခုပဲလုပ်ထားလိုက်တာပါ။ယနေ့ရိုက်စ့်ယခုလိုအောင်မြင်ရတဲ့အကြောင်းအရင်းကမင်းကိုပိုင်ကြိုးစားထားလို့ပါ”

သူဒီလိုပဲပြောနိုင်သည်။

မဟုတ်ပါက သူသည်ဆိုင်းအင်ဝင်ခြင်းကနေရသည်ဟုသွားပြောရမှာလား။

အဲဒီလိုသာပြောရင်လူဘီသည်မယုံမှာသေချာသည်။

လူဘီ က “ကျေးဇူးတင်ပါတယ် မစ္စတာလင်း”

“ကျနော်တို့ ရိုက်စ့်ဂရုက အခု အဆောက်အဦးသစ်ကို ပြောင်းသွားပါပြီ။ မစ္စတာလင်း ဘယ်တော့ အားလဲ မသိဘူး။အားရင် လာပြီးတော့ကျနော်တို့ကို လမ်းညွှန်ပေးလို့ ရမလား” ဟု ပြောသည်။

“ဒါ့အပြင်၊ ငါတို့ရေးဆွဲထားတဲ့ အနာဂတ်အစီအစဉ်တွေအတွက် မင်းရဲ့ခွင့်ပြုချက်ကိုလိုတယ်။”

လင်းဖန် က “အစီအစဉ်ကို အတည်ပြုပြီး ကုမ္ပဏီကို လမ်းညွှန်ပေးရမှာလား။ အဲဒါ မလိုအပ်ဘူး။ ရိုက်စ့်ဂရု မှာ ရင်းနှီးမြှုပ်နှံရတဲ့ အကြောင်းရင်းက မင်းရဲ့ စွမ်းရည်ကို ယုံကြည်လို့ပါ”

“ဒါကြောင့်အရာရာတိုင်းကို မင်းချမှတ်ထားတဲ့ လမ်းကြောင်းနဲ့အညီ ပဲလုပ်ပါ “

လူဘီသည် ထိုစကားကိုကြားသောအခါ ဖုံးကွယ်၍မရသော သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတစ်ခု ပေါ်လာတော့သည်။

လူဘီသည်ရိုက်စ့်အုပ်စုဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ပြည့်စုံသောအစီစဉ်ကို ရေးဆွဲထားပြီးဖြစ်သည်။

ဒီအစီစဉ်လမ်းကြောင်းအတိုင်း လိုက်နေသရွေ့ ရိုက်စ့်ဂရုဟာ ကမ္ဘာပေါ်မှာ ပထမတန်းစား လုပ်ငန်းတစ်ခု ဖြစ်လာလိမ့်မယ်လို့သူ ယုံကြည်သည်။

အဓိကရှယ်ယာရှင်လင်ဖန်းသည် ရုတ်တရက် ဝင်ရောက်လာပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့ပါက.......

သေးငယ်တဲ့ ပြုပြင်မှုတစ်ခုသာဆိုရင် ဘာမှမဖြစ်ပေ။

ဒါပေမယ့် ပင်မအူတိုင်ကို ပြုပြင်လိုက်ရင်

ရိုက်စ့်ဂရုက........

ဒါက လူဘီစိုးရိမ်နေတဲ့အရာပင်ဖြစ်သည်။

အခု နောက်ဆုံးတော့ သူ့စိတ်တွေ ငြိမ်သွားလေပြီဖြစ်သည်။

သို့သော်လည်း လူဘီက သူ့နှုတ်ခမ်းကနေဝမ်းနည်းတဲ့လေသံနဲ့ “ဒါဆို ကျွန်တော် မစ္စတာလင်း ညွှန်ကြားချက်အတိုင်းလိုက်နာနိုင်ပြီး ဖြည်းဖြည်းချင်း တိုးတက်အောင်လုပ်ပါမယ်” လို့ ပြောလိုက်သည်။

လူဘီ သည် ပျော်ရွှင်သောလေသံကို မပြခဲ့ပေ။

ဒါပေမယ့် လင်းဖန်ကမသိပဲနေမည်နည်း။

သို့သော် သူဂရုမစိုက်ပေ။

လင်းဖန် က “ကျွန်တော် အခု ရိုက်စ့်ဂရု အဆောက်အဦးနဲ့သိပ်မဝေးဘူး အဆောက်အဦးထဲကို လာကြည့်လို့ရလား”

လူဘီက စိတ်လှုပ်ရှားစွာနဲ့ “ဒါက အရမ်းကောင်းတယ်။ မင်းကိုတွေ့ဖို့ အောက်ကနေစောင့်နေမယ်”

လင်းဖန်သည် လုံခြုံရေးအစောင့်များကို တွေးလိုက်သည်။သူတို့သည်သူ့ကိုယ်မသိပေ။

ဒါကြောင့်အဆောက်အဦးထဲဝင်ခွင့် မပြုရင် ဘာလိုလုပ်မလဲ။

ထို့အပြင်၊ သူသည် ရိုက်စ့်အဆောက်အအုံနှင့် လုံးဝ မရင်းနှီးသောကြောင့် လမ်းညွှန်ပေးမယ့်လူတစ်ယောက် လိုအပ်သည်။

ဒါကြောင့် ခေါင်းညိတ်ပြီး “ဟုတ်ကဲ့” လို့ပြောလိုက်သည်။

ဖုန်းချပြီးနောက် လင်းဖန်သည် ရိုက်စ့်အဆောက်အဦးစီသို့ လာခဲ့သည်။

ယခုအချိန်လူဘီသည်အလွန်အလုပ်ရှုပ်နေလေသည်။

သူ ရုံးခန်းထဲမှ အမြန်ထွက်သွားပြီး တံခါးအပြင်ဘက်တွင် အလွန်အရည်အချင်းရှိသော အမျိုးသားအတွင်းရေးမှူးအား “ P7 အထက်အဖွဲ့မှ စီမံခန့်ခွဲသူအားလုံးကို အဆောက်အဦး၏ ပထမထပ်တွင် တန်းစီပြီး တတ်နိုင်သမျှ အမြန်စုရုံးဖို့အမြန်အကြောင်းကြားပေးပါ”

ပြင်ပလူများ၏အမြင်တွင် လူဘီသည် ဟာသများပြောတတ်ပြီး ရယ်မောပြီးနေသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

အမျိုးသားအတွင်းရေးမှူး၏အမြင်တွင် လူဘီသည် ဘယသောအခါမှစိတ်မလှုပ်ရှားပဲတည်ငြိမ်သောလူဖြစ်ပြီး အခြားသူများထက် သာလွန်သောစွမ်းရည်များရှိသည်။

အခုအခြေအနေကဘာကြီးလဲ။

အမျိုးသားအတွင်းရေးမှူးသည် လုံးဝမတွန့်ဆုတ်ဝံ့ဘဲ “ဟုတ်ကဲ့!’’ဟုပြနိပြောလိုက်သည်။

ထို့နောက် အမြန်ဖုန်းဆက်လိုက်သည်။

.....

မကြာခင်မှာပဲအနေညက်တိုင်းဝတ်စုံနှင့် သားရေဖိနပ် ၀တ်ထားသော အမျိုးသား၊ အမျိုးသမီး တစ်အုပ်စုသည် ၎င်းတို့လုပ်နေသည်ကို ရပ်လိုက်ပြီး အောက်ထပ်သို့ အမြန်ဆင်းလာခဲ့ကြသည်။

ပြီးနောက်သူတို့သည်လူဘီရဲ့ အစီအစဉ်အောက်မှာ သူတို့ သပ်သပ်ရပ်ရပ် ရပ်နေလိုက်ကြသည်။

ဤမြင်ကွင်းသည် ဝန်ထမ်းအားလုံး၏ အာရုံကို ဆွဲဆောင်ခဲ့သည်။

အဲဒီအထဲမှာ ကျူရှင်းရလည်း ပါဝင်သည်။

လွန်ခဲ့သောလအနည်းငယ်က အင်တာနက်ကွန်ဖရင့်တွင် ကျူရှင်းရ၏စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့်ကုမ္ပဏီကနေ တိုက်ရိုက် အလုပ်ထုတ်ခံလိုက်ရသည်။

နောက်ပိုင်းတွင် သူမသည် ကျန့်ပေ့ တွင် အခြားအလုပ်တစ်ခုရှာခဲ့ရသည်။

သို့သော်လည်း ကျန့်ပေ့ရှိ ကြီးမားသော အင်တာနက် ကုမ္ပဏီများအားလုံး ထိုညီလာခံတွင် ပါဝင်ခဲ့သည်။

ကျူရှင်းရ ရဲ့ စွမ်းဆောင်မှုကို သူတို့မြင်ခဲ့ကြတာမို့ သဘာဝအတိုင်း သူမကို အလုပ်ခန့်ဖို့ ရွေးချယ်မှာ မဟုတ်ပေ။

အချို့သော ကုမ္ပဏီငယ်များသည် လစာနည်းပြီး အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ရသည်။ ကျူရှင်းရ ရည်အချိန်အတော်ကြာဘာလပြ်လို့လုပ်ရမှန်းမသိပေ။

ကျူရှင်းရသည် အချိန်အတော်ကြာ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ပေကျင်းသို့ သွားရန် ရွေးချယ်ခဲ့သည်။

ပေကျင်းတွင်ရရှိသောလစာနှင့် ဘောနပ်စ့်သည် ကျန်ပေ့ထက် များစွာသာလွန်သည်။

အချိန်အတော်ကြာအောင် ကြိုးစညးပြီးနောက်၊ ကျူရှင်းရသည်ရိုက့်စ့်ထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

ဤအချိန်တွင် ပထမထပ်ရှိ ဧည့်ခန်းရှိ လှုပ်ရှားမှုကို ကျူရှင်းရက သတိပြုမိပြီး “ခေါင်းဆောင်သူတို့ကဘယ်သူတွေလဲ” ဟု အံ့သြနေသောလေသံဖြင့်လေသံဖြင့်မေးလိုက်သည်။

သူ့ဘေးတွင် အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးက “P7 အထက် ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု အဆင့်အားလုံး ဆင်းလာတယ်ဆိုတဲ့သတင်းရထားတယ်” ဟု ပြောသည်။

ကျူရှင်းရသည် ရုပ်ရည်ချောမောသောကြောင့် အနက်ရောင် မျက်မှန်တပ်ထားတဲ့ အမျိုးသားက သူ့မအကြောင်း အမြဲတွေးနေခဲ့သည်။

ဒါကြောင့်သူသိတာကို တိုက်ရိုက်ပြောပြလိုက်သည်။

“အားလုံးဆင်းလာတာလား?” ကျူရှင်းရ က ပိုလို့တောင် အံ့သြသွားလေသည်။

အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားက “ဟုတ်တယ် ကြည့်လိုက်ဦး... ဒါရိုက်တာ ဟွမ်၊ ဒါရိုက်တာ လီ နဲ့ ဒေါင်လင်း.....အားလုံး ရူးနေတာလား”

ထို့နောက် ၎င်းတို့သည် P7 အထက်ရှိ ခေါင်းဆောင်များအား တန်းစီကာ ရပ်နေအောင်လူဘီကို ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်တာကိုကြည့်ရှုခဲ့သည်။

ဤမြင်ကွင်းကိုမြင်ပြီးနောက် အနက်ရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက “သူတို့က တစ်ယောက်ယောက်ကို ကြိုဆိုနေပုံရတယ်။ ပေကျင်းက ခေါင်းဆောင်ကြီး နောက်ဆုံးအကြိမ် ရောက်လာတာကို မှတ်မိပါတယ်၊ သူတုန်းကတောင် အဲဒီလို မလုပ်ခဲ့ဘူး”

“ဒီတစ်​ခါ... ​တော်​​တော်​အဆင့်​မြင့်​တဲ့​ခေါင်း​ဆောင်​ဖြစ်​မှာ​ကြောက်​တယ်​!”

အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားက ဤသို့ပြောသောအခါ သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစိသွားလေသည်။

ထိုအချိန်တွင် ခန်းမထဲတွင် အရပ်ရှည်ပြီးချောမောသော အသွင်အပြင်တစ်ခုပေါ်လာသည်။

တစ်ချိန်တည်းမှာပင်၊ လူဘီ က သူ့ကို အမြန်နှုတ်ဆက်ပြီး “မင်္ဂလာပါ မစ္စတာလင်း!”ဟုပြောလိုက်သည်။

ထို့နောက် P7 အထက်ရှိ ခေါင်းဆောင်များက သပ်ရပ်စွာ ရပ်နေသော ညီညီညာညာဖြင့်”ကြိုဆိုပါတယ် မစ္စတာလင်း!”ဟုနှုတ်ဆက်လိုက်ကြသည်။

ဒီမြင်ကွင်းကို……

အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားမြင်လိုက်ရတော့ သူ အံ့သြသွားပြီး “မစ္စတာလင်းလား? လင်းဒေါင် နဲ့ တခြားသူတွေက ဒီလိုလူငယ်တစ်ယောက်ကို တကယ်ကြိုဆိုနေကြတာလား?”

အနက်ရောင် မျက်မှန်တပ်ထားသော အမျိုးသား၏ အံ့အားသင့်မှုနှင့် နှိုင်းယှဉ်ပါက ကျူရှင်းရလုံးဝ အံ့အားသင့်သွားခဲ့သည်။

လင်းဖန်။

လင်းဖန်ပဲ။

ရိုက်စိ့ဂရုဥက္ကဌအပြင် P7 အထက် စီမံခန့်ခွဲရေးမှူးတွေက အောက်ထပ်ကိုလာကာ သူ့ကို နှုတ်ဆက်သည်။

သူ့အထောက်အထားက ဘာလဲ။

အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားသည် ကျူရှင်းရသည် ခန်းမကိုအာရုံစိုက်နေသည်ကို တွေ့လိုက်ရပြီလူဘီနှုတ်ဆက်သည့် လူငယ်ကို သူမ အလွန်သိချင်နေသည်ဟု ထင်မြင်မိသည်။

ထို့ကြောင့် လက်နှစ်ဘက်စလုံးက ကီးဘုတ်ကို ခဏကြာအောင်မြန်မြန်ရိုက်လိုက်သည်။

ခဏအကြာတွင် အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားက “လင်းဒေါင်နဲ့ တခြားသူတွေက ဒီ မစ္စတာလင်းကို ကြိုဆိုကြတာ အံ့သြစရာ မလိုပါဘူး။ ရှင်းရ၊သူလူငယ် ဖြစ်တယ်ဆိုတာကိုမကြည့်နဲ့၊ သူက ငါတို့ရိုက်စ့်ဂရုရဲ့အကြီးဆုံးရှယ်ယာရှင်ပဲ”

ဒါကိုကြားတော့ကျူရှင်းရတစ်ကိုယ်လုံးအနည်းငယ် တုန်လှုပ်သွားသည်။

လင်းဖန် သည် ရိုက်စ့်ဂရု၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

အကယ်၍……သူမ မျက်မမြင်ချိန်းတွေ့ပြီး.........သူနဲ့မကြာခင်လက်ထပ်ဖြစ်ခဲ့ရင်

ယခုအချိန်တွင်သာမသည် ရိုက်စ့်ဂရု၏ အဓိကရှယ်ယာရှင်၏ ဇနီးဖြစ်မှာသေချာသည်။

ဒီကိုစဉ်းစားလိုက်ရင်......

ယခုအချိန်တွင်ကျူရှင်းရသည် သူမ၏ နှလုံးသားထဲတွင် အဆုံးမဲ့နောင်တများကို သာခံစားရသည်။

All Chapters