သူဘယ်သူလဲ
Vol. 26 Ch. 377
ရိုက်စ့်ဂရု။
လူဘီကနှုတ်ဆက်နေသည့်လူတစ်ယောက်ကိုညွှန်ပြပြီး”သူက ရိုက်စ့်ဂရုရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု၊ သတင်း၊ ထုတ်ကုန်မြှင့်တင်ရေး၊ စီစဉ်မှု စတာတွေအတွက် အဓိက တာဝန်ရှိတဲ့သူပါ”
“နောက်တစ်ယောက်က ထုတ်ကုန်သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနဖြစ်သည်။ ၎င်းတို့သည် မိုဘိုင်းလ်ဖုန်းအသစ်များ၊ စမတ်အိမ်သုံးပစ္စည်းများနှင့် အခြားအရာများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက တာဝန်ရှိတဲ့သူပါ”
…………
သူသွားလေရာတိုင်းတွင် လူဘီသည် စိတ်အားထက်သန်စွာနှင့် အသေးစိတ် မိတ်ဆက်ပေးနေလေသည်။
ခဏအကြာတွင်လူဘီသည် ကွန်ရက်ဌာနသို့ ရောက်လာလေသည်။
ထိုအချိန်တွင် ကျူရှင်းရနှင့် အနက်ရောင် မျက်မှန်တပ်ထားသော အမျိုးသားသည် ထောင့်နားတွင် ထိုင်နေသည်။
အရင်လိုပဲ လူဘီက “မစ္စတာလင်း၊ ဒါက ကွန်ရက်ဌာနပါ။ ရိုက်စ့်ဂရုရဲ့ ကွန်ရက်တည်ဆောက်ပုံနဲ့ ဆော့ဖ်ဝဲလ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတာဝန်ယူရတဲ့ဌာနကလူတွေပါ”
အစပိုင်းမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေက ထပြီး “မင်္ဂလာပါ ဥက္ကဌလူဘီ”
လူဘီက လင်းဖန် ကို လက်ညှိုးထိုးပြပြီး “ဒါက ကျွန်တော်တို့ ရိုက်စ့်ဂရုရဲ့ အကြီးဆုံးရှယ်ယာရှင် မစ္စတာလင်းပဲ!”
ဝန်ထမ်းတော်တော်များများကဒါကိုကြားသောအခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။
တကယ်တော့ လင်းဖန်သည် ငယ်လွန်းသည်။
သို့သော်လည်း ဝန်ထမ်းများက လျင်မြန်စွာတုံ့ပြန်ကြပြီး “မင်္ဂလာပါ မစ္စတာလင်း!”
သာမန်ဝန်ထမ်းတွေရဲ့ အံ့အားသင့်စရာတွေနဲ့ ယှဉ်ရင် ကျူရှင်း ရဲ့ နှလုံးသားတစ်ခုလုံးကို တူနဲ့ ရိုက်လိုက်သလိုခံစားနေရသည်။
တကယ် လင်းဖန်။
ထို့အပြင် လင်းဖန် သည် ရိုက်စ့်ဂရု ၏ အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။
ကျူရှင်းရသည် မျက်မမြင်ချိန်းတွေ့သည့် မြင်ကွင်းကို ပြန်သတိရပြီး သူမမျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။
လင်းဖန်သည် ဂရုမစိုက်ဘဲ ကျူရှင်းရကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။
ထို့နောက်လူဘီနှင့် အခြားသူများ၏ ဦးဆောင်မှုအောက်တွင် လင်းဖန်သည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့သည်။
အနက်ရောင် မျက်မှန်တပ်ထားသည့် အမျိုးသားသည် လင်းဖန်နှင့် အခြားသူများ၏ နောက်ကျောကို ကြည့်ပြီး “ ငယ်လွန်းတယ်။ဒါတောင်သူကငါတို့ ရိုက်စ့်ဂရု ရဲ့ အဓိကရှယ်ရာရှင်ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး”
စကားပြောနေစဉ်တွင် အနက်ရောင် မျက်မှန်တပ်ထားသော အမျိုးသားသည် ကျူရှင်းရကို လှည့်ကြည့်ရာ သူမ၏ မျက်လုံးများ အနည်းငယ်နီနေကြောင်း တွေ့လိုက်ရသည်နှင့် “ရှင်းရ၊ မင်း ဘာဖြစ်လို့လဲ” လို့ မမေးပဲမနေနိုင်ပေ။
ကျူရှင်းရက ခေါင်းခါပြီး “ဘာမှမဟုတ်ပါဘူး. ..”
“ကလင် ကလင်”
ထိုအချိန်တွင် သူမ၏ အိတ်ကပ်အတွင်းမှ လက်ကိုင်ဖုန်းက အသံမြည်လာသည်။
ကျူရှင်းရက ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့ သူမအမေဆီကဆိုတာကိုသိလိုက်သည်။
ထို့ကြောင့် ကျူရှင်းရသည် လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး အပြင်သို့ ထွက်လာကာ ဖုန်းကိုင်လိုက်သည်။
“ရှင်းရ မင်းရဲ့လစာက ဒီလ ဘယ်တော့ ရမှာလဲ၊ မင်းအစ်ကိုရဲ့ အိမိငှားခသက်တမ်းကုန်တော့မယ်။” ဖုန်းချိတ်ဆက်ပြီးတာနဲ့ သူ့အမေ ရဲ့ ကျယ်လောင်တဲ့အသံကအရင်ထွက်ပေါ်လာသည်။
ကျူရှင်းရက “ဒီနှစ်ရက်အတွင်းရလိမ့်မယ်”
ချမ်မီဖန် က ကျေနပ်အားရစွာပြောလိုက်သည်။ “ဒါဆိုရင်ကောင်းတာပေါ့၊ ပြီးတော့ပေကျင်းမှာ ချမ်းသာတဲ့သူတွေ အများကြီးရှိတယ်ဆိုပဲ၊ဒါကြောင့်ချမ်းသာတဲ့ ချစ်သူကို အမြန်ရှာပြီးလက်ထပ်၊ဒါမှနင််အနာဂတ်ကောင်းမယ့်အပြင်နင့်အစ်ကိုအတွက်လဲအိမ်ဝယ်နိုင်လိမ့်မယ်!”
ဤစကားကို ကြားပြီးနောက် ကျူရှင်းရသည် လင်းဖန်ကို ချက်ခြင်းပင် တွေးလိုက်မိသည်။
ထို့နောက်သူ့မမျက်လုံးထောင့်မှ မျက်ရည်နှစ်ကြောင်း စီးကျလာပြန်သည်။
သူမသည်ငိုရင်းနဲ့ “မရှိတော့ဘူး၊ မရှိတော့ဘူး...”
“ဘာမရှိတာလဲ?” ချမ်မိဖန်က အံ့ဩတဲ့လေသံနဲ့မေးလိုက်သည်။
…………
လင်းဖန်သည် ကျူရှင်းရ၏ တုံ့ပြန်မှုကို ဂရုမစိုက်ပေ။
ရိုက်စ့်ဂရုအထဲတဝိုက်တွင် တစ်မနက်လုံး လမ်းလျှောက်ပြီးလိုက်ကြည့်နေသည်။
လူဘီသည် မူလက လင်းဖန်အား အဆင့်မြင့်ဟိုတယ်သို့ ညစာစားရန် ဖိတ်ကြားလိုခဲ့သည်။
သို့သော် လင်းဖန်သည် ကုမ္ပဏီစားသောက်ဆိုင်သို့ တိုက်ရိုက်သွားစားရန် အဆိုပြုခဲ့သည်။
ဒီလိုနဲ့ အားလုံးက တတိယထပ်ကို အတူတူရောက်လာကြလေသည်။
သူတို့ရောက်လာပြီးနောက် ဝန်ထမ်းတွေက “မင်္ဂလာပါ မစ္စတာလင်း၊ မင်္ဂလာပါ၊ ဥက္ကဌ !”
ရိုက်စ့် ရဲ့ ကန်တင်းမှာ အစားအသောက်က ကောင်းတယ်လို့ ပြောလို့ရသည်။
အမဲသား ၊ ကြက်သား ၊ ဘဲ ၊ အစိမ်းရောင်ကြော်...စသည်ဖြင့် ဟင်းမျိုးစုံ သည် အပြင်အဆင်လဲလှပြီးအရသာလဲရှိလှသည်။
လင်းဖန်သည် သူစားသမျှကို ကျေနပ်နေလေသည်။
ထမင်းစားပြီးနောက် လင်းဖန်သည်ရိုက်စ့်ဂရုတွင် အကြာကြီးမနေဘဲ ပေကျင်းကိုဆက်လက်လှည့်ပတ်ခဲ့သည်။
ကျယ်ဝန်းသော လမ်းများ၊ အထပ်မြင့် အဆောက်အအုံများ၊ ခေတ်မီသောခြံဝန်းများ....။
တဖြည်းဖြည်းနှင့် လင်းဖန်သည် လိုက်ကြည့်နေရတာကိုပင်ပန်းနွမ်းနယ်လာသည်။
လင်းဖန်သည် ဇောင်ဖန်မလီဟုခေါ်သော စားသောက်ဆိုင်ငယ်လေးကို လှမ်းကြည့်သောအခါ သူက “ငါဇောင်အိမ်ကို သွားရအုံးမှာပဲ” ဟု ညည်းညူလိုက်သည်။
မနေ့ကမှ ကျူခိုင် နဲ့တွေ့ပြီး မစ္စတာဇောင်စီလာလည်မယ်လို့သူပြောခဲ့သည်။
လင်းဖန်သည် တက္ကစီတစ်စီးကို ငှားပြီး “တန်ဖန်လမ်းကအိမ်နံပါတ်တစ်” ဟုဆိုသည်။
ယာဉ်မောင်းက “ကောင်းပြီလေ!”
အရှိန်မြှင့်စက်ကို နှင်းပြီး ရှေ့ကို အမြန်မောင်းသွားလေသည်။
လင်းဖန်သည် ကားပေါ်တွင်ထိုင်ကာ ပေကျင်း၏ရှုခင်းကို ကြည့်နေသည်။
အကြာကြီး ကားမောင်းသည်နှင့်အမျှငြီးငွေ့စရာကောင်းသောကြောင့် ဖြစ်နိုင်သည်။ ကားသမားက “မင်းက ပေကျင်းကမဟုတ်ဘူးထင်တယ်”
လင်းဖန်က “ဒါကို မင်းမြင်တာလား?”
ယာဉ်မောင်းက “ဒေသခံတွေက ယေဘူယျအားဖြင့် တန်ဖန်လမ်းကို မသွားရဲကြဘူး၊ ဘာလို့လဲဆိုတော့ အဲဒီမှာနေတဲ့လူတွေက အကာင်ကြီးကြီးတွေမို့လေ” ဟု ပြောသည်။
“တန်ဖန်လမ်းပေါ်က အဆောက်အဦးတွေက လှတယ်ဆိုပေမယ့် ရုတ်တရက်လူကြီးတစ်ယောက်နဲ့ မတော်တဆ ဝင်တိုက်မိရင် နောင်တရ ရလိမ့်မယ်”
“မင်း ... အဝေးက နေပဲကြည့်သင့်တယ်လို့တော့အကြံပေးတယ်”
လင်းဖန်က တစ်ဖက်က ကြင်နာစွာ သတိပေးသောကြေညင့်ခေါင်းညိတ်ပြီး “ငါ့ကို သတိပေးတာ ကျေးဇူးတင်ပါတယ်၊ ငါ ဧည့်သည်(ခဏလာလည်တဲ့သူကိုဆိုလိုတာပါ)အနေနဲ့ အထူးနံပါတ် ၁ ကို သွားတော့မယ်”
ကားမောင်းသူက လင်းဖန်ကို ထူးဆန်းသောအကြည့်ဖြင့် လှမ်းကြည့်ကာ “ငါ့သူငယ်ချင်း၊ မင်းက ချောမောတဲ့ရုပ်ရည်ရှိတယ်ဆိုပေမဲ့မင်းငါ့ကိုတော့မနောက်နဲ့လေ”
လင်းဖန်သည် ကြွားလုံးထုတ်နေသည်ဟု ယာဉ်မောင်းက ထင်နေသည်မှာထင်ရှားသည်။
ဟုတ်တယ်မဟုတ်လား
နံပါတ် 1၊ အဲဒီနေရာက ဘာလဲ။
ဇောင်မိသားစု၊ တရုတ်ထိပ်တန်းမိသားစု၏အိမ်ဖြစ်သည်။
ဒီလိုနေရာကိုသာမာန်လူများ ဧည့်သည်အဖြစ် သွားနိုင်သော အရာများလား။
ဧည့်သည်အဖြစ် ဝင်နိုင်တဲ့သူတွေက ဇိမ်ခံကားစီးတဲ့သူများတွေပံမဟုတ်ဘူးလား။
တက္ကစီ ဘယ်လိုစီးမှာလဲ။
လင်းဖန်သည် လုံလောက်သော မရိုးသားမှုမရှိဟု ယာဉ်မောင်းက ခံစားရပေသည်။
ဒါကြောက့်နောက်တော့ လင်းဖန်နဲ့ စကားစမြည်ပြောဖို့ စိတ်မ၀င်စားတော့ပေ။
ခဏကြာတော့ ယာဉ်မောင်းက ဘရိတ်ကိုနင်းပြီး ခမ်းနားတဲ့အိမ်ရှေ့မှာရပ်လိုက်လေသည်။
ဒါက... ဇောင်မိသားစုနေတဲ့အမှတ် 1 အတိအကျပင်ဖြစ်သည်။
လင်းဖန်သည် ငွေပေးချေပြီးနောက် သူရှေ့သို့ လျှောက်သွားလိုက်သည်။
ဒရိုင်ဘာသည်မီးနီဖြစ်နေသောကြောင့်ကားကိုရပ်ရင်းအဝေးမှလင်းဖန်၏ရုပ်ပုံကိုလှမ်းကြည့်ကာ “ဒီကောင်တကယ်ပဲ အထူးနံပါတ် 1 ကို သွားတာပဲ။ ဒီကောင်က ဟန်ဆောင်နိုင်လွန်းတယ်။”
လင်းဖန်သည် အထူးအိမ်ဖြစ်သောနံပါတ်1 နှင့် နီးကပ်လာသည်နှင့်အမျှ ကားမောင်းသည်သူ၏မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုအားကောင်းလာသည်။
နောက်အခိုက်အတန့်တွင်……
ယာဉ်မောင်းသည် အနည်းငယ် တောင့်တင်းသွားသည်။
အဘယ်ကြောင့်ဆိုသော် တံခါးဝတွင်ရပ်နေသော လုံခြုံရေးအစောင့်နှစ်ဦးသည် လင်းဖန်ကိုတွေ့ပြီးနောက် လင်းဖန်အား ကမန်းကတန်း နှုတ်ဆက်လိုက်သောကြောင့်ဖြစ်သည်။
သူတို့ထဲက တစ်ယောက်က သူ့ကို အရမ်းလေးစားပုံရသည်။
ဒီလူငယ်လေး...တကယ့်ကိုဇောင်မိသားစုရဲ့အိမ်ကို ဧည့်သည်အဖြစ်သွားတယ်။
ဘုရားရေ!
သူကဘယ်သူလဲ?
“ဒီး......”
ကားမောင်းသူ လန့်ဖျပ်သွားသောအခါ သူ့နောက်ကနေကာဟွန်းသံတစ်ခု ထွက်ပေါ်လာသည်။