အကဲဖြတ်မှုပြိုင်ပွဲရွှေ့ဆိုင်းခြင်း
Vol. 011 Ch. 1044
“ဆရာ ဆရာ ကျွန်မ နောက်ထပ်ဘယ်တော့မှ လက်နက်ပြန်မလုပ်နိုင် တော့ဘူးလား” မိန်းကလေးတပည့်တစ်ယောက်သည် စိတ်နောက်ကျိစွာဖြင့် အော်လေသည်။ သူမ နိုးလာသည်နှင့် ဘယ်ဘက်လက်ပြတ်နေသည်ကို မြင် လိုက်ချိန်တွင် မျက်ရည်များကျလာကာ ငိုလေသည်။
“အန်းအန်း မကြောက်နဲ့ အခုထိမသိသေးဘူး မစိုးရိမ်နဲ့ တောင်ကြားက မင်းကိုကုပေးမှာပါ” လူတစ်ယောက်သည် သူမကိုနှစ်သိမ့်လိုက်သည်။
“ဆရာ ကျွန်မလက်” အန်းအန်း၏ ငိုသံသည် သတိမေ့နေသော နောက် တပည့်တစ်ယောက်ကိုနိုးသွားစေရာ သူလည်းနိုးလာသည်နှင့် ငိုလေသည်။
“အာ.. ငါ့…”
“အိုး.. ဘယ်လိုဖြစ်လို့ဒါက…”
တစ်ယေက်ပြီးတစ်ယောက်နိုးလာရာ သူတို့၏ အော်သံများသည် ခြံဝန်း တစ်ခုလုံးကို ဂယက်ထသွားစေသည်။ အားလုံးသည် သူတို့၏အခြေအနေ ကြောင့် တုန်လှုပ်နေကြသည်။
“ကောင်းပြီ အခုအကြီးအကဲရှောင် သူတို့ငြိမ်သွားအောင် ခင်ဗျားတို့ ကုသပေးလိုက်၊ ကျုပ် အဆိပ်မိထားတဲ့သူတွေကို သွားစစ်ဆေးလိုက်မယ်” တုန်ပိုင်သည် ထိုလူများငိုသံကြောင့် ခေါင်းကိုက်လာသည်။
ရှီမာယူယူသည် ရှောင်ကျင်းရှုံနောက်လိုက်ကာ ကုသဆေးသောက်ပြီး သော ဒဏ်ရာရနေသူများကိုကြည့်လေသည်။ သို့သော် သူတို့ဒဏ်ရာမှာ ပြင်းထန်သဖြင့် အခြေအနေမှာ အကြပ်အတည်းဖြစ်နေသည်။
ဆေးပညာခန်းမမှ တပည့်များသည် သူတို့ဒဏ်ရာများကို စည်းနှောင် ပေးကြသည်။ ပြီးစီးသောသူများသည် ရှောင်ကျင်းရှုံလျှောက်လာသည်ကို မြင်သည်နှင့် ဘေးတွင်ရပ်ကြလေသည်။
“သူတို့အခြေအနေဘယ်လိုလဲ” လက်နက်ခန်းမမှ အကြီးအကဲတချို့ သည် အလောတကြီးပြေးလာကာ သူတို့တပည့်များ ထိုကဲ့သို့ ဒဏ်ရာရနေ သည်ကို ဒေါသထွက်စွာဖြင့် မြင်လိုက်ရသည်။
“ဒါဘယ်သူလုပ်တာလဲ”
“အကြီးအကဲ တိမ်တိုက်ဂူကအဖွဲ့ဝင်တွေပါ”
“ဟုတ်တယ် ကျွန်တော်တို့ကို ချောင်းတိုက်တာက တိမ်တိုက်ဂူပါ”
“ကျွန်တော်တို့ကို ချောင်းတိုက်တာ တိမ်တိုက်ဂူမဟတု်ဘူး တခြားဂိုဏ်း ကပါ”
“ချောင်းတိုက်တာ တိမ်တိုက်ဂူကမဟုတ်ဘူးလား အဲဒါဆို ဘယ်ဂိုဏ်း ကလဲ”
“ကျွန်တောတို့ကို ချောင်းတိုက်တဲ့သူက… ကုန်တောင်ကြားအဖွဲ့ဝင် တွေပါ”
“ကုန်တောင်ကြားလား သေချာလား” ရှီမာယူယူ မေးလိုက်သည်။
“သေချာပါတယ်၊ ကျွန်တော်တို့ကို သတ်ဖို့ကြိုးစားတဲ့သူတွေက ကုန် တောင်ကြားအဝတ်ဝတ်ထားကြတယ်” ထိုလူသည် ပြန်တွေးကာ အသေအချာပင်ပြောနေသည်။
“ကုန်တောင်ကြားအကျႋဝတ်ထားတာက ကုန်တောင်ကြားအဖွဲ့ဝင် တွေပါလို့ ဆိုလိုတာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ကုန် တောင်ကြားအဖွဲ့ဝင်တွေက ကျွန်တော်တို့ကိုလာတိုက်မှာမဟုတ်ဘူးလို့ ယုံတယ်”
“ဘာလို့လဲ”
“တောင်ကြားသခင်လေး ဘာလို့အဲလောက်သေချာနေတာလဲ”
“ကျွန်တော် ကုန်ရှန်ယိနဲ့ သိတယ်ပြီးတော့ အရင်က ကုန်တောင်ကြား အဖွဲ့ဝင်တွေနဲ့ စကားပြောဖူးတယ်၊ သူတို့က အံ့ဖွယ်နတ်ဆိုးတောင်ကြား အဖွဲ့ဝင်တွေကိုတိုက်ခိုက်မှာမဟုတ်ဘူး” ရှီမာယူယူသည် အတိအကျပင် ပြောလေသည်။
“ကုန်တောင်ကြားအကျႋဝတ်တာ ကုန်တောင်ကြားကဖြစ်တယ်လို့ မဆိုလိုဘူး” ရှောင်ကျင်းရှုံ ဆက်ပြောလေသည် “မင်းတို့အရင်ကုသနှင့်ကြ စစ်ဆေးဖို့ကို ငါတို့တာဝန်ထားလိုက်”
သူတို့အခြေအနေမှာ ပြင်းထန်နေသဖြင့် ရှောင်ကျင်းရှုံသည် နေခဲ့ပြီး ရှီမာယူယူနှင့် ရှောင်ချီတို့ ထွက်ခဲ့လိုက်ကြသည်။
“ယူယူ ကုန်တောင်ကြားအဖွဲ့ဝင်တွေက အံ့ဖွယ်နတ်ဆိုးတောင်ကြားကို တိုက်တယ်ဆိုတာ ယုံလား” ရှောင်ချီသည် ရှီမာယူယူအတွေးထဲမြောနေ သည်ကို မြင်ပြီး မေးလေသည်။
“သူတို့ကကုန်တောင်ကြားက မဟုတ်ဘူးဆိုတာ ငါယုံတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ငါကအံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တောင်ကြား သခင်လေးဆိုတာကို ကုန်ရှန်ယိသိတယ်၊ ငါတို့ရဲ့ဆက်နွယ်မှုကိုလည်း သူမ သိတယ်၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို အလစ်တိုက်မှာမဟုတ်ဘူး”
“သူတို့ အကျပ်ကိုင်ခံရရင် ဘယ်လိုလုပ်မလဲ” ရှောင်ချီ မေးလိုက်သည်။
“အတွင်းပိုင်းဒေသကလူတွေကိုပြောတာလား” ရှီမာယူယူ အမေးနှင့် ပြန်ဖြေလေသည်။
“ဖြစ်နိုင်တယ်” ရှောင်ချီ ဆက်ပြောလေသည် “တိမ်ပင်လယ်မြို့က ပြဿနာတောင်မှ အတွင်းပိုင်းဒေသက ဝင်မွှေသွားတာမလား၊ ကုန်တောင် ကြားအဖွဲ့ဝင်တွေကို သူတို့ထိန်းချုပ်ထားတယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူး လေ”
“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “အရင်တစ်ခေါက်က ရှန်ယိက အသည်းကွဲ တောင်ကြားမှာမဟုတ်ဘူးလား အဲဒီကအခြေအနေကို ငါ ဖန်အာကိုမေးကြည့်မယ်”
“အင်း”
ရှီမာယူယူ ခြံဝန်းသို့ပြန်ရောက်ချိန်တွင် သားအမိကျောက်တုံးထုတ်ကာ ဝိညာဉ်စွမ်းအင်ထည့်ပြီး တစ်ဖက်မှ ပြန်တုန့်ပြန်လာသည်ကို စောင့်နေလိုက် သည်။
ထိုကျောက်သည် သာမန်သားအမိကျောက်တုံးနှင့်မတူပေ။ ထို သားအမိကျောက်တုံးသည် ကြက်ဥအရွယ်အစားဖြစ်ကာ လုံးဝန်းပြီး ကြည်လင်သည်။ အဝေးသို့ ဆက်သွယ်ရာတွင်သုံးနိုင်သော သားအမိ ကျောက် ဖြစ်သည်။
“အစ်မကြီး ဘာဖြစ်လို့လဲ ဘာလို့ရုတ်တရက်ကြီးဆက်သွယ်လာတာလဲ” သားအမိကျောက်မှ ရှီမန်ဖန်၏ အသံထွက်လာသည်။
“ဖန်အာ ရှန်ယိ အသည်းကွဲတောင်ကြားမှာရှိသေးလား” ရှီမာယူယူ သည် တိုက်ရိုက်ပင်မေးလိုက်သည်။
“မရှိဘူး သူမ ပြီးခဲ့တဲ့ ၂ရက်ကပြန်သွားပြီ ကုန်တောင်ကြားမှာ တစ်ခုခု ဖြစ်တယ်လို့ပြောသွားတယ်” ရှီမန်ဖန် ဆက်ပြောလေသည် “တစ်ခုခုဖြစ်လို့ လား”
“အင်း မင်းကိုပြောဖို့လိုတာ ရှိတယ်….”
ရှီမာယူယူသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တပည့်များတိုက်ခိုက်ခံ ရသည့် အဖြစ်ကိုပြောပြလိုက်သည်။
“ကုန်တောင်ကြားအဖွဲ့ဝင်တွေက ဒီကိစ္စမှာ ဝင်မပါနိုင်ဘူး” ရှီမန်ဖန် သည် အကြောင်းစုံသိပြီးနောက်တွင် အတိအကျပင်ပြောလေသည်။
“ငါလည်းအဲလိုထင်တယ်” ရှီမာယူယူ ပြောလေသည် “ဒါပေမဲ့ မင်း ပြောတာက ကုန်တောင်ကြားမှာ တစ်ခုခုုဖြစ်တယ်လို့ ရှန်ယိ ပြောသွားတယ် မလား”
“အခု အစ်မတို့ဘက်ကအခြေအနေကဘယ်လိုလဲ” ရှီမန်ဖန် မေးလိုက် သည်။
“နည်းနည်းရှုပ်တယ် အကဲဖြတ်ပြိုင်ပွဲက ရက်နည်းနည်းပဲလိုတော့တာ တပည့်တွေက တစ်ယောက်ပြီးတစ်ယောက်ပြန်လာကြတယ်၊ စီနီယာအစ်ကို ရင်ကတော့ အပြင်မှာ စောင့်ဖို့လူလွှတ်ထားတယ်၊ ဘာမှမဖြစ်ဖို့ မျှော်လင့်ရ မှာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ကုန်တောင်ကြားမှာ ဘာဖြစ်နေတာ လဲဆိုတာ ကူစုံစမ်းပေးဦး”
“အိုခေ”
“ယူယူ လူတစ်ယောက်လွှတ်လိုက်တယ်ထင်တယ်” ရှောင်ချီ ပြော လိုက်သည်။
ရှီမာယူယူသည် ရှောင်ချီညွှန်ပြသည့်ဘက်သို့ကြည့်လိုက်ရာ ဒဏ်ရာရ ထားသော လူတစ်ယောက်ကိုသယ်လာသည်ကိုမြင်လိုက်သည်။
“ဖန်အာ ငါသွားကြည့်ပေးလိုက်ဦးမယ် သတင်းတစ်ခုခုရရင်ငါ့ကို ဆက်သွယ်လိုက်”
“အင်း”
“သွားပြီးကြည့်ပေးလိုက်ဦးမယ်”
ရှီမာယူယူသည် သားအမိကျောက်ကိုသိမ်းကာ ရှောင်ချီနှင့်အတူ ထို ဦးတည်ရာဘက်သို့ အပြေးသွားလိုက်သည်။
ထင်ထားသည့်အတိုင်းပင် သူတို့သည် အခုမှပြန်လာသည့်တပည့်များ ဖြစ်ကြကာ အပြန်လမ်းတွင် အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်။ ကံကောင်း၍ စစ်ကူတပည့်များနှင့် တွေ့ခဲ့သဖြင့် အခြေအနေမှာ မဆိုးလှပေ။
ရှီမာယူယူသည် ထိုနေရာမှအခြေအနေကိုကြည့်ပြီးထွက်သွားလိုက် သည်။ သူမ ထိုနေရာတွင်ရှိနေလျှင်တောင် ဘာမှမလုပ်နိုင်ပေ။
“ယူယူ သူတို့ကိုချောင်းတိုက်တဲ့သူတွေက တခြားဂိုဏ်းကလို့ ပြောနေ ကြတယ်” ရှောင်ချီ ပြောလိုက်သည်။
“အင်း ငါကြားတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ပိုပိုပြီးရှုပ်လာပြီ အဲလူတွေကို စွပ်စွဲဖို့မရှိတာဆိုရင် တစ်ယောက်ယောက်ကတော့ အံ့ဖွယ် နတ်ဆိုးတောင်ကြားကို ပစ်မှတ်ထားနေတာပဲ”
“ဒါပေမဲ့ ဘယ်သူဖြစ်နိုင်လဲ” ရှောင်ချီသည် ရှီမာယူယူ မေးစေ့ကို လက် ထောက်နေသည်ကို လိုက်တုကာ အတွေးထဲနစ်မြောနေသလိုလုပ်လေ သည်။
ရှီမာယူယူ သတိပြန်ဝင်လာသောအခါ သူမကို လိုက်တုနေသည်ကို မြင် သောအခါ ရယ်မောလိုက်ပြီး သူမခေါင်းကိုလက်ဖြင့်ပွတ်ပြီး ပြောလိုက်သည် “ငါတို့ အဲကိစ္စတွေအကုန်လုံးကို နားမလည်နိုင်ဘူး ဒီမှာစဉ်းစားလည်း အသုံး မဝင်ဘူး၊ ဆရာဦးလေးဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်ကြတာပေါ့”
၂ရက်အကြာတွင် တိုက်ခိုက်ခံရသောတပည့်တချို့ရောက်လာပြန် သည်။ ကံကောင်းသည်မှာ တောင်ကြားသည် ကြိုရန်လူလွှတ်ထားသဖြင့် အခြေအနေသည် မဆိုးလှပေ။
သို့သော် မူလစီစဉ်ထားသော အကဲဖြတ်ပြိုင်ပွဲသည် အကန့်အသက်မရှိ နောက်ဆုတ်လိုက်သည်။ လျန်ဝူမင်သဘောအရ အခြေအနေသည် မတည် ငြိမ်သဖြင့် ပြိုင်ပွဲသည် အားလုံးအခြေကျမှပင် ဆက်လုပ်မည်။
တောင်ကြားတစ်ခုလုံးသည် ဒဏ်ရာရထားသောတပည့်များကို ကုသ ရာတွင် အလုပ်များနေကြသည်။ ရှီမာယူယူသည်လည်း သတင်းများနောက် လိုက်လေသည်။ သို့သော် သိပြီးနောက်တွင် ထူးဆန်းသည်ဟု ထင်မိလေ သည်။
ခန်းမခေါင်းဆောင်အားလုံး အစည်းအဝေးလုပ်ချိန်တွင် သူမ ဘေးတွင် တိတ်တဆိတ်ထိုင်နေလေသည်။ ခန်းမတိုင်း၏ သတင်းကိုကြားပြီးနောက် တွင် မျက်ခုံးအနည်းငယ်မြင့်တက်သွားသော်လည်း ဘာမှမပြောပဲ နှုတ်ဆိတ် ကာပင် နားထောင်နေလေသည်။
လျန်ဝူမင်သည် သူမ၏ မျက်နှာအမူအရာကိုသတိထားမိသောကြောင့် စကားပြောသည့်သူမရှိသည့် အချိန်တွင် မေးလိုက်သည် “ယူယူ ဒါကိုဘယ် လိုထင်လဲ”
ရှီမာယူယူသည် သူမကိုခေါ်လိမ့်မည်ဟု မထင်ထားပေ။ သူမအတွေး များကို ပြောပြလိုက်သည်။
“တောင်ကြားသခင် ဒီမှာတစ်ခုခုမှားနေတယ်လို့ထင်ပါတယ်”
“အိုး.. ဘယ်နေရာမှားတာလဲ” လျန်ဝူမင် မေးလိုက်သည်။
***