လီဗာဗီလာ
Vol. 26 Ch. 378
အခုအချိန်တွင်မီးနီသည် အစိမ်းရောင်ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။
ထိုမှသာ ကားမောင်းသူသည် သူ့အတွေးများကို ဖယ်ထုတ်ကာ တုန်လှုပ်ချောက်ချားမှုကို နှိမ့်ချရင်းအရှိန်မြှင့်စက်ကိုနင်းကာ မောင်းသွားခဲ့သည်။
…………
လွန်ခဲ့သည့်လအနည်းငယ်က လင်းဖန်သည် ဇောင်မိသားစု၏အိမ်ကိုလာရောက်လည်ပတ်ခဲ့သည်။
ရင်တုန်းကသူလာတဲ့အချိန်တုန်းကမြင့်မားတဲ့ ကျောက်ဆောင်၊ ကြည်လင်တဲ့ စမ်းချောင်းနဲ့ရောင်စုံပန်းပွင့်တွေကိုလည်းတွေ့ရသည်။
ဒါပေမယ့် အခုလဲထပ်မြင်ရတဲ့အခါ အရမ်းလှတယ်လိုမချီးကျူးပဲမနေနိုင်ချေ။
ခဏကြာတော့ ဇောင်မိသားစုခန်းမကို သူရောက်လာသည်။
ထိုအချိန်တွင် ဇောင်တန်၊ ဇောင်စန်းဟိုင် နှင့် ဇောင်မိသားစု၏ အခြားအမာခံအဖွဲ့ဝင်များ နှင့် ယမန်နေ့က တွေ့ဆုံခဲ့သော ကျူခိုငိ တို့ အားလုံး ခန်းမရှေ့တွင် ရပ်ကာ စောင့်ဆိုင်းနေကြသည်။
ဇောင်တန်က ဟက်ဟက်ပက်ပက် ပြုံးလိုက်ပြီး “အစ်ကိုလင်း၊ မတွေ့တာကြာပြီ!”
ဇောင် မိသားစု အားလုံးက အသက်နှစ်ဆယ်ကျော်လူငယ်လေးလင်းဖန် ကို စောင့်မျှော်နေကြသည်။
ဒီမှာ အပြင်လူရှိရင် အံ့သြသွားမှာသေချာသည်။
ဒါက တရုတ်နိုင်ငံရဲ့ ထိပ်တန်းမိသားစုဖြစ်သောဇောင်မိသားစုပင်ဖြစ်သည်။
လင်းဖန်သည် အဘိုးဇောင်၏အသက်ကို ကယ်တင်ခဲ့လျှင်ပင်၊ သူတို့သည်ဤမျှ ယဉ်ကျေးသိမ်မွေ့နေစရာ လိုမည်မဟုတ်ပေ။
သို့သော် လင်းဖန် သည် နဂါးအဖွဲ့ ၏အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သာမာန်လူများက မည်သို့သိနိုင်မည်နည်း။
တချိန်တည်းမှာပဲ မစ္စတာ ဇောင်တန် နဲ့ မစ္စတာ ကျူဝမ်မင်၏မြေးအသက်ကို ကယ်တင်ခဲ့သည်။
ထို့အပြင် လင်းဖန် သည် ငလျင်ကြိုတင်ခန့်မှန်းစက်၊ စူပါဘက်ထရီများ၊ ဆီးချိုရောဂါအတွက် ဆေးဝါးများကို တီထွင်ခဲ့ပြီး သင်္ချာဆိုင်ရာ ပြဿနာများစွာကိုလဲဖြေရှင်းပေးခဲ့သူဖြစ်သည်။
ဒါတွေကြောင့်လင်းဖန်နှင့်မိတ်ဆွေဖွဲ့ရသည်မှာအလွန်ကောင်းသည်ဟုတွေးကြသည်။
ထို့အပြင်ဇောင်တန်သည် လင်းဖန်သာအာဏာလိုချင်သ၍သူ့ရဲ့ဇောင်မိသားစုထက်သာမှာကျိန်သေးသည်မှာသေလျာသည်ဟုတွေးထားသည်။
လင်းဖန်က “ဟုတ်တယ် မစ္စတာ ဇောင်မင်းနဲ့မတွေ့ရတာတောင်ကြာပြီ”
နှစ်ယောက်သား စကားပြောရင်းမကြာခဏ ရယ်မောကာ အထဲသို့ ဝင်လာကြသည်။
ဇောင်တန်သည် လင်းဖန်ကို သူနှင့်သက်တူရွယ်တူတစ်ဦးအဖြစ် မှတ်ယူထားပုံရသည်။
ထိုအချိန်တွင် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသည့် အမျိုးသားတစ်ဦးက လမ်းလျှောက်လာပြီး “အဖိုး၊ဖန်မိသားစု၏ ဘိုးဘေး ဖန်ဘိုဟွမ် သည်ဖန်မိသားစုမှ လူအနည်းငယ်ကို ခေါ်လာပြီး တောင်းပန်ရန် လာသည်ဟု ဆိုသည်။’’
ဇောင်တန်က ချက်ချင်းပြန်မဖြေဘဲ လင်းဖန်ကိုကြည့်ကာ “ညီလေးလင်းလင်း၊ မင်း သူတို့ကို တွေ့ချင်လား”
“အွန်း....သူတို့ပြောတာကို အရင်ကြည့်ရအောင်” လင်းဖန်က ပြောသည်။
ဇောင်တန်က အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ကို ဝတ်ဆင်ထားသော ထိုလူဆီသို့ ခေါင်းညိတ်ပြလိုက်သည်။
ခဏအကြာတွင် ဖန်ဘိုဟွမ်နှင့် ယမန်နေ့က ဝက်ခေါင်းကဲ့သို့ အရိုက်ခံရသော ဖန်ဂျန်တို့ လမ်းလျှောက်လာခဲ့သည်။
ပေကျင်းရှိ ဖန် မိသားစုသည်ဟွာရှ(တရုတ်)တစ်ခုလုံးပင် အမည်နာမတစ်ခုဟု ဆိုနိုင်ပါသည်။
အရင်တုန်းက ဖန်မိသားစု ဘယ်သွားသွား မောက်မာပြီးသွားလေသည်။
သို့သော် ယခုအချိန်တွင် သူတို့အားလုံးသည် အလွန်စိုးရိမ်နေကြပုံရသည်။
ဖန်ဘိုဟွမ်က “မစ္စတာဇောင်မင်္ဂလာပါ”
ဇောင်တန် က “အွမ်” ကို ဖျော့ဖျော့ဆလး ပြောလိုက်ရုံနဲ့ သူ့အမူအရာက အလွန်အေးစက်နေခဲ့သည်။
ဖန်ဘိုဟွမ်က “မနေ့က ဖြစ်ပျက်ခဲ့တာက ငါတို့ ဖန် မိသားစုက စည်းကမ်းမတင်းကြပ်ထားလို့ဖြစ်တာပါ၊ ဒီနေ့ ငါတောင်းပန်ဖို့ဒီကိုလာခဲ့တာ...”
ဇောင်တန်က “မင်းငါ့ကို စော်ကားတာမဟုတ်ဘူး၊မင်းစော်ကားခဲ့တာ အစ်ကိုလင်းပဲ!”
ဖန်ဘိုဟွမ် က ဇောင်တန်ပြောတာကိုချက်ချင်းလိုက်နာလိုက်လေသည်။ မနေ့က ဖန်ဂျန်ထံမှ လင်းဖန်အကြောင်းကိုသူသိလိုက်ရသည်။
လင်းဖန်သည် အရမ်းငယ်မှန်းလည်း သူသိသည်။
သို့သော်သူတကယ်မြင်လိုက်ရတော့ မထိတ်လန့်ပဲမနေနိုင်ပေ။
ထိုလူငယ်လေးသည်ဇောင် မိသားစုအား ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်စေခဲ့သောသူဖြစ်သည်။
မနေ့ညကနေစပြီး ဒီနေ့မနက်အထိ ဖန်မိသားစု ရဲ့ လုပ်ငန်းအားလုံးကိုဆိုးရွားစွာ ထိခိုက်ခဲ့သည်။
လုပ်ဖော်ကိုင်ဖက်များစွာသည်ဖန် မိသားစုနှင့် အဆက်အသွယ်ဖြတ်လိုက်ကြသည်။
ဖန်ဘိုဟွမ်က “မစ္စတာလင်း၊ မနေ့ကဖြစ်ခဲ့တဲ့ကိစ္စအတွက်တောင်းပန်ပါတယ်၊ငါတို့ဖန် မိသားစုက စည်းကမ်းမတင်းကြပ်မိတဲ့အတွက် မျိုးဆက်သစ်လူငယ်တွေကထင်တိုင်းကြဲပီးမစ္စတာလင်းကိုစော်ကားစေမိခဲ့တယ်....”
ထိုသို့ပြောပြီးနောက်ဖန်ဘိုဟွမ် သည် သူ့ခေါင်းကို ဖန်ဂျန်ထံလှည့်ပြီး “မြန်မြန်မစ္စတာလင်ကို တောင်းပန်လိုက်လေ!”
ဒါကိုကြားတော့ဖန်ဂျန်သည် ထိတ်လန့်တုန်လှုပ်သွားကာ မြေပြင်ပေါ်တွင် တိုက်ရိုက်ဒူးထောက်ကာ တုန်ယင်သောအသံဖြင့်
“လင်...မစ္စတာလင်း၊ တောင်းပန်ပါတယ် ဒါတွေအားလုံးက ငါ့အပြစ်ပါ၊...ကျေးဇူးပြုပြီး ငါကိုခွင့်လွှတ်ပေးပါ…”
ဖန်ဂျန် သည် ယမန်နေ့က ဖန်မိသားစု၏အိမ်သို့ ပြန်ရောက်ပြီးနောက်၊ပြဿနာကိုသိပြီးနောက်အစည်းအဝေးလုပ်ကြသည်။
တစ်စုံတစ်ယောက်က သူရဲ့**** ဖြတ်ပြီးဇောင်မိသားစုစီသို့ပို့လိုက်လို့ပြောသည်။
အချို့က သူ၏ခြေလက်များကိုရိုက်ချိုးခြင်းဖြင့် ဖန်မိသားစု၏ ရိုးသားမှုကို ပြသသည်ဟု အချို့ကပြောကြသည်။
လူအချို့ကဇောင်မိသားစု ၏အိမ်တံခါးဝတွင် သုံးရက်သုံးညကြာ ဒူးထောက်သင့်သည်ဟု ဆိုကြသည်။
…………
လင်းဖန်သည် ဖန်ဂျန်၏ သနားစရာကောင်းသော အသွင်အပြင်ကို ကြည့်ကာ “ဖန်ဂျန်မင်စလဲသင်ခန်းစာတစ်ခု ရပြီးပြီဆျုတော့၊ ဒါကို မေ့လိုက်တော့” ဟု ပြောသည်။
ဖန်ဂျန်သည် စိတ်လှုပ်ရှားစွာဖြင့်”ကျေးဇူးတင်ပါတယ် မစ္စတာလင်း၊ ကျေးဇူးတင်ပါတယ် မစ္စတာလင်း”
ဖန်ဘိုဟွမ်ကလည်း “ကျေးဇူးတင်ပါတယ် မစ္စတာလင်း...”
ထို့နောက် ဇောင်တန် ကို ကြည့်လိုက်သည်။
ဇောင်တန် က “အစ်ကို လင်းက ကြင်နာတတ်တာမို့ မင်းကို လွယ်လွယ်လေး ခွင့်လွှတ်ပေးလိုက်တာ.... ဒါပေမယ့် ထပ်ပြီး ဒီလိုမျိုးထပ်မကြုံချင်ဘူး”
“ဟုတ်ကဲ့ပါ... နောင်ဒီလိုမဖြစ်စေရဘူးလို့ကတိပေးပါတယ် ...” ဖန်ဘိုဟွမ်က ထပ်ခါထပ်ခါ ပြောလိုက်သည်။
“ကောင်းပြီ မင်းသွားလို့ရပြီ။” ဇောင်တန်က ပြောသည်။
ထို့နောက် ဇောင်တန်နှင့် လင်းဖန် တို့သည် ဇောင်မိသားစု၏ ဧည့်ခန်းထဲတွင် ထိုင်ကာ ခဏတာ စကားစမြည်ပြောကြသည်။
ညနေရောက်တော့ အရသာရှိတဲ့ ညစာကို အတူတူစားကြလေသည်။
လင်းဖန်သည်စားသောက်ပွဲ၏ အဓိဇာတ်ဆောင်ဖြစ်သည်မှာ သေချာပါသည်။
မူလကဇောင်မိသားစုသည် လင်းဖန်ကို သူတို့အိမ်မှာအိပ့်ခိုင်းချင်သည်။
သို့သော် လင်းဖန်က ရှောင်နင်အာ သည် အိမ်တွင် သူ့ကိုယ်စောင့်ဆိုင်းနေသေးသည်ဟုသူထင်သည်။
ထို့ကြောင့် သူသည် နှုတ်ဆက်ပြီးထွက်လာခဲ့သည်။
…………
လင်းဖန်သည် အခန်း 2104၊ အဆောက်အဦ C၊ ဂျေဟန် သို့ ရောက်သောအခါ၊ ရှောင်နင်အာသည်ရေချိုးပြီးကာစဖြစ်သောကြောင့်သူမ၏ နှင်းဖြူဖွေးဖွေး အရေပြားပေါ်တွင် ရေအနည်းငယ် ကျန်နေသေးသည်။
အလင်းရောင်အောက်တွင် အရေပြားပေါ်ရှိရေများသည်ကျောက်မျက်များကဲ့သို့ တောက်ပနေသည်။
ရှောင်နင်အာ ရဲ့ လှပတဲ့ အသွင်အပြင်ကိုမြင်တော့လင်းဖန်တောင်အနည်းငယ်အံ့ဩသွားသည်။
ရှောင်နင်အာသည် လင်းဖန်ကသူမအား စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမ၏ လှပသော မျက်နှာသည် နီရဲသွားကာ မနေနိုင်ဘဲ “မင်းဘာလို့ တံခါးနားမှာရပ်နေတာလဲ၊ ဝင်လာလေ” လို့ပြောလိုက်သည်။
“အာ...အာ...ကောင်းပြီ...” လင်းဖန်က ပြန်ဖြေသည်။
လရောင်သည် စောင်နှင့်တူပြီးကုတင်သည် အိပ်ရာနှင့်တူ၏။(ကုတင်ပါဆိုမှအိပ့်ရာပေါ့ဟ)
“ဖတ်”
“ဖတ်”
…………
နောက်တနေ့။
လင်းဖန်သည်မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှောင်တင်အာ ဟာ မနေ့ကလို အဝတ်အစားလဲပြီး အပြင်ထွက်တော့မည်ဖြစ်သည်။
လင်းဖန်နိုးလာသည်ကိုမြင်တော့ “မနက်စာကိုစားပွဲပေါ်မှာထားပေးထားတယ်၊ ငါအခုသွားတော့မယ်နော်’’
စကားပြောပြီးတာနဲ့ အပြင်ကို အမြန်ထွက်သွားလေသည်။
လင်းဖန်သည် ဒါကိုတွေ့တော့ပြုံးကာ ခေါင်းခါပြီး ဖုန်းကို ကြည့်လိုက်သည်။
“၀:၀၀ နာရီတွင်တရုတ်ဘဏ်မှ ယွမ် ၇၅၉၈,၀၀၀ ကို ရရှိသည်။”
ထို့နောက် လင်းဖန် သည်ဆိုင်းအင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“ဆိုင်းအင်လုပ်မယ်!”
【ဒင်း! ဂုဏ်ယူပါတယ် ၊လီဗာဗီလာ 10 လုံး သင်ရရှိပါပြီ။ 】
လီဗာဗီလာ၊ လင်းဖန်သည် ဤနာမည် နှင့် ရင်းနှီးသည်။
ဘာကြောင့်လဲဆိုတော့ ဟိုးအရင်က ဗီဒီယိုအတိုလေးတွေကြည့်တုန်းက ဒီအိမ်ကြီးကို ခဏခဏတွေ့ဖူးလို့ပင်ဖြစ်သည်။
ဗီဒီယိုအတိုအရ၊ ပေကျင်းရှိ ဇိမ်ခံအိမ်ကြီးဖြစ်ပြီး တစ်ခုချင်းစီ၏စျေးနှုန်းသည် ယွမ်တစ်ဘီလီယံကျော်ရှိသည်။
ထို့အပြင်၊ သင့်တွင် ပိုက်ဆံရှိလျှင်ပင် မဝယ်နိုင်တော့ပေ။သင့်တွင် အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုရှိမှသာဝယ်နိုင်သောအရာဖြစ်သည်။
မလေးသည် လီဗာဗီလာကို ဝယ်ယူလိုသည်ဟု ကောလာဟလများထွက်ပေါ်ခဲ့သည်။သို့သော်သူသည်ဝယ်ယူနိုင်ခြင်းမရှိချေ။
ယခု၊ သူသည် လီဗာဗီလာ10 ခုကို တိုက်ရိုက်ရရှိခဲ့သည်။
ဘီလီယံပေါင်း ဆယ်ဂဏန်းလောက် တန်လေသည်။
ကြည့်ရတာ...မဆိုးတဲ့ပုံပဲဟုလင်းဖန်ကတွေးလိုက်သည်။
ထို့နောက် လင်းဖန်သည် ဖြည်းညှင်းစွာထကာ စားပွဲပေါ်ရှိ ခေါက်ဆွဲကို အေးအေးဆေးဆေး စားလိုက်သည်။