← Chapters

သစ္စာဖောက်သူ

Vol. 011 Ch. 1045

သစ္စာဖောက်သူ

Vol. 011 Ch. 1045

ရှီမာယူယူသည် သူမအတွေးများကို ဆင်ခြင်ပြီးပြောပြလေသည် “ပြီးခဲ့ တဲ့၂ရက်ကို တောင်ကြားကကိစ္စတချို့ကို ကျွန်တော်သင်ခဲ့တယ်၊ အခုဆိုရင် တိမ်တိ်ုက်ဂူနဲ့ အရင်ကပဋိပက္ခတွေရှိခဲ့တယ်ဆိုပေမယ့် အရင်ကတစ်ခါမှ မဖြစ်ဖူးဘူး”

လျန်ဝူမင် ခေါင်းညိတ်လိုက်သည် “အမှန်ပဲ”

“အဲလိုဆိုရင် အဲလောက်အင်အားကြီးအများကြီးက ဘာလို့ ကျွန်တော် တို့ကိုတိုက်ခိုက်တာလဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “ပြီးတော့ ကျွန်တော်တို့က ဘာလှုပ်ရှားမှုမှလုပ်တာမဟုတ်ဘူး အဲဒါအဓိပ္ပာယ်မရှိဘူး”

“တကယ်ပဲ ရုတ်တရက်ဖြစ်လွန်းတယ်” တုန်ပိုင် ဆက်ပြောလေသည် “ဒါပေမဲ့ သူတို့က အရိပ်ထဲမှာလှုပ်ရှားနေလောက်တယ်”

“တကယ်လို့ သူတို့ အံ့ဖွယ်နတ်ဆို်းတောင်ကြားနားကို လူတွေအများ ကြီးလွှတ်တယ်ဆိုရင် ကျွန်တော်တို့ သတိထားမိရမှာပေါ့” ရင်ဘိုင်ချွန်း ဆက် ပြောလေသည် “မဟုတ်ရင်….”

“မဟုတ်ရင်ဘာလဲ”

“သူတို့ အံ့ဖွယ်နတ်ဆိုးတောင်ကြားကို လူမလွှတ်သရွေ့ပေါ့” ရှီမာယူယူ ဆက်ပြောလိုက်သည် “အဲလိုမှပဲ သူတို့က ကျွန်တော်တို့ မပြင်ဆင်ထားတာ ကိုမိမှာ”

“သခင်လေးပြောတာက တောင်ကြားမှာ သူလျှိုရှိနေတာလား” ရှောင်ကျင်းရှုံ ပြောလိုက်သည် “အဲလူမဖမ်းမိစေနဲ့ မဟုတ်ရင် ငါ သေချာ ပေါက်….”

“အကြီးအကဲရှောင် စိတ်မလှုပ်ရှားပါနဲ့ မသေချာသေးပါဘူး”

“ဒီကိစ္စက လူတိုင်းကို စစ်ဆေးဖို့လိုမယ်” လျန်ဝူမင် ဆက်ပြောလေ သည် “တကယ်ပဲ တစ်စုံတစ်ယောက်က ငါတို့ကိုသစ္စာဖောက်တယ်ဆိုရင် စစ်ဆေးရတော့မယ် ပြီးတော့ ဒဏ်ရာရထားတဲ့ပည့်တွေကလည်း ဖြစ်နိုင် သလောက်မြန်မြန် သက်သာဖို့လိုတယ်၊ ပြန်မလာသေးတဲ့သူတွေကို အချိန် တစ်ခုလောက် ပြန်မလာဖို့ပြောလိုက်”

“ဟုတ်ကဲ့ တောင်ကြားသခင်”

“အဲဒါအပြင် တခြားပြောစရာရှိသေးလား”

“ဟုတ်….”

…..

အစည်းအဝေးပြီးနောက်တွင် ရှီမာယူယူကို နေခဲ့ခိုင်းလေသည်။

“ယူယူ တောင်ကြားက အခုအလုပ်များနေတယ်၊ မင်းအတွက် တာဝန် တစ်ခုရှိတယ်” လျန်ဝူမင် ပြောလိုက်သည်။

“ဘာလဲ” ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။

“သူလျှိုရှိတယ်ဆိုတာ မင်းထောက်ပြမှတော့ ဒါကို မင်းကို စစ်ဆေးစေ ချင်တယ်” လျန်ဝူမင် ပြောလိုက်သည်။

“ကျွန်တော့်ကို စစ်ဆေးစေချင်တာလား” ရှီမာယူယူသည် သူမကို သူမ ညွှန်ပြကာ “တောင်ကြားမှာ ဒီလောက်လူတွေအများကြီးရှိတာ ကျွန်တော်က သူတို့အများစုကိုတောင်မသိသေးတာ၊ ကျွန်တော့်ကိုစစ်ဆေးခိုင်းမယ်ဆိုရင် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာခိုင်းသလိုဖြစ်မနေဘူးလား”

“ဟုတ်တယ်” လျန်ဝူမင် ခေါင်းညိတ်လေသည်။

“….”

ဒါဆိုရင် သူမကို ဘာလို့စစ်ဆေးခိုင်းတာလဲ။

“အရမ်းကြောက်မသွားနဲ့ မင်းကိုစစ်ဆေးခိုင်းတာက တစ်ဖက်လူကို ရှုပ်သွားအောင်လို့ပဲ၊ တကယ့်စစ်ဆေးမှုလုပ်မှာက တခြားတစ်ယောက်ပဲ” လျန်ဝူမင် ပြောလိုက်သည်။

“တောင်ကြားသခင် သံသယဝင်တဲ့လူများရှိလို့လား” ရှီမာယူယူ မေး လိုက်သည်။

“အမှန်အတိုင်းပြောရရင်မရှိဘူး” လျန်ဝူမင် ဆက်ပြောလေသည် “ဒါပေမဲ့ သူလုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်က တောင်ကြားမှာ သူ့ရာထူးက မြင့် တယ်ဆိုတာပဲ”

“ကျွန်တော်က သူ့ကိုမထိခိုက်နိုင်ဘူးလို့ အဲလူထင်သွားအောင်လို့ ကျွန်တော့်ကိုစစ်ဆေးခိုင်းတာပဲ အဲဒါမှ သူ့ကိုစိတ်အေးစေမှာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီအကြံကကောင်းပါတယ် ဒါပေမဲ့….”

“ဒါပေမဲ့ ဘာဖြစ်လဲ” လျန်ဝူမင်သည် မျက်ခုံးများကို ပင့်လိုက်သည်။

“ကျွန်တော့်မှာ ပိုကောင်းတဲ့ အကြံရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ရှေးအကျဆုံးပေမဲ့ အသက်ရောက်ဆုံးနည်းလမ်းပဲ” ရှီမာယူယူ ဆက် ပြောလေသည် “တောင်ကြားကလူတိုင်းကိုစောင့်ကြည့်ရမယ်”

“အကုန်လုံးကို စောင့်ကြည့်ရမယ်ဟုတ်လား အံ့ဖွယ်နတ်ဆိုး တောင်ကြားမှာ ဒီလောက်လူတွေများတာ၊ လူတိုင်းကိုစောင့်ကြည့်ဖို့က မလွယ်ဘူး၊ ပြီးတော့ သူလျှိုကို သတိပေးသလိုဖြစ်သွားမယ်” လျန်ဝူမင် ပြော လိုက်သည်။

“ဆရာ နီရဲပျားတွေကိုပြန်ယူလာတာ လူဘယ်နယောက်သိလဲ” ရှီမာယူယူ မေးလိုက်သည်။

“နီရဲပျားတွေလား သိတဲ့သူမများလောက်ပါဘူး” လျန်ဝူမင် ဆက်ပြော လေသည် “မင်းဆရာက ယူလာကတည်းက အများကြီးတန်ဖိုးထားနေတာ၊ သူ့မှာ နီရဲပျားတွေရှိတယ်ဆိုတာ အကုန်လုံးသိရင်တောင် မမြင်ဖူးကြဘူး၊ အဲလူတွေကို စောင့်ကြည့်ဖို့ နီရဲပျားတွေကိုသုံးမလို့လား”

“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “နီရဲပျားတွေရဲ့ သတင်း စောင့်ကြည့်တဲ့အရည်အချင်းက အားကောင်းတယ်”

“အဲဒါလည်း အလုပ်ဖြစ်တယ်” လျန်ဝူမင် ဆက်ပြောလေသည် “သတင်း တစ်ခုခုရရင်ပြောလေ”

“ဟုတ်”

“အကူအညီလိုတာရှိရင် ဘိုင်ချွန်းကိုကူညီခိုင်းလိုက်”

“သိပါပြီ”

ရှီမာယူယူသည် အစည်းအဝေးခန်းမှထွက်လိုက်သည်နှင့် ရှောင်ချီသည် ခြံဝန်းတစ်ဖက်မှထွက်လာသည်။

“ယူယူ အစည်းအဝေးပြီးသွားပြီလား” ရှောင်ချီသည် ပြေးလာပြီး မေး လေသည်။

“အင်း သွားမယ် မင်းအကူအညီလိုတယ်”

“ရှောင်ချီ့အကူအညီလိုတယ်ဟုတ်လား” ရှောင်ချီ ပျော်သွားလေသည် “ဘာလဲ”

“မကြာခင်သိလိမ့်မယ်….”

ရှီမာယူယူသည် ရှောင်ချီကို တခြားတစ်ဖက်ရှိ တောင်ထိပ်သို့ခေါ်သွား လေသည်။ သူမ ထင်ထားသည့်အတိုင်းပင် ရှောင်ချီသည် အပင်များနှင့် ပတ်သတ်ပြီး စွမ်းရည်မြင့်မားသည်။

“ယူယူ အဲအပင်တွေရဲ့အတုန့်အပြန်နဲ့ ကူညီခိုင်းတာလား” ရှောင်ချီ မေးလိုက်သည်။

“အဲဒါတင်မဟုတ်ဘူး ပျားတွေကိုလည်း ကာပေးရမယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “အပင်တွေနဲ့ ပျားတွေရဲ့အနံ့က တစ်ခုနဲ့တစ်ခု လိုက် လျောညီထွေရှိတယ် အဲဒါနဲ့ဆိုရင် အားကြီးတဲ့လူဆိုရင်တောင် အလွယ်တကူ မရှာတွေ့နိုင်ဘူး”

“အင်း” ရှောင်ချီ ခေါင်းညိတ်လေသည် “ကိစ္စမရှိဘူး ရှောင်ချီ့ကိုသာ အပ်ထားလိုက်”

“ဒါဆိုရင် ငါ ပျားတွေကိုလွှတ်လိုက်မယ်”

ရှီမာယူယူသည် ပျားပေါင်းသောင်းချီပြီးလွှတ်ကာ အံ့ဖွယ်နတ်ဆိုး တောင်ကြား၏ နေရာတိုင်းကိုပျံသန်းစေသည်။ နီရဲပျားအများစုမှာ သစ်ပင် အောက်တွင် ပုန်းကွယ်ကြလေသည်။ အပင်များ၏အနံ့များနှင့် ဖုံးလွှမ်းလိုက် သောအခါ သေချာမကြည့်လျှင် ရှာရန်ခက်လေသည်။

နေရာချပြီးနောက်တွင် သူတို့သည် ခြံဝန်းသို့ပြန်လာလိုက်ကြသည်။

နောက်ရက်များသည် စောင့်ရသည့်ရက်များဖြစ်သည်။ ဒဏ်ရာရထား သူများသည် သက်သာရန်စောင့်ရသည်။ အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် သတင်းကိုစောင့်ကြကာ ရှီမာယူယူသည် သူလျှိုလှုပ်ရှားမည်ကို စောင့်သည်။ သို့သော် ဒဏ်ရာထပ်ရသူမရှိတော့ကာ အပြင်နှင့်ဆက်သွယ်သူလည်းမရှိ သဖြင့် ထိုကိစ္စသည် ဒီအတိုင်းသာ ပျောက်ကွယ်သွားတော့မည့်ပုံပင်။

သို့သော် ဒီလောက်လွယ်လွယ်နှင့်ပြီးသွားမည်ဟု သူမ မထင်ပေ။

ထိုညတွင် ရှီမာယူယူသည် အလင်းရောင်အောက်တွင် စာအုပ်ဖတ်နေ ရာမှ နီရဲပျားများဆီမှ သတင်းကိုရုတ်တရက်ရလိုက်သည်။ တစ်ချိန်တည်းမှာ ပင် ရှောင်ချီလည်း အိပ်ရာပေါ်မှခုန်ဆင်းလေသည်။

“ယူယူ တစ်ခုခုဖြစ်နေပြီ” ရှောင်ချီ ပြောလိုက်သည်။

“နောက်ဆုံးတော့ ဒီလောက်ကြအောင်စောင့်ရတာရောက်လာပြီ” ရှီမာယူယူသည် စာအုပ်သိမ်းလိုက်သည် “အရင်ဆုံး ဆရာဦးလေးနဲ့ စီနီယာ အစ်ကိုတို့ကို ဆက်သွယ်လိုက် ပြီးတာနဲ့ သစ္စာဖောက်ကိုသွားကြည့်ကြမယ်”

“အင်း”

မှောင်မိုက်သောညတွင် အနက်ရောင်အရိပ်သည် တောင်ကြားကို အမြန်ဖြတ်ကာ တောင်ထိပ်တစ်ခုသို့သွားလေသည်။ ထိုနေရာတွင် သူ့ကို စောင့်နေသူရှိနေသည်။

“အကြီးအကဲ၁၇၊ အကြာကြီးစောင့်ခိုင်းထားတာပဲ” တိုးညင်းသောအသံ သည် အမှောင်ထဲတွင်ထွက်လာသည်မှာ လူကို ကြက်သီးထစေသည်။

“မင်းဘာလို့ဒီကိုလာရဲတာလဲ” အကြီးအကဲ၁၇သည် ခေါင်းငုံ့ထားလေ သည် “တောင်ကြားကလူတွေက အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ သစ္စာ ဖောက်ရှိနေပြီလို့ သံသယဝင်နေကြလို့ စစ်ဆေးနေတာ၊ အခု မင်း ငါ့ကို လာ တွေ့ရင် ပေါ်သွားလိမ့်မယ်”

“သိပါတယ် ဒါပေမဲ့ ကျုပ်ကိုသတင်းမပေးတော့ မတတ်နိုင်ဘူး” ထိုလူ ပြောလိုက်သည်။

“မင်းကိုပြောစရာဘာသတင်းမှမရှိဘူး၊ အခုချိန်မှာ သူတို့က သတိထား ပြီး လုုပ်နေကြတာ ကိစ္စတွေကို မွှေဖို့ကမလွယ်ဘူး” အကြီးအကဲ၁၇ ပြော လိုက်သည်။

“တကယ်လား ဒါပေမဲ့ ကျုပ်တို့ တခြားသတင်းရထားတယ်၊ မင်းတို့က အပြင်ကတပည့်တွေကိုသွားခေါ်တာလေ၊ အဲလောက်အရေးကြီးတဲ့ သတင်း ကိုဘာလို့သတင်းမပို့တာလဲ”

“ဘာ” အကြီးအကဲ၁၇သည် အံ့အားသင့်သွားလေသည် “မဖြစ်နိုင်ဘူး ကျုပ်က အဲတပည့်တွေကိုဆက်သွယ်ဖို့ တာဝန်ယူထားတာ၊ သူတို့ကို ထွက် ကြိုဖို့ အမိန့်ပေးမထားဘူး ဘယ်လိုဖြစ်ပြီးတော့…                            ”

“မင်းတကယ်မသိတာလား”

“မသိဘူး အခုမှသိတာ ကျုပ်ကမင်းကိုဘာလို့ဖုံးကွယ်ထားရမှာလဲ”

“မင်းမိသားစုက ကျုပ်တို့လက်ထဲမှာနော် ဘုရင်ကြီးရဲ့ အမိန့်ကို မငြင်း ဆန့်ရဲဘူးဆိုတာ ကျုပ်လောင်းရဲတယ်၊ ဒီကိုလာတာကလည်း အကြောင်းပြ ချက်တစ်ခုပဲရှိတယ်”

“ဘာအကြောင်းပြချက်လဲ” အကြီးအကဲ၁၇သည် သူ့ကိုစိုက်ကြည့် လိုက်ရာ နိမိတ်မကောင်းမှုကို ခံစားရလေသည်။

***

All Chapters