ဆုလက်ခံခြင်း
Vol. 26 Ch. 379
လင်းဖန်က စားပွဲပေါ်က ခေါက်ဆွဲကို စားပြီးတာနဲ့ သူ့အိတ်ကပ်ထဲက ဖုန်းသည်အသံမြည်လာခဲ့သည်။
ခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်သည်။ ကျောင်းဌာနမှူးဟေးချမ်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်သည်။
“လင်းဖန်၊ မင်း အခုဘယ်မှာလဲ၊ ဟွမ်ကျူ တက္ကသိုလ်ကို ဘာလို့ မလာသေးတာလဲ။ ချားသင်္ချာဆုပေးပွဲက စတော့မယ်။” ဖုန်းခေါ်လိုက်သည်နှင့်ဟေးချမ်၏ စိုးရိမ်သောကဖြစ်နေသောအသံ ထွက်ပေါ်လာသည်။
ဒီနေ့ဟာ ချားသင်္ချာဆုကို ပေးအပ်တဲ့နေ့ပဲလို့ လင်းဖန်က သတိရလိုက်ပြီး “ငါ အဲ့ဒီကို ချက်ချင်းလာခဲ့မယ်!”
ဖုန်းချပြီးနောက် လင်းဖန်သည် တက္ကစီကို တားလိုက်ပြီး ဟွမ်ကျူတက္ကသိုလ်ဆီသို့ မောင်းခိုင်းလိုက်သည်။
နောက်ဆုံးတော့ ဒီဆုက မစ်ရှင်နဲ့ ပတ်သက်နေသည်။
.....
သိပ်မကြာခင်မှာပဲ သူက ဟွမ်ကျူ တက္ကသိုလ်ကို ရောက်ရှိလာသည်။
ထိုအချိန်တွင်ဟေးချမ်သည် ကျောင်းတံခါးဝတွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလေသည်။
လင်းဖန်သည် တက္ကစီပေါ်မှ ဆင်းလာသည်ကို မြင်သောအခါ ကမန်းကတန်း နှုတ်ဆက်လိုက်ပြီး “လင်းဖန်၊ မင်းဒီကို ရောက်ပြီပဲ၊လာဝင်ကြရအောင်” လို့ပြောလိုက်သည်။
“ကောင်းပြီ။” လင်းဖန်က ပြန်ဖြေသည်။
ဟေးချမ် ၏တိုက်တွန်းမှုအောက်တွင် သူတို့နှစ်ဦးသည် ခန်းမထဲသို့ အချိန်တိုအတွင်းရောက်ရှိခဲ့သည်။
ထိုအချိန်တွင်၊ ချားသင်္ချာဆုပေးပွဲဆိုတဲ့ ခန်းမရှေ့တွင် တောက်ပသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။
ထိုအချိန်တွင် စင်မြင့်ပေါ်၌ မတ်တတ်ရပ်နေသော သက်လတ်ပိုင်းအ၀တ်အစားများဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အလွန်စိတ်လှုပ်ရှားသည့်အသံဖြင့် “ဒီနှစ် ချားသင်္ချာဆုပေးပွဲ အခမ်းအနားမှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ကတော့ ဒီနှစ်အိမ်ရှင်ဖြစ်တဲ့ရီလွမ်ပါ”
“ပါ့...ပါ့..ပါ့....”
အခန်းတစ်ခုလုံးမှာ အလွန်ကျယ်လောင်သောလက်ခုပ်သံများ ချက်ချင်းထွက်ပေါ်လာသည်။
ထို့နောက် ရီလွမ်သည် သင်္ချာ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုနှင့် စင်မြင့်ပေါ်ရှိ သင်္ချာပညာရှင်ကြီးတစ်ဦးအကြောင်း ဆွေးနွေးခဲ့ကြသည်။
ဆယ်မိနစ်ခန့်အကြာတွင် ရီလွမ်က “ဒီနေ့ ဟွမ်ကျူတက္ကသိုလ်မှာ ဒီလိုပွဲမျိုးကျင်းပရတာ ဂုဏ်ယူမိပါတယ်၊ ဒီနှစ် ချားသင်္ချာဆုရရှိသူတွေကို ကြေငြာပေးပါ့မယ်။”
“သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အနှစ် 20 နီးပါး မဖြေရှင်းနိုင်တဲ့ ဇောင်ရဲ့ ထင်မြင်ယူဆချက်......ဒါတွေကိုဖြေရှင်းပေးခဲ့ပါတယ်’’
“သူက... ကျန်ပေ့တက္ကသိုလ်ရဲ့ လင်းဖန်ပဲဖစ်ပါတယ်’’
အောင်မြင်မှုတစ်ခုပြီးတစ်ခု ပြောကြားပြီးနောက်၊ လေထုသည် ၎င်း၏အထွတ်အထိပ်သို့ ရောက်နေပြွဖြစ်သည်။
လင်းဖန်၏ နာမည်ကျလာသောအခါတွင် လက်ခုပ်သံများ ချက်ချင်းထွက်ပေါ်လာတော့သည်။
“ပါ့...ပါ့..ပါ့..”
လင်းဖန်သည် နွေးထွေးသော လက်ခုပ်သံများကြားတွင် စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ရီလွမ် က ဆုတံဆိပ်နှင့် မိုက်ခရိုဖုန်းကို ထုတ်ပေးလိုက်ပြီး “မစ္စတာလင်း၊ လူတိုင်းအတွက်စကားနည်းနည်းပြောပေးပါလား”
စကားများကျပြီးနောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
အားလုံးက လင်းဖန်ကို အာရုံစိုက်ပြီး သူဘာပြောမလဲဆိုတာကို စောင့်မျှော်နေကြသည်။
ယခုအချိန်တွင် လူအများအပြားသည် ၎င်းတို့၏ လက်ကိုင်ဖုန်းကို ကိုင်ကာ ဗီဒီယိုရိုက်ကူးရန် ပြင်ဆင်နေကြသည်။
လင်းဖန်က ပါးစပ်ကို ဖြည်းညှင်းစွာဖွင့်ကာ “အားလုံးကိုကျေးဇူးတင်ပါတယ်” ဟုပြောလိုက်သည်။
အားလုံးက သူ့ပါးစပ်ကို စိုက်ကြည့်နေကြတုန်းပင်ဖြစ်သည်။
သာစကားဆက်ပြောတာကိုစောင့်မျှော်နေကြတုန်းပင်ဖြစ်သည်။
နပေါဦး။
သူပြောစရာမရှိတော့ဘူးလား။
လင်းဖန်က သူ့ပါးစပ်ကိုထပ်မဖွင့်တော့ပေ။
လင်းဖန်သည် သူ့ဘေးတွင် ရပ်နေသော ရီလွမ်သည်ကြောင်တက်တက်ဖြင့် သူ့ကို လှမ်းကြည့်ရုံမှ မတတ်နိုင်ပေ။
ခဏအကြာမှရီလွမ်က တုံ့ပြန်ပြီး “အမ်...... လင်းဖန် ရဲ့ အံ့သြစရာကောင်းတဲ့ စကားအတွက် ကျေးဇူးတင်ပါတယ်”
အံ့သြစရာကောင်းတဲ့မိန့်ခွန်း?
“ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စာကြောင်းဟာ အံ့သြစရာကောင်းတဲ့ စကားတစ်ခုလည်း ဖြစ်တာပဲလား။
ပရိသတ်အားလုံး အေးခဲသွားပြီး ပါးစပ်ထောင့်အနည်းငယ် လှုပ်သွားသော်လည်း လက်ခုပ်တီးနေကြဆဲဖြစ်သည်။
ရီလွမ်သည် သူပြောတာကမှားတယ်ဆိုတာကိုနားလည်သောကြောင့် သူ့မျက်နှာတွင် ရှားရှားပါးပါး ရှက်ရွံ့မှုတစ်ခု ရှိနေသည်။
လင်းဖန်သည်စင်ပေါ်မှဆင်းပြီးနောက် ရီလွမ် က “သူသည် စိတ္တဇဂျီသြမေတြီတွင် ကြီးကြီးမားမားရှာဖွေတွေ့ရှိမှုများ ပြုလုပ်ခဲ့ပြီး သင်္ချာဆိုင်ရာ ချီရိုသင်္ချာတွင် စာတမ်းတစ်စောင်ကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့သည်။”
“သူက...တော့ဟွမ်ကျူတက္ကသိုလ်က လီပိုင်ပဲဖစ်ပါတယ်”
ထို့နောက် ရှပ်အင်္ကျီအဖြူဝတ်ထားသည့် အသက် ၄၀ ခန့် အမျိုးသားတစ်ဦး တက်လာခဲ့သည်။
ဒီတစ်ခါ လက်ခုပ်သံက လင်းဖန်ထက် သိသိသာသာနည်းနေလေသည်။
ဒါက အံ့ဩစရာမရှိပေ။
စိတ္တဇဂျီသြမေတြီ၏ ထင်ရှားသောရှာဖွေတွေ့ရှိမှုမှာ အဘယ်နည်း။
“ချီရိုသင်္ချာ” စာတမ်းများ ထုတ်ဝေခဲ့တာတွေကက... လင်းဖန်နဲ့ယှဉ်လိုက်ရင်တောင်ပနေတဲ့နေမင်းနဲ့ပိုးစုန်းကြူးနဲ့တူနေလေသည်။
တကယ်တော့ ဒီနေ့ဒီကိုလာရတဲ့ လူတွေရဲ့အကြောင်းရင်းကတော့ လင်းဖန် ကြောင့်ပင်ဖြစ်သည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လင်းဖန် ကတော့ လုံးဝ ဂရုမစိုက်ပေ။
သူ့ထိုင်ခုံကို ပြန်ရောက်ပြီးနောက်၊ သူသည် မစ်ရှင်စနစ်ကို တိုက်ရိုက်အာရုံစိုက်လိုက်သည်။
【ဒင်း! မစ်ရှင်-နိုင်ငံတကာဆု ၅ ဆု(၁/၅)ရရှိခြင်း။ ရွှေရောင် အနီရောင် စာအိတ် ၅ စောင် ချီးမြှင့်မည်။ 】
ဒါကိုကြည့်ရင်း....
လင်းဖန်၏ ပါးစပ်သည် အနည်းငယ် လှုပ်သွားသည်။
သေချာတာကတော့ ချားသင်္ချာဆုဟာ နိုင်ငံတကာဆုတစ်ခုပါပဲ။
သူ့ဘေးနားရှိ ဟေးချမ်သည် အခြေခံမူများအကြောင်း ဆက်တိုက်ပြောနေသော လီပိုင် ကိုကြည့်ရင်း သက်ပြင်းချကာ “လင်းဖန်မင်းမိန့်ခွန်းမပြင်ဆင်ထားဘူးဆိုတာဘာလို့ စောစောက မပြောတာလဲ”
လင်းဖန်က “ကျွန်တော် အံ့ဩဖို့ကောင်းအောင် ပြောလိုက်တာပဲမဟုတ်ဘူးလား’’
ဟေးချမ်သည် ပါးစပ်သည်လှုပ်ယမ်းလိုက်သော်လည်း ဘာပြောရမှန်းကို လုံးဝမသိပေ။
ထိုအချိန်တွင် လင်းဖန်၏ လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီသည် အနည်းငယ် တုန်ခါသွားသည်။
လီပိုင်၏ စိတ်အားထက်သန်သော မိန့်ခွန်းများ ပြီးဆုံးပြီးနောက်၊ သင်္ချာစက်ဝိုင်းမှ အကြီးအကဲအချို့က တက်လာပြီး တစ်စုံတစ်ခုကို ပြောကြားကြသည်။
ယခုအချိန်တွင်၊ ယခုနှစ်ချားသင်္ချာဆုချီးမြှင့်ပွဲသည် တရားဝင်ပြီးဆုံးသွားပြီဖြစ်သည်။
ပညာရှင် အများအပြားသည် စည်းစနစ်တကျ ထွက်သွားကြသည်။
လမ်းလျှောက်ရင်း စကားတွေပြောနေကြသည်။
“လင်းဖန်က အရမ်းငယ်တယ်လို့ ကြားဖူးပေမယ့် ဒီလောက်ငယ်မယ်လို့ မထင်ထားဘူး”
“ဟုတ်တယ်၊သူကလျှို့ဝှက်ဆန်းကြယ်လွန်းတယ်၊ အင်တာနက်မှာ ဓာတ်ပုံတွေ တစ်ခုမှမတွေ့ခဲ့ရဘူး။”
“သူပြောတာက နည်းနည်းရိုးရှင်းလွန်းတယ်”
“ပြောတာက အရေးမကြီးဘူး၊ အရည်အချင်းက သာအဓိက၊ပြီးတော့ငါသူ့ပုံကိုကိုက်ခဲ့တယ်။ကြည့်ရအောင်”
စကားပြောနေစဉ်မှာပင် သူ့လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်သည်။
သို့သော် နောက်အခိုက်အတန့်တွင် သူ အနည်းငယ် စိတ်ရှုပ်သွားသည်။
“ဘာလို့ဓာတ်ပုံမရှိရတာလဲငါရိုက်ထားခဲ့တာပါ”
…………
ခန်းမထဲမှ လမ်းလျှောက်ထွက်ပြီးနောက် လင်းဖန်သည် အကွေ့အကောက်လမ်းကို မျက်နှာမူကာ ဖြည်းညှင်းစွာ လျှောက်လာသည်။
ကြည်လင်သောရေကန်၊ စိမ်းလန်းစိုပြေသောသစ်ပင်များ၊ ရှေးဟောင်းအဆောက်အအုံများကို လှမ်းကြည့်နေသည်။
ဟွမ်ကျူတက္ကသိုလ်ကို ကျန်ပေ့တက္ကသိုလ်နှိုင်းယှဉ်ကြည့်လျှင် ဟွမ်ကျူတက္ကသိုလ်သည် သမိုင်းကြောင်းတွင် ပိုမိုကြွယ်ဝပြီး ပိုမိုအားကောင်းသော သင်ယူမှုအငွေ့အသက်ရှိသည်။
ကျန်ပေ့တက္ကသိုလ်သည် ပို၍ သက်တောင့်သက်သာ နှင့် အဆင်ပြေသည်။(လင်းဖန်အတွေး)
ကိုယ်ပိုင်လက္ခဏာကိုယ်စီရှိကြသည်။
သို့သော်လည်း လင်းဖန်သည် ဟွမ်ကျူတက္ကသိုလ်တွင် အကြာကြီး လှည့်မကြည့်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့နားတွင်အသက်တစ်ရာကျော်ရှိ သက်ကြီးရွယ်အို နှစ်ဦးသည် ရံဖန်ရံခါ ရယ်မောနေကြသောကြောင့် စိတ်ဝင်စားမှု သိပ်မရှိနိုင်ပေ။
ဟေးချမ်နဲ့ စုဂိုတို့ အရမ်းပျော်နေတာ အံ့သြစရာမရှိပေ။
မင်းသိလား...ဒါကချားသင်္ချာဆု။
အရင်ကတော့ မော့ကြည့်ရုံသာတတ်နိုင်သည်။
ယခု သူတို့၏ကျောင်းမှ တစ်စုံတစ်ဦးသည် ဆုတံဆိပ်တစ်ခု ရရှိသွားသည်။
လင်းဖန်က “ငါတို့ ဟိုတယ်မှာရှိတဲ့ပစ္စည်းတွေယူပြီး ကျန်ပေ့ကိုပြန်ကြမယ်”
“ကောင်းပြီ။” ဟေးချမ် ရယ်ပြီးပြောလိုက်သည်။