နားလည်တယ်
Vol. 26 Ch. 381
ပါမောက္ခဟောင်းလူစစ်သောအခါ လင်းဖန်ကို အလွယ်တကူ ငိုက်မျဉ်းသွားစေသည်။
သို့သော် ယခု ခေါ်ဆိုမှုသည် လင်းဖန်၏ အိပ်ငိုက်ခြင်းကို မဖြစ်စေခဲ့ပေ။
“ဆောင်ကျင်းအန်” ပါမောက္ခဟောင်းက ပြောသည်။
သို့သော် စာသင်ခန်းသည် တိတ်ဆိတ်နေသည်။
“ဆောင်ကျင်းအန်း !” ပါမောက္ခဟောင်းက ထပ်ပြီးအော်ပြီး စာသင်ခန်းဘက်ကို လှမ်းကြည့်သည်။
ခဏအကြာတွင် မည်သူမျှ တုံ့ပြန်ခြင်းမရှိပေ။
ဒါနဲ့ ပါမောက္ခဟောင်းက ဘောပင်ကို ကောက်ကိုင်လိုက်ပြီး နာမည်နောက်မှာတစ်ခုခုရေးလိုက်သည်။
ဒါကိုကြည့်ရင်း...
လင်းဖန်သည် ဆောင်ကျင်းအန်း၏ ထိုင်ခုံကို မစိုက်ကြည့်ဘဲမနေနိုင်ပေ။
မကြာခင်ကျောင်းဆင်းသွားလေသည်။
ဆောင်ကျင်းအန်း ဟာ ကျောင်းဆင်းတဲ့အထိ စာသင်ခန်းကို တစ်ခါမှ မရောက်ပေ။
ဒါပေမယ့် လင်းဖန်ကတော့ ဒါကိုသိပ်အလေးအနက်မထားခဲ့ပေ။
နောက်ဆုံးတော့၊ အတန်းပျက်တာက... ကောလိပ်ကျောင်းသားတွေအတွက်ပုံမှန်သာဖြစ်သည်။
လင်းဖန်သည် Cullinan(ကား) ကို ရှေ့သို့ တောက်လျှောက် မောင်းနှင်ခဲ့သည်။
သူ့ရှေ့က ပြင်းထန်တဲ့ ယာဉ်ကြောပိတ်ဆို့မှုကို ကြည့်လိုက်တော့ စတီယာရင်ကို လှည့်ပြီး တခြားလမ်းကို မောင်းသွားလိုက်သညယ
ထိုအချိန်တွင် ဖူခါဝါ အမည်ရှိ စားသောက်ဆိုင်တစ်ခု ရှေ့တွင် ပေါ်လာသည်။
ဖူခါဝါ စားသောက်ဆိုင်၏ အလှဆင်မှုသည် အလွန်ထူးခြားသည်။ ထို့အပြင် တံခါးဝတွင် ဇိမ်ခံကားများစွာ ရပ်ထားသည်။
ထို့ကြောင့် လင်းဖန်သည် စတီယာရင်ကို နောက်တစ်ကြိမ် လှည့်ကာကားရပ်နားရာရောကိုမောင်းသွားခဲ့သည်။
တံခါးဝကို လှမ်းကြည့်လိုက်တော့ သရေယ်ုစရာကောင်းသေမွှေးရံနံများသင်းပျံ့နေသည်။
သူ့ဘေးတွင် ရပ်နေသော စားပွဲထိုးက “ဖူခါဝါမှ ကြိုဆိုပါတယ်” ဟု လေးလေးစားစား ပြောလိုက်သည်။
လင်းဖန်က ခေါင်းညိတ်ကာ ရှေ့ကို ဆက်လျှောက်သွားသည်...။
မနီးမဝေးမှာ အသိမိတ်ဆွေတစ်ယောက်ကို မထင်မှတ်ပဲ တွေ့လိုက်သည်။သူကတော့တန်ရှိန်ပင်ဖြစ်သည်။
တန်ရှိန် ကိုကားပြိုင်တဲ့နေရညမှာပထမဆုံးမြင်ဖူးလေသည်အဲဒီနောက်မှာတော့ ဆောင်ကျင်းအန်းရဲ့ မွေးနေ့ပါတီဖြစ်ပြီး၊ နောက်တော့ ကားရှိုးပွဲလည်းဖြစ်တယ်...
နောက်ပိုင်းတွင် တန်ရှိန် က ညစာစားပွဲကို စီစဉ်ပြီးလင်းဖန်၊ ဆောင်ကျင်းအန်း၊ စုလင်းဟို၊ လီယွင်ဟိုင်နှင့် အခြားသူများကို ဖိတ်ကြားခဲ့သည်။
......
လင်ဖန်းသည် တန်ရှိန်ကို မြင်သောအခါ တစ်ဖက်လူသည်လည်း လှည့်ကြည့်ကာ လင်းဖန်ကို တွေ့လိုက်ကာ “အစ်ကိုလင်း” ဟု စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။
“ဟာဟား၊ အစ်ကို လင်း မင်းရော ထမင်းစားဖို့လာတာလား”
လင်းဖန် က “ဟုတ်တယ်။”
“ဟုတ်တယ် ငါတို့အတူစားကြမယ်လေ” တန်ရှိန် က ပြောသည်။
“ကောင်းပြီ!” လင်းဖန်က ပြောသည်။
တန်ရှိန် က ပိုပျော်လာပြီး “စားပွဲထိုးငါတို့ကိုအခန်းတစ်ခန်း စီစဉ်ပေးပါ”
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “မဟုတ်တာ၊ အပြင်မှာစားတာက ပိုအသက်ဝင်တယ်” လို့ ပြောလိုက်သည်။
တန်ရှိန်က “ကောင်းပြီ၊ ဒါဆို ငါတို့ အပြင်မှာ ထိုင်ကြမယ်”
ကလာစ့် အဝတ်အစားတွေဝတ်ထားတဲ့ တန်ရှိန် နဲ့ထိုင်နေတဲ့ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ...
သူတို့အားလုံးသည် လင်းဖန်ကို သံသယမျက်လုံးများဖြင့် တိတ်တဆိတ်ကြည့်နေကြသည်။
တန်ရှိန်သည် သက်တူရွယ်တူတစ်ဦးအပေါ် အလွန်စိတ်အားထက်သန်မှုရှိကြောင်း သူတို့တွေ့ခဲရပြီး ကျေနပ်သည်ဟုပင် ပြောနိုင်သည်။
အထူးသဖြင့် သူတို့သည် လုံး၀ မသိသည့် ရွယ်တူတစ်ဦး ဖြစ်နေဆဲပင်ဖြစ်သည်။
ထိုင်ပြီးနောက် တန်ရှိန်သည် အမျိုးသမီးနှင့် ယောက်ျားကို လက်ညှိုးထိုးပြပြီး “အစ်ကို လင်း၊ ဒါက ဂိုလန် နဲ့ ဇူရီဖန်” လို့ မိတ်ဆက်ပေးလိုက်သည်။
ခေတ္တနားပြီးနောက် သူက “ငါရယ်။စုလင်းဟိုရယ်၊လီယွင်ဟိုင် နဲ့ တခြားသူတွေကအစ်ကိုလင်း လို့ ခေါ်ပြီး မင်းတို့လဲအစ်ကိုလင်းလို့ခေါ်သင့်တယ်” လို့ ပြောလိုက်သည်။
ဂိုလန် နှင့် ဇူရီဖန်တို့သည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားကြသည်။
တန်ရှိန်က စုလင်းဟို နဲ့ လီယွင်ဟိုင် တို့ကို ရည်ညွှန်းတာကို သူတို့ သဘာဝကျကျ နားလည်ကြသည်။
စုလင်းဟိုနဲ့ လီယွင်ဟိုင် တို့ဟာ ချန် ပြည်နယ်ရဲ့ ထိပ်တန်းလူငယ်တွေပင်ဖြစ်သည်။
အထူးသဖြင့်၊ စုဆေးဝါးကုမ္ပဏီနှင့် လီဆေးဝါးကုမ္ပဏီတို့သည် အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးကို မကြာသေးမီက လက်ခံရရှိပြီးနောက် ၎င်းတို့၏ အထောက်အထားများသည် ပို၍ပင် မှတ်သားဖွယ်ကောင်းလားသည်။
စုလင်းဟိုနဲ့ လီယွင်ဟိုင်တို့တောင်မှသူတို့ရှေ့ရှိလူကိုအစ်ကိုလင်းဟုခေါ်တာလား။
ဒီလူရဲ့ လက္ခဏာက နည်းနည်းတော့ ကြောက်စရာကောင်းမှာသေချာသည်။
ဂိုလန်နှင့် ဇူရီဖန်သည် လင်းဖန်ကို အံ့သြထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။
လင်းဖန် က ပြုံးပြီး “လူတိုင်းက သူငယ်ချင်းပဲကိုလွတ်လွတ်လပ်လပ် ပဲနေကြပါ” လို့ ပြောလိုက်သည်။
လူအနည်းငယ် စကားစမြည်ပြောနေကြစဉ်၊ တစ်ခုပြီးတစ်ခု ထူးထူးခြားခြား ဟင်းပွဲများကို ဖြည်းဖြည်းချင်း သယ်ဆောင်လာကြသည်။
တန်ရှိန် က “အစ်ကိုလင်း၊ ဒါက ဖူခါဝါရဲ့ အထူးသီးသန့်၊ ရွှေရောင်ပေါင်ငါးခြောက်ပါ။ အရသာက အရမ်းကောင်းတယ်။”
ခေတ္တရပ်နားပြီးနောက် ၎င်းက “ဒီမှာရှိတဲ့ ငါးပေါင်ခြောက်တွေကို မွေးမြူထားတာဖြစ်ပြီး ငါးပေါင်ခြောက်ကိုလဲအချက်ပြုတ် အတွေ့အကြုံ ဆယ်နှစ်ရှိတဲ့ စားဖိုမှူးတွေက ငါးပေါင်ခြောက်(ငါးအမည်)ရဲ့ အဆိပ်အတောက်အားလုံးကို ဖယ်ရှားရှင်းလင်းပြီး တစ်ချိန်တည်းမှာပဲ လတ်ဆတ်မှုကို ထိန်းသိမ်းထားပါတယ်။ ပြီးတော့အရသာအရှိဆုံးအထိချက်ထားသောကြောင့်မွှေးပြီး အရမ်းအရသာရှိပါတယ်”
လင်းဖန်သည် အစပိုင်းတွင် အနည်းငယ်ဗိုက်ဆာနေသောကြောင့် ဤမိတ်ဆက်မှုအပြီးတွင်
သူ့ရှေ့က ခွက်ကို ကောက်ကိုင်လိုက်ပြီး နူးညံ့တဲ့ ငါးပေါင်ခြောက်အသားတစ်ဇွန်းကို လှမ်းယူလိုက်ပြီး ပါးစပ်ထဲကို ထည့်လိုက်သည်။
“ဂုရု!”
လတ်ဆတ်တယ်၊ မွှေးပြီး နူးညံ့တယ်။
ဟုတ်ပါတယ်၊ ဒါကတန်ရှိန်ပြောတာနဲ့ အတူတူပင်ဖြစ်သည်။
တန်ရှိန်က “အစ်ကို လင်း၊ဘယ်လိုအရသာရှိလဲ” လို့မေးလိုက်သည်။
“အလွန်ကောင်းသည်!” လင်းဖန်က ပြောသည်။
တန်ရှိန့ သည် ထိုစကားကိုကြားပြီးနောက်၊ ကလေးများသည် ဆရာ၏ချီးမွမ်းသံကိုကြားလိုက်ရသလိုပင် သူအလွန်ဝမ်းသာသွားသည်။
ဒါတွေအားလုံးကိုမြင်လိုက်ရသော... ဂိုလန် နဲ့ ဇူရီဖန်တို့ရဲ့ မျက်လုံးတွေမှာ လင်းဖန်ရဲ့ အမှတ်သညာကို ပိုလို့တောင် အံ့သြသွားကြသည်။
လင်းဖန် သည် ကောင်းမွန်သောအထောက်အထားရှိနေသည်ကို သူတို့သိသောကြောင့် အကြောင်းအရာများကို ရှာဖွေပြီး သူနှင့်ဆက်ဆံရေးတည်ဆောက်ရန် ကြိုးစားရမည်ဖြစ်သည်။
ဒါပေမယ့် ခဏကြာတော့ သူတို့ဘယ်လိုပြောရမလဲ မသိတော့ပေ။
ထိုအချိန်တွင် တန်ရှိန် က “ကျင်းအန်းရဲ့ကိစ္စတွေကို ကိုင်တွယ်ပြီးရင် အားလုံးကို ဖိတ်ခေါ်ရမယ်”
လင်းဖမ်သည် ထိုစကားကိုကြားသောအခါ ဆောင်ကျင်းအန်းသည် တစ်နေကုန်ကျောင်းမလာဟုတွေးကာ မကူညီနိုင်ဘဲ “ကျင်းအန်း ရဲ့အိမ်မှာ ဘာကိစ္စရှိလို့လဲ” ဟုမေးလိုက်သည်။
တန်ရှိန်က အနည်းငယ် အံ့အားသင့်သည့် လေသံဖြင့် ပြောသည် “အစ်ကို လင်း၊ မင်းမသိဘူးလား။”
“ဘာကိုလဲ?” လင်းဖန်က “လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပေကျင်းကို သွားတယ်လေ။မနေ့က နေ့လည်ကပဲ ပြန်ရောက်တယ” ဟု ပြန်ပြောလိုက်သည်။
တန်ရှိန်က ရုတ်တရက်ပြောလိုက်သည်ယ “ဒါဆို ဒီလိုပေါ့.. အစ်ကို လင်းဆောင်လီချမ်ကို ကျင်းအန်း ရဲ့အိမ်ကပိုင်တယ်ဆိုတာ အစ်ကို လင်း သိတယ်မဟုတ်လား”
ဆောင်လီချမ်လက်ဖက်ရည်က ဆောင်ကျင်းအန်း ရဲ့အိမ်ကလား။
ဒါကို လင်းဖန်က တကယ်မသိပေ။
သို့သော် သူက ခေါင်းညိတ်ပြလိုက်သေးသည်။
ထို့နောက် တန်ရှိန်သည် ဆောင်လီချမ်၏အခြေအနေကို အကြမ်းဖျင်းပြောဆိုခဲ့သည်။
လင်းဖန် က သူ့မျက်နှာမှာ ထူးဆန်းတဲ့အကြည့်ကိုကြားပြီး “ဒါဆို အခု ကျင်းအန်း ရဲ့ မိသားစုက ကောင်းမွန်တဲ့ ဆေးဖက်ဝင်အပင် လက်ဖက်ရည်ဖော်မြူလာ မရှိဘူးပေါ့”
ဆေးဖက်ဝင်အပင်များ လက်ဖက်ရည်ဖော်မြူလာ။
မနေ့ကမှ သူတစ်ခု ရခဲ့တယ်မဟုတ်လား။ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။
စနစ်ကဘယ်ဆိုးလို့လဲ။
တန်ရှိန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ ရန်ပုံငွေ ပြဿနာဆိုရင်ငါတို့က ကူညီဖြေရှင်းပေးနိုင်ပေမယ့် ဆေးဖက်ဝင်အပင် လက်ဖက်ရည်ဖော်မြူလာကိုတော့ငါတို့လုံးလုံးနားမလည်ဘူးလေ။”
လင်းဖန် “မင်းပြောတာကိုငါနားလည်ပါတယ်”
“ဟမ်?” တန်ရှိန်အနည်းငယ် လန့်သွားသည်။
လင်းဖန်သည် ထိုမျှလောက်ကို လျစ်လျူရှုကာ ဖုန်းကိုထုတ်ကာ ဆောင်ကျင်းအန်းထံသို့ ဝီချက်မက်ဆေ့ခ်ျတစ်စောင် ပေးပို့ခဲ့သည်။
လင်းဖန်: မင်းဘယ်မှာလဲ
ခဏကြာတော့ သူ့ဖုန်းက အနည်းငယ်တုန်ခါသွားသည်။
ဆောင်ကျင်းအန်း: မင်း ကျန်ပေ့ကို ပြန်ရောက်ပြီလား။ ငါဆောင်လီချမ် စက်ရုံမှာရှိတယ်။
လင်းဖန်: ကောင်းပြီ ငါချက်ချင်းလာခဲ့မယ်။