← Chapters

မစ်ရှင်

Vol. 26 Ch. 384

မစ်ရှင်

Vol. 26 Ch. 384

ကုမ္ပဏီ၏ အမြတ်ဝေစုသည် ယခုနှစ်ကုန်တွင် ဖြစ်သည်ဟု လူအများက ထင်မြင်ကြသည်။

အရောင်းနဲ့ အမြတ်တွေကို အချိုးကျ ခွဲဝေလိုက်ရုံနဲ့ အလွန်ရိုးရှင်းတယ်ဟုထင်ကြသည်။

ဒါပေမယ့် တကယ်တမ်းကျတော့ ဒါကရိုးရှင်းသော ကိစ္စမဟုတ်ဘူး။

ဤသည်မှာ အလွန်ရှုပ်ထွေးပြီး ပျင်းစရာကောင်းသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

အထူးသဖြင့် အဲဂရု ကဲ့သို့သော ကုမ္ပဏီကြီးများအတွက် ဤအချက်သည် မှန်ကန်ပါသည်။

“ကလင် ကလင် ကလင်!”

လင်းဖန် ဖုန်းချလိုက်ပြီး သိပ်မကြာခင်မှာပဲ သူ့ဖုန်းက အသံမြည်လာပြန်သည်။

ဒီတစ်ခါတော့ ရှောင်မာဆက်တာပင်ဖြစ်သည်။

“မစ္စတာ လင်းနေကောင်းကျန်းမာရဲ့လား” ရှောင်မာကနှုတ်ဆက်လိုက်သည်။

“ကောင်းပါတယ် မင်းကရော။” လင်းဖန်က ပြော၏။

“ကျနော်လဲနေကောင်းကျန်းမာပါတယ်။ပြီးတော့ကျွန်တော်တို့ဘဏ္ဍာရေးက အရင်နှစ်ဝင်ငွေ၊ အမြတ်နဲ့ အမြတ်ဝေစုတွေကို တွက်ချက်ထားပြီးသားပါ။ စုစုပေါင်းဝင်ငွေက ဘီလီယံ ၄၅၀၊ အမြတ်က ၁၅၀ ဘီလီယံပါ... မစ္စတာလင်း မနှစ်က ကုမ္ပဏီရဲ့ ၅% ကို ပိုင်ဆိုင်ထားတယ် ဒါကြောင့်မင်းရဲ့ဝေစုထဲကအခွန်နုတ်ပြီး၊ မင်း ၆ ဘီလီယံ ရနိုင်တယ်။”

“အသေးစိတ် ငွေကြေးရှင်းတမ်းကို မစ္စတာလင်းရဲ့ စာတိုက်ပုံးကို ပို့ထားပြီးပြီ၊ စစ်ဆေးနိုင်ပါတယ်။”

“ဒင်!”

ရှောင်မာ၏ အသံကျသွားပြီးနောက် အီးမေးလ်တစ်စောင် ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင်လင်းဖန် ၏ လက်ကောက်ဝတ်ရှိ စူပါစမတ်နာရီပေါ်မှ မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာသည်- အစီရင်ခံစာသည် မှန်ပါသည်။

ဒီတော့ လင်းဖန်က “ကောင်းပြီ၊ အခု ငါ့ကတ်ထဲကို ပိုက်ဆံပေးလိုက်လို့ရတယ်”

ရှောင်မာ ခဏလောက် ထိတ်လန့်သွားသည်။

သူက တစ်ခုခုကို မြန်မြန်စဉ်းစားပြီး “ကောင်းပြီ” လို့ပြောလိုက်သည်။

မကြာခင်မှာပင် လင်းဖန်၏ဖုန်းသည် အနည်းငယ်တုန်ခါသွားသည်။

“တရုတ်ဘဏ်မှ ယွမ်သန်း ၂၄၀၀(2.4ဘီလီယံပါ)ရရှိသည်”

“တရုတ်ဘဏ်မှ ယွမ်ငွေ သန်း ၆၀၀၀(6ဘီလီယမ်)ရရှိသည်။”

လင်းဖန်သည် ဤစာတန်းနှစ်ခုကို မြင်လိုက်ရသောအခါ မပြုံးနိုင်ဘဲ မနေနိုင်ပေ။

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

【ဒင်း! ရန်ပုံငွေ ယွမ် 5 ဘီလီယံကျော်ရရှိသောကြောင့်လျှို့ဝှက်မစ်ရှင်ကိုအောင်မြင်ပါသည်။ ရွှေရောင် အနီရောင် စာအိတ် ၅ စောင် ရရှိသည်။ 】

ဒါကိုကြည့်ရင်း...

လင်းဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် တောက်ပလာခဲ့သည်။

လင်းဖန်သည်”ရွှေရောင်စာအိတ် ၅ စောင်၊ မင်းဘာတွေ ရနိုင်လဲ ကြည့်ရအောင်။”

“ရွှေရောင်စာအိတ်ဖွင့်မယ်”

【ဒင်း! ဂုဏ်ယူပါတယ် ၊ သင် ယွမ် 5 သန်း လက်ခံရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် ၊ မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက် တိုးတက်စေဖို့အတွက် ဆေးတစ်မျိုးရရှိသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 3 သန်းရသည်။ 】

【ဒင်း! ဂုဏ်ယူပါသည်၊ သင်သည် ဒူနိုင်း၏ ရှယ်ယာ 20% ကို ရရှိထားသည်။ 】

【ဒင်း! ဂုဏ်ယူပါတယ် မင်း ယွမ် 4 သန်းရသည်။ 】

လင်းဖန်သည် ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးသည့်ဆေးကို နှစ်ကြိမ်သုံးခဲ့ပြီးနောက်အကျိုးသက်ရောက်မှုက အလွန်ကောင်းမွန်သည်။

နောက်ဆုံးအကြိမ်တွင် သူသည် အနည်းငယ်ခုန်လိုက်သည်ဖြင့်သော်လည်း အဆောက်အဦမျက်နှာကျက်နှင့်ထိလုနီးပါးအထိရှိသည်။

ယခင်က ဒူနိုင်း၊ ပန်ကူနှင့် အဲ တို့ကို တရုတ်အင်တာနက်၏ အကောင်ကြီးသုံးကောင် ဟုခေါ်သည်။

နောက်ပိုင်းမှာ လက်တာက ခုန်တက်လာပြီး ဒူနိုင်းနေရာကို အစားထိုးလိုက်လေသည်။

သို့သော် ဒူနိုင်း ၏ အင်အားကို လျှော့တွက်၍မရနိုင်ပေ။

ဒူနိုင်း ၏ ရှယ်ယာ 20% သည် မဆိုးလှပေ။

3 သန်း၊ 4 သန်းနှင့် 5 သန်းအတွက် လင်းဖန်သည် ၎င်းတို့အားလုံးကို လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။

လင်းဖန်သည် သူ့ခေါင်းကို မြှောက်လိုက်သောအခါတွင် ဖောက်ထွင်းမြင်ရသောအရည်တစ်ပုလင်း သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

ဒါ... ကိုယ်လုံးကိုယ်ပေါက် မြှင့်တင်ပေးတဲ့ ဆေးတစ်မျိုးပင်ဖြစ်သည်။

မဆိုင်းမတွဘဲ လင်းဖန်သည် သူ့ပါးစပ်ထဲသို့ ဆေးရည်ကို လောင်းထည့်လိုက်သည်။

“ဂရု!”

လင်းဖန်သည် သူ့တစ်ကိုယ်လုံး ပူနွေးလာသည်ဟုသာ ခံစားလိုက်ရပြီး မကြာမီပင်သူ့တစ်ကိုယ်လုံး ခွန်အားပြည့်လာသည်ကိုခံစားရတာချက်ချက်ချင်းခုန်လိုက်ခြင်သည်။

သို့သော် လင်းဖန်က မလုပ်ဖို့ကိုရွေးချယ်လိုက်သည်။

ပန်းလုံဗီလာမှာ ပြီးခဲ့တဲ့ အကြိမ်က ပေါ့ပေါ့ပါးပါး ခုန်လိုက်တာက အမြင့် 5 မီတာပဲ ရှိသည်။

အခု ကျောင်းမှာသာခုန်လိုက်ရင်ဒါကိုတစ်ခြားသူတွေမြင်ရင်အဆင်မပြေတာတွေဖြစ်နိုင်သည်။ပြီးတော့အရင်ကတောင်၅မီတာရောက်ဆိုတော့အခုဆေးရည်ထပ်သောက်လိုက်တော့၅မီတာထက်ပိုမြင့်မှာသေချာသည်။

လင်းဖန်သည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းကာ စာသင်ခန်းထဲသို့ လှည့်ထွက်သွားသည်။

“ဒီး.....”

ခေါင်းလောင်းသံ ထိုးရုံနဲ့ မနက်ပိုင်းအတန်းက တိုက်ရိုက်ပြီးသွားဆုံးသွားလေသည်။

အခုချိန်ကန်တင်းသည် အလွန်အသက်ဝင်နေလေသည်။

ထမင်းစားပြီးသောအခါ လင်းဖန်၏ ဆဲလ်ဖုန်းမှ နောက်ထပ် အသံမြည်လာခဲ့ပြန်သည်။

ယခုတစ်ကြိမ်သည် ဟွာအုပ်စု ၏ ဥက္ကဋ္ဌ ရန်ဖေး ထံမှ ဖုန်းခေါ်ဆိုခြင်းဖြစ်သည်။

“မင်္ဂလာပါ မစ္စတာလင်း။” ရန်ဖေးသည် အနည်းငယ် မှင်သက်သော အသံသည်ဖုန်းထဲကနေထွက်လာလေသည်။

လင်းဖန်သည် ယွမ်ဘီလီယံပေါင်းများစွာကို ယနေ့ရရှိခဲ့ပြီး ရွှေရောင်စာအိတ်ငါးလုံးကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့်သူသည် စိတ်ကောင်းဝင်နေသောကြောင့်”မင်္ဂလာပါရန်ဖေး” ဟုပြောသည်။

ရန်ဖေး က “မစ္စတာလင်းဒီနေ့မင်း စိတ်ကောင်းဝင်နေပုံရတယ်။”

လင်းဖန်က “ဟုတ်တယ်၊ ငါ ဒီနေ့ အမြတ်နည်းနည်းရသွားလို့ပါ”

“ဂုဏ်ယူပါတယ် မစ္စတာလင်း” ရန်ဖေး က ပြောသည်။

နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးတဲ့အခါ လင်းဖန်က “စကားမစပ် ရန်ဖေးဘာကိစ္စရှိလို့လဲဖုန်းခေါ်တာလဲ’’ လို့မေးသည်။

ရန်ဖေး “ကျွန်ုပ်တို့၏ ဟွာအုပ်စုနှင့် စူပါဘက်ထရီ စာချုပ်ကို ချုပ်ဆိုထားသော ကုမ္ပဏီများသည် စုစုပေါင်း ယွမ် သန်း ၁၂၀ ပေးချေထားပြီးဖြစ်သည်။”

“မူရင်းခွဲတမ်းအရ၊ မစ္စတာလင်းကို ယွမ်သန်း ၆၀ ပေးဆောင်ရမည်​​ဖြစ်သည်။”

လင်းဖန်သည် သူ့နှာခေါင်းကို ထိရုံမှတပါး မနေနိုင်တော့ပေ။

ဒီနေ့ကံကောင်းပုံရသည်။

ပထမ အဲအုပ်စု၊ ထို့နောက်ပန်ကူ အုပ်စု...

အခု ဟွာအုပ်စုကလဲ သူ့ဘာသာသူ ပိုက်ဆံလာပေးနေသည်။

ဖုန်းထဲမှာ ဘာအသံမှမရှိတာကိုမြင်တော့ ရန်ဖေးက တုံ့ဆိုင်းသွားပြီး “အစကတော့ ပထမသုံးလပတ်မှာ အနည်းဆုံး ယွမ် သန်း 300 ရဖို့ မျှော်လင့်ထားခဲ့တယ်” လို့ပြောသည်။

“ဒါပေမယ့် တခြားနည်းလမ်းမရှိဘူး။ အမေရိကန်က ကျွန်တော်တို့ရဲ့ ဟွာအုပ်စုကထုတ်တဲ့မိုဘိုင်းလ်ဖုန်းတွေနဲ့ စူပါဘက်ထရီသုံးတဲ့ မိုဘိုင်းလ်ဖုန်းအားလုံးကိုတောင် တားမြစ်ထားပါတယ်။”

“ကျွန်ုပ်တို့၏စူပါဘက်ထရီ အလားအလာရှိပြီး၊ဘေးကင်းမှုအန္တရာယ်ကင်းရှင်းကြောင်း၊ စတဲ့ဒေတာအားလုံးကို အမေရိကန်သို့ သတင်းပို့ရဖို့လုပ်ထားပါတယ်၊မဟုတ်ပါက ၎င်းအား အမေရိကန်မှာရောင်းချခြင်းကိုတားမြစ်လိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါပေမယ့် မကြာသေးမီက အမေရိကန်ပြည်ထောင်စုဟာ အန္တရာယ်ကို လျှော့ချဖို့အတွက် စူပါဘက်ထရီနဲ့ ပတ်သက်တဲ့ တိကျတဲ့ အချက်အလက်တွေကို မတင်ပြမီမှာ၊ အမေရိကန်က စူပါဘက်ထရီသုံးတဲ့ မိုဘိုင်းလ်ဖုန်းကုမ္ပဏီအားလုံးအတွက် ချစ်ပ်ပြားတွေကို ထောက်ပံ့ပေးတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။”

ရန်ဖေးက ဒီလိုပြောတဲ့အခါ သူ့လေသံကပင်ပန်းနေမှန်း သိသာသည်။

မကြာသေးမီက သူသည် ဤကိစ္စနှင့် ပတ်သက်၍ အလုပ်ရှုပ်နေခဲ့သည်။

စမ်းသပ်မှုများ၊ အထောက်အထားများ ထုတ်ပေးခြင်းစသည့် ဖြေရှင်းရန် နည်းလမ်းများစွာကို သူစဉ်းစားခဲ့သည်။

သို့သော်လည်း အမေရိကန်သည် သူတို့ကို စာကြောင်းတစ်ကြောင်းပဲပြောလိုက်သည်။ဒါက လုံခြုံရေးအတွက်ဟူ၍ပင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိချစ်ပ်များအားလုံးသည်အမေရိကန်တို့လက်ထဲတွင်ရှိသည်ဟုဆိုနိုင်သည်။

ဘက်ထရီက ဆန်ဆိုရင် ချစ်ပ်သည် နှလုံးသားဟုပင်ဆိုနိုင်သည်။

ထမင်းမစားရရင်တောင်ခေါက်ဆွဲပြောင်းစားပြီးအသက်ရှင်နေနိုင်သေးသည်။

နှလုံးမရှိရင်​တော့ လုံးဝသေသွားလိမ့်မှာသေချာသည်။

စိတ်ကောင်းဝင်နေသောလင်းဖန်သည်ထိုစကားကိုကြားလိုက်သောအခါ ချက်ချင်းပင် စိတ်ကောင်းပျောက်ကွယ်သွားသည်။

သန်း 300 ကို သူ ဂရုမစိုက်ပေ။

သိရန်……

လင်းဖန်သည် အမြတ်ဝေစု 8 ဘီလီယံကျော် ရရှိခဲ့သည်။

သို့သော် အမေရိကန်လို ဓားပြများ၏ အပြုအမူကြောင့် လင်းဖန်သည် အလွန်စိတ်မချမ်းသာဖြစ်သွားသည်။

သူစကားပြောဖို့ ပြင်လိုက်တဲ့ချိန်မှာပဲစိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာလေသည်။

【ဒင်း! မစ်ရှင်- “ကွန်ပြူတာများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ချစ်ပ်များ။ “တစ်ပိုင်းလျှပ်ကူးပစ္စည်း ရူပဗေဒ”၊ “မိုက်ခရိုအီလက်ထရွန်းနစ်”၊ “ကွန်ပြူတာအခြေခံမူများ”၊ “အင်နာလော့ အီလက်ထရွန်းနစ်နည်းပညာအခြေခံများ”၊ “ချစ်ပ်ထုတ်လုပ်ခြင်း”။ကိုဖတ်ပါ။ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်အပြင် မိုက်ခရိုနာနိုပုံသဏ္ဍာန်စက်ထုတ်လုပ်မှုဆိုင်ရာ အခြေခံမူများ၊ ကွန်ပြူတာ သင်ကြားမှုအတွေ့အကြုံကို ရရှိမည်ဖြစ်သည်။ 】

All Chapters