← Chapters

ကွမ်တမ်ဖတ်နည်း

Vol. 26 Ch. 385

ကွမ်တမ်ဖတ်နည်း

Vol. 26 Ch. 385

လင်းဖန်သည်ဒါကို ကြားသောအခါ သူ့အမူအရာ အနည်းငယ် လှုပ်ရှားသွားသည်။

သူသည် ချစ်ပ်များအကြောင်း သိပ်မသိပေ။

သို့သော်၊ မိုက်ခရိုနာနိုပုံသဏ္ဍာန်စက်သည် ချစ်ပ်များပြုလုပ်ရန် သော့ချက်ဖြစ်ကြောင်းကိုတော့သူသိသည်။

ဟွာအုပ်စုကိုနိုင်ငံခြားကချစ်ပ်ကိုအသုံးအပြုခွင့်မပေးတာလား...အခုတော့အဆင်ပြေသွားပြီဖြစ်သည််။

ဒါကြောင့် က “သန်း 60 ကို ငါ့ကတ်ထဲကို တိုက်ရိုက်လွဲလိုက်ပါ၊ ချစ်ပ်အတွက် တော့ငါဖြေရှင်းပေးမယ်”

စကားပြောပြီးနောက် လင်းဖန်သည် ဖုန်းကို တိုက်ရိုက်ချလိုက်သည်။

“ဒီဒီ”

ဟွာအုပ်စု ဥက္ကဌ ရန်ဖေးသည် သူ၏ လက်ကိုင်ဖုန်းကို ကြောင်အစွာကိုင်ထားလေသည်။

ဖြေရှင်းပေးမယ်တဲ့လား။??

…………

ထုံးစံအတိုင်း လင်းဖန်သည် ရန်ဖေး ၏သံသယများကို မသိဘဲ စုရီ နှင့် အခြားသူများကို “ငါစာကြည့်တိုက်ကိုသွားလိုက်အုံးမယ်၊မင်းတို့အိပ်ဆောင်ကို အရင်သွားနှင့်’’

သူ့အနားမှ မူဇောင် “ငါ မင်းနဲ့လိုက်ခဲ့မယ်”

မူဇောင်သည် မူလက သင်ယူလိုသူဖြစ်သည်။ မူဇောင်ဟာ သူ့အဖေရဲ့ရောဂါကို ကုသပြီးကတည်းက အတန်းထဲတွင်ဆရာမစာရှင်းပြရင် သေချာနားထောင်လေသည်။အချိန်ရတိုင်း စာကျက်ရန် စာအုပ်တစ်အုပ်ကိုင်ထားခြင်း သို့မဟုတ် စာကြည့်တိုက်သို့သွားလေ့ရှိသည်။

လင်းဖန်က ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်သည်။

ကျန့်ပေ့ တက္ကသိုလ်တွင် စုရီနှင့်ဇောင်ချင်းဘိုတို့သည် နေ့စဉ်နှင့်အမျှ အလုပ်ရှုပ်နေသည်။(ဘာအလုပ်လဲတော့ကျွန်တော်လဲမသိ)

တစ်ချိန်တည်းမှာပင် စာကြိုးစားသော ကျောင်းသားများစွာရှိသည်။

မွန်းတည့်ချိန်မှာတောင် စာကြည့်တိုက်က ကြိတ်ကြိတ်တိုး နေလေသည်။

မူဇောင် စကားပြောခါနီးတွင် တိတ်ဆိတ်ပြီး အနက်ရောင် မျက်မှန်တပ်ထားသော အမျိုးသမီးတစ်ဦး ဖြည်းညှင်းစွာ လျှောက်လာသည်။

သူမရောက်ပြီးနောက်မှာတော့ မူဇောင်ဟာ ​​တစ်ကမ္ဘာလုံးမှာ ပန်းတွေနဲ့ပြည့်နှက်နေသောကြောင့် အရမ်းလှပတယ်လို့သူခံစားရသည်။

“မင်းဒီမှာလား?” မိန်းမက ပြုံးပြီးပြောလိုက်သည်။

ဤအပြုံးကြောင်မူဇောင်သည်လုံးဝအံ့အားသင့်သွားခဲ့သည်။

သူမသည် လီလင်း(လူလင်းကိုပြောင်းလိုက်တာပါ) ဖြစ်ပြီး လင်းဖန်သည် စာကြည့်တိုက်တွင် အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးသူဖြစ်သည်။

လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟုပြောလိုက်သည်။

“အခု ဘာစာအုပ်ရှာနေတာလဲ” လီလင်း က မေးလိုက်သည်။

“တစ်ပိုင်းလျှပ်ကူးပစ္စည်း ရူပဗေဒ”၊ “မိုက်ခရိုအီလက်ထရွန်းနစ်”၊ “ကွန်ပြူတာအခြေခံမူများ”၊ “အင်နာလော့ အီလက်ထရွန်းနစ်နည်းပညာအခြေခံများ”ချပ်စ်ထုတ်လုပ်ခြင်း’’ လင်းဖန်ကပြောလိုက်သည်။

လီလင်း က “ငါ မင်းကို ရှာတွေ့အောင် ကူညီပေးမယ်”

လင်းဖန် က “ကောင်းပြီ။”

ထို့နောက် နှစ်ယောက်သား လျင်မြန်စွာ ရှေ့သို့ လျှောက်သွားလိုက်သည်။

နောက်တွင်တော့မူဇောင်တစ်ဦးတည်းသာ ကျန်ခဲ့ပြီး ကြောင်အအဖြင့်ရပ်နေခဲ့သည်။

ခဏအကြာတွင် သူသည် လက်မထောင်ပြပြီး “အစ်ကိုလင်းက မျှော်မှန်းထားတဲ့အတိုင်းပဲ”

လီလင်းသည် စာကြည့်တိုက်တစ်ခုလုံးနှင့် အလွန်ရင်းနှီးသည်။

မကြာခင်မှာ “တစ်ပိုင်းလျှပ်ကူးပစ္စည်း ရူပဗေဒ”၊ “မိုက်ခရိုအီလက်ထရွန်းနစ်”၊ “ကွန်ပြူတာအခြေခံမူများ”၊ “အင်နာလော့ အီလက်ထရွန်းနစ်နည်းပညာအခြေခံများ”ချပ်စ်ထုတ်လုပ်ခြင်း’’။စာအုပ်ငါးအုပ်လုံးကို အမြန်ရှာတွေ့ခဲ့သည်။

လီလင်း က ပြုံးပြီး “ငါ့မှာ နေရာလွတ်ရှိသေးတယ်၊ မင်းထိုင်ချင်လား”

“ကောင်းပြီ။” လင်းဖန်က ပြောသည်။

ထို့ကြောင့် နှစ်ယောက်စလုံးသည် နေရာဟောင်းတွင် ထိုင်လိုက်ကြသည်။

မနီးမဝေးတွင် ရပ်နေသော မူဇောင်သည် အလွန်ရင်းနှီးသောအသွင်အပြင်ဖြင့် နှစ်ယောက်အတူထိုင်နေသည်ကိုကြည့်ကာ “တကယ်ကိုအစ်ကိုလင်းပါ ပဲ!”

…………

လင်းဖန်သည် မူဇောင်၏ ချီးကျူးမှုကို မသိပေ။

သူသည် “မိုက်ခရိုအီလက်ထရွန်းနစ်”ကို တိုက်ရိုက်ဖွင့်ပြီး လျှင်မြန်စွာ လှန်လိုက်သည်။

စာရွက်တစ်ရွက်ကိုလှန်လိုက်သော အသံသည် အခင်းဖြစ်နေရာတွင် ပျံနှံ့နေသည်။

စာမျက်နှာ ရာဂဏန်းရှိသော စာအုပ်သည် ၃ မိနစ်မျှသာနှင့် ပြီးဆုံးသွားခဲ့​သည် ။

အဲဒီနောက် ချက်ချင်းဆိုသလိုပဲ၊ “တစ်ပိုင်းလျှပ်ကူးပစ္စည်း ရူပဗေဒ”၊ “ကွန်ပြူတာအခြေခံမူများ”၊ “အင်နာလော့ အီလက်ထရွန်းနစ်နည်းပညာအခြေခံများ”၊ “ချစ်ပ်ထုတ်လုပ်ခြင်း”။ စတဲ့စာအုပ်တွေကိုဖတ်တော့သည်။

လီလင်း သည် ဤအခြေအနေကို ကြိမ်ဖန်များစွာ မြင်ဖူး​​သောကြောင့်မအံ့သြပေ။

ထို့ကြောင့် တုံ့ပြန်မှု သိပ်မရှိပေ။

ဤမြင်ကွင်းကိုမဝေးလှသော မူဇောင်၏မျက်လုံးထဲတွင်တော့လင်းဖန်သည် စာအုပ်ကို ပေါ့ပေါ့ဆဆ လှန်ကြည့်နေသည် ကိုလီလင်းကစိုက်ကြည့်နေသည်ဟူ၍ပင်ဖြစ်သည်။(​မျက်လုံးအားကောင်းတာ)

မူဇောင် က မတတ်နိုင်ဘဲ လက်မထောင်ပြပြီး “အစ်ကို လင်းကမျှော်မှန်းထားတဲ့အတိုင်းပဲ!”

…………

ဆယ်မိနစ်အတွင်းမှာပဲ စာအုပ်အထူကြီးငါးအုပ်စလုံး ဖက်လို့ပြီးသွားလေသည်။

လင်းဖန်သည် စနစ်မစ်ရှငိကို အာရုံစိုက်လိုက်သည်။

[မစ်ရှင်- “ကွန်ပြူတာများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ချစ်ပ်များ(0/1); “တစ်ပိုင်းလျှပ်ကူးပစ္စည်း ရူပဗေဒ”၊ “မိုက်ခရိုအီလက်ထရွန်းနစ်”၊ “ကွန်ပြူတာအခြေခံမူများ”၊ “အင်နာလော့ အီလက်ထရွန်းနစ်နည်းပညာအခြေခံများ”၊ “ချစ်ပ်ထုတ်လုပ်ခြင်း”။ကိုဖတ်ပါ။ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်အပြင် မိုက်ခရိုနာနိုပုံသဏ္ဍာန်စက်ထုတ်လုပ်မှုဆိုင်ရာ အခြေခံမူများ၊ ကွန်ပြူတာ သင်ကြားမှုအတွေ့အကြုံကို ရရှိမည်ဖြစ်သည်။ 】

ဒါကိုကြည့်ရင်း...

လင်းဖန်သည် အနည်းငယ်ပြုံးလိုက်လေသည်။ယခုဆိုအလုပ်တစ်ဝက် ချက်ချင်း ပြီးမြောက်သွားသည်။

လင်းဖန်သည် စာအုပ်ကိုမဖတ်တော့သည်ကိုမြင်တော့လီလင်းက မတတ်နိုင်ဘဲ “ပြီးပြီလား?”

လင်းဖန်က ခေါင်းညိတ်လိုက်သည်။

လီလင်းက သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး “၁၃ မိနစ်အတွင် စာအုပ် ၅ အုပ်ဖတ်ပြီးတယ်။ဒါကကွမ်တမ် စာဖတ်နည်းပဲ မဟုတ်လား။’’

လင်းဖန်သည် ဒီသတင်းကို အရင်ကဖတ်ဖူးသည်။

လူအချို့သည် ကွမ်တမ်ဟုခေါ်သော စာအုပ်ဖတ်နည်းကို ကျွမ်းကျင်သည်ဟု ဆိုကြသည်။

ထိုလူတို့သည် 5 မိနစ်အတွင်း စကားလုံး 100,000 ကို ဖတ်နိုင်မယ်လို့ ဆိုကြသည်။

ထိုပုဂ္ဂိုလ်သည် ကွမ်တမ်နည်းလမ်းကိုသင်ကြားပေးရန် လေ့ကျင့်ရေးသင်တန်းကိုလည်း ဖွင့်လှစ်ခဲ့သည်။

သို့သော် လင်းဖန်သည် ၎င်းသည် အမှန်တကယ် လိမ်လည်မှုတစ်ခုဖြစ်ကြောင်း သိလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤလောကတွင် ဤစွမ်းရည်ကို လေ့ကျင့်သင်ကြားရန် နည်းလမ်းမရှိပေ။

ရှိလျှင်ပင်၊ ကွမ်တမ်ဖတ်ခြင်းဟုခေါ်သော နည်းစနစ်သည်လင်းဖန်၏စကင်န်ဖတ်ခြင်းစွမ်းရည်ကို နှိုင်းယှဉ်၍မရနိုင်ပေ။

လင်းဖန်က ပြုံးပြီး ခေါင်းခါကာ “ဒါ လိမ်နေတာဘဲ” ဟု ပြောလိုက်သည်။

“ကောင်းပြီ။” လီလင်းက ကူကယ်ရာမဲ့ပြောလိုက်သည်။

သူမရဲ့ အသွင်အပြင်ကို ကြည့်ရရင်သူမဟာဒီစာဖတ်နည်းကို သူမ တကယ်ပဲ စိတ်ဝင်စားပုံရသည်။

ဒီလိုဖြစ်တာလဲအံ့သြစရာမရှိပေ။

လီလင်းက တစ်ခုခုကို တွေးနေပုံရပြီး “အခုမင်းဖတ်ထားတဲ့ စာအုပ်တွေက ချစ်ပ်ပြားတွေနဲ့ သက်ဆိုင်ပါတယ်။ မင်းချစ်ပ်တွေကို တီထွင်ချင်တာကြောင့် မဟုတ်လား။”

လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟုပြောလိုက်သည်။

ဒီကိစ္စကို ဖုံးကွယ်ထားစရာ မရှိပေ။

ဘာကြောင့်လဲဆိုတော့ မကြာခင်မှာ သူတာဝန်(မစ်ရှင်)ပြီးမြောက်တော့မှာမို့လို့ပင်ဖြစ်သည်။

မိုက်ခရိုနာနိုပုံသဏ္ဍာန်ရိုက်စက်ကိုရရှိပြီးထို့နောက် ချစ်ပ်ပြားများထုတ်လုပ်လို့ရပြီဖြစ်သည်။

လင်းဖန်သည် အမှန်တကယ် ခေါင်းညိတ်ပြမည်ဟု လီလင်း မထင်ထားခဲ့ပေ။

အချိန်အတော်ကြာတော့ ဘယ်လိုတုံ့ပြန်ရမှန်းမသိဖြစ်သွားသည်။

သူတို့အားလုံးသိကြသည့်အတိုင်းချပ်စ့်သည် အရှုပ်ထွေးဆုံး အီလက်ထရွန်နစ်အစိတ်အပိုင်းဖြစ်သည်။

ပြီးတော့ ချပ်စ်အားလုံးဟာ နိုင်ငံခြားချစ်ပ်မဟာမိတ်(မေရိကန်ကိုဆိုလိုတာပါ)ရဲ့ လက်ထဲမှာ အခိုင်အမာရှိလေသည်။

ချပ်စ့်ကိုတရုတ်နိုင်ငံ အပါအဝင် နိုင်ငံအများအပြားသည် ဆယ်စုနှစ်များစွာ ကြိုးကြိုးစားစား တီထွင်နိုင်အောင်လုပ်ဆောင်ခဲ့ကြသော်လည်း များစွာတိုးတက်မှုမရှိသေးပေ။

ဒါကြောင့်မည်မျှခက်ခဲသည်ကို တွေးကြည့်နိုင်သည်။

အခု လင်းဖန် က ချပ်စ့်တစ်ခုကို တီထွင်ချင်တယ်လို့ ပြောနေလေသည်။

လင်းဖန်သည် အတွေးလွန်နေသော လီလင်းကို လျစ်လျူရှုလိုက်သည်သူသည် စားပွဲပေါ်ရှိ မေးခွန်းကို တစ်ချက်ကြည့်လိုက်ပြီး “ဒါက ထပ်ပြီး မရှင်းနိုင်တာလား။”

တဖန်?

ဘာကြောင့် ထပ်ဖြစ်တာလဲ။

လင်းဖန်သည် စာအုပ်တစ်အုပ်ဖတ်တိုင်း မေးခွန်းများကို ဖြေရန် ကူညီပေးသည်။

ယခုလဲအတူတူပင်ဖြစ်သည်။

လီလငိး၏ လှပသော မျက်နှာသည် အနည်းငယ် နီမြန်းသွားပြီး “ဟုတ်ကဲ့” ဟု ပြောလိုက်သည်။

လင်းဖန်သည် တခြားအတွေးလုံးဝမရှိသောကြောင့်ချက်ချင်းတွက်လိုက်တော့သည်။

“ဒါ့ ဒါ့ ဒါ့ “

များမကြာမီတွင် အလွန်အသေးစိတ်ကျသောတွက်ချက်မှုများသည်မှတ်စုစာအုပ်ထဲတွင် ပေါ်လာသည်။

ခဏကြာတော့ လင်းဖန် က “အင်း ဒါကဒီလိုတွက်ရတာ နားလည်လား”

All Chapters