မစ်ရှင်ပြီးခြင်း
Vol. 26 Ch. 386
လီလင်းက “နားလည်ပါတယ်” လို့ မပြောခင် ခဏလောက် ငုံ့ကြည့်လိုက်သည်။
လင်းဖန်က ခေါင်းညိတ်ပြီး “ကောင်းပြီ ဒါဆို ငါအရင်သွားတော့မယ်။”
စကားပြောပြီးသွားသောအခါ အပြင်ဘက်သို့ ထွက်လာခဲ့သည်။
ဒီမြင်ကွင်းကို အားလုံးသည်မူဇောင်၏ မျက်လုံးများထဲသို့ ရောက်သွားကြသည်။
အဆင့်အတန်းကောင်းကောင်းနဲ့ ချောမောတဲ့ အမျိုးသားတွေဟာ သူတို့လိုချင်တာမှန်သမျှ တကယ်လုပ်နိုင်တယ်ဆိုတာ သိလာရသည်။
မူဇောင်က လက်မထောင်ပြပြီး “တကယ်ပဲ အစ်ကိုလင်းပါပဲ!”
…………
လင်းဖန်သည် မူဇောင်၏ တုံ့ပြန်မှုကို လုံးဝ မသိပေ။
စာကြည့်တိုက်မှ ထွက်လာပြီးနောက် အမှတ် ၁ လေ့ကျင့်ရေး အဆောက်အအုံသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
သင်္ချာပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တုန်းက လင်းဖန် ဟာ အမှတ်(၁) လေ့ကျင့်ရေး အဆောက်အဦကို ရောက်ခဲ့သည်။
ကွန်ပြူတာနှင့်ပတ်သက်သော စမ်းသပ်မှုအများစုကို ဤနေရာတွင် ပြုလုပ်ကြောင်း သူသိသည်။
“ဟမ်? ကျောင်းသားလင်းဖန်” ငွေရောင်မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အံ့သြစွာပြောလိုက်သည်။
လင်းဖန် က “မင်းက...?”
“အိုး ငါက ကွန်ပျူတာသိပ္ပံကျောင်းက ပါမောက္ခ ဝမ်ဂျန် ပါ” လူလတ်ပိုင်းအရွယ်က ပြောသည်။
ယနေ့တွင် ကျန်ပေ့တက္ကသိုလ်မှ ဆရာများနှင့် ပါမောက္ခများ အဆင့်အတန်းရှိသရွေ့ လင်းဖန်ကိုအားလုံးသိသည်ဟု ဆိုနိုင်ပါသည်။
သူ ကျန်ပေ့တက္ကသိုလ်အတွက် ဂုဏ်ထူးတွေအများကြီးရအောင်ဆောင်ရွက်ပေးခဲ့သည်။
တစ်နည်းအားဖြင့် ကျန်ပေ့တက္ကသိုလ် သည် သူ့ကြောင့်သူတို့တက္ကသိုလ်ဂုဏ်ယူရသည်။
လင်းဖန်၏အမည်သည် သင်္ချာနှင့် ကွန်ပျူတာသိပ္ပံကျောင်းတွင် အချိန်အကြာ ပျံ့နှံ့နေခဲ့သည်။
ဘာကြောင့်လဲဆိုတော့လင်းဖန်ရဲ့ ပထမဆုံးဂုဏ်က သင်္ချာမော်ဒယ်လ်ပြိုင်ပွဲမှာ အဆင့်မြင့်ပညာရေးဖလားပဲ ဖြစ်လို့ပင်ဖြစ်သည်။
ဒါဟာ သင်္ချာနဲ့ ကွန်ပြူတာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆုဖလား ဖြစ်သည်။
လင်းဖန်၏အမူအရာသည် အနည်းငယ်ရွေ့လျားသွားပြီး “ဒါဆို ပရော်ဖက်ဆာဝမ် မင်္ဂလာပါ” လို့ပြောလိုက်သည်။
ဝမ်ဂျန်က ပြုံးပြီး “မင်္ဂလာပါ ကျောင်းသားလင်းဖန်”
ထို့နောက် တစ်ခုခုကို တွေးနေပုံရပြီး “ပါမောက္ခ ချမ်ဟန်ရီနဲ့ ကျွန်တော် မနှစ်က ချပ်စ်ကိုလေ့လာနေတယ်။ လင်းဖန်မင်း က အမှတ် ၁ လေ့ကျင့်ရေးအဆောက်အဦးကို လာဖို့ ရှားပါတယ်။ဒါကြောင့် ဓာတ်ခွဲခန်း ကိုအတူတူသွားမလား။’’
ဒါကိုကြားတော့ လင်းဖန်က “ကောင်းပြီ” ဟု တိုက်ရိုက် ခေါင်းညိတ်လိုက်သည်။
ဒါကို ဝမ်ဂျန်ကြားလိုက်တာနဲ့ သူ့မျက်နှာတစ်ခုလုံးပြုံးကာရယ်မောလိုက်သည်။
သိရန်……
ကျန်ပေ့ တက္ကသိုလ်တွင် ကောလဟာလများ အမြဲရှိနေသည်။
ပြဿနာတစ်ခုခုကို ဖြေရှင်းချင်ရင် လင်းဖန်ကိုဒီပြဿနာကိုစိတ်ဝင်စားအောင်လုပ်ပါ။
လင်းဖန် က သူ့ရဲ့ စမ်းသပ်ချက်ကို ကြည့်ပြီး ချပ်စ်ကို စိတ်ဝင်စားတယ်ဆိုရင်...
ဒါကို ဝမ်ဂျန်တွေးလိုက်တဲ့အခါ သူ့မျက်နှာပေါ်က အပြုံးက ပိုလို့တောင် တောင်ပလာခဲ့သည်။
မကြာခင်မှာပဲသူတို့သည်ဓာတ်ခွဲခန်းကို ရောက်ကာတံခါးကိုတွန်းဖွင့်လိုက်သည်။
ချမ်ဟန်ရီ နဲ့ ဘွဲ့ရကျောင်းသားနှစ်ယောက်ဟာ ကွန်ပျူတာကို မျက်နှာမူပြီး ကီးဘုတ်ကို သာအာရုံစိုက်ပြဖိးအမြန်နှိပ်နေကြသည်။
အခြားဘွဲ့ရကျောင်းသားသုံးဦးသည် စက်ကြီးတစ်ခုတွင် အစိတ်အပိုင်းများကို ဂရုတစိုက် တပ်ဆင်နေကြသည်။
သူတို့အားလုံး အာရုံစိုက်နေကြသောကြောင့် ဝမ်ဂျန်နှင့် လင်းဖန်တို့ဝင်လာသောအခါတွင် မည်သူကမျှ မနှုတ်ဆက်ကြပေ။
ဝမ်ဂျန် က သူ့လည်ချောင်းကို ရှင်းပြီး”ပါမောက္ခ ချမ် နဲ့ အားလုံး ကျေးဇူးပြုပြီး မင်းတို့ရဲ့အလုပ်ကို ခဏရပ်လိုက်ပါ”
ဝမ်ဂျန် ၏အသံသည် ကျယ်လောင်လွန်းသောကြောင့် ပါရဂူကျောင်းသားသုံးဦးကို အနှောင့်အယှက်ဖြစ်စေသည်။ တစ်ဝက်လောက် ပြီးစီးနေပြီဖြစ်သော သေးငယ်သော အစိတ်အပိုင်းများတွင်အက်ကြောင်းများ ပေါ်သွားသည်။
ချမ်ဟန်ရီက မျက်မှောင်ကြုတ်ပြီး “ပါမောက္ခ ဝမ် မင်းဘာကိစ္စရှိလို့လဲ?”
ဝမ်ဂျန်သည်လဲစမ်းသပ်မှုကို နှောင့်ယှက်ခဲ့ကြောင်း သတိပြုမိပြီး လူများစွာကို တောင်းပန်စကားဆိုလိုက်သည်။
ပြီးနောက် သူက “ကျောင်းသား လင်းဖန်ကငါတို့ရဲ့ ဓာတ်ခွဲခန်းကို လာလည်တယ်၊အားလုံးသူ့ကိုကို ကြိုဆိုလိုက်ကြပါ”
လင်းဖန်။
ဓာတ်ခွဲခန်းတွင် ဤနာမည်ပေါ်လာပြီးနောက် ချမ်ဟန်ရီ၊ ပါရဂူကျောင်းသားများ၊ ဘွဲ့ရကျောင်းသားများ...
ဤအခိုက်အတန့်တွင် ၎င်းတို့သည် ယခင်စမ်းသပ်မှု၏ အနှောင့်အယှက်ကိုပင်မေ့သွားကြလေသည်။
အားလုံးက လင်းဖန်ကို စူးစိုက်ကြည့်နေလိုက်ကြသည်။
သူတို့အားလုံးသည်လင်းဖန် ကို သိကြပြီး သူ့အကြောင်း ကောလဟာလတွေလဲကြားဖူးလေသည်။
အခု လင်းဖန်က သူ့တို့ဓာတ်ခွဲခန်းကို ရောက်ရှိလို့နေလေသည်။
ဆိုလိုတာက... သူ ချပ်စ့်တွေကို လေ့လာတော့မှာလား။
လူတိုင်းရဲ့ နှလုံးသည်ချက်ချင်းပူလောင်သွားခဲ့သည်။
ချမ်ဟန်ရီက သူ့ကို ပုဂ္ဂိုလ်ရေးအရ နှုတ်ဆက်ပြီး လက်ကို ဆန့်တန်းပြီး “မင်္ဂလာပါကျောင်းသားလင်းဖန်” လို့ ဆိုလိုက်၏။
“မင်းက ပရော်ဖက်ဆာ ချမ် ဖြစ်မယ်။မင်္ဂလာပါ။” လင်းဖန်က ပြောသည်။
ချမ်ဟန်ရီက ပြုံးပြီး “မင်းရှေ့မှာ ငါကိုယ့်ကိုပရော်ဖက်ဆာကို ဘယ်လိုခေါ်နိုင်မှာလဲ။ ငါ့ကို လူအိုကြီးချမ်လို့ပဲ ခေါ်ပါ”
လင်းဖန်က ချောင်းဆိုးကာ”မဟုတ်တာ... ပရော်ဖက်ဆာချမ်လို့ပဲ ခေါ်ပါမယ်”
ချမ်ဟန်ရီက “မင်းအဆသ်ပြေသလိုသာခေါ်တော့ ဒါ့အပြင်... ကျောင်းသား လင်းဖန်၊ မင်း ချပ်စ့်တွေကို စိတ်ဝင်စားလား?”
ဒီလိုပြောတဲ့အခါ သူ့မျက်လုံးက မျှော်လင့်ချက်များနဲ့ပြည့်နှက်နေလေသည်။
သူ့ဘေးက ဝမ်ဂျန်နဲ့ မနီးမဝေးက ဘွဲ့ရကျောင်းသားတွေနဲ့ ပါရဂူကျောင်းသားတွေ အားလုံးက နားရွက်ကို စွက်ထားလိုက်ကြသည်။
လင်းဖန် က “ငါစိတ်ဝင်စားပါတယ်။ ပရော်ဖက်ဆာ ချမ်နဲ့ ပရော်ဆာဝမ် တို့ အဆင်ပြေရင် ငါ့အတွက် စမ်းသပ်မှုတစ်ခု လုပ်ပေးနိုင်မလား?”
ချမ်ဟန်ရီ နှင့် ဝမ်ဂျန်တို့က တညီတညွတ်တည်းပြောကြသည် - “အဆင်ပြေပါတယ်!”
တကယ်စိတ်ဝင်စားတယ်။
ဒါက စမ်းသပ်မှုဟာ ကြီးကြီးမားမား တိုးတက်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။
ချမ်ဟန်ရီ က စိတ်လှုပ်ရှားစွာနဲ့ “လူတိုင်းပဲ ငါတို့ရဲ့ စမ်းသပ်မှုကို အစအဆုံး လုပ်ပြလိုက်ရအောင်!”
“ဟုတ်ကဲ့” ဘွဲ့လွန်ကျောင်းသားများနှင့် ပါရဂူကျောင်းသားများက တစ်ခဲနက်ပြောလိုက်ကြသည်။
ရုတ်တရက်၊ ချမ်ဟန်ရီ၊ ဝမ်ဂျန်၊ ဘွဲ့ရကျောင်းသားများနှင့် ပါရဂူကျောင်းသားများသည် အစိတ်အပိုင်းများကို ဂရုတစိုက်စုစည်းပြီးနောက်ကီးဘုတ်ပေါ်မှာဘာညာသရကာ(ဟီဟီ)ဆိုပြီးရိုက်လိုက်ကြလေသည်။
များမကြာမီပင်ကွန်ပြူတာဖန်သားပြင်ပေါ်တွင် အလွန်ရှုပ်ထွေးသော အစိတ်အပိုင်းများ ဖွဲ့စည်းမှု ပေါ်လာသည်။
တစ်နာရီလောက်ကြာတော့ အားလုံးကသူတျု့၏ လှုပ်ရှားမှုတွေ ရပ်လိုက်ကြသည်။
စမ်းသပ်မှုပြီးဆုံးသွားပြီဖြစ်သည်။
ဝမ်ဂျန်က အရမ်းမျှော်လင့်ထားတဲ့ လေသံနဲ့ “ကျောင်းသား လင်းဖန်၊ဒါကိုမင်းဘယ်လိုထင်လဲ၊ ဘာတွေပြောင်းလဲဖို့ လိုသေးလဲ”
လင်းဖန်က ချက်ချင်းပြန်မဖြေပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ အတွေးများအားလုံးကိုသူ့စိတ်ထဲရှိ နှိုးဆော်သံများကဆွဲဆောင်နေသောကြောင့်ပင်ဖြစ်သည်။
[မစ်ရှင်ပြီးခြင်း-“ကွန်ပြူတာများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ချစ်ပ်များ(1/1); “တစ်ပိုင်းလျှပ်ကူးပစ္စည်း ရူပဗေဒ”၊ “မိုက်ခရိုအီလက်ထရွန်းနစ်”၊ “ကွန်ပြူတာအခြေခံမူများ”၊ “အင်နာလော့ အီလက်ထရွန်းနစ်နည်းပညာအခြေခံများ”၊ “ချစ်ပ်ထုတ်လုပ်ခြင်း”(5/5)ကိုဖတ်ပါ။ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်အပြင် မိုက်ခရိုနာနိုပုံသဏ္ဍာန်စက်ထုတ်လုပ်မှုဆိုင်ရာ အခြေခံမူများ၊ ကွန်ပြူတာ သင်ကြားမှုအတွေ့အကြုံကို ရရှိသည်။ 】
ရုတ်တရက် လင်းဖန်သည် ကွန်ပြူတာနှင့်ပတ်သက်သည့် ဗဟုသုတများစွာနှင့် ရှုပ်ထွေးပွေလီသော ကာဗွန်အခြေခံပုံသဏ္ဍာန်စက် ထုတ်လုပ်ရေးဆိုင်ရာ သဘောတရားများသည်သူ့စိတ်ထဲသို့ဝင်လာလေသည်။
[ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်- ၎င်းကိုထုတ်ယူချင်ပါလား။ 】
အချိန်အတော်ကြာပြီးနောက် သူ့အသိစိတ်ပြန်ဝင်လာပြီး “ငါအရင်ထွက်သွားလိုက်အုံးမယ်...”
ပြောပြီးတာနဲ့ လုံးဝမရပ်ဘဲ လှည့်ထွက်သွားတော့သည်။
ကာဗွန်အခြေခံပုံသဏ္ဍာန်၏ ထုတ်လုပ်မှု နိယာမကို မရရှိပါက ကောင်းမွန်မည်ဖြစ်သည်။
၎င်းကိုရရှိပြီးနောက် လင်းဖန် သည် ကာဗွန်အခြေခံပုံသဏ္ဍာန်စက်များကို ပိုမိုစိတ်ဝင်စားလာခဲ့သည်။
အကျိုးသက်ရောက်မှုကိုစမ်းကြည့်ရန် ကာဗွန်အခြေခံချစ်ပ်များ ဖြစ်နိုင်သမျှအမြန်ဆုံးပြုလုပ်လိုလေသည်။
လင်းဖန်အဖြစ်သည်လေးတစ်ယောက် ရုတ်တရက် အရုပ်အသစ်ရသွားသလိုပင်ဖြစ်သည်။
ဝမ်ဂျန်နှင့်ချမ်ဟန်ရီတို့သည် လင်းဖန် ထွက်ခွာသွားသည်ကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
အဆုံးတွင် ကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းတစ်ခုချလိုက်ကြသည်။
စမ်းသပ်မှုတွင် ကြီးကြီးမားမားတိုးတက်မှုရရန် လင်းဖန်အား အားကိုးလိုပါက မျှော်လင့်ချက်မရှိသည်ကို သူတို့နားလည်သည်။
ဟုတ်ပါတယ်၊ သူတို့လည်း ဒီအခြေအနေအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားဖြစ်သည်။
နောက်ဆုံးတော့ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာမရှိဘူးမဟုတ်လား။
လင်းဖန်သည် သင်္ချာ၊ ရူပဗေဒ၊ ဇီဝဗေဒစသည်တို့ကိုနက်နက်ရှိုင်းရှိုင်း သုတေသနပြုပြီး အောင်မြင်မှုများ ရရှိခဲ့သည်။
ကွန်ပြူတာမှာလဲအတူတူ နက်နက်ရှိုင်းရှိုင်း သုတေသနပြုပြီး ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရခဲ့ရင်...
ဒါဟာ...လုံးဝလက်တွေ့မကျပေ။