← Chapters

တီထွင်ခဲ့တာလား

Vol. 26 Ch. 388

တီထွင်ခဲ့တာလား

Vol. 26 Ch. 388

ထိုညတွင် ထိပ်တန်းကွန်ပြူတာ၊ ချစ်ပ်များနှင့် ပုံသဏ္ဍာန်စက်များ ကျွမ်းကျင်ပညာရှင်နှင့် ပါမောက္ခတစ်ဦးသည် စတန့် တက္ကသိုလ်သို့ တယောက်ပြီးတယောက် ရောက်လာသည်။

ကီးဘုတ်ပေါ်တွင် စာရိုက်သံများထွက်လာပြီး မကြာခဏဆိုသလို ချီးကျူးသံများလဲ ထွက်ပေါ်လာသည်။

“အိုဘုရားရေ!”

“ဒီဒေတာက အံ့သြစရာပဲ!”

“ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်”

“မယုံနိုင်စရာပဲ!”

…………

ဒါတွေကိုလင်းဖန် က လုံးဝ ဂရုမစိုက်ပေ။

သူသည် နူးညံ့သော ဆိုဖာပေါ်တွင် ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်လို့သွားသည်။

ထို့ကြောင့်လင်းဖန် က ဟွာအုပ်စု ရဲ့ ဥက္ကဌ ရန်ဖေးကို ခေါ်ဆိုလိုက်သည်။

“ဟယ်လို မစ္စတာလင်း တစ်ခုခုပြေားရာရှိလို့လား။”

ရန်ဖေး ၏ ပင်ပန်းနွမ်းနယ်နေသော အသံသည် ဖုန်းအတွင်းမှ ထွက်ပေါ်လာသည်။

လင်းဖန်သည် ရန်ဖေး၏ ပင်ပန်းနွမ်းနယ်မှုကို ကြားလိုက်သောကြောင့်”ချပ်စ့်အတွက် စိတ်ပူနေတာလား”

“ဟုတ်တယ်” ရန်ဖေး သက်ပြင်းချပြီးပြောလိုက်သည်။

လင်းဖန်က “မနက်ဖြန် ကျန်ပေ့ ကိုလာခဲ့ပါ။ ချပ်စ့်ပြားအကြောင်းမင်းနဲ့ ဆွေးနွေးစရာရှိလို့”

“ဟမ်?” ရန်ဖေး အနည်းငယ် အံ့အားသင့်သွားသည်။

ချပ်စ့်အကြောင်း ဆွေးနွေးဖို့လား။

လင်းဖန် က “ဒါဆို သဘောတူတယ်လို့ပဲမှတ်လိုက်မယ်။ နောက်ကျနေပြီမို့ စောစောအနားယူပါ’’

စကားပြောပြီးနောက် ဖုန်းကို တိုက်ရိုက်ချလိုက်သည်။

ရန်ဖေးသည်ကြောင်တောင်တောင်ပုံစံဖြင့် ဖုန်းကို ကိုင်ထားရုံသာတတ်နိုင်သည်။

လင်းဖန်သည် ဖုန်းကို ခဏတာသုံးပြီးတာနဲ့ ဖုန်းကို အသံတိတ်မုဒ်သို့ ပြောင်းကာ အိပ်ပျော်သွားခဲ့သည်။

…………

သိပ္ပံအကယ်ဒမီ။

သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာ ဖန်ရှင်း သည် အသက်တစ်ရာနီးပါးရှိသော်လည်း၊သူသည် နေ့စဉ်နှင့်အမျှ သိပ္ပံကိုလေ့လာနေဆဲဖြစ်သည်။

ယခုအချိန်တွင် သူသည် နောက်ဆုံးပေါ် သိပ္ပံသုတေသနဂျာနယ်များကို ဂရုတစိုက် ရှာဖွေဖန်ရှုနေသည်။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင် ဖန်ရှင်း၏ အိတ်ကပ်ထဲမှ ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

ဖန်ရှင်းသည် ဖုန်းခေါ်ဆိုမှုအကြောင်းကြားချက်ကို တစ်ချက်ကြည့်လိုက်ရာပညာရှင် ရန်လိချန်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဖုန်းကိုင်လိုက်သည်နှင့်သူသည်အံသြသောကြောင့်တွေးလိုက်သည်။’’ပညာရှင်ရန်က ကွန်ပျူတာ အစီရင်ခံစာ အစည်းအဝေးမှာ ပါဝင်ဖို့ အမေရိကန်ကို မသွားဘူးလား။ ဘာလို့ငါ့ကိုဖုန်းခေါ်တာလဲ။’’

ဤသို့တွေးကာ ဖန်ရှင်း သည် အဖြေခလုတ်ကို ဖြည်းညှင်းစွာ နှိပ်လိုက်သည်။

“ဒါရိုက်တာဖန်၊ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်၊ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်သည် ကြီးစွာသောတိုးတက်မှုကို ရရှိခဲ့သည်။ ထို့ကြောင့် ၎င်းကို တီထွင်ခဲ့ခြင်းဖြစ်နိုင်သည်။” ဖုန်းကို ချိတ်ဆက်လိုက်သည်နှင့် တပြိုင်နက် ရန်လီချန်၏ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

“ဘာ!”

ဖန်ရှင်းသည်ရုတ်​တရက်​ထရပ်​သောကြောင့်စားပွဲ​ပေါ်ရှိ လက်​ဖက်​ရည်​ခွက်သည်ကြမ်းပြင်​​ပေါ်သို့ ​ကျသွားလေသည်။

သို့သော်လည်း သူသည်ဒါကိုလုံးဝ ဂရုမစိုက်ဘဲ “ဘာ၊ ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်က ကြီးကြီးမားမား တိုးတက်နေတာလား။ အဲဒါကို တီထွင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တာလား၊ သတင်းက စိတ်ချရလို့လား၊တီထွက်တဲ့သူကဘယ်သူလဲ၊ ဘယ်နိုင်ငံကလဲ။”

ဖန်ရှင်း က အရမ်းစိုးရိမ်နေခဲ့တာ အံ့သြစရာမရှိပါပေ။

သိရန်……

ချပ်စ့်များသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးမားဆုံး အတားအဆီးဖြစ်သည်။

ဤအကြောင်းကြောင့် လူအင်အားနှင့် ပစ္စည်းအရင်းအမြစ် မည်မျှရင်းနှီးမြှုပ်နှံထားသည်ကိုမသိသော်လည်း အကျိုးသက်ရောက်မှု လုံးဝမရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ယနေ့ကမ္ဘာပေါ်တွင် ဆီလီကွန်အခြေခံချစ်ပ်များသည် ပင်မရေစီးကြောင်းဖြစ်သည်။

ဆီလီကွန်အခြေခံ ချစ်ပ်နည်းပညာသည် နိုင်ငံခြားချစ်ပ်အဖွဲ့၏ လက်ထဲတွင် အခိုင်အမာရှိနေသည်။

နှစ်ပေါင်းများစွာ သုတေသနပြုပြီးနောက်၊ ကာဗွန်အခြေခံ ချစ်ပ်ပြားများကို တွေ့ရှိခဲ့သည်။

သိပ္ပံပညာရှင်များစွာ၏ တွက်ချက်မှုနှင့် ထင်မြင်ယူဆချက်များအပေါ် အခြေခံ၍ ကာဗွန်အခြေခံချစ်ပ်များသည် ဆီလီကွန်အခြေခံချစ်ပ်များထက် သေးငယ်ပြီး ပိုမိုအားကောင်းသည့် လက္ခဏာများရှိသည်။

ထင်ရှားသည်မှာ၊ ကာဗွန်အခြေခံချစ်ပ်များသည် အလွန်အရည်အသွေးမြင့်သော ထုတ်ကုန်များဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ တီထွင်ဖန်တီးပုံနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များသည် လုံးဝအကူအညီမဲ့နေပြီး အကြံဥာဏ်လုံးဝမရှိပေ။

သို့သော်ဟွာရှ သည် အရှုံးမပေးသေးဘဲ ကာဗွန်အခြေခံချစ်ပ်များကို သုတေသနပြုရာတွင် အရင်းအမြစ်များစွာကို ထည့်သွင်းအသုံးပြုထားဆဲဖြစ်သည်။

နှစ်များတစ်လျှောက်တွင်၊ တရုတ်သည် ကာဗွန်အခြေခံချစ်ပ်များဆိုင်ရာ သုတေသနပြုမှုတွင် အောင်မြင်မှုအချို့ရရှိခဲ့သည်။

ယခုမူရန်လီချန်သည်ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်သည် ကြီးစွာသော တိုးတက်မှုကို ရှိနေပြီဟု ခေါ်ဆိုခဲ့သည်။ တီထွင်ပြီးတောင်ဖြစ်နိုင်တယ်လို့ဆိုသည်။

ဒါက ဖန်ရှင်းကို စိုးရိမ်မှု​ဖြစ်ပေါ်စေသည်။

အဘယ်ကြောင့်ဆိုသော်တစ်ခြားနိုင်ငံမှဖြစ်လျှင်နှစ်များတစ်လျှောက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အချည်းနှီးဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ဖန်ရှင်းက ထပ်ပြောသည် - “ပညာရှင် ရန်မြန်မြန် ပြောပါဟ!”

ရန်လီချန်က “ဒါရိုက်တာ ဖန် စိတ်မပူပါနဲ့။ ဒီလူကိုမင်းလဲသိပါတယ်။ လင်းဖန်ပဲသူကငါတို့ တရုတ်ကလင်းဖန်”

“လင်းဖန်?”

ဖတ်ရှင်း သည် ခဏမျှ အံ့အားသင့်သွားပြီး သူ၏ စိုးရိမ်သောကအမူအရာမှာ သူ့မျက်နှာပေါ်တွင် အေးခဲသွားပုံရသည်။

ခဏအကြာတွင် သူသည် စိတ်လှုပ်ရှားစွာဖြင့် “တရုတ်ပြည်က လင်းဖန် ဆိုတာ သေချာလား? ကျန်ပေ့ တက္ကသိုလ်က လင်းဖန်လေ”

ရတ်လီချန်က “ကျွန်တော် သေချာပါတယ်။ သူက “ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်များ”

ဆိုင်ရာ စာတမ်းတစ်စောင်ကို သိပ္ပံထံ ပေးပို့ခဲ့တယ်။’’

“အတိအကျ အကြောင်းအရာကို ကျွန်တော် မမြင်ရသေးပေမယ့် အခုအချိန်မှာတော့ ကွန်ပျူတာနဲ့ ချပ်စ့်တွေမှာ ကျွမ်းကျင်တဲ့ပညာရှင်ကြီးတွေ အားလုံးဟာ ဒီစာတမ်းကို ပြန်လည်သုံးသပ်ပြီး သုတေသနပြုဖို့ ကူညီတဲ့အတွက် စတန့်တက္ကသိုလ် မှာ စုရုံးနေကြတယ်။”

“ပညာရှင်ကြီးတွေရဲ့ ပြောဆိုမှုတွေအရ “ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်များ”ရဲ့ အကြောင်းအရာကို သူတို့အားလုံး သဘောတူကြောင်း ပြောခဲ့တယ်။ပြီးတော့ သူတျု့မြင်သမျှ ကြားသမျှကိုလဲဖုံးကွယ်ထားခြင်း သို့မဟုတ် ချဲ့ကားခြင်းမရှိကြောင်းကိုလဲတိုက်ရိုက်ပြောခဲ့တယ်’’

ဤသို့ပြောရခြင်းအကြောင်းမှာရန်လီချန် သည် ဤကိစ္စသည် မည်မျှအရေးကြီးသည်ကို အတိအကျသိသောကြောင့်ဖြစ်သည်။

ဖန်ရှင်းက ဒါကိုကြားတော့ဝမ်းသာအားရနဲ့ “ကောင်းတယ်၊ ကောင်းတယ်! ဟာဟာဟာ!”

ထို့နောက်တွင်၊ ဖန်ရှင်းသည် တစ်ခုခုကို တွေးနေပုံရပြီး “ငါ မင်းနဲ့ စကားမပြောတော့ဘူး၊ ငါ လင်းဖန် ကို ဆက်သွယ်လိုက်အုံးမယ်”

စကားပြောပြီးနောက် ရန်လီချန်အဖြေကို မစောင့်ဘဲ ဖုန်းချလိုက်သည်။

ထို့နောက် ချက်ချင်းပင်၊ ဖန်ရှင်း သည် လင်းဖန်၏နံပါတ်ကို အမြန်ခေါ်ဆိုလိုက်သည်။

“ဒူဒူ!”

သို့သော် ဖုန်းသည် စက္ကန့်များစွာကြာအောင် မြည်သော်လည်း မည်သူမျှ ဖြေကြားခြင်းသို့မဟုတ်ကိုင်ခြင်းမရှိပေ။

ထို့ကြောင့် ဖန်ရှင်း သည် ဆက်တိုက် ဖုန်းခေါ်ဆိုခဲ့သည်။

ရလဒ်ကတော့ အပြောင်းလဲမှုမရှိပေ။

ထို့ကြောင့်ဖန်ရှင်းသည် အခန်းထဲတွင် စိုးရိမ်တကြီး လှည့်ပတ်ပြီးနေသည်။

“မဟုတ်ဘူး၊ ဒီလိုနေလို့မရဘူး၊ ငါ ကျန်ပေ့ သွားရမယ်!”

ထို့နောက်တွင်၊ ဖန်ရှင်းသည် ဖုန်းကို ထပ်မံကောက်ကိုင်လိုက်ပြီး ကျန်ပေ့သို့ အမြန်သွားဖို့ရတဲ့လေယာဉ်လတ်မှတ်ဖြတ်ခိုင်းဖို့အမိန့်ပေးခဲ့သည်။

ထို့နောက် အပြင်သို့ အမြန်ပြေးသွားတော့သည်။

…………

တစ်ဖက်တွင် နိုင်ငံခြားချစ်ပ်များ မဟာမိတ်ဖွဲ့သည်ဝိုင်နီသောက်ပြီး အသားကင်စားကာ အေးအေးဆေးဆေး စားသောက်ကြသည်။

ထိုအချိန်တွင် ဥက္ကဌသည် တစ်ခုခုကို စဉ်းစားနေပုံရပြီး “ဟွာအုပ်စု သည် စူပါဘက်ထရီနှင့်ပတ်သက်သော ဒေတာအတိအကျကို ပေးဆောင်ရန် ဆုံးဖြတ်ခဲ့ပြီးပြီလား” ဟု မေးလိုက်သည်။

ဒုသမ္မတ ဒန်ဖန့် က “မဖြတ်သေးဘူး” ဟုပြောသည်။

သမ္မတက မျက်မှောင်ကြုတ်ပြီး မကူညီနိုင်ဘဲ “ဟွာ မိုဘိုင်းလ်ဖုန်း အခြေအနေ ဘယ်လိုရှိလဲ” လို့ မေးလိုက်သည်။

“ဒီလရဲ့ တင်ပို့မှုတော့ကျဆင်းသွားတယ် နောက်လရဲ့ တင်ပို့မှုကလဲအဲ့ထက်လျော့သွားမှာသေချာ်” ဒုသမ္မတဒန်ဖန့် က ပြောသည်။

အနောက်နိုင်ငံတွေရဲ့ ဒုတိယဥက္ကဌက ပြုံးပြီးပြောတယ် “ပြီးခဲ့တဲ့လကရေင်းအား 200% ကျသွားပြီး နောက်လကျ 400% ကျမယ်လို့ခန့်မှန်းထားတယ် နောက်လဟွာ မိုဘိုင်းလ်ဖုန်းက ဘယ်လောက်ကြာကြာခံနိုင်မလဲမသိဘူးဟီး....။”

တောင်ဘက်ပိုင်း၏ဒုတိယဥက္ကဌက “မိုဘိုင်းဖုန်းဘယ်လောက်ကောင်းကောင်း၊ ချပ်စ့်မပါတာအုတ်ခဲမပါပဲအိမ်ဆောက်နေသလိုပဲ။ ဟွာ မိုဘိုင်းဖုန်းသည်အနည်းဆုံးတစ်နှစ်ခွဲအထိပဲကြာရှည်ခံနိုင်မယ်ထင်တယ်”

ခေတ္တနားပြီးနောက်၊ တောင်ပိုင်းဒုဥက္ကဌက “နောက်ဆုံးမှာ သူတို့က စူပါဘက်ထရီတွေသုံးတာကိုမရပ်ပဲချပ်စ့်ကိုလိခြျင်ရင်ဘယ်လိုလုပ်မလဲ”

သမ္မတက ပြုံးပြီး “ဘာလုပ်ရမလဲ။ ကျွန်ုပ်တို့ရဲ့ ချစ်ပ်မဟာမိတ်အဖွဲ့ဟာ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို လေးစားလိုက်နာတဲ့ နိယာမကို အမြဲတမ်း လိုက်နာခဲ့တယ်။ဒါကြောင့်အန္တရာယ်ရှိတဲ့ ဘက်ထရီဒေတာကို မပေးချင်တဲ့ ကုမ္ပဏီတစ်ခုအတွက်ချစ်ပ်ပြားတွေကို ဘယ်လို့ရောင်းပေးရမှာလဲ။”

ရောက်ရှိလာသူအားလုံး ပြုံးလိုက်ကြသည်။

“ကလင်! ကလင် ကလင်”

ထိုအချိန်တွင် သမ္မတ၏ လက်ကိုင်ဖုန်းမှမြည်သံတစ်ခု ထွက်ပေါ်လာသည်။

All Chapters