ပန်လုံဗီလာသို့ရောက်ရှိခြင်း
Vol. 26 Ch. 389
သမ္မတ(ဥက္ကဌ)က ဖုန်းဆက်အကြောင်းကြားတာကို တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကို ပေါ့ပေါ့ဆဆ ဖြေလိုက်သည်။
“ပါမောက္ခ ဂျယ်ရီ၊ မင်္ဂလာပါ။”
နောက်အခိုက်အတန့်တွင်..…
ဥက္ကဌက ရုတ်တရက်ထရပ်ပြီး “ဘာပြောလိုက်တာလဲ”
“ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်ကိုတီထွင်ခဲ့တာလား။”
“ဒါ့အပြင်၊ သူက စူပါဘက်ထရီကို တီထွင်ခဲ့တဲ့ လင်းဖန် ပဲလား။”
“ဘုတ်!”
ဥက္ကဌ၏ လက်ကိုင်ဖုန်းသည် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွားသည်။
တိတ်ဆိတ်!
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်လို့နေသည်။
တက်ရောက်သူအားလုံးသည် ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်ကို တီထွင်သူမှာ လင်းဖန် ဖြစ်သောကြောင့်ဖြစ်သည်။
ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်များပေါ်လာသည်နှင့်၊ ၎င်းတို့ကျွမ်းကျင်သော ဆီလီကွန်အခြေခံချစ်ပ်များကို မကြာမီ လုံးဝဖယ်ရှားပစ်မည်ဖြစ်သည်။
ဆီလီကွန်အခြေခံ ချစ်ပ်များသည် ၎င်းတို့၏ အသက်သွေးကြောဖြစ်သည်။ အခု လုံးဝ စွန့်ပစ်ဖယ်ရှားတော့မှာလား။
ထို့အပြင် ၎င်းတို့သည် ယခုကာလအတွင်း ဟွာ အား ဆက်လက်ပိတ်ဆို့ထားသည်။
လင်းဖန်သည် စူပါဘက်ထရီအား ဟွာအုပ်စုသုံးပြုခွင့်ပြုခဲ့သည်။ ထင်ရှားသည်မှာ ၎င်းတို့သည် ယခင်က နက်ရှိုင်းသော ဆက်ဆံရေးရှိတယ်ဆိုတာပင်ဖြစ်သည်။
ထိုကြောင့်သူတျု့တော့လုံးဝ ပြီးသွားပြီဟုအကုန်လုံးကစိတ်ထဲတွေးရင်းမျက်စိ၊မျက်နှာပျက်ဖြစ်နေသည်။
…………
နောက်တစ်နေ့တွင် ကောင်းကင်သည် ကြည်လင်လို့နေသည်။
လင်းဖန်က သူ့ကို ချပ်စ့်အကြောင်း ဆွေးနွေးခိုင်းတာကို ရန်ဖေးမမေ့ပေ။
ထို့ကြောင့်သူသည် လေယာဉ်စီးပြီး ကျန်ပေ့သို့ ရောက်လာသည်။
ရန်ဖေးလေယာဉ်ပေါ်ကဆင်းပြီးတဲ့နောက်မှာတော့ သူ့လက်ကိုင်ဖုန်းကိုထုတ်ပြီးလင်းဖန် ရဲ့နံပါတ်ကို နှိပ်လိုက်သည်။
…………
မနက်အမိုးလင်းပြီဖြစ်သောကြောင့် လင်းဖန်သည် မျက်လုံးဖွင့်ကာ ဖုန်းကို ခါတိုင်း လိုပဲကောက်ကိုင်လိုက်သည်။ထိုအခါဖုန်းဝင်လယလေသည်။
ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့ရန်ဖေးဖြစ်နေတာ ကိုတွေ့သောအခါ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
“မစ္စတာလင်း၊ ငါ ကျနန်ပေ့ကိုရောက်ပြီ၊ မင်းကိုရှာဖို့ ကျန်ပေ့တက္ကသိုလ်ကို တိုက်ရိုက်လာရမလား။” ဟုရန်ဖေးက မေးသည်။
လင်းဖန်က ခဏလောက်စဉ်းစားပြီး “ပန်လုံဗီလာကိုပဲမင်း လာလိုက်ပါ” လို့ပြောလိုက်သည်။
ရန်ဖေးက “ကောင်းပြီ။”
ဖုန်းချပြီးနောက် လင်းဖန်သည် ကုတင်ပေါ်မှ ထလိုက်သည်။
နောက်တစ်ခုက ရန်ဖေး က လာမယ်ဆိုတော့သူ့ကို ဧည့်သည်အဖြစ် မှတ်ယူနိုင်သည်။
ထို့ကြောင့်အိပ်ရာထဲမှာ တစ်ချိန်လုံး နေတာကမသင့်တော်ပေ။
…………
လင်းဖန်သည် ထ၍ မျက်နှာဆေးကြောသောအခါ၊ သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာ ဖန်ရှင်းသည် ကျောင်းရှေ့တွင် ရပ်ကာ နာရီကို လှမ်းကြည့်နေရင်း သူ့မျက်နှာမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။
သူ့ဘေးက လက်ထောက်ကျောင်းအုပ် ဖန်ဝမ် က “ဒါရိုက်တာဖန် ငါ ရုံးခန်းသွားပြီးစောင့်မေမလား။ လင်းဖန်က ကျောင်းရောက်ရင် မင်းဆီလာဖို့ပြောလိုက်မယ်။”
ဒီနေ့ မနက်ငါးနာရီ ခြောက်နာရီလောက်မှာ လုံခြုံရေးမှူးဆီက ရုတ်တရက် ဖုန်းဝင်လာသ
မနက်အစောကြီး ကျောင်းတံခါးမှာ တစ်စုံတစ်ယောက် လာရပ်ပြီး တစ်ယောက်ယောက်ကို စောင့်နေတယ် လို့ ပြောပြီး သူ့ကိုယ်လဲသိတယ်လို့ ပြောသည်။
ဖန်ဝမ်သည် ကျောင်းတံခါးသို့ ရောက်သောအခါ သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာ ဖန်ရှင်းဖြစ်နေသည်ကို တွေ့ရှိလိုက်သည်။
ဖန်ရှင်း သူ့လက်ကို ဝှေ့ယမ်းပြီး “မလိုပါဘူး...”
ထို့နောက် သူ့လက်ကိုင်ဖုန်းကို ထပ်မံထုတ်ကာ လင်းဖန်ကိုထပ်မံခေါ်ဆိုလိုက်သည်။
ဒီတစ်ခါတော့ အရင်ကလို အသံမထွက်ပေမယ့် ဘယ်သူမှ ပြန်မဖြေပေ။
နောက်တစ်ကြိမ်တွင် နှစ်ကြိမ်သာ မြည်လာပြီးနောက် လင်းဖန်၏ အသံသည် ဖုန်းအတွင်း၌ ထွက်ပေါ်လာသည်။
ဖန်ရှင်း က စိတ်လှုပ်ရှားစွာနဲ့ “လင်းဖန် ၊ မင်းနောက်ဆုံးတော့ မင်းဖုန်းကိုင်ပြီပေါ့၊မင်းဘယ်မှာလဲ’’
“ကောင်းပြီ ငါ ပန်းလုံဗီလာ မှာနေတာ။” လင်းဖန်က ပြောသည်။
“ကောင်းပြီ ငါလာခဲ့မယ်!” ဖန်ရှင်း က စိတ်လှုပ်ရှားစွာပြောသည်။
ဖုန်းချသွားပြီးနောက်၊ ဖန်ရှင်း သည် အပြင်ဘက်သို့ အမြန်ပြေးကာ တက္ကစီတစ်စီးကို ရပ်လိုက်ပြီး “ပန်းလုံဗီလာ” ဟု ပြောလိုက်သည်။
“ဗွမ်း!”
တက္ကစီဒရိုင်ဘာသည် အရှိန်မြှင့်စက်ပေါ်နှင်းပြီးထွက်သွားကာ ကျောင်းတံခါးဝတွင်ဖန်ဝမ်သာကျန်ခဲ့သည်။
ဒါ...သွားပြီလား။
…………
ပန်းလုံ ဗီလာ။
ရန်ဖေးသည် လူချမ်းသာများစွာကို မြင်တွေ့ဖူးသည်ဟု ယူဆနိုင်သည်။
သို့သော် ပန်လုံဗီလာဝင်းထဲသို့ လှမ်းကြည့်လိုက်တော့ အံ့အားသင့်နေဆဲပင်ဖြစ်သည်။
စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေ၊ ရဲတိုက်လို အိမ်ကြီးတွေ၊ စူပါပြိုင်ကားတွေ၊ ဇိမ်ခံကားတွေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေတောင် နေရာတိုင်းမှာ မြင်နိုင်သည်။
ဤနေရာတွင် နေထိုင်ကြသော လူများသည် လုံးဝ အံ့မခန်းပဲဟုတွေးလိုက်သည်။
လုံခြုံရေး၏ လမ်းညွှန်မှုအောက်တွင် ရန်ဖေးသည် တံခါးခေါင်းလောင်းကို နှိပ်လိုက်သည်။
ခဏအကြာတွင် လင်းဖန်သည် တံခါးကိုဖွင့်လိုက်သည်။
“မစ္စတာလင်း မတွေ့တာကြာပြီ” ရန်ဖေး သည် သူ့စိတ်ထဲတွင် အံ့သြမှုကို မျိုသိပ်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်ရန် အစပြုလိုက်သည်။
“အင်း၊ တော်တော်ကြာနေပြီ” လင်းဖန်သည် သူ့လက်ကို ဆန့်တန်းကာ နှစ်ယောက်သား ပေါ့ပါးစွာ ဆုပ်ကိုင်နှုတ်ဆက်လိုက်သည်။
ထို့နောက် နှစ်ယောက်သား အတူတူ အထဲကို လျှောက်သွားကြသည်။
မကြာခင်မှာပဲ ရန်ဖေးကို ကြီးမားတဲ့ ကာဗွန်အခြေခံ ပုံသဏ္ဍာန်စက်ကဆွဲဆောင်သွားသောကြောင့်သူက”မစ္စတာလင်း၊ ဒါက ဘာလဲ။”ဟုမေးလိုက်သည်။
“ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်”ဟုလင်းဖန်က ပေါ့ပေါ့ပါးပါး ဖြေသည်။
ရန်ဖေးက “အိုး၊ ကာဗွန်အခြေခံ...”
သူ စကားမဆုံးသေးလင်မှာပဲ တစ်ကိုယ်လုံး တုန်သွားပြီး မျက်လုံးများလဲဝိုင်းစက်ကာ သူ့မျက်နှာပေါ်တွင်မယုံနိုင်မှုများဖြင့် ပြည့်နေသည်။
ပြီးနောက်သူကမေးသည်။”လင်း...မစ္စတာလင်း၊ မင်းအခုပြောတယ်...ဒါကဘာလဲ”
“ဒင်ဒေါင်!”
လင်းဖန်က ပြန်ဖြေခါနီးမှာ အပြင်မှာ နောက်ထပ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသညယ
ထို့ကြောင့် တံခါးကို ထပ်ဖွင့်ရပြန်သည်။
“ကျောင်းသား လင်းဖန်၊ နောက်ဆုံးတော့ မင်းကို ငါရှာတွေ့ပြီ။ မင်း ကာဗွန်အခြေခံ ပုံသဏ္ဍာန်စက်မှာအကြီးစားရှာဖွေတွေ့ရှိခဲ့တာလား။” ဖန်ရှင်း က ကမန်းကတန်း မေးလိုက်သည်။
လင်းဖန်သည် အတွင်းမှ ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်ကိုညွှန်ပြပြီး “ဟိုမှာ” ဟုပြောလိုက်သည်။
ဖန်ရှင်း သည် လင်းဖန်ညွှန်ပြထားသည်ကို ကြည့်လိုက်ပြီး အံ့သြမနေနိုင်ဘဲ “ဒါက...”
“ ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်”ဟု လင်းဖန်က ပြောသည်။
လင်းဖန်၏ ထပ်လောင်းအတည်ပြုချက်ကိုရန်ဖေးကြားပြီးနောက် သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။
ဖန်ရှင်း သည် ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်သို့ လာရန် မစောင့်နိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် “ဒါ...ဒါက ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်ပဲလား။ အဲဒါကို တီထွင်ပြီးပြီလား?”
လင်းဖန်က ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟုပြောလိုက်သည်။
သူ့လေသံက အေးအေးဆေးဆေးနဲ့ ဒီနေ့ ရာသီဥတု တော်တော်ကောင်းတာကို ပြောနေသလိုပင်ဖြစ်သည်။
ဖန်ရှင်းက အလျင်စလိုမေးတယ် “ဒါ်လိုအလုပ်လုပ်တာလဲ”
လင်းဖန်သည် ရှေ့သို့ တိုးလာပြီး ခလုတ်အချို့ကို နှိပ်လိုက်သည်။
မကြာခင်မှာပဲ လက်ချောင်းလေးတစ်ချောင်းရဲ့ လက်သည်းခွံအရွယ်အစားရှိတဲ့ ချစ်ပ်ပြားတစ်ခု သူ့ရှေ့မှာ ပေါ်လာသည်။
ဖန်ရှင်းက အနည်းငယ်ခြောက်ကပ်သောလေသံဖြင့်ပြောသည်- “ဒါ...ဒါက...”
ရန်ဖေးစကားမပြောနိုင်ဖြစ်သွားသည်။
သို့သော် သူ့မျက်လုံးများသည် မျက်တောင်မခတ်ပဲစက်ကိုစိုက်ကြည့်နေသည်။
“ကာဗွန်အခြေခံ ချစ်ပ်ပြား။” လင်းဖန်က ပြောသည်။
သို့သော် ဖန်ရှင်း နှင့် ရန်ဖေးတို့သည် ဤအဖြေကို နားလည်ပြီးသားဖြစ်သည်။
သို့သော် ထိုစကားကိုကြားပြီးနောက် သူတို့၏မျက်နှာများသည် အံ့သြမှုများနှင့်ပြည့်နှက်နေသည်။
ရန်ဖေး၏ ဟွာအုပ်စု သည် ကာဗွန်အခြေခံ ချပ်စ့်များကို လေ့လာနေသည်။
ဖန်ရှင်းသည် ဟွာရှ အရာရှိကိုကိုယ်စားပြုသောကြောင့်၎င်းကိုဖော်ပြရန်မလိုအပ်ပေ။
နှစ်ပေါင်းများစွာ လေ့လာခဲ့ကြပေမယ့် သူတို့မလုပ်နိုင်တဲ့ ကာဗွန်အခြေခံ ချစ်ပ်ပြားက အခုသူတို့မျက်လုံးထဲမှာ ပေါ်လာတာလား။
ယင်းက သူတို့ကို အစစ်အမှန်မဟုတ်ဟု ခံစားရစေသည်။
ဖန်ရှင်းက “ဒီကာဗွန်အခြေခံ ချစ်ပ်ပြားရဲ့ စွမ်းဆောင်ရည်က ဘယ်လိုလဲ။”
ရန်ဖေးသည် လည်း စပ်စုသောအကြည့်ဖြင့် ကြည့်နေသည်။
ကာဗွန်အခြေခံ ချပ်စ့်များ ထွက်လာပြီဖြစ်သော်လည်း စွမ်းဆောင်ရည်ကကော။
နောက်ဆုံးတွင်၊ ချပ်စ့်များကိုကြည့်ရှုရန်ပြုလုပ်ခြင်းမဟုတ်ပါ။
လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိဖို့လဲလိုအပ်။
အကယ်၍ စွမ်းဆောင်ရည် အလွန်ညံ့ပါက သို့မဟုတ်ဆီလီကွန်အခြေခံ ချစ်ပ်များနှင့် လုံးဝ နှိုင်းယှဉ်၍မရပါကအခုအခြေအနေကအရင်ကနဲ့အတူတူပင်ဖြစ်မှာသေချာသည်။
လင်းဖန် က “စွမ်းဆောင်ရည်ကအဆင်ပြေပါတယ်။ မင်းရဲ့ မိုဘိုင်းလ်ဖုန်းနဲ့ ချိတ်ဆက်ပြီး စမ်းသုံးကြည့်နိုင်တယ်။”
စကားပြောနေစဉ်တွင် ကာဗွန်အခြေခံ ချစ်ပ်ပြားကို ထုတ်ပေးလိုက်သည်။