← Chapters

သတင်းရခြင်း

Vol. 011 Ch. 1046

သတင်းရခြင်း

Vol. 011 Ch. 1046

“ဘုတ်….” “အာ….”

အကြီးအကဲ ၁၇သည် မယုံကြည်နိုင်စွာဖြင့် ခေါင်းငုံ့ကာ ရင်ဘတ်ကို ထိုးဝင်သွားသော လက်မောင်းကိုကြည့်လိုက်သည်။

“ဘာ ဘာလို့လဲ” သူ စကားတစ်ခွန်းပြောပြီးနောက်တွင် သွေးများ ပန်းထွက်လာပြီးနောက်တွင် သူ့ပါးစပ်မှ သွေးများစီးကျလာသည်။

“သူတို့က မင်းမသိအောင် တပည့်တွေလွှတ်လိုက်တယ်ဆိုရင် မင်း ပေါ် သွားပြီဆိုတာကိုပြနေတာပဲ” ထိုလူသည် လက်ကိုပြန်ရုတ်ပြီး တစ်ချိန်တည်း မှာပင် သူ့နှလုံးကို ထုတ်လိုက်သည်။

“အွတ်….”

သွေးစိမ်းရှင်ရှင်များသည် ဟောင်းလောင်းပေါက်နေသော ရင်ဘတ်မှ ထွက်လာပြီး ကြမ်းပေါ်သို့ ပြန့်သွားလေသည်။

“မသုံးမဝင်ဘူး ဘယ်လိုပဲဖြစ်ဖြစ် မင်းမိသားစုကို ထိန်းသိမ်းထားစရာ အကြောင်းမရှိတော့ဘူး” ထိုလူသည် လက်ကိုင်ပုဝါတစ်ခုထုတ်ကာ လက်မှ သွေးများကို သုတ်ပြီးနောက် မီးထုတ်ကာ လက်ကိုင်ပုဝါကိုမီးရှုံ့လေသည်။ သူ ညင်သာစွာသက်ပြင်းချပြီး ပျောက်ကွယ်သွားလေသည်။

ရှီမာယူယူနှင့် တခြားသူများထိုနေရာသို့ အလျင်အမြန်လာချိန်တွင် အကြီးအကဲ ၁၇၏ အလောင်းသာကျန်ခဲ့လေသည်။

တစ်ချက်တည်းကြည့်လိုက်ရုံနှင့်ပင် အကြီးအကဲ ၁၇ သေဆုံးသွားပြီကို အတည်ပြုနိုင်သည်။

“ခြေတစ်လှမ်းနောက်ကျသွားပြီ” ရင်ဘိုင်ချွန်းသည် မလိုလားစွာ ပြော လိုက်သည်။

“ယူယူ နီရဲပျားတွေက သတင်းတစ်ခုခုများကြားလိုက်လား” လျန်ဝူမင် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “သူတို့က အသုံးဝင်မယ့်စကား မပြော ဘူး၊ သူတို့ ပြောတာကို စစ်ဆေးပြီးမှ ကျွန်တော်ပြန်ပြောပါ့မယ်”

သူတို့သည် အကြီးအကဲ၁၇၏ အလောင်းရှိရာသို့ လျှောက်သွားရာ သူ့ ခန္ဓာကိုယ်သည် နွေးနေဆဲဖြစ်ကာ ရှီမာယူယူသည် သူ့ခန္ဓာကိုယ်ကို စစ်ဆေး ရန် အံ့ဖွယ်အသိကိုအသုံးပြုလေသည်။

“သူဘာလုပ်နေတာလဲ” ရှောင်ကျင်းရှုံ မေးလိုက်သည်။

“၁၇ရဲ့ မှတ်ဉာဏ်ကိုစစ်ဆေးနေတာ” လျန်ဝူမင် ပြောလိုက်သည်။

“အဲဒါ အလုပ်ဖြစ်လား ဒါပေမဲ့ အကြီးအကဲ ၁၇ကသေသွားပြီလေ”

“ဖြစ်လောက်ပါတယ်” ရင်ဘိုင်ချွန်း ဆက်ပြောလေသည် “သတင်းတစ် ခုခုကြားရမလားဆိုတာ မသေချာပါဘူး”

အားလုံးသည် ရှီမာယူယူကို စောင့်ကြည့်နေကြသည်။ သူမ စစ်ဆေး ပြီးနောက်တွင် သူမ၏ မျက်နှာအမူအရာကိုကြည့်ပြီး ရလဒ်ကိုသိလိုက်ကြ သည်။

“အသုံးဝင်မယ့် အကြောင်းအရာမရလိုက်ဘူးမလား” ရှောင်ကျင်းရှုံ မေး လိုက်သည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လေသည် “တစ်ဖက်လူက အရမ်း တွက်ချက်တယ်၊ ဘာအချက်အလက်မှချန်မထားဘူး၊ သူ ဘယ်သူလဲဆိုတာ အကြီးအကဲ ၁၇တောင်မသိဘူး”

“သူ့မှတ်ဉာဏ်ထဲက ဘာရလိုက်လဲ” လျန်ဝူမင် မေးလေသည်။

“သူတို့ အကြီးအကဲ၁၇ကို လွန်ခဲ့တဲ့ ၃လကတွေ့ခဲ့တာ၊ သူတို့က အကြီးအကဲ ၁၇ရဲ့မိသားစုဝင်တွေကိုဖမ်းပြီး အနက်ရောင်ဝတ်လူကို သတင်း ပေးဖို့ခြိမ်းခြောက်ခဲ့တယ်၊ သူ့ကိုသတ်လိုက်တဲ့အနက်ဝတ်လူအပြင် တခြား သူ ကိုမတွေ့ဖူးဘူး၊ သူတို့က ဘယ်ကလဲ ဘယ်ဂိုဏ်းကလဲဆိုတာတောင် သူ မသိဘူး” ရှီမာယူယူသည် မှတ်ဉာဏ်ထဲတွင် မြင်ခဲ့သောအရာများကို ပြောပြ လေသည်။

“၁၇က သူ့မိသားစုဝင်တွေကိုတန်ဖိုးထားတဲ့သူပဲ သူ့အားနည်းချက်ကို သူတို့တွေ့သွားတာ” ထန်ယီ မှတ်ချက်ပေးလေသည်။

“အနက်ဝတ်လူအပြင် အကြီးအကဲ၁၇ဆီက တခြားအသုံးဝင်တဲ့ သတင်း မရှိဘူး” ရှီမာယူယူ ပြောလုကိ်သည်။

“ဒါပေမဲ့အခု တစ်ဖက်ကသူ့ကိုသတ်သွားတော့ သူ့မိသားစုဝင်တွေကို လည်းသေချာပေါက်လွှတ်ပေးမှာမဟုတ်ဘူး” ရင်ဘိုင်ချွန်းသည် စိတ်မကောင်းစွာပြောလေသည်။

“ဘိုင်ချွန်း ၁၇ရဲ့အလောင်းကို ကောင်းကောင်းသဂြိုဟ်ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ ဆရာ” ရင်ဘိုင်ချွန်း ပြန်ဖြေလိုက်သည်။

“ယူယူ နီရဲပျားတွေနဲ့ တောင်ကြားရဲ့လှုပ်ရှားမှုကို ဆက်ပြီး စောင့်ကြည့် ထား သံသယတစ်ခုခုရှိတာနဲ့ ငါ့ကိုသတင်းပို့” လျန်ဝူမင် အမိန့်ပေးလေသည်။

“တောင်ကြားသခင် တောင်ကြားမှာ သစ္စာဖောက်နောက်တစ်ယောက် ရှိသေးတယ်လို့ ထင်တာလား” ရှောင်ကျင်းရှုံ မေးလေသည်။

“၁၇ ပေါက်ကြားသွားတာကို ဟိုဘက်ကလူက အကြောင်းမရှိ သိမှာ မဟုတ်ဘူး၊ ဆိုလိုတာက သူ တခြားတစ်ယောက်ဆီက သတင်းရနေသေး တာပဲ” လျန်ဝူမင် ဆက်ပြောလေသည် “အကုန်လုံးကို ဒီကနေထုတ်ရမယ်”

အားလုံးသည် လမ်းခွဲလိုက်ကြသည်။ ရှီမာယူယူသည် ရင်ဘိုင်ချွန်းကို ကူညီကာ အကြီးအကဲ၁၇၏ အလောင်းကို သဂြိုဟ်ပေးလေသည်။ ရင်ဘိုင်ချွန်း၏ ဝမ်းနည်းနေသော အမူအရာကိုကြည့်ပြီး သူ တောင့်မခံနိုင် သည်ကို သူမ သိသည်။

“စီနီယာရင် ဝမ်းမနည်းပါနဲ့”

“အကြီးအကဲ၁၇က ငါ့ကိုအမြဲတမ်းဂရုစိုက်ပေးခဲ့တာ အဲလိုဖြစ်မယ်လို့ မထင်ထား…” ရင်ဘိုင်ချွန်း၏ အသံမှာ ပိုပိုပြီးအက်လာကာ မျက်လုံးများသည် ရဲလာပြီး ဒေါသထွက်ခြင်းနှင့် နာကျင်ခြင်းတို့အတူဖြစ်လေသည်။

“အကြီးအကဲ၁၇က အံ့ဖွယ်နတ်ဆိုးတောင်ကြားကို သစ္စာရှိတယ်ဆိုတာ သူ့မှတ်ဉာဏ်ကနေ ကျွန်တော်ပြောနိုင်ပါတယ်” ရှီမာယူယူသည် ရင်ဘိုင်ချွန်း ၏ ပခုံးကိုပုတ်လိုက်သည် “သူက သူ့မိသားစုအဖမ်းခံလိုက်ရပြီဆိုတာ သိပြီး မှ လမ်းမှားသွားတာ၊ သူ တောင်ကြားသခင်ကိုပြောပြခဲ့သင့်တာ၊ အကုန်လုံး က နည်းလမ်းစဉ်းစားပေးမှာကို၊ အခု သူလည်းဆုံးပြီ သူ့မိသားစုလည်း မလွှတ်နိုင်ဘူး”

“အဲဒါဘယ်သူပဲဖြစ်ဖြစ် ငါသူတို့ကိုသေချာပေါက်ဖမ်းမယ်” ရင်ဘိုင်ချွန်း သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလေသည်။

သူတို့ အကြီးအကဲ၁၇၏ အလောင်းကိုသဂြိုဟ်ပြီးနောက်တွင် လက်များ ကိုခါကာ ပြောလိုက်သည် “သွားမယ် ဆရာဦးလေးကိုသွားတွေ့ကြမယ်၊ ခုနက လူတွေအရမ်းများလို့ သူ့ကိုမပြောလိုက်ရတာတစ်ခုရှိတယ်”

“အသုံးဝင်တဲ့သတင်းရှိသေးတာလား”

“မရှိဘူး ဆရာဦးလေးကို ပေးသိရမယ့် သံသယဝင်စရာလေးတွေရှိလို့” ရှီမာယူယူ ဆက်ပြောလေသည် “သွားမယ်”

အကြီးအကဲ၁၇ သစ္စာဖောက်လိုက်သည့်သတင်းသည် အံ့ဖွယ်နတ်ဆိုး တောင်ကြားတွင် လျင်မြန်စွာပင် ပြန့်သွားလေသည်။ ထိုအကြောင်းကို အားလုံးသိကြသောအခါ စိတ်ဒုက္ခရောက်ကြလေသည်။ အားလုံးသည် ထို အကြီးအကဲကိုချစ်ကြသည်။ သို့သော် ထိုကဲ့သို့ဖြစ်သွားလိမ့်မည်ဟု မထင် ထားကြပေ။

ရှီမာယူယူနှင့် ရင်ဘိုင်ချွန်းတို့သည် လျန်ဝူမင်၏အခန်းသို့ရောက်ချိန် တွင် သူ လစ်ဟာစွာငေးနေသည်ကို တွေ့လို်က်ရသည်။

ရှီမာယူယူသည် ရင်ဘိုင်ချွန်းပြောခဲ့သည်ကို သတိရသွားသည်။ လျန်ဝူမင်သည် အကြီးအကဲ၁၇၏ ပျိုးထောင်ခြင်းကိုခံခဲ့ရကာ သူတို့သည် လေးနက်သော ဆက်နွယ်မှုရှိခဲ့ကြသည်။ ထိုကိစ္စဖြစ်ပြီးနောက်တွင် သူ ဝမ်းနည်းနေမည်။

လျန်ဝူမင်သည် သူတို့ဝင်လာသည်ကို မြင်သောအခါ ခံစားချက်များကို ရုတ်သိမ်းကာ မေးလိုက်သည် “ဘာလို့ ဒီကိုရောက်လာကြတာလဲ”

“ခုနက လူအရမ်းများနေလို့ပါ ကျွန်တော် ဆရာဦးလေးကို ပြောစရာရှိ လို့ပါ” ရှီမာယူယူ ဆက်ပြောလေသည် “အကြီးအကဲ၁၇ရဲ့ မှတ်ဉာဏ်ထဲမှာ ပုံမှန်မဟုတ်တဲ့နေရာတွေ တွေ့လိုက်တယ်၊ အသုံးဝင်ပါ့မလားတော့ မသိဘူး”

“ဘာသိလိုက်တာလဲ”

“အကြီးအကဲ ၁၇ရဲ့ မှတ်ဉာဏ်ထဲမှာ အဲလူက သူနဲ့ ဆက်နွယ်မှုရှိတယ် အဲလူတွေက ကျွန်တော် တိမ်ပင်လယ်မှာတွေ့ခဲ့တဲ့လူတွေနဲ့တူတယ်” ရှီမာယူယူ ပြောလိုက်သည်။

လျန်ဝူမင်နှင့် ရင်ဘိုင်ချွန်းတို့သည် အံ့သြသွားကြလေသည် “သေချာရဲ့ လား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “သူတို့ပုံစံကတော့ မတူဘူး ဒါပေမဲ့ အနံ့ကတော့အဲလူတွေနဲ့ဆင်တယ် ကြည့်ရတာ အဖွဲ့အစည်းတစ်ခုတည်းက ထင်တယ်”

“အဲလိုဆိုရင် အတွင်းပိုင်းဒေသကလူတွေဖြစ်ရမယ်” ရင်ဘိုင်ချွန်း ဆက် ပြောလေသည် “အရင်နှစ်တွေမှာ အတွင်းပို်င်းဒေသမှာဘာတွေဖြစ်ခဲ့လဲဆို တာမသေချာဘူး၊ သူတို့အလယ်ပိုင်းဒေသကိစ္စတွေမှာ ဆက်တိုက်ဝင်ပါလာ တယ် ကိစ္စတွေကို ဒီလောက်လှုပ်လှုပ်ရှားရှားဖြစ်အောင်လုပ်တာ သူတို့ ဘာတွေစဉ်းစားနေတာလဲ”

“အတွင်းပို်င်းဒေသမှာ ခလောက်ဆန်တာဖြစ်မယ် အဲဒါကြောင့် သူတို့ က အလယ်ပိုင်းဒေသကို ဝင်စွက်ဖက်ချင်တာ” လျန်ဝူမင် ဆက်ပြောလေ သည် “ဒါပေမဲ့ သူတို့ အကြောင်းမရှိပဲ အလယ်ပိုင်းကိစ္စတွေကို ဝင်စွက်ဖက် လို့မရဘူးလေ အဲဒါကြောင့် တိုက်ခိုက်ဖို့အကြောင်းအရင်းရှာဖို့အတွက် ရန်စ နေတာပဲ”

“ဒီပြီးခဲ့တဲ့နှစ်တွေမှာ အလယ်ပိုင်းဒေသက အများကြီးရှုပ်ထွေးခဲ့တယ် အတွင်းဒေသက အင်အားကြီးလူတွေနဲ့ ဆက်သွယ်နေတဲ့ တချို့အင်အားစု တွေလည်းရှိကြတယ်” ရင်ဘိုင်ချွန်း ဆက်ပြောလေသည် “အတွင်းပိုင်းဒေသ ကသာလုပ်ခဲ့တယ်ဆိုရင် တိမ်တိုက်ဂူနဲ့ ကုန်တောင်ကြားက သူတို့ မဟာမိတ် မဖြစ်နို်င်ဘူး”

“အခုတော့ သဲလွန်စနည်းနေသေးတယ် အကုန်လုံးက ကျွန်တော့် ခန့်မှန်းချက်ပဲရှိသေးတာ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ ကုန် တောင်ကြားမှာလည်း ပြဿနာဖြစ်နေတယ်၊ ကျွန်တော်တို့တောင်ကြားက အဆိပ်ကိုမိထားတဲ့သူရှိတယ်လို့ ကြားတယ်”

“ဒါကို ကုန်တောင်ကြားကလုပ်တယ်လို့ သေချာတယ်ဆိုရင် ကုန် တောင်ကြားကလူတွေက သူတို့ကို အဆိပ်ခတ်တာ ငါတို့လုပ်တယ်လို့ တွေး ကြမှာပဲ ဒါဆိုရင် ဂိုဏ်းနှစ်ခုလုံး တိုက်ခိုက်ကုန်မယ်” ရင်ဘိုင်ချွန်းသည် စိုးရိမ်တကြီးပြောလေသည်။

“ကုန်တောင်ကြားက ရပါတယ်” ရှီမာယူယူ ဆက်ပြောလိုက်သည် “အဲဒီ ကကိစ္စတွေကိုဖြေရှင်းဖို့ ကျွန်တော် လူတစ်ယောက်ကိုပြောထားတယ် သူတို့ မကြာခငက်ုိ ဆက်သွယ်လာပါလိမ့်မယ်”

“အိုး… အဲဒါကိုဖြေရှင်းပြီးသွားပြီလား”

“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့ တစ်ယောက် ယောက်ကိုလွှတ်လိုက်ရင် ကျေးဇူးပြုပြီး ဆရာဦးလေး သူတို့ကို ခက်ခဲအောင် မလုပ်ပါနဲ့”

***

All Chapters