ဆုရရှိခြင်း
Vol. 27 Ch. 405
တိတ်ဆိတ်
မြင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ဒီရှင်း၊ ကျောက်လီ၊လီဖေးနှင့်ဝမ်ဟန်ဟူတို့သည် အနောက်မှ လျှောက်လာရင်းအားလုံး အံ့အားသင့်နေကြသည်။
တန်ဟွမ်သည် လင်းဖန်နှင့် လက်းယန်ကို နှုတ်ဆက်ရန် အစပြုခဲ့သည်။
ထို့ပြင် ကပ်ဖားရပ်ဖားလေသံ အရိပ်အမြွက်ဖြင့်ပြောလိုက်သည်။
တန်မိသားစု၏ လက်ရှိခေါင်းဆောင်က လင်းဖန်နှင့် လင်းယန်ကို လေးစားနေတာလား
ဒါ……
ဒါ……
ဘာတွေဖြစ်နေတာလဲ? !
လင်းဖန်ကတန်ဟွမ် နှင့် နီမင်းတို့ကို ခေါင်းညိတ်ပြပြီး “မင်းတို့ဒီမှာလား?”
ခေတ္တနားပြီးနောက်၊ သူက ဒီရှင်း ကို လက်ညှိုးထိုးပြပြီး “ဒီရုပ်ဆိုးတဲ့မိန်းမကို မင်းသိတာလား?”
ထိုစကားကိုကြားသောအခါဒီရှင်း၏နှလုံးခုန်သံမြန်လာကာသူမသည် “ညီမနီမင်း၊ မစ္စတာတန်၊ သူ့စကားနားမထောင်ပါနဲ့သူကအလိမ်တွေပြောမှာ...”
“ပေါက်ကရမပြောနဲ့” လင်းဖန် က “လင်းယန်က ကော်ဇောနီပေါ်တက်ပြီး မင်းရှေ့မှာ လမ်းလျှောက်နေလို့ လင်းယန်ကို မြေပြင်ပေါ် ကျအောင်တမင်တကာ တိုက်လိုက်ပြီး လင်စယန်ကိုဆွဲထူပေးမလိုဟန်ဆောင်ပြီးထပ်လဲကျအောင်လုပ်ခဲ့တယ်။ပြီးတော့ခြိမ်းတောင်ခြောက်လိုက်သေးကို ...”
“ညီမ နီမင်း၊ ငါက မင်းရဲ့ဝမ်းကွဲပါ မင်းငါ့ကိုယုံရမယ်နော်” ဒီရှင်းက ထိတ်လန့်စွာပြောသည်။
စကားပြောနေစဉ်တွင် သူမသည် ရှေ့သို့လှမ်းကာ နီမင်း၏လက်ကို ပွေ့ဖက်လိုက်သည်။
“ဖက့်!”
နီမင်းသည် ဒီရှင်း၏လက်ကို ရိုက်လိုက်ပြီး “ငါကိုငတုံးလို့များလို့နင်ထင်နေတာလား?”
“ဒါ့အပြင် မင်းကို အခုကစပြီး ငါသတိပေးလိုက်မယ်။ငါ့ဝမ်းကွဲဆိုတဲ့အမည်နဲ့တခြားလူတွေကိုမလှည့်စားပါနဲ့”
“ဒါမှမဟုတ်ရင် မင်းဘဝတော့သွားပြီပဲ...”
နီမင်းသည် ဤကဲ့သို့သော အကြံအစည်မျိုးကို မုန်းတီးပြီး သူ့အမည်ကိုတစ်ခြားလူကိုခြိမ်းခြောက်ခြင်းကဲ့သို့နေရာမျိုးတွင်သက်သက်မဲ့ အသုံးချခြင်းမျိုးကို မုန်းသည်။
ဝမ်းကွဲ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး နီမင်းတိုက်ရိုက် ဖယ်ထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမနှင့် ဒီရှင်း တို့သည် ဝမ်းကွဲများဟုသာ ယူဆထားကြသည်။
တကယ်တော့ သူတို့ဟာ ဆွေမျိုးတွေ မဟုတ်ပေ။
နီမင်းသည် ကြယ်ပွင့်ကြီးမဖြစ်မီကပင် နှစ်ယောက်သား မတွေ့ဖူးကြပေ။
ဒီရှင်းသည် သူမ၏ကိုယ်ပိုင်စွမ်းအားကို အသုံးချချင်နေသည်ဆိုတာကို နီမင်း ကောင်းကောင်းသိသည်။
သို့သော် သူမ သိပ်ဂရုမစိုက်ပေ။
နီမင်းအတွက်၊ ဒီရှင်းကိုကူညီခြင်းသည် အသေးအဖွဲကိစ္စသာဖြစ်သည်။
အသိအကျွမ်းလို့ မယူဆနိုင်တဲ့သူကို ကူညီတာကအဆင်ပြေသည်။
သို့သော်လည်း ယခုအခါတွင်၊ မိမိအာဏာကို ချေးယူကာ အဖိုးအို၏ ကယ်တင်ရှင်နှင့် နိုင်ငံတော်ဘဏ္ဍာကို ကိုင်တွယ်ဖြေရှင်းတဲ့သူကိုခြိမ်းခြောက်ရန်အသုံးပြုနေသည်။
ရိုးရှင်းစွာ....အဲဒါက...သေလမ်းရှာနေတာပင်ဖြစ်သည်။
နီမင်း၏ စကားဆုံးပြီးနောက် ဒီရှင်း၏နှလုံးသည် ရုတ်တရက် ရပ်တန့်သွားသလိုခံစားရပြီး စိတ်ပျက်အားငယ်သွားလေသည်။
ဒါက
သူမ လုံးဝ ပြီးသွားပြီဆိုတာ သူမသိလေသည်။
ဒီရှင်း၏ စိတ်ပျက်အားငယ်မှုနှင့် ယှဉ်လျှာင်
လိဖေးနှင့် ဝမ်ဟန်ဟူတို့သည် ရွှင်လန်းတက်ကြွမှုအပြည့်ရှိသည်။
တန်ဟွမ်နဲ့ နီမင်းတို့ ဇနီးမောင်နှံတောင်မှ သူတို့ရဲ့ သူဌေးကို ဒီလို သဘောကျနေတာကအရမ်းကောင်းလေသည်။
ကောင်းတယ်!
အဲဒါအရမ်းကောင်းတယ်!
လင်းဖန်၊လင်းယန်၊တန်ဟွမ်နှင့် နီမင်းတို့သည် မတူညီသော အတွေးအမြင်များရှိသောလူများစွာကို လျစ်လျူရှုခဲ့သည်။
ထို့နောက်သူတို့ ရှေ့ကို လျှောက်လာပြီး စကားတွေပြောနေကြလေသည်။
လင်းဖန်နှင့် အခြားသူများ ထွက်ခွာသွားသောအခါ ဒီရှင်း တုန်လှုပ်သွားပြီး “ကျောက်လီ၊ ငါ... အခု ဘာလုပ်သင့်လဲ”
ကျောက်လီက ဒေါသဖြစ်တဲ့လေသံနဲ့”မင်းကငါ့ကိုလာမေးတာဆျုတော့ငါကဘယ်သူ့ကိုသွားမေးရမလဲ!”
စကားပြောပြီးနောက် လှည့်ထွက်သွားသည်။
အေးဂျင့်တစ်ဦးအနေဖြင့် ကျောက်လီသည် ဒီရှင်းထက် ဖျော်ဖြေရေးနယ်ပယ်အကြောင်းကို ပိုသိပြီး တစ်ချိန်တည်းတွင် သူသည် တန် မိသားစု၏ လွှမ်းမိုးမှုကိုလည်း သိသည်။
ဒီရှင်း၏ သီချင်းဆိုခြင်းနှင့် သရုပ်ဆောင်မှုစွမ်းရည်မှာ သာမန်ဖြစ်သော်လည်းယခုလိုအောင်မြင်ခြင်းမှာတန်မိသားစုနှင့် ဆက်ဆံရေးကြောင့် ဖြစ်သည်။
ထို့ကြောင့် သူမသည် အရင်းအမြစ်များစွာကို ရယူနိုင်ပြီး ကျော်ကြားသောကြယ်ပွင့်ဖြစ်လာခဲ့သည်။
ယနေ့တွင် သူမသည်တန်မိသားစုကို ဆုံးရှုံးခဲ့ပြီး တန် မိသားစုကိုပင် စော်ကားခဲ့သည်။
ဒါကြောင့်သူမအရင်ကရခဲ့တဲ့ဟာတွေကမကြာခင်မှာ ဆုံးရှုံးရတော့မှာမဟုတ်ပေဘူးလား။
“ကျောက်လီ, ကျောက်လီ”
ဒီရှင်းက ကြိမ်ဖန်များစွာ အော်ဟစ်ပြီးနောက်သူ့နောက်ကိုလိုက်သွားခဲ့သည်။
ဒီမြက်ကွင်းကို အဝေးက ကြည့်ရှုသူတွေက..... တိုးတိုးလေးပြောပြီး မက်ဆေ့ချ်ပို့ဖို့ လက်ကိုင်ဖုန်းကို ထုတ်လိုက်ကြတော့သည်။
…………
“တီး...ဒန့်....ဒန့်....”
မြူးကြွသော တေးဂီတသံ ထွက်ပေါ်လာပြီးနောက် ဝတ်ကောင်းစားကောင်း၀တ်စုံဝတ်ထားသောလူလတွပိုင်းအရွယ် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
ထို့နောက်သူသည် ဂီတ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လွှမ်းမိုးမှု၊ အရေးပါမှုနှင့် အခြားအရာများအကြောင်း ပြောဆိုကြသည်။
သူ၏အသံသည် စွဲမက်ဖွယ်ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် ဉာဏ်ရည်ထက်မြက်မှုကြောင့် လူတိုင်းကမပျင်းကြပေ။
ယခုအချိန်တွင် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသား အိမ်ရှင်က “စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဆုပေးပွဲ အပိုင်းကို စလိုက်ရအောင်!”
ပရိတ်သတ်ထဲတွင် ဆန်ခါတင်အဆိုတော်များသည် တင်းမာသောအသွင်အပြင်ဖြင့် အလွန်အမင်းစိတ်လှုပ်ရှားကာ မျှော်လင့်နေကြသည်။
လင်းဖန်သည် လင်းယန် ၏ ကျောက်စိမ်းလက်ကိုကိုင်ကာသူမ၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်ကာ “စိတ်မပူပါနဲ့၊ အဆင်ပြေသွားမှာပါ”
“အင်း” လင်းယန်က အားတက်သရော ခေါင်းညိတ်ပြီးပြောလိုက်သည်။
အိမ်ရှင်အမျိုးသားက “ဆုရရှိသွားတဲ့သူကတော့........လင်းယန်ပဲဖြစ်ပါတယ်’’(ဒီအခန်းအနားကအကယ်ဒမီပေးတဲ့ပုံစံမျိုးပါ)
စင်ပေါ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ သီချင်းသံက ချက်ချင်းဆိုသလို ထွက်ပေါ်လာတော့သည်။
တစ်ချိန်တည်းမှာပင် လူတိုင်းက လှိုက်လှိုက်လှဲလှဲ ချီးကျူးကြသည်။
လင်းယန်သည်ပျော်ရွှင်နေပြီးအံလဲအံသြနေ သည်။
ချီးမြှင့်ခံရတဲ့
ရွှေသံစဉ်ဆုကို တကယ်ရခဲ့တယ် ။
လင်းဖန်က ပြုံးပြီး “မင်းဘာတွေ ကြောင်တက်တက်လုပ်နေတာလဲ။ စင်ပေါ်တက်တော့လေ”
လင်းယန်သည် အသံကြားပြီးနောက် သူမ သည်သတိပြန်ဝင်လာကာ အားတက်သရော ခေါင်းညိတ်ကာ စင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။
ပြိုးပြိုးပြက်ပြက်ပြနေသော စင်မြင့်ပေါ်ရှိမီးလုံးများက လင်းယန်အပေါ်သို့ ကျသွားသည်။
လင်းယန်သည် အလွန်လှပနေပြီဖြစ်သော်လည်း ယနေ့တွင် သူမသည် ဂရုတစိုက် ၀တ်ဆင်ထားသည်။
ယခုအခါ စင်မြင့်မီးရောင်အောက်တွင်သူမသည်လူ့ဘုံသို့ဆင်းလာသောအက်မော်နယ်နတ်သမီးနဲ့တူနေလေသည်။ထို့ကြောင့် သူမ၏အလှသည်လူတိုင်းကို အစွဲအလမ်းဖြစ်စေသည်။
အိမ်ရှင်အမျိုးသားက “အို ဘုရားရေ အရမ်းလှတာပဲ’’ဟုချီးကျူးလိုက်လေသည်။
သူ့ဘေးနားက အိမ်ရှင်မိန်းကလေးကလဲ”ဒါက ငါမြင်ဖူးသမျှထဲမှာ အလှပဆုံး မိန်းကလေးပဲ” လို့ပြောလိုက်သည်။
ခေတ္တနားပြီးနောက် အိမ်ရှင်မိန်းကလေးက “လင်းယန် က လှရုံတင်မကဘူး၊ သူ့သီချင်းတွေက ပိုတောင်ကောင်းပါသေးတယ်!”
“လွန်ခဲ့တဲ့လအနည်းငယ်က ကျန်ပေ့မှာကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲကြီးကို ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ အံဝင်ခွင်ကျဖြစ်တဲ့ “ဓားအက” နဲ့ ရှည်လျားပြတ်သားတဲ့ “လူ့ကမ္ဘာ” ကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး... ဟုတ်ပါတယ်၊ အလှဆုံးနဲ့အကောင်းဆုံးသီချင်းဖြစ်တဲ့ “ဂလက်ဆီ”လည်းရှိပါသေးတယ်’’
“ဖျော်ဖြေပွဲကျင်းပပြီယလအနည်းငယ်သာ ကုန်သွားပေမယ့် လင်းယန် က ဒီနှစ်မှာ ရေပန်းအစားဆုံး အဆိုတော်လို့ ပြောလို့ရတယ်။”
“ဂုဏ်ယူပါတယ် လင်းယမ်!”
အိမ်ရှင်မိန်းကလေး၏ စကားဆုံးသွားပြီးနောက်တွင် ကျယ်လောင်သော လက်ခုပ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။
ယခုအချိန်တွင် အဆိုတော် နီမင်းကို ရွှေသံစဉ် မျက်နှာသစ်ဆုကိုလင်းယန်အား ပေးအပ်ရန် ကျေးဇူးပြု၍ စင်မြင့်ပေါ်တက်လာပေးရန်အမျိုးသား အိမ်ရှင််ကဖိတ်ခေါ်လိုက်လေသည်။
“ပါ့...ပါ့...ပါ့...”
အလက်ခုပ်အသံကခုနက်ထက်ပိုကျယ်လေသည်။
နီမင်း၏ အမှတ်အသားကြောင့် လူအချို့က ချီးကျူးကြသည်။
နီမင်းရဲ့သီချင်းတွေကြောင့် လူသိများကြသည်။
နီမင်းသည် သီချင်းအသစ်မထွက်သည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။
သို့သော်လည်း ယခင်ထွက်ရှိထားသည့် သီချင်းများသည် လူများစွာ သီဆိုနေဆဲဖြစ်ပြီး ဒါကိုလူအများအပြားကလည်းကြိုက်နှစ်သက်ကြသည်။
အခုလက်ရှိ ရှိနေသူအများစုကတော့ နီမင်းရဲ့ပရိသတ်တွေလို့ ပြောလို့ရသည်။
နီမင်းသည် စင်ပေါ်သို့ တက်လာပြီး တောက်ပသော ဆုဖလားကို လင်းယန်အပေးလိုက်သည်။
လင်းယန်က “ကျေးဇူးတင်ပါတယ် ညီမ နီမင်း။”
ကို့ရဲ့ အိုင်ဒေါက ကိုယ့်ကိုဆုတံဆိပ်ချီးမြှင့်တာကသူမကိုအတိုင်းထက်လွန်ပျော်ရွှင်စေသည်။
နီမင်းက ပြုံးပြီး “ဒါက မင်းနဲ့ ထိုက်တန်လို့ရတာပါ” လို့ပြောလိုက်သည်။
နှစ်ယောက်သား ပြုံးကာစင်ပေါ်တွင်မတ်တပ်ရပ်နေကြသည် ။
“ဖလက်...ဖလက်..”
မရေမတွက်နိုင်သော အလင်းတန်းများ အားလုံးသည် သူတို့နှစ်ဦးအပေါ်တွင် စုရုံးကာ လင်းလက်တောက်ပနေတော့သည်။(ဓာတ်ပုံရိုက်တာကိုပြောချင်တာပါ)
အိမ်ရှင်မိန်းကလေးက မိုက်ခရိုဖုန်းကို ထုတ်ပေးပြီး “ညီမနီမင်း၊ မင်း လင်းယန်ကို ပြောစရာရှိလား” လို့ ပြောလိုက်သည်။
နီမင်းက “လွန်ခဲ့တဲ့လအနည်းငယ်က “ဂလက်ဆီ’’..... စတဲ့လင်းယန် ရဲ့သီဆိုမှုကိုကြားတော့ကျွန်မကို ချက်ချင်းဆိုသလို စွဲဆောင်သွားခဲ့တယ်’’လို့ နီမင်းကဆိုသည်။