ဂုဏ်ပြုလိုက်ရအောင်
Vol. 27 Ch. 391
လင်းဖန်နှင့် ဟွာအုပ်စုတို့သည် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ရရှိခဲ့သည်။
အမေရိကန်၊ စတန့်တက္ကသိုလ်။
မျက်မှန်တပ်ထားသောလူကြီးများ အားလုံးသည် ဖန်သားပြင်ကို စေ့စေ့ကြည့်နေကြသည်။
ဖန်သားပြင်ပေါ်တွင် ရှုပ်ထွေးသောကုဒ်များနှင့် စာလုံးလိုင်းများ ပေါ်လာသောသည်။
“အိုး၊ ဘုရားသခင်၊ ဒေတာက လုံးဝကို ကိုက်ညီပတယ်။”
“သူဘယ်လိုလုပ်လိုက်တာလဲ?”
“မယုံနိုင်စရာပဲ!”
“သူ တကယ်ပဲ ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်ကို တီထွင်ခဲ့တာလား။”
“မမျှော်လင့်ဘဲ ငါမသေခင် ဒီမြင်ကွင်းကို မြင်လိုက်ရတယ်!”
…………
ထင်ရှားသည်မှာ၊ ဤကွန်ပြူတာနှင့် ချပ်စ့်များဆိုင်ရာ ပါမောက္ခကြီးများနှင့် ကျွမ်းကျင်သူများသည် လင်းဖန် ၏စာတမ်းကို အသိအမှတ်ပြုခဲ့ကြသည်ဆိုတာပင်ဖြစ်သည်။
ဤအကြံပြုချက်ကိုလက်ခံရရှိပြီးနောက်၊ “သိပ္ပံ” ၏အယ်ဒီတာဌာနသည်လုံးဝတွန့်ဆုတ်ခြင်းမရှိပဲ။ ၎င်းသည် အဆိုပါပြဿနာကို ချက်ချင်းဖြည့်စွက်ပြီး “ ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်များ” ကိုအပြည့်အစုံဖြင့် မိတ်ဆက်ပေးခဲ့သည်။
…………
ပေကျင်း၊ သိပ္ပံအကယ်ဒမီ။
စစ်စိမ်းလန်းစိုပြေရေးလေယာဉ်တစ်စင်းသည် ဖြည်းညှင်းစွာဆင်းသက်လာသောအခါပညာရှင်အုပ်စုကြီးများဖြင့် ဝန်းရံထားသည်။နောက်ဆုံးတွင် ရှည်ပြီး ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိသော စက်တစ်လုံးကို ဖြည်းညှင်းစွာ သယ်ဆောင်လာခဲ့သည်။
ပိန်လှီသောအဘိုးအိုသည် အနည်းငယ်တုန်လှုပ်သောအသံဖြင့် “ဖန်... ဒါရိုက်တာ ဖန်ဒါက...”
ဖန်ရှင်း က ခေါင်းညိတ်ပြီး “ဒါက ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်များ”
သိပ္ပံအကယ်ဒမီကို မရောက်ခင်မှာ လူတိုင်းက ဒီရလဒ်ကို ရပြီးသားဖြစ်သည်။
သို့သော်လည်း အစစ်အမှန် အတည်ပြုချက် ထပ်မံအတည်ပြုပြီးနောက်တွင် ၎င်းတို့သည် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်။
.....
စိတ်အားထက်သန်စွာ ချီးမွမ်းသံများထွက်ပေါ်စေရန် သိပ္ပံသုတေသနအဖွဲ့တစ်ခုလုံးအတွက် အချိန်အတော်ကြာခဲ့သည်။
“ဒီစွမ်းဆောင်ရည်က အရမ်းပြင်းထန်လွန်းတယ်!”
“စိတ်ကူးယဉ်တာထက်ကောင်းတယ်!”
“ကောင်းပြီ ဟားဟား!”
“လင်းဖန်က အံ့သြစရာကောင်းလိုက်တာ အံ့သြစရာပဲ!”
“နိုင်ငံခြားချပ်စ့်မဟာမိတ်တွေဖြစ်ပျက်မဲ့အမူရာကိုမြင်ယောင်သေး။ဟားဟား!”
…………
လင်းဖန်သည် ဒါကို လုံးဝမသပေ။
ရန်ဖေးနဲ့ စာချုပ်ချုပ်ပြီးတဲ့နောက်မှာတော့နှစ်ရက်လုံး အိမ်မှာ အေးအေးဆေးဆေး နေနေလေသည်။
တနင်္လာနေ့နံနက်။
ထုံးစံအတိုင်း လင်းဖန်သည် ဖုန်းကို ထုံးစံအတိုင်း ကြည့်လိုက်သည်။
“၀:၀၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၇၅၉၆,၀၀၀ ကို ရရှိသည်။”
ထို့နောက် သူသည် ဆိုင်းအင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“ဆိုင်းအင်ဝင်မယ်!”
【ဒင်း! ဂုဏ်ယူပါတယ် မင်းယွမ် 10 သန်း ရသည်။ 】
လင်းဖန်သည် ဒါကို ဂရုမစိုက်ပေ။ မနက်စာစားပြီးနောက် သူသည် Cullinan(ကား) ကို ကျန်ပေ့တက္ကသိုလ်ဆီသို့ မောင်းနှင်ခဲ့သည်။
မကြာခင်မှာပဲလင်းဖန်သည်ကျောင်းသို့ရောက်သွားလေသည်။
ထိုအချိန်တွင် အဝေးမှ အလွန်စိတ်လှုပ်ရှားနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
“ကျောင်းသား လင်းဖန်!”
လင်းဖန်ထံသို့ ရောက်သောအခါ လေးနက်စွာ ကိုင်းညွတ်ပြီး အလွန်ရိုသေစွာ သက်ပြင်းချကာ “ကျေးဇူးတင်ပါတယ် လင်းဖန်”ဟုပြောလိုက်သည်။
ဒီမနက် နောက်ဆုံးထွက် “သိပ္ပံ” ဂျာနယ်ကို တွေ့လိုက်ရတော့ သူတို့ကိုယ်သူတို့ မကူညီနိုင်လောက်အောင် အံ့သြသွားသည်။
“သိပ္ပံ” စာအုပ်၏ မျက်နှာဖုံးတွင် စာတမ်းခေါင်းစဉ်တစ်ခုသာရှိသောကြောင့်ဖြစ်သည်။
တစ်နည်းဆိုရသော် ဂျာနယ်တစ်ခုလုံးတွင် စာရွက်တစ်ရွက်သာရှိသည်။
အဲဒါက ‘’ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်များ”ပင်ဖြစ်သည်။
စာရွက်များထဲမှ တစ်ခုမှာ လင်းဖန် ဖြစ်သည်။
ပြီးတော့ သူတို့နာမည်တွေက ဒုတိယအလုပ်နေရာရဲ့ထိပ်မှာ ရှိသည်။
လင်းဖန်က သူတို့နာမည်ကိုဒုတိယနေရာမှာထည့်ထားတာကြောင့် ကျေးဇူးတင်လေသည်။
ပိုအရေးကြီးသော အကြောင်းရင်းမှာ... လင်းဖန် သည် ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်
ကို တီထွင်ခဲ့ခြင်းဖြစ်ပြီး ထို့ကြောင့်တရုတ်နိုင်ငံသည် ချပ်စ့်ကြောင့် နည်းပညာအဆင့်မြင့်နယ်ပယ်တွင် ခိုင်မာသောခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်သွားခဲ့ပြီဖြစ်ကြောင်းဆိုနိုင်သည်။
ဤအဆင့်သည် ဟွာရှ ကွန်ပျူတာသုတေသီအားလုံးအတွက် မျှော်လင့်နေသောခြေလှမ်းဖြစ်သည်။
အခု၊ နောက်ဆုံးတော့ လက်တွေ့ဖြစ်လာသ
လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “ဒါက ကိစ္စသေးသေးလေးပါပဲ’’
အသေးအဖွဲကိစ္စလား?
မှန်တယ်!
လင်းဖန်၏မျက်လုံးထဲတွင်တော့ သေးငယ်သောကိစ္စတစ်ခုမျှသာဖြစ်သည်။
ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်ကို အလွယ်တကူရရှိရန် နာရီဝက်ခန့်သာအချိန်ယူခဲ့ရသည်။
လင်းဖန်သည် သူတို့နှစ်ဦးနှင့် စကားသိပ်မပြောဘဲ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။
ဝမ်ဂျန်နှင့်ချမ်ဟန်ရီ သည် အဝေးသို့ ထွက်ခွာသွားသော လင်းဖန် ၏ နောက်ကျောကို ကြည့်လိုက်သည်။ပြီးနောက်အချင်းချင်းကြည့်ကာပြုံးလိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် “ ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်များ”၏အခြေခံများနှင့် အသုံးချပုံများသည် စာရွက်ပေါ်တွင် ၎င်းတို့၏အမည်များ ရှိနေသောကြောင့်ဖြစ်သည်။
ဒုတိယနေရာတစ်ခုသာဖြစ်သော်လည်း၊ ၎င်းသည် အလွန်ထူးခြားသည့်အရာလည်းဖြစ်သည်။
အကယ်၍ အနာဂတ်တွင် အင်တာနက် ဖွံ့ဖြိုးတိုးတက်မှု စာအုပ်များတွင် ပေါ်လာပါက၊ ၎င်းတို့၏ အမည်များ ပေါ်လာမှာသေချာသည်။
…………
လင်းဖန်သည် စာသင်ခန်းသို့ရောက်သောအခါ ကျောင်းသားများသည် ခါတိုင်းကဲ့သို့ ရယ်မောကာ စကားစမြည်ပြောဆိုကြပြီး အလွန်စိတ်အေးလက်အေးရှိကြသည်။
စုရီက “ နိုင်ငံခြားချပ်စ့်မဟာမိတ်အဖွဲ့ဟာ ဟွာမိုဘိုင်းလ်ဖုန်းတွေကို ဒဏ်ခတ်အရေးယူနေတုန်းပဲ၊ ဆိုးလိုက်တာကွာ၊ ဒါကြောင့်နောင်မှာဟွာ မိုဘိုင်းလ်ဖုန်းတွေကို ငါမဝယ်တော့ဘူး!”
“ငါရောပဲ! စူပါဘက်ထရီတွေက အန္တရာယ်ရှိတယ်လို့ ပြောကြတယ်!” မူဇောင်ကပြောသည်။
ဇောင်ချင်းဘို က “စူပါဘက်ထရီက အန္တရာယ်မရှိပါဘူး။ အဲဒါကို အစ်ကိုလင်းက တီထွင်ခဲ့တာလေ။ ဒါပေမယ့် ချပ်စ့်တွေအားလုံးဟာ နိုင်ငံခြားချပ်စိ့မဟာမိတ်အဖွဲ့ရဲ့ လက်ထဲမှာပဲရှိတယ်။ ချပ့်စ့်တွေမပါရင် ဟွာ မိုဘိုင်းလ်ဖုန်းတွေက အလုပ်လုပ်လို့ရမှာမဟုတ်ဘူး....”
စုရီ နှင့် မူဇောင်ဒါကို ကြားလိုက်သောအခါတွင် သူတို့၏ မျက်နှာများသည် အကူအညီမဲ့သော အမူအရာများ ပေါ်လာသည်။
ဒီခံစားချက်က လည်ချောင်းထဲမှာ စူးစူနေသလိုမျိုး၊အလွန်တရာ အဆင်မပြေပေ။
ထိုအချိန်တွင် လင်းဖန်က “စိတ်မပူပါနဲ့ ချပ်စ့်ပြဿနာက မကြာခင် ဖြေရှင်းနိုင်လိမ့်မယ်” လို့ ပြုံးပြုံးလေး ပြောလိုက်သည်။
လင်ဖန်သည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေသည်ဟု သုံးယောက်သား တွေးကာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် စင်္ကြံအပြင်ဘက်တွင် လျင်မြန်သော ခြေသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အတိုင်ပင်ခံပုဂ္ဂိုလ် စုရန်ဒေါင်သည် သူ့မျက်နှာပေါ်တွင် အပြုံးဖြင့် ဝင်လာခဲ့သည်။
သူက လည်ချောင်းကို ရှင်းထုတ်ပြီး “ချပ်စ့်ပြားကိစ္စအတွက်ငါတို့နိုင်ငံမှာတစ်ချိန်လုံးခေါင်းကိုက်နေရတယ်ဆိုတာလူတိုင်းသိမယ်လို့ထင်တယ်”
“အခုတော့ ဒီခေါင်းကိုက်စရာ မရှိတော့ဘူးလို့ သတင်းကောင်း ပါးချင်ပါတယ်!”
“ဘာလို့လဲဆိုတော့ ငါတို့အတန်းက လင်းဖန်က ကာဗွန်အခြေခံပုံသဏ္ဍာန်သုံးစက်ကို တီထွင်ခဲ့တာကြောင့်ပဲ။ကာဗွန်အခြေခံ ချပ်စ့်ပြားတွေရဲ့ စွမ်းဆောင်ရည်ကစီလီကွန်အခြခံချပ်စ့်ပြားထက်အဆတစ်ရာလောက်နဲ့ ပိုမိုစွမ်းဆောင်နိုင်တယ်။’’
“ဒါကိုကြောင့်လင်းဖန်ကို နွေးထွေးစွာ လက်ခုပ်တီးပြီး ချီးကျူးလိုက်ကြရအောင်!”
ဒါကိုကြားတော့ စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လူတိုင်းသည် အံ့အားသင့်သွားကြသည်။ သူတို့သည်ကွန်ပျူတာပညာရှင်မဟုတ်ကြပေ။
သို့သော်လည်း ယနေ့ကမ္ဘာပေါ်ရှိ ပင်မချပ်စ့််များသည် ဆီလီကွန်အခြေခံ ချစ်ပ်များဖြစ်ကြောင်းကိုတော့သူတို့သိသည်။
သို့သော်လည်း လင်းဖန် သည် ကာဗွန်အခြေခံ ချစ်ပ်ပြားကို တီထွင်နိုင်ခဲ့ပြီး ဆီလီကွန်အခြေခံ ချပ်စ့်ပြား၏ စွမ်းဆောင်ရည် ထက်အဆတစ်ရာကောင်းတာကိုတီထွင်ခဲ့သည်။
ဤအရာသည် အဘယ်အံ့ဖွယ်နည်း။
လင်းဖန် က ဘာလို့ အရမ်းထူးချွန်နေတာလဲ။
စုရန်ဒေါင်သည် ကျောင်းသားတုံ့ပြန်ခြင်း မရှိတာကိုတွေ့တော့သူက “ကျေးဇူးပြု၍ ချီးကျူးဂုဏ်ပြုလိုက်ရအောင်” ဟု ထပ်မံကြွေးကြော်ခဲ့သည်။
စကားတွေကျလာတဲ့အခါ သူက ဦးဆောင်ပြီး လက်ခုပ်တီးလိုက်သည်။
ထို့နောက် စာသင်ခန်းတစ်ခုလုံးမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။
အားလုံးက လင်းဖန်ကို စူးစိုက်စိုက်ကြည့်နေကြပြီး သူတို့မျက်နှာတွေကတော့အားကျမှုတွေနဲ့ပြည့်လို့နေသည်။