← Chapters

အင်တာတက်မှဆွေးနွေးမှု

Vol. 27 Ch. 392

အင်တာတက်မှဆွေးနွေးမှု

Vol. 27 Ch. 392

တကယ်တော့ လင်းဖန်၏ မျက်လုံးများကို ကြည့်နေသော ကျောင်းသားများသာမကဘဲ အတိုင်ပင်ခံပုဂ္ဂိုလ် စုရန်ဒေါင်သည်လည်း အလားတူပုံစံရှိနေလေသည်။

အချိန်အတော်ကြာပြီးနောက် လက်ခုပ်သံများ တဖြည်းဖြည်း ရပ်တန့်သွားသည်။

စုရန်ဒေါင်က က “ငါ့ရဲ့ အမြင်အာရုံက အရမ်းကောင်းတယ်ဆိုတာ ဒါကသက်သေပြနေတာပဲ၊ လင်းဖန် က ငါတို့အတန်းအတွက် ဂုဏ်ယူစရာပဲ!”

လင်းဖန်၏ ပါးစပ်ထောင့်သည်အနည်းငယ် လှုပ်ယမ်းသွားသည်။

ဇောင်ရဲ့ ထင်မြင်ယူဆချက်ကို ဖြေဖို့အတွက် ကျန်ပေ့ တက္ကသိုလ်ကို လေ့လာဖို့ လာခဲ့တာမဟုတ်ဘူးလား။

သင့်အမြင်နှင့် အဘယ်ကြောင့် ဆက်စပ်သွားတာလဲ။

စုရန်ဒေါင် သည် စကားအနည်းငယ်ပြောပြီးနောက် စာသင်ခန်းထဲတွင် သိပ်မနေခဲ့ပေ။

စုရန်ဒေါင် ထွက်သွားပြီးနောက် စာသင်ခန်းထဲတွင် ဆွေးနွေးမှုများဆက်တိုက်ထွက်လာခဲ့သည်။

“အစ်ကို လင်း၊ မင်း အရမ်းတော်တာပဲ။”

“ဒီချပ်စ့်က တကယ်ကို မိုက်တာလား။”

“ဘယ်တော့ လောက်ရမလဲ”

…………

ဒါပေမယ့် ကျောင်းသားတွေသည် အကြာကြီး မဆွေးနွေးလိုက်ကြရပေ။အကြောင်းမှာပါမောက္ခဟောင်းရောက်လာလို့ပင်ဖြစ်၏။

ပါမောက္ခဟောင်း၏ မျက်လုံးတစ်စုံသည်ဟောပြောပွဲမစတင်မီ လင်းဖန်းကိုစက္ကန့်အနည်းငယ်ကြာအောင်ကြည့် နေခဲ့သည်။

ပါမောက္ခဟောင်း၏ သင်ခန်းစာများသည် လူများစွာအတွက် ဆွဲဆောင်မှု မရှိပေ။

ထို့ကြောင့်အခုလူတိုင်းသည်ကိုယ်လုပ်ချင်တာကိုသာလုပ်နေတော့သည်။

လူအချို့သည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းကို တိတ်တဆိတ်ထုတ်ကာ အင်တာနက်ပေါ်တွင်ချပ်စ့်နှင့် သက်ဆိုင်ရာ အကြောင်းအရာများကို ရှာဖွေကြသည်။

ဒီအချိန်မှာ သူ့ဖုန်းကို တိတ်တဆိတ်ကြည့်နေတဲ့ စုရီက ရုတ်တရက် “ဖာ့”

အကြောင်းမှာ၊ သူသည် သတင်းတစ်ပုဒ်ကိုတွေ့လိုက်ရလို့ပင်ဖြစ်သည်။လင်းဖန် တီထွင်ခဲ့သော ကာဗွန်အခြေခံချပ်စ့်များ၏ အထွေထွေအေးဂျင့်အခွင့်အရေးများရရှိရန် ဟွာအုပ်စုသည်ရှယ်ယာ 20% ကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်းဖန်သည် ကာဗွန်အခြေခံ ချပ်စ့်ပြားများ၏ အမြတ်ငွေ 50% ကို လဲပိုင်ဆိုင်ထားသည်။ဆိုတဲ့သတင်းပင်ဖြစ်၏။

ဟွာအုပ်စုသည် စျေးကွက်တန်ဖိုး တစ်ထရီလီယံကျော်ရှိသော ဧရာမကုမ္ပဏီကြီးဖြစ်သည်။

ရှယ်ယာ 20%၊ဆိုလိုသည်မှာ လင်းဖန် သည် ဒေါ်လာဘီလီယံရာနှင့်ချီသော သူဌေးတစ်ဦး တိုက်ရိုက်ဖြစ်လာခဲ့တယ်ဆိုတာပင်ဖြစ်သည်။

ဘီလီယံပေါင်းများစွာ။

ဒါက ဘယ်လောက်ကြောက်စရာကောင်းတဲ့ နံပါတ်လဲ။

သို့သော် လင်းဖန်သည်ဒီလောက်ပိုက်ဆံကိုဂရုမစိုက်ဘူးဆိုတာကဘယ်လိုလုပ်သိမည်နည်း။

သူ့အသံက ကျောက်တုံးကြီးရေကန်ထဲကို ပစ်ချလိုက်သလိုမျိုး ငြိမ်သက်မှုကို လုံးဝ ချိုးဖျက်ပစ်လိုက်သည်။

ပါမောက္ခဟောင်း အပါအဝင် လူတိုင်းသည် စုရီကို ကြည့်နေကြသည်။

စုရီ လည်း ဒါကို သတိပြုမိပြီးအပြစ်ရှိတဲ့စိတ်နဲ့ခေါင်းကိုငုံ့ထားလိုက်လေသည်။

ကံကောင်းထောက်မစွာဖြစ်ပါမောက္ခဟောင်းက သိပ်ဂရုမစိုက်ဘဲ ဟောပြောပွဲမစခင် စုရီ ကို နှစ်ခါလောက် ကြည့်ရုံသာကြည့်လိုက်သည်။

…………

တကယ်တော့ ဒီသတင်းတင်မကပါဘူး။

လိုင်းပေါ်တွင်ပထမဆုံးရှာဖွေမှုမှာ လင်းဖန် အကြောင်းဖြစ်သည်။

[နေ့စဉ်သတင်းစာ-ကျန်ပေ့တက္ကသိုလ်မှ လင်းဖန်းသည်ကာဗွန်အခြေခံ ဓါတ်ပုံရိုက်သည့်စက်ကို တီထွင်နိုင်တဲ့အတွက်ဂုဏ်ယူပါသည်။ 】

ဤသတင်းထွက်ပေါ်လာသည်နှင့် တပြိုင်နက် မရေမတွက်နိုင်သော စာများ(ကော်မက်)သည်စီးဆင်းနေသောရေကဲ့သို့စီးဆင်းလာသည်။

[ကောင်းကင်:လင်းဖန်က ကိစ္စကြီးကိုထပ်လုပ်လိုက်ပြီပဲ 】

[ဇောရိုး- လင်းဖန် က အရမ်းမိုက်တာပဲ။ 】

[အပြုံးဘုရင်- လင်းဖန်ကကြီးမြတ်သော လူတစ်ယောက်ပဲ။ 】

[ဗွမ်း ဗွမ်း ဗွမ်း- ငါ့ကိုရှင်းပြကြပါအုံး၊

ကာဗွန်အခြေခံ ဓါတ်ပုံရိုက်စက်ဆိုတာဘာလဲ။ 】

[ပင်လယ်ထက်နက်နဲသူ-ငါရှင်းပြပါရစေ။

ကာဗွန်အခြေခံ ဓါတ်ပုံရိုက်စက်များသည် ချစ်ပ်များကိုထုတ်လုပ်နိုင်သည့် အရာဖြစ်သည်။ ယနေ့ခေတ်မတိုင်မီက​တော့ချပ်စ့်များထဲမှာဆီလီကွန်အခြေခံချပ်စ့်ကအကောင်းဆုံးဖြစ်သည်။ပြီးတော့အဲ့လိုဆီလီကွန်အခြေခံချစ်ပ်ကိုဆီလီကွန်အခြေခံ ဓါတ်ပုံရိုက်စက်ကနေထုတ်လုပ်တယ်။ကာဗွန်အခြေခံဓာတ်ပုံရိုက်စက်များကို ကာဗွန်အခြေခံချစ်ပ်များထုတ်လုပ်တဲ့နေရာမှာအသုံးပြုကြသည်။】

[​​ပြီးတော့လင်းဖန်တီထွင်ခဲ့သော ကာဗွန်အခြေခံ ချစ်ပ်ပြားသည် ဆီလီကွန်အခြေခံ ချစ်ပ်ပြား၏ စွမ်းဆောင်ရည်ထက် အဆတစ်ရာ ပိုကောင်းတယ်။ 】

[ပျော်နေသောသူ-ဖာ့! အဆတစ်ရာလား? ဒါက အရမ်းမိုက်တာပဲ။ 】

[မစ္စတာဟွမ် : ခဏလေးနေပါအုံး၊လင်းဖန်ဆိုတဲ့ နာမည်က ဘာလို့ နည်းနည်းရင်းနှီးတယ်လို့ ခံစားရတာလဲ။ 】

[ဟက်ပီ- သိတယ်လို့ခံစားရမှာပေါ့။ ဝဘ်ပေါ်တွင်ကျန်ပေ့တက္ကသိုလ်မှ လင်းဖန်ဆိုပြီးရှာဖွေပါက ဇောင်၏ထင်မြင်ယူဆချက်၊ အမွှာအနှစ်သာရ...အခြားသင်္ချာပုစ္ဆာများကို ဖြေရှင်းပေးရုံမျှမက သူသည် ငလျင်ကြိုတင်ခန့်မှန်းစက်နှင့် အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးကို တီထွင်ခဲ့သည်။ 】

[ယွမ်-လင်းဖန်ကတော့ငါ့တို့အတွက်သူရဲကောင်းပဲ】

[ဂေါ့်- ငါလဲထောက်ခံတယ်။ 】

…………

တရုတ်နိုင်ငံ၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပါက နိုင်ငံခြားတိုင်းပြည်များသည် စိတ်ပျက်လက်ပျက်ဖြစ်နေ့ကသည်။

[ကာရီ- ကာဗွန်အခြေခံ ချစ်ပ်ပြား၊ ဒီလိုမျိုး ကိုတောက်တီထွင်ပြီးသွားပြီ။ 】

[ဂျက်စီ: ပိုအရေးကြီးတာက၊ ဒါကို တီထွင်ခဲ့တဲ့သူက တရုတ်လူငယ်တစ်ယောက်ဖြစ်နေတယ်ဆိုတာပဲ။ 】

[အဲလက်စန်းဒါး: တရုတ်လူငယ်လား။ ဒါက သတင်းမှားဖြစ်ရမယ်။ 】

[ဂျေဂျေ: သတင်းအမှားလား။ “သိပ္ပံ” သည် တရုတ်လူမျိုးများအတွက် မှားယွင်းသော စာရွက်များကို ထုတ်ဝေနေသည်ဟု သင်ဆိုလိုပါသလား။ ဒါမှမဟုတ် ဂျွန်နာ၊မွန်လစ်နမ်၊အဲနော့၊အမ်ဘမ် အစရှိတဲ့ ကွန်ပြူတာနဲ့ ချစ်ပ်တွေမှာ ထိပ်တန်းအကောင်ကြီးတွေက လင်းဖန်အတွက်နဲ့ငါတို့ကိုလှည့်စားခဲ့ကြတာလား။ ဤသို့ဆိုလျှင်၊ ဟွာရှလူမျိုးမှပြုလုပ်သော ကာဗွန်အခြေခံချစ်ပ်များထက်ပင် ဒညကပို၍ကြောက်စရာကောင်းတယ်။ 】

[ယူနန်: တခြားသူကငါတို့ထက်ပိုသာတယ်လို့ဝန်ခံဖို့က အရမ်းခက်နေတာလား။ မစ္စတာလင်းဖန်သည် သင်္ချာပုစ္ဆာများစွာကို ဖြေရှင်းပေးခဲ့ပြီး ငလျင်ကြိုတင်ခန့်မှန်းစက်များ၊ အင်ဆူလင်ပြန်လည်ထူထောင်ရေးဆေးများကို တီထွင်ခဲ့သည်... ၎င်းသည် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံးဦးနှောက်တည်ရှိမှုအဖြစ် လူသိများသည်။ 】

…………

ဒါတွေအတွက်...

လင်းဖန်က ဂရုမစိုက်ပေ။

အတန်းပြီးချိန်ကလွဲလို့ အတန်းဖော်တွေအားလုံးက သူ့ကိုဝိုင်းပြီး လက်မထောင်ပြပြီး ချီးကျူးကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်နေ့တာသင်တန်းပြီးသွားပြီဖြစ်သည်။

စုရီ ၊ ဇောင်ချင်းဘို နှင့် အခြားကျောင်းသားများ၏ တောင်းဆိုချက်အရ လင်းဖန်သည် ကျောင်းသားအားလုံးကို အေစီကလပ်သို့ ထပ်မံခေါ်ဆောင်လာခဲ့သည်။

အစားကောင်းကောင်းစားခြင်း...

ရိုမန့်ကော့တေး.....သောက်ခြင်း...

အနှိပ်ခံရင်း...

ဒါတွေလုပ်ရင်းကျောင်းသားအားလုံးသည်အလွန်ပျော်​ရွှင်နေကြသည်။

ယခုအကြိမ်သည် အချိန်တိုတောင်းသောကြောင့် စုစုပေါင်း ယွမ် ၆၈၀,၀၀၀ သာကုန်ကျသည်။

တစ်ချိန်တည်းမှာပင် လင်းဖန်၏ဖုန်းထဲတွင် စာအိတ်အနီ ၆၈ အိတ်ပေါ်လာသည်။

လင်းဖန်သည်အေစီကလပ် မှထွက်လာတော့ ည9:30 ပင်ရှိနေပြီဖြစ်သည်။

လင်းဖန်သည် သီချင်းများကို နားထောင်ရင်း Cullinan(ကား)ကို မောင်းနှင်ကာ ပန်းလုံဗီလာသို့ ရောက်ရှိလာသည်။ထိုအခါ သူ့အိတ်ကပ်ထဲရှိ လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။ .

ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့ သူ့ညီမ လင်းရှောင်ရီ ဖြစ်နေလေသည်။

ဒါနဲ့ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။

“အစ်ကို၊ မင်းက ကာဗွန်အခြေခံ ဓါတ်ပုံရိုက်စက်ကို တီထွင်ခဲ့သူလား။” ဖုန်းချိတ်ဆက်လိုက်သည်နှင့် လင်းရှောင်ရီ ၏အသံ ချက်ချင်းထွက်ပေါ်လာသည်။

လင်းဖန်သည် သူ့နားကို ပွတ်ကာ “ဟုတ််၊ဒါက ငါပဲ” ဟု ပြောလိုက်သည်။

“ဒါဆို... ဟွာအုပ်စု က မင်းရဲ့ ကာဗွန်အခြေခံ ချစ်ပ်ဖြန့်ဖြူးသူ အခွင့်အရေးရဖို့အတွက် ရှယ်ယာ 20% ကို အသုံးပြုခဲ့တာလား။ စကားမစပ်၊ပြီးတော့အဲ့ချပ်စ့်ပြားကနေအမြတ်ရဲ့ 50% လည်းရသေးတယ်ဆို၊ဟုတ်လား?” လင်းရှောင်ရီက အဆက်မပြတ်မေးလေသည်။

“ဟုတ်တယ်” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဝါး.... မိုက်တယ်!” လင်းရှောင်ရီက “အစ်ကို၊ ငါ မင်းကို ချစ်တယ်!”

လင်းဖန်သည်ဒါကိုကြားတော့ချက်ချင်းသီးသွားကာ “ရှောင်ရီ ငါတို့ကမောင်နှမတွေလေ...”

All Chapters