ခွေးလေးဝူရဲ့မွေးနေ့
Vol. 27 Ch. 393
ကာဗွန်အခြေခံ ချစ်ပ်များ ထွက်ပေါ်လာသည်နှင့်အမျှ အင်တာနက်ပေါ်တွင် အဆက်မပြတ် ဆွေးနွေးမှုများလဲရှိခဲ့သည်။
မိုဘိုင်းလ်ဖုန်းကုမ္ပဏီကြီးတွေက လဲအစည်းအဝေးတွေ တစ်ခုပြီးတစ်ခု လုပ်နေကြသည်။
အရင်တုန်းကတော့ ဆီလီကွန်အခြေခံ ချစ်ပ်တွေပဲရှိတော့ တစ်ခြားချစ်ပ်ကိုရွေးစရာမရှိပေ။
ယခု၊ စွမ်းဆောင်ရည်မြင့်သော ကာဗွန်အခြေခံ ချစ်ပ်ပြားပေါ်လာသည်။
ဒါကြောင့်မိုဘိုင်းဖုန်းကုမ္ပဏီအတွက်ရွေးချယ်စရာရှိလာပြီဖြစ်သည်။
ဒါပေမယ့် မိုဘိုင်းလ်ဖုန်းကုမ္ပဏီတွေက ချက်ခြင်းတော့ ဘာမှမလုပ်သေးပေ။
နောက်ဆုံးတွင်၊ ကာဗွန်အခြေခံချစ်ပ်များ ပေါ်လာပြီးဖြစ်သောလဲ အလားအလာ မည်သို့ရှိမည်ကို မသိပေ။
ပြီးတော့ကာဗွန်အခြခံချပ်စ့်ကိုရွေးလိုက်ရင်နိုင်ငံခြားချစ်ပ်မဟာမိတ်အဖွဲ့ကို စော်ကားသလိုဖြစ်သွားမည်မှာကျိန်းသေ သည်။ ၎င်းသည် သူတို့အတွက်ကြောက်မက်ဖွယ်ကောင်းသော ဘေးအန္တရာယ်ဖြစ်သည်။
ဟုတ်ပါတယ်၊ မကြောက်တဲ့ ကုမ္ပဏီတွေလဲရှိသည်။
ဥပမာ...ရိုက်စ့်အုပ်စု။
ရိုက်စ့်၏ ဥက္ကဌ လူဘီ သည် ဝိုက်ဘိုပေါ်တွင် ပထမဆုံးအကြိမ် တင်ခဲ့သည်။
[လူဘီ: ကျန်ပေ့တက္ကသိုလ်မှ လင်းဖန်သည် ကာဗွန်အခြေခံပုံသဏ္ဍာန်စက်ကို တီထွင်သည့်အတွက် ဂုဏ်ယူပါသည်။ ကျွန်ုပ်တို့၏ ရိုက်စ့်ဂရု၏ မိုဘိုင်းဖုန်းများသည် အနာဂတ်တွင် ကာဗွန်အခြေခံချပ်စ်ကိုသာအပြည့်အဝအသုံးပြုသွားမည်ဖြစ်သည်။ 】
ဤ စကားသည်ဝိုက်ဘို ပေါ်တွင်ပြင်းထန်သောဆွေးနွေးမှုကို ဖြစ်ပေါ်စေသည်။
သိရန်……
ရိုက်စ့်မိုဘိုင်းလ်ဖုန်းများသည် တင်ပို့မှုဖြင့် ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်းငါးမျိုးတွင် ပါဝင်ပြီး ထိပ်တန်း ဒွန်ဟွမ် မိုဘိုင်းလ်ဖုန်း ၁၀ လုံး ပါဝင်သည်။
ကာဗွန်အခြေခံချစ်ပ်များသည် အခြားအမှာစာများကို လက်မခံသေးသော်လည်း၊ ၎င်းတွင် အလွန်ကျယ်ပြန့်သောအလားအလာရှိလေသည်။
လူဘီ၏စကားသည် တုန်လှုပ်ချောက်ချားနေသော မိုဘိုင်းလ်ဖုန်းဈေးကွက်ကိုနောက်ထပ်ဗုံးတစ်လုံးကို ပစ်ချလိုက်သလိုနဲ့တူလေသည်။
လူဘီသည် အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချခဲ့သည်ကို လူအများက အံ့သြစပြုလာကြသည်။
လင်းဖန်သည် ရိုက်စ့် တွင် အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး တကယ့် သူဌေးဖြစ်ကြောင်း မည်သို့ သိနိုင်သနည်း။
ဝန်ထမ်းဖြစ်သူလူဘီက သူဌေး တီထွင်ထားတဲ့ ချစ်ပ်ပြားကို ဘယ်လိုနည်းနဲ့ ပံ့ပိုးမပေးပဲနေနိုင်မည်နည်း။
…………
ဒါတွေအတွက်...
လင်းဖန်က ဂရုမစိုက်ပေ။
နောက်တစ်နေ့တွင် ကောင်းကင်သည် ကြည်လင်လို့နေသည်။
သူသည် Curryland(ကား)ကိုလမ်းမကြီးပေါ်တွင် မောင်းနှင်ခဲ့သည်။
လမ်းမတွင်ထူထပ်သော ကားများကို ကြည့်လိုက်ရာ လင်းဖန်သည် မနေ့က သူ့ပတ်ဝန်းကျင်တွင် စကားပြောနေကြသော အတန်းဖော်များအားလုံး၏ မရပ်မနား အသံများကို တွေးကာမနေနိုင်ပေ။
အကြောင်းတစ်ခုခုကြောင့် လင်းဖန်သည် စုနမ်အကြောင်းကို ရုတ်တရက် တွေးမိလိုက်သည်။
ထို့ကြောင့် လင်းဖန် သည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ အတိုင်ပင်ခံပုဂ္ဂိုလ် စုရန်ဒေါင်ထံသို့ခွင့်တိုင်သည့်မက်ဆေ့ချ်ပို့လိုက်သည်။
ထို့နောက် သူသည် စတီယာရင်တိုင်ကို လှည့်ကာ ဝမ်ကျင်းဟန်စီ ဆီသို့ မောင်းသွားခဲ့သည်။
လင်းဖန် သည် စုနမ်နှင့် သူ့မိသားစုကို တောင်ပေည်မှ ခေါ်ဆောင်ပြီးနောက် ၎င်းတို့အားလုံး ဝမ်ကျင်းဟန်စံအိမ်တွင် နေထိုင်ရန် စီစဉ်ပေးခဲ့သည်။
အဘယ်ကြောင့်ဆိုသော်ဝမ်ကျင်းဟန်၏ ပတ်ဝန်းကျင်သည် ကောင်းမွန်ပြီး စီးပွားရေးလုပ်ငန်းများလည်း များပြားသောကြောင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းသည် စုရန်ကျောင်းသွားရန်လွယ်ကူချောမွေ့စေသည့် ကျန်ပေ့ရှိ အကောင်းဆုံးကျောင်းခရိုင်အခန်းလည်းဖြစ်သည်။
လင်းဖန်သည် ဝမ်ကျင်းဟန်၏ အောက်ထပ်တွင် ကားကို ဖြည်းဖြည်းချင်း ရပ်လိုက်သည်။
လင်းဖန်သည် ဓါတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်လာပြီးနောက်တံခါးခေါက်လိုက်ကာတံခါးကိုတစ်ဝက်ပွင့်ကာဝင်လိုက်လေသည်။
ဒီအချိန်မှာ စုနမ်အဖွားက ထွက်လာလေသည်။
လင်းဖန် က “မင်္ဂလာပါ အဖွား။”
အဖွားက “ဒါဆို မင်းပဲ၊ စုနမ်က လမ်းကြားက ခွေးလေခွေးလွင့်(လမ်းဘေးခွေး)တွေကို အစာကျွေးဖို့ ထွက်သွားတယ်ခနေကျရင်တော့ပြန်လာလိမ့်မယ်’’
လင်းဖန်က ခေါင်းညိတ်ပြီး “စုနမ်က ခွေးတွေကို ချစ်ပုံရတယ်?”
အဖွားက ခဏလောက်စဉ်းစားပြီး “အဲဒါက ဝူကြောင့်ဖြစ်မယ်’’ဟုဆိုလိုက်သည်။
ထို့နောက် သူမဘေးတွင် ရပ်နေသော အဝါရောင်ခွေးကြီးအား လက်ညှိုးထိုးပြကာ “စုနမ်၏ မိဘများ မသေဆုံးမီကတည်းကခွေးကလေးဝူကို စုနမ်က သူ့ဆွေမျိုးများကဲ့သို့ အမြဲဆက်ဆံသည်” ဟု ပြောကြားလိုက်သည်။
“ဝူလေးကလည်း အရမ်းကောင်းပါတယ်။ တစ်ခါက စုနမ်က အပူဒဏ်ကြောင့် လယ်ကွင်းထဲမှာ မူးလဲသွားခဲ့တယ်၊ ဝူကပဲစုနမ်ကိုပြန်ခေါ်လာပေးခဲ့တယ်...”
“ငါမေ့နေတာပဲ၊အိုးထဲမှာ ငါကြက်ဥခေါက်ဆွဲကြော်ထားတာပဲ”
အဖွားပြောပြီးတာနဲ့ မီးဖိုချောင်ကို သွားလိုက်သည်။
လင်းဖန်က “အဘွား၊ ငါ မင်းကို ကူညီပေးပါရစေ’’
မီးဖိုချောင်ထဲကို လှမ်းဝင်သွားပြီးနောက်”အဖွား၊ ဘယ်ပန်းကန်ကို သုံးမှာလဲ” လို့ မေးလိုက်သည်။
အဖွားက “စင်ပေါ်ကသံသံပန်းကန်လုံး” လို့ပြောလိုက်သည်။
လင်းဖန်သည် ဒါကိုကြားတော့မထိန်းနိုင်ဘဲ အံ့အားသင့်သွားသည်။
စင်ပေါ်မှာသံရောင်ပန်ကန်တစ်လုံးရှိသည်။
သို့သော် လင်းဖန်၏အမြင်တွင်၊ ဤအရာသည် သံပန်းကန်လုံးမဟုတ်ပေ။သံအိုးအသေးစားဖြစ်သည်။
ဒါနဲ့အဖွားကစားချင်နေတာလား။
လင်းဖန်သည် သံသယအရိပ်အမြွက်ပြကာ ကြက်ဥခေါက်ဆွဲကို လောင်းထည့်လိုက်သည်။
ဒီသံဇလုံက အတော်လေးကို သင့်တော်တဲ့ အရွယ်အစားဖြစ်သောကြောင့်အိုးထဲရှိ ကြက်ဥခေါက်ဆွဲတွေ အားလုံးဆံ့လေသည်။
ထို့နောက် လင်းဖန်သည် ဧည့်ခန်းရှိ ထမင်းစား စားပွဲသို့ ကြက်ဥခေါက်ဆွဲကို ယူလာခဲ့သည်။
အဖွားက ပြုံးပြီး “မင်း နေရာမှားပြီး ထားနေတာပဲ” လို့ ပြောလိုက်သည်။
“ဟမ်” လင်းဖန် အံ့ဩသွားသည်။
အဖွားက “ဒီခေါက်ဆွဲပန်းကန်ကို ဝူအတွက် လုပ်ထားတာ။ ဒီနေ့က ဝူရဲ့ မွေးနေ့မို့လို့ မွေးနေ့လက်ဆောင်အနေနဲ့အသက်ရှည်ဖို့အတွက်ခေါက်ဆွဲတစ်ပန်းကန် ငါလုပ်ပေးခဲ့တာ’’
ထို့နောက် လင်းဖန်သည် သူ့အတွေးမှားကြောင်းသဘောပေါက်လိုက်သည်။
ခေါက်ဆွဲထည့်ရန် ဤကဲ့သို့သော သံအိုးကြီးတစ်ခုကို အသုံးပြုသည်မှာ အံ့သြစရာမဟုတ်ပေ။
လင်ဖန်းသည် ဝူရှေ့တွင် ခေါက်ဆွဲကို ချထားလိုက်သည်နှင့် တပြိုင်နက် ဝူသည်ရှေ့သို့ ငုံ့ကာ ပါးစပ်ကြီးဖြင့် ခေါက်ဆွဲများကိုစားနေသည်မှာအလွန်ချစ်ဖို့ကောင်းသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
“လင်းဖန်!” စုနမ်အံ့သြစွာအော်ခေါ်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ သူမ၏ လှပသော မျက်လုံးများသည်ကြယ်များကဲ့သို့တောက်ပနေသည်။
လင်းဖန်သည် သူမ၏ ရွှင်မြူးသော အသွင်အပြင်ကို ကြည့်ကာ သူ့စိတ်က ပိုတည်ငြိမ်လာသည်။
စုနမ်၏ ခြေလှမ်းသုံးလှမ်းနှင့် နှစ်လှမ်းက “လင်းဖန်၊ မင်းရောက်တာကြာပီလား။”
“ငါအခုမှရောက်တာ။” လင်းဖန်က ပြောသည်။
ထို့နောက် နှစ်ယောက်သား အသေးအဖွဲ အကြောင်းအရာအချို့ကို ပြောနေကြသည်။
ဥပမာ- မနက်စာစားပြီးပြီလား၊ လမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုရှိသလားစသဖြင့်။
သို့သော် သူတို့နှစ်ဦးသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများအကြောင်း ပြောဆိုနေကြပုံရသည်။
ဒီအချိန်မှာလင်းဖန် က “အတူတူ လမ်းလျှောက်မထွက်တာ ကြာပြီနော် အတူတူ လမ်းလျှောက်ထွက်ကြမလား?”
စုနမ်က လုံးဝ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက် ခေါင်းညိတ်ပြီး “ကောင်းပြီ!”
ထို့နောက် သူမသည် ဝူကို လက်ဆွဲနှုတ်ဆက်ပြီး “ဝူ မွေးနေ့မှာ ပျော်ရွှင်ပါစေ!”
လင်းဖန် နှင့် စုနမ် တို့သည် အောက်ထပ်သို့ အတူတူ လျှောက်လာကြသည်။
လမ်းကြားတစ်ခုဖြတ်သွားသောအခါ ခွေးများစွာသည် စုနမ်၏ခြေကိုလာပွတ်ကာ အလွန်ချစ်ခင်ကြောင်းပြသနေလေသည်။
စုနမ်သည် ခွေး၏ခေါင်းများကို ကိုင်လိုက်ပြီး “အားလုံးပဲ နောက်မှ ပြန်လာခဲ့မယ်နော်....” လို့ပြောလိုက်သည်။
သိသာပါတယ်၊ ဒီခွေးလေခွေးလွင့်တွေက သူမအစာကျွေးခဲ့သောခွေးများဖြစ်တယ်ဆိုတာသိသာသည်။
လင်ဖန်းသည် ဤခွေးများကို ကြည့်လိုက်သည်၊ အပေါ်ထပ်ရှိ ဝူကို တွေးပြီး စိတ်အနည်းငယ် လှုပ်ရှားကာ လက်ကိုင်ဖုန်းကို ထုတ်ကာစာတိုတစ်စောင် ပို့လိုက်သည်။
ဒီနေ့မှာတော့ လင်းဖန်က စုနမ်ကို ဈေးဝယ်ထွက်ဖို့ မခေါ်ခဲ့ပေ။
ကျဉ်းမြောင်းသော လမ်းဘေး၊ ဆိတ်ငြိမ်သော ပန်းခြံ၊ ကြည်လင်သော ရေကန်များတွင် စုနမ်နှင့်လင်းဖန်သည်တစ်ယောက်လက်တစ်ယောက်ကိုင်ကာလက်ကိုဆုပ်ကိုင်ကာ ရှေ့သို့ လျှောက်လှမ်းနေကြသည်။
မသိလိုက်ခက်မှာပဲ...
နေသည် အနောက်သို့တစ်ဖြည်းဖြည်းချင်းဝင်သွားလေသည်။
ဤအခိုက်အတန့်တွင် အဝေးရှိကောင်းကင်ယံ၌ တိမ်များသည်နီရဲတောက်တောက်ဖြစ်နေကာအလွန်လှပနေပါသည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်းကောင်းကင်ရှိအလှကိုခံစားနေကြသည်။
ထိုအချိန်တွင် အဝေးမှလေပြင်းများ တိုက်ခတ်လာသည်။
လင်းဖန်က “ငါ မင်းကို တစ်နေရာဆီ ခေါ်သွားပေးမယ်။”
စုနမ်ရဲ့ နှလုံးသားထဲမှာ လင်းဖန် နဲ့ အတူရှိနေသရွေ့ ဘယ်ကိုသွားနေပါစေ သူမ ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်မည်ဖြစ်သောကြောင့်”အိုကေ”ဟုပြောလိုက်သည်။