← Chapters

သခင်ကခွေးများလား

Vol. 27 Ch. 394

သခင်ကခွေးများလား

Vol. 27 Ch. 394

အင်ပါယာဟိုတယ်။

အထွေထွေမန်နေဂျာ ဝမ်ဖန်ရီသည် ရုံးတွင် အချိန်အများစုကို ကောင်တာတွင်နေတတ်သည်။

တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှ အပြင်ဘက်တွင် ခြေသံများ ထွက်ပေါ်လာသည်။

ပြီးတာနဲ့ ချက်ချင်းပဲ...

အရပ်ရှည်ရှည် ချောမောသောကောင်းလေးတစ်ယောက်သာ်လှပသော အမျိုးသမီးတစ်ဦး၏လက်ကိုကိုင်ဆောင်ကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

သူတို့ကတော့လင်းဖန် နဲ့ စုနမ်ပင်ဖြစ်ပါသည်။

သူတို့နှစ်ယောက်ကိုမြင်ပြီးနောက် ဝမ်ဖန်ရီက သူ့ကို ဆောလျင်စွာ နှုတ်ဆက်ပြီး “မစ္စတာလင်း၊မစ္စစု ကောင်းသောညနေခင်းပါ”

လင်းဖန်က ခေါင်းညိတ်ပြီး “ကျွန်တော်တို့ကို အခန်းတစ်ခုစီခေါ်သွားပေးပါ” လို့ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးပြုပြီး ဒီကိုကြွပါ” ဝမ်ဖန်ရီက ပြောသည်။

ခဏအကြာတွင် လင်းဖန် နှင့် စုနမ် သည် 78 ထပ်ရှိ ခမ်းနားသော အခန်းသို့ ရောက်လာသည်။

တံခါးဖွင့်လိုက်သည်နှင့် အထဲမှာ ကျယ်လောင်သော ခွေးဟောင်သံတစ်ခု ထွက်ပေါ်လာသည်။

စုနမ်သည် အနီးကပ်ကြည့်လိုက်သောအခါလမ်းကြားရှိ ခွေးလေခွေးလွင့်များအားလုံးအထဲမှာ ရှိနေသည်ကို တွေ့လိုက်ရသည်။

ဒါတင်မကဘဲ ဧည့်ခန်းမနံရံမှာ ချိတ်ဆွဲထားတဲ့ ခွေးရုပ်ပုံတွေလည်း ရှိပါသေးသည်။

ခွေးအုပ်စုကြီးတစ်စုသည် စုနမ် ကိုမြင်သောအခါ အားလုံးက အမြီးတွန့်ကာ ပြေးလာကြပြီး စုနမ် ၏ခြေကို ဆက်လက်ပွတ်တိုက်နေကြသည်။

ဤအခိုက်အတန့်တွင် အနောက်တိုင်း၀တ်စုံလေးများဝတ်ထားသော လူနှစ်ယောက်သည် ဝူနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

ပျော်ရွှင်စရာ မွေးနေ့သီချင်းကို တီးခတ်ရင်း လမ်းလျှောက်လာခဲ့ကြသည်။

တစ်ချိန်တည်းမှာပဲ စားပွဲထိုးတစ်ယောက်က M9 အမဲသားနဲ့လုပ်ထားတဲ့ ကိတ်မုန့်ကြီးတစ်လုံးကို တွန်းထုတ်ကာသူတို့နောက်ကနေ လိုက်လာကြသည်။

လင်းဖန်သည် M9 အမဲသားပေါ်တွင် ရွှေရောင်ဖယောင်းတိုင်နှစ်တိုင်ကို ထည့်ကာ ဖယောင်းတိုင်များကို မီးခြစ်ဖြင့် ထွန်းညှိလိုက်သည်။

ဒါတွေက ခွေးကလေးဝူမွေးနေ့အတွက်ပင်ဖြစ်သည်။

အပြင်လူတွေမြင်ရင် ဘယ်လိုပုံစံဖြစ်မလဲမသိပေ။

သိရန်……

ထိုကဲ့သို့သော M9 အမဲသားကြီးတစ်ထည်သည် ယွမ်ထောင်ပေါင်းများစွာ ကုန်ကျပြီး ရွှေရောင်ရှိသော ဖယောင်းတိုင်တစ်တိုင်သည်လဲယွမ်ထောင်ပေါင်းများစွာ ကုန်ကျသည်။

ဇိမ်ခံခန်းမကို ဘွတ်ကင်လုပ်ရန် ယွမ် 50,000 ကျော် လိုအပ်ပါသည်။

တစ်နည်းအား​ဖြင့်ဆိုရသော် ခွေးကလေးဝူမွေးနေ့အတွက် အသုံးစရိတ်စုစုပေါင်းမှာ ယွမ် 100,000 နီးပါးဖြစ်သည်။

လူအများစုသည် ၎င်းတို့၏ မွေးနေ့များတွင်ဤကဲ့သို့ငွေအများကြီး အသုံးမပြုနိုင်သည်မှာသေချာသည်။

“ဝူ က ဖယောင်းတိုင်မှုတ်နည်းကို မသိဘူးဆိုတော့၊မင်းပဲကူညီပေးလိုက်ပါ” လင်းဖန်က ပြောလိုက်သည်။

စုနမ် သည်လည်း ဤအစီအစဉ်များကို နားလည်သည်... လင်းဖန်သည် ဝူမွေးနေ့အတွက် အထူးစီစဉ်ထားသည်။

စုနမ်၏ နှလုံးသားထဲတွင် ဝူသည် သူမမိသားစုဖြစ်သည်။

လင်းဖန်၏ ဤအပြုအမူများသည် ဝူကို ဆွေမျိုးအဖြစ် မှတ်ယူသည်မှာ ထင်ရှားသည်။

ဒါကိုတွေးရင်းစုနမ်၏ နှလုံးသားသည် ထိမိသွားကာချက်ချင်းပဲခေါင်းညိတ်ကာ “အင်း”

ဟုပြောလိုက်လေသည်။

စုနမ်သည်ဖယောင်းတိုင်များကိုလေမှုတ်ပြီးနောက် ဝူနှင့် ခွေးလေခွေးလွင့်အုပ်စုကြီးများအတွက်M9 အမဲသားကိတ်မုန့်ကို ပိုင်းခြားကာ ကျွေးလိုက်သည်။

စုနမ် က ခွေးတွေ စားနေတာကို ကြည့်ပြီး အရမ်းပျော်နေလေသည်။

ထိ့နောက်သူမသည် လင်းဖန်၏ရင်ခွင်ထဲသို့ဝင်လိုက်ရင်းအလွန်ပျော်ရွှင်နေသည်။

ဒီမွေးနေ့ပွဲကို ည၉ နာရီအထိ ကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာတော့ ဖြည်းညှင်းစွာ ပြီးဆုံးသွားခဲ့သည်။

စုနမ်နှင့် လင်းဖန်တို့သည် ဝူနှင့် ခွေးလေခွေးလွင့်များကို ကြည့်လိုက်ကြသည်။ မကြာမီတွင်သူတို့ကို ကျွမ်းကျင်သောခွေးမွေးမြူရေးသမားများကို ခေါ် ယူပြီး လင်းဖန်နှင့်အတူ အင်ပါယာဟိုတယ်မှ ထွက်ခွာသွားခဲ့သည်။

ဝမ်ကျင်းဟန် နှင့် မနီးမဝေးတွင် ဧရိယာစတုရန်းမီတာ နှစ်ထောင်နီးပါးရှိသော အနောက်တိုင်းပုံစံ အိမ်ဟောင်းကြီး၏ ဝင်းထဲသို့ သူတို့နှစ်ဦး ရောက်ရှိလာသည်။

“အထဲကို ဝင်ကြည့်ရအောင်။”

လင်းဖန်က စကားပြောနေစဉ် ခြံတံခါးကို တွန်းဖွင့်လိုက်သည်။

ခွေးလေခွေးလွင့်အုပ်စုတစ်စုသည် ပျော်ရွှင်စွာ ပြေးလာကာ ၎င်းတို့၏အမြီးများဖြင့်စုနမ်ခြေထောက်တစ်ဝိုက်တွင် အပြန်ပြန်အလှန်လှန် ပွတ်သတ်နေကြသည်။

စုနမ်သည်ခဏလောက်သတိလက်လွှတ်ပြီးနောက်”သူတို့က ဘာလို့ ဒီကို ရောက်နေတာလဲ?”

လင်းဖန်က “ရင်ကလမ်းက နည်းနည်းကျဉ်းတယ်။ ခွေးလေခွေးလွင့်တွေ အများကြီး မမွေးနိုင်ဘူး။ နောင်မှာ ခွေးလေခွေးလွင့်တွေကို ဒီမှာ မွေးစားလို့ရတယ်။”

စုနမ်သည်လင်းဖန်စကားကိုကြားပြီးနောက်သူ့မနှလုံးသား က အနည်းငယ် တုန်ခါသွားသည်။

လင်းဖန်သည် ခွေးများများမွေးနိုင်စေရန် အနောက်တိုင်းပုံစံအိမ်ကြီးကို တိုက်ရိုက်ဝယ်ယူခဲ့သည်ကို သူမနားလည်ခဲ့သည်။

ထိုအချိန်တွင် စုနမ်၏နှလုံးသားတစ်ခုလုံး အရည်ပျော်သွားလေသည်။

“လင်းဖန်။”

သူ့မခြေချောင်းတွေကို ညင်သာစွာ ထောက်ပြီး လင်းဖန်ကိုနမ်းလိုက်လေသည်။

( ̄ε ̄)

( ̄3)(ε ̄)

…………

မိနစ်အတော်ကြာပြီးနောက် Su Ning ၏ခြေဖနောင့်များသည် ဖြည်းညှင်းစွာ ပြန်လည်ဆင်းသက်လာသည်။

ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

【ဒင်း! လျှို့ဝှက်မစ်ရှင်ပြီးခြင်း။တိရိစ္ဆာန်များကိုချစ်အောင်လုပ်ပြီး၊တိရိစ္ဆာန်ဆက်သွယ်ရေးကျွမ်းကျင်မှုကိုရယူပါ။ 】

ဒါဘာလဲ?

သံသယအရိပ်အမြွက်ပြပြီးနောက်လင်းဖန်သည် တိရိစ္ဆာန်များဆက်သွယ်မှုအပေါ် အာရုံစိုက်လိုက်သည်။

[တိရိစ္ဆာန်ဆက်သွယ်ရေး- တိရစ္ဆာန်များ၏ဘာသာစကားကို နားလည်နိုင်ပြီး တိရစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုနိုင်စွမ်းရှိသည်။ 】

ဒါကိုကြည့်ရင်စ...

လင်းဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။

တိရိစ္ဆာန်များနှင့် ဆက်သွယ်ပြောဆိုတယ်ဆိုတာကအလွန်စိတ်ဝင်စားဖွယ်ကောင်းပုံရသည်။

ထိုအချိန်တွင် သူ့နားထဲတွင် အနည်းငယ် မှင်သက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဒီနေ့ ဟင်းက အရမ်းအရသာရှိတာပဲ”

လင်းဖန်သည် အသံ၏ဦးတည်ရာသို့ ကြည့်လိုက်ရာ ခန္ဓာကိုယ်ပေါ်တွင် အစက်အပြောက်များရှိသည့် ခွေးတစ်ကောင်ကို တွေ့လိုက်ရသည်။

ရှင်းပါတယ်၊ ဒီစကားကိုဒီခွေးလေးပြောတာဆိုတာ။

“ဟုတ်​တယ်​ ဒီလောက်အရမ်းအရသာရှိတဲ့ ဟင်းကို တစ်ခါမှမစားဖူးဘူး” သူ့ဘေးက ခွေးနက်ကြီးကလဲပြောလိုက်သည်။

“အရင်က ဒီလိုဟင်းမျိုးမစားရဘူး၊ ခဏခဏ ရိုက်နှက်ခံရတယ်... သခင်မနဲ့တွေ့ပြီးကတည်းက ဗိုက်မဆာရတော့ဘူး။ ဒီနေ့မှာလဲဒီလောက်အရသာရှိတဲ့ အစားအစာတွေ စားခဲ့တယ်... အခုချိန်ကစပြီး သခင်မှကိုကာကွယ်ရမယ်။” ပိုင်ကျောက်(ခွေးအမည်ပါ)က ပြောလိုက်သည်။

“မှန်တယ်!”

“ဟုတ်တယ်!”

“သခင်မကို ကောင်းကောင်းကာကွယ်ရမယ်!”

ပိုင်ကျောက်၏ စကားများသည် ခွေးအားလုံး၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိခဲ့သည်။

အဲဒီအချိန်မှာ ဟိုင်ကျောက်(ခွေးအမည်)က “မင်းပြောတာက သခင်မကိုပြောတာမလား။ဒါဆိုသခင်မဘေးနားကလူကရော။ငါကတော့ဒီနေ့အရသာရှိတဲ့ဟာတွေစားရတာဒီလူကြောင့်လို့ထင်တယ်”

အမဲရောင်ခွေးက “ဒါဟာ သခင်မရဲ့ယောကျာ်းထင်တယ်...”

ပိုင်ကျောက်က “သူက သခင်မရဲ့ယောက်ျားဆိုတော့ သူ့ကိုလည်းကာကွယ်ရမှာပေါ့”

“ဟုတ်တယ်ဟုတ်တယ်!” ခွေးတွေအားလုံးက တယောက်ပြီး တယောက်ပြောလိုက်ကြသည်။

ထို့ကြောင့် စုနမ်၏ခြေကိုပွတ်သတ်ပေးသည့်အပြင် ခွေးများသည် လင်းဖန်၏ခြေကိလဲုပွတ်သတ်ပေးကြသည်။

သူတို့ပြောတာကိုကြားတော့ လင်းဖန်သည်မပြုံးဘဲမနေနိုင်ပေ။

ဒီခွေးတွေက ကျေးဇူးကြောင်း သိလိမ့်မည်ဘို့သူမထင်ထားပေ။

ဟိုင်ကျောင် သည် လင်းဖန် ၏ ခြေကို ပွတ်ကာ ခွေးခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ထို့နောက် ချီတုံချတုံ လေသံဖြင့် သူက “ဘာလို့လဲမသိဘူး၊သခင်မရဲ့ခင်ပွန်းကငါတို့ပြောတာကိုနားလည်နေတယ်လို့ခံစားရတယ်’’ လို့ပြောလိုက်သည်။

သူ့ဘေးနားရှိ ခွေးမဲ က “ငါတို့ပြောတာကို နားလည်တာလား” လို့ မေးလိုက်သည်။

“ငါလဲဒီလိုခံစားရတယ်” ပိုင်ကျောက်က ပြောလိုက်သည်။

နောက်တော့ ခွေးတွေအားလုံး ခေါင်းထောင်ထ...

“ငါလည်းဒီလိုခံစားရတယ်ထင်တယ်”

“ငါလည်းပဲ……”

ဒီအချိန်မှာ ဟိုင်ကျောက်က “မင်းတို့ပြောကြည့်.. သခင်မရဲ့ခင်ပွန်းကလဲ ခွေးများလား”

ခွေးတွေက အတွေးထဲမှာ ပးနစ်မျောသွားကြသည်။

လင်းဖန်သည် ထိုစကားကိုကြားသောအခါ သူ့ပါးစပ်ထောင့် အနည်းငယ် တုန်လှုပ်သွားသည်။

ဒီခွေးတွေက တကယ့်ခွေးတွေလို့ သူ ရုတ်တရက် ခံစားလိုက်ရသည်။(မင်းအတွေးကဆန်းတယ်ဟ)

“ဝူး!”

ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်ကနေအေးမြသောလေနုအေးသည် တိုက်ခိုက်လာသည်။နေ့နှင့်ညအပူချိန်ကွာခြားချက်ကြောင့်စုနမ်ကိုအနည်းငယ်တုန်လှုပ်သွားစေသည်။

လင်းဖန်လည်း ဒါကိုသိပြီး စုနမ်ကို သူ့ရင်ခွင်ထဲမှာ ထည့်လိုက်ပြီး “နောက်ကျနေပြီ၊ ငါမင်းကို အရင်အနားယူသွားကြမယ်။”

စုနမ်က ခေါင်းညိတ်လိုက်ပြီး ‘အွမ်’ ဟုပြောလိုက်သည်။

ထို့နောက် ခွေးလေခွေးလွင့်များကို လက်ပြနှုတ်ဆက်လိုက်သည်။

All Chapters