ချေးငွေယူမလား
Vol. 27 Ch. 395
ကျန်ပေ့ တက္ကသိုလ်၊ အမျိုးသမီးအိပ်ဆောင်။
ကျောက်နီနှင့် လီယွင် တို့သည် စကားစမြည်ပြောရင်း ဝင်လာကြသည်။
ညစာစားပြီးနောက် ရှောင်ပန် နှင့် ရှောင်အန်း တို့သည် စာဖတ်နေကြသည်။
လီယွင် က သက်ပြင်းကို ချကာ “မင်းတို့တွေ တကယ် စာကြိုးစားနေကြတာပဲ”
ရှောင်ပန် နဲ့ ရှောင်အန်းတို့ရဲ့ စာဖတ်ခြင်းအကြောင်းအရာကို သတိပြုမိတဲ့အခါကေိာက့နီက “နောက်ဆုံးတော့ ကွန်ပျူတာစာအုပ်တွေ ပြန်ဖတ်တော့တာပဲ... မင်းတို့က ကွန်ပြူတာ ဉာဏ်ကြီးရှင်တွေလို့ ငါအမြဲပြောတယ်မလား။ဒါကြောင့်ကွန်ပြူတာလေ့လာဖို့ ကိုပဲအာရုံစိုက်သင့်တယ်!”
ရှောင်ပန်နှင့် ရှောင်အန်းတို့ကဘာမှမပြောပဲခေါင်းညိတ်လိုက်သည်။
ကျောက်နီနှင့် လီယွင်တို့ထွက်ခွာသွားပြီးနောက် ရှောင်ပန် နှင့်ရှောင်အန်းတို့ သည် ဖြည်းညှင်းစွာ ခေါင်းမော့ကာ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်၏ နိယာမကိုရေးခဲ့သောလင်းဖန်၏”သိပ္ပံ” မဂ္ဂဇင်းကို ရှုစားလိုက်သည်။
ရှောင်ပန်နှင့် ရှောင်အန်းတို့၏ လှပသော မျက်လုံးများသည် အစပိုင်းတွင် အနည်းငယ် မူးဝေသွားသည်။
ထို့နောက် စိတ်ပိုင်းဖြတ်သောပုံစံဖြင့်ကွန်ပြူတာစာအုပ်များကို ပိုမိုလေးနက်စွာ ဖတ်ရှုခဲ့သည်။
…………
နောက်ရက်အနည်းငယ်တွင်
လင်းဖန်သည်သက်တောင့်သက်သာရှိသော ဘဝကို ထိန်းသိမ်းထားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ပိတ်ရက်သို့ရောက်လာခဲ့သည်။
နေရောင်ခြည်သည် ကုလားကာများကိုဖြတ်၍ ကုတင်ပေယ်သို့ညင်သာစွာ ပြန့်ကျဲနေသည်။
အိပ်ပျော်နေဆဲဖြစ်သော လင်းဖန်သည် အော်ဟစ်သံကို ကြားလိုက်ရသည်။
“ကံကောင်းလို့ ငါစောစောထခဲ့လို့ပိုးကောင်တစ်ကောင်ရတာ။မဟုတ်ရင်ငတ်ပီလားပဲ”
“ငါကတော့ဒီနေ့နှစ်ကောင် ဖမ်းမိတယ်။”
“ပြီးတော့သစ်သီးလေးတွေတောင်တွေ့သေးတယ်!”
…………
လင်းဖန်သည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ လေတိုက်ခတ်လာသော ကုလားကာများအပြင်ရှိသစ်ပင်ထိပ်များတွင် စာငှက်ငယ်များကို ကြည့်လိုက်သည်။
ထိုအချိန်မှာပင် ဤအသံများသာ်ငှက်များပြောသောစကားဖြစ်ကြောင်းနားလည်သွားကာ သူ့မျက်နှာပေါ်တွင် မတူညီသော အပြုံးတစ်ခု ပေါ်လာသည်။
ပထမရက်အနည်းငယ်တွင် လင်းဖန်သည် တိရိစ္ဆာန်များ၏စကားများကို နားထောင်နေရသည်မှာအလွန်ထူးဆန်းနေသေးသည်။
အခုတော့ တဖြည်းဖြည်း ကျင့်သားရလာလေသည်။
ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် စောစောစီးစီး စခရင်ပေါ်တွင် စာတိုတစ်စောင် ပေါ်လာသည်။
“၀:၀၀ နာရီတွင် တရုတ်ဘဏ်မှ ယွမ် ၇၈၉၃၆၀၀ ကို ရရှိသည်။”
ထို့နောက် လင်းဖန်သည် ဆိုင်းအင်ဝင်သည့်စနစ်ကို အာရုံစိုက်လိုက်သည်။
“ဆိုင်းအင်လုပ်မယ်!”
【ဒင်း! အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်းကိုရရှိခဲ့သည့်အတွက်ဂုဏ်ယူပါတယ်။ 】
ထို့နောက်အက်ဒင်းအင်တာနစ်ရှင်မယ်ကျောင်းသည်ကျန်ပေ့တွင် ဇိမ်ခံပုဂ္ဂလိကကျောင်းဖြစ်သည်။
အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်းသည်ကျန်ပေ့ မြို့လယ်တွင် တည်ရှိပြီး ဧရိယာ စတုရန်းမီတာ ၁ သန်း ကျယ်ဝန်းသည်။ နာမည်ကျော် ဒီဇိုင်နာ ဂျေလန့်စ့် က ၅ နှစ်ကြာ ဆောက်လုပ်ခဲ့ပြီး မြင့်မားသော ရဲတိုက်နှင့်တူသော စာသင်ကျောင်းကို တည်ဆောက်ရန် ယွမ်ငွေ ၂ ဘီလီယံ အကုန်အကျခံ တည်ဆောက်ခဲ့သည်။
ဤတွင်... ကလေးများအား နိုင်ငံခြားဘာသာစကား၊ သင်္ချာနှင့် အင်္ဂလိပ်စသည့် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများကို သင်ကြားပေးရုံသာမကကျောင်းသား၊ကျောင်းသူများအား စန္ဒယား၊ တယော၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဂေါက်သီး၊ မြင်းစီး၊ လေးပစ်၊ လူမှုဗေဒ၊ ကျွန်းဘာသာစကား၊ ရှေ့တန်းဘာသာစကား၊ အပြောအဆို... တို့ကို သင်ကြားပေးလေသည်။
ကျန်ပေ့ရှိသာမာန်မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများသည် ကလေးများအား တရုတ်နိုင်ငံရှိ အထင်ကရတက္ကသိုလ်များသို့ တက်ခွင့်ရသည်ဟုဆိုပါက
အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်း သည် ကလေးငယ်များအား နိုင်ငံတကာ တက္ကသိုလ်များသို့ သွားခွင့်ပြုနိုင်သည့်ကျောင်းဖြစ်သည်။
အက်ဒင်းအင်တာနစ်ရှင်နယ်၏ သင်တန်းကြေးမှာ တစ်နှစ်လျှင် ယွမ် 500,000 ဖြစ်သည်။
ဒါတောင် မိဘတွေက သားသမီးတွေကိုအက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်းကိုပို့နိုင်ဖို့ ကြိုးစားနေကြသည်။
ဒါပေမယ့် မိဘတွေက ပိုက်ဆံပေးချင်ပေမယ့် သားသမီးတွေက မတက်ချင်ကြပေ။
အဘယ်ကြောင့်ဆိုသော် ဝင်ခွင့်အရည်အချင်းပြည့်မီရန်ပြင်းထန်သော ရေးဖြေစာမေးပွဲများနှင့် အင်တာဗျူးများကို ဖြေဆိုရမည်ဖြစ်သောကြောင့်ဖြစ်သည်။
လင်းဖန်က သူ့မေးစေ့ကိုထိကာ “အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်း၊ ဒါက ဘာအတွက်လဲ?”
ခေတ္တရပ်ပြီးနောက် သူက “မေ့လိုက်ပါ၊ ယွမ် ၁၀ သန်းထက်တော့ပိုကောင်းတာပေါ့” ဟု ပြောလိုက်သည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် သူ့လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။
၎င်းသည် မရင်းနှီးသောနံပါတ်ဖြစ်သည်ကိုတွေ့လိုက်ရသော်လည်းလင်းဖန်က အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
…………
“ကျနော်က ချေးငွေကုမ္ပဏီက မန်နေဂျာ ဟေးပါ။ မင်းမှာ ရန်ပုံငွေ လိုအပ်ချက်ရှိလား။သုံးရက်အတွင်း ချေးငွေထုတ်နိုင်မှာပါ...’’
ဖုန်းထဲကနေအသံထွက်ပေါ်လာသည်။
မူလက လင်းဖန်သည် ၎င်းသည် အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်းအုပ်ကြီး သို့မဟုတ် အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်း၏ မန်နေဂျာအချို့ထံမှ ဖုန်းခေါ်ဆိုမှုဟု ထင်ခဲ့သော်လည်း ၎င်းသည် ချေးငွေကုမ္ပဏီကခေါ်ဆိုမှုဖြစ်မည်ဟုသူမမျှော်လင့်ခဲ့ပေ။
သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည် “တကယ်လား ငါဘယ်လောက်ချေးနိုင်မလဲ”
ဖုန်းထဲက နေ “ID ကတ် ထုတ်ပြပြီးတာနဲ့ယွမ် 500,000 အထိ ချေးလို့ရတယ်၊ဒီငွေကိုသုံးရက်အတွင်း သင်ရရှိမည်ဖြစ်သည်။”
လင်းဖန်က သူ့နှုတ်ခမ်းကို ကွေးပြီး “၅၀၀,၀၀၀၊ အဲဒါက နည်းလွန်းတယ်” ဟု ပြောလိုက်သည်။
နည်းလွန်းတာလား?
မှန်တယ်!
သိရန်……
လင်းဖန်၏ တစ်နေ့တာ ၀င်ငွေမှာ အသက်ရှူခြင်း၊ အိပ်ခြင်းနှင့် လမ်းလျှောက်ခြင်းတို့ကနေ7 သန်းကျော်ရှိသည်။
500000? တစ်နာရီ သို့မဟုတ် နှစ်နာရီ အသက်ရှူခြင်းဖြင့် ၎င်းကို ရရှိနိုင်သည်။
ပြီးတော့ချေးငွေကုမ္ပဏီသည် သုံးရက်အတွင်းသာပြောတာသုံးရက်စောင့်ရမည်မှာသေချာသည်။
ဖုန်းတစ်ကလူကတော့စိတ်လှုပ်ရှားသွားလေသည်။
ပိုက်ဆံနည်းလွန်းတယ်၊ ဒါက တခြားပါတီက ပိုက်ဆံရှိတယ်ဆိုတာသက်သေပြနေတာပင်ဖြစ်သည်။
“မင်းမှာ အိမ်နဲ့ ကားရှိရင် သက်ဆိုင်ရာ စာရွက်စာတမ်းတွေ ပြလို့ရတယ်။ အဲ့ဒီခါကျရင်ငါတို့ချေးငွေကုမ္ပဏီက မင်းင်းကိုယွမ် ၅ သန်းအထိ ချေးနိုင်တယ်။”
လင်းဖန်က “ကျွန်တော်က 5 သန်းလောက် ချေးဖို့အတွက်ကိစ္စအများကြီးကိုလုပ်ရမှာလား။”
ထို့အပြင် ယခု လင်းဖန်နေထိုင်သည့်ပန်းလုံဗီလာ၏စျေးနှုန်းမှာယွမ်းသန်းနဲ့ချီရှိလေသည်။
မန်နေဂျာ ဟေးက “၅ သန်းဆိုတာ ခန့်မှန်းချက်မျှသာပဲရှ်ပါသေးတယ်.. အိမ်ခြံမြေနဲ့ မော်တော်ယာဉ်တွေရဲ့ တကယ့်ပေါက်ဈေးပေါ် မူတည်ပြီး ပိုက်ဆံထပ်ချေးလို့ရပါသေးတယ်”
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့ ချေးငွေပမာဏအတိုးဟာ ဘဏ်ထက် သက်သာအယ်ဆိုတာအာမခံပါတယ်။ဘာလို့ဆို ကျွန်တော်တို့ချေးငွေကုမ္ပဏီကငွေချေးသူတွေကိုသက်ညာပေးလို့ပဲဖြစ်ပါတယ်”
ခေတ္တနားပြီးနောက် မန်နေဂျာ ဟေးက “မင်းအိမ်က ဘယ်မှာလဲ၊ ဘယ်လောက်ကြီးလဲ၊ဒါတွေပြောပြရင် ငါမင်းကို ချေးငွေပမာဏ ပေးနိုင်ပြီ”
လင်းဖန်က “တကယ်လား? ကျွန်တော့်မှာ ဝမ်ကျင်းဟန်စံအိမ်မှာ အိမ် 132 လုံး ရှိပါတယ်၊ ရီကေမြို့မှာ အိမ်ခြေ 1,000 ကျော်နဲ့ ပန်းလုံဗီလာမှာ အိမ် 10 လုံး ရှိပါတယ်...”
“စကားမစပ်၊ ရုံးခန်းအဆောက်အအုံတွေကို လည်း ရေတွက်သေးသလား၊ ကျူကေ အဆောက်အအုံနဲ့... ဒါတွေအားလုံးကို ငါပိုင်တယ်... မင်းအရင်ရေတွက်လိုက်အုံး”
“ဒီဒီ”
သို့သော် လင်းဖန်စကားပြောပြီးသောအခါတစ်ဖက်ကဖုန်းကိုချသွားလေသည်။
…………
ရုံးခန်းအဆောက် အအုံတစ်ခုတွင်
မန်နေဂျာ ဟေးက “မင်းမှာ ပန်းလုံဗီလာ 10 ခု ရှိတယ်။ ပန်းလုံးဗီလာတစ်ခုလုံးက မင်းပိုင်တယ်လို့ မင်းဘာလို့ မပြောတာလဲ။ ဝမ်ကျင်ဟန်မှာအိမ်132 လုံး၊ကျူကေ အဆောက်အဦး... ငါ့ကိုကြွားလုံးထုတ်နေတာလား”
မန်နေဂျာဟေးဒီလိုခံစားနေရတာလဲအံ့သြစရာမရှိပေ။
ပန်းလုံဗီလာတစ်ခုစီ၏ စျေးနှုန်းသည် ယွမ်သန်းပေါင်း များစွာရှိသည်။
ဝမ်ကျင်းဟန်တစ်အိမ်စီ၏စျေးနှုန်းသည် ယွမ်သန်းပေါင်းများစွာဖြစ်ပြီးကျူကေအဆောက်အဦး... ၎င်းတို့အားလုံးသည် ဘီလီယံဆယ်နှင့်ချီတန်သော အဆောက်အအုံများဖြစ်သည်။
ဒါတွေအားလုံးကို တစ်ယောက်တည်းပိုင်တာလား?
ဒါကတစ်ကယ့်ကိုဟာသလုပ်နေတာမဟုတ်ဘူးလား?
…………
လင်းဖန်သည် ချသွားသည့် ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး “ငါကို လူလိမ်တစ်ယောက်လို ဆက်ဆံသွားတာလား” ဟု ရေရွတ်လိုက်သည်။
“အမှန်အတိုင်းပြောတာကိုဘာလို့ မယုံရတာလဲ”
လင်းဖန်သည် မန်နေဂျာ၏ မျိုးရိုးအမည်ကို ပြန်အမှတ်ရပြီး မန်နေဂျာ ဟေး... မျိုးရိုးအမည်တူ ဟေးဆိုတော့ဟေးတီကို မစဉ်းစားဘဲမနေနိုင်ပေ။
လင်ဖန်က “သူမကိုမတွေ့တာကြာပြီဆိုတော့ဒီနေ့သူ့မကိုသွားတွေ့လိုက်မယ်’’
စကားပြောပြီးသွားသောအခါ လင်းဖန်သည် အလျင်အမြန် ရေချိုးပြီးနောက် အပြင်သို့ ပြေးလာခဲ့သည်။
ပြီးနောင်Cullinan(ကား) တံခါးကိုဖွင့်ပြီး အရှိန်မြှင့်စက်ကို နင်းကာ အရှေ့သို့ မောင်းသွားခဲ့သည်။