ပြဿနာဖြေရှင်းပေးခြင်း
Vol. 27 Ch. 396
မကြာမီ လင်းဖန်သည် လင်းကျင်း အိမ်ခြံမြေသို့ ရောက်လာသည်။
ထိုအချိန်တွင် ဟေးတီ သည် ကွန်ပြူတာတွင် တစ်ခုခုကို စူးစိုက်ကြည့်နေသည်။
လင်းဖန်သည်ဘာမှမပြောပဲသူမကို တိတ်တဆိတ်ကြည့်နေလိုက်သည်။
ထုံးစံအတိုင်း ဟေးတီသည် အနက်ရောင်ဝတ်စုံလေးကို ၀တ်ဆင်ထားသည်။
သူမ၏ ဝမ်းဗိုက်တွင် အဆီအဖုအထစ်များ မတွေ့ရဘဲ အလွန်ချောမွေ့သည်။(ကိုကြပ်ဝတ်ပြီးမတ်မတ်ထိုင်လို့ပါ)
ထိုအချိန်တွင် ဟေးတီ သည် သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
နောက်အခိုက်အတန့်တွင် သူမ၏ လှပသော မျက်လုံးများ တောက်ပလာပြီး “လင်းဖန်။ မင်း ဘယ်အချိန်ကတည်းကရောက်နေတာလဲ။”
ဟေးတီ၏ အသံသည် အလွန်ချစ်စရာကောင်းလေသည်။
လင်းဖန် က “ကျွန်တော် ဒီကို ခုနကပဲရောက်တာ”
ထို့နောက် သူသည် ရှေ့သို့ ဖြည်းညှင်းစွာ လှမ်းကာဟေးတီ၏ သွယ်လျသော ခါးကို ဆုပ်ကိုင်လိုက်ပြီး “မင်းဘာလုပ်နေတာလဲ”
“ငါအဲဒီ...ဒေသမှာ အိမ်ငှားတာနဲ့ ရောင်းတာကို ကြည့်နေတာ။’’ ဟေးတီ က ပြောသည်။
“မင်းကို အနှောင့်အယှက်ပေးမိပြီလား?” လင်းဖန်က ထပ်မေးလိုက်သည်။
“ဘယ်လိုလုပ်အနှောက်အယှက်ပေးရမှာလဲ၊ တကယ်တော့ ငါ ဒီအချက်အလက်တွေကို စိတ်ထဲမှာ သိမ်းဆည်းထားပြီးသားပါ၊ ဒါပေမယ့် အပြောင်းအလဲရှိမရှိ သိနိုင်ဖို့ နေ့တိုင်း ပုံမှန်စစ်ဆေးနေတာပါ” ဟေးတီက ပြောသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် သော့တစ်ချောင်းနှင့် စာရွက်စာတမ်းတစ်ခုကို ကိုင်ဆောင်ကာ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။
လင်းဖန်သည် ဟေးတီကို သူ့ရင်ခွင်ထဲထည့်ထားသည်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။
သို့သော်လည်း သူက ပါးစပ်ကိုဖွင့်ပြီး “မန်နေဂျာ ဟေး၊မစ္စတာလင်းမင်္ဂလာပါ “ ဟု ပြောလိုက်သည်။
သူ့နာမည်ဝမ်ကျူ ဖြစ်ပြီး သူကတော့ လင်းကျူရဲ့ သာမန်ဝန်ထမ်းတစ်ယောက်ပင်ဖြစ်သည်။
လင်းဖန် သည် လင်းကျင်းအိမ်ခြံမြေကို နှစ်ကြိမ်သာ ရောက်ဖူးသည်။
သို့သော် နှစ်ကြိမ်စလုံးသည် ဆိုင်ရှိလူအားလုံးကို အံ့အားသင့်စေခဲ့သည်။
လင်းဖန်သည်ဝန်ကျင်ဟန် ရှိ အိမ်တစ်ခုလုံး၏သော့များနှင့် အိမ်ခြံမြေလက်မှတ်များကို ပထမဆုံးအကြိမ် ယူဆောင်လာခဲ့သည်။
ဒုတိယအကြိမ်အဖြစ် လင်းဖန်သည် ရီကေအသိုင်းအဝိုင်းတစ်ခုလုံး၏ အိမ်ခြံမြေလက်မှတ်နှင့် သော့များကို ယူဆောင်လာခဲ့သည်။
နှစ်ကြိမ်စလုံးတွင် ကျူဝမ်သည် အခင်းဖြစ်နေရာတွင် ရှိနေခဲ့ပြီး လင်းဖန် ကို အလွန်အထင်ကြီးလေးစားခဲ့သည်။
မကြာသေးမီက လုပ်ဖော်ကိုင်ဖက်အချို့က ဟေးတီ နှင့် လင်းဖန် တို့သည်ချစ်သူတွေဟု ဆိုကြသည်။
သို့သော် လူအများက ဤသည်မှာ ကောလဟာလတစ်ခုအဖြစ်သည်ဟုယံကြည်တာထားသည်။
အခုတော့ ဒါကကော်လဟာလမဟုတ်ဘူးဆိုတာတည်ပြုပြီးပြီဖြစ်သည်။
…………
ကျူဝမ်၏ နှုတ်ဆက်သံကို ဟေးတီ ကြားသောအခါ သူမ၏ လှပသော မျက်နှာသည် နီရဲလာပြီး ခေါင်းညိတ်လိုက်သည်။
နောက်ဆုံးတော့ သူမဟာ လင်းကျင်းအိမ်ခြံမြေမှာ သန်မာတဲ့ အမျိုးသမီးတစ်ယောက်လို အမြဲတမ်း ပြုမူခဲ့သည်။
ယခုတော့ သူမသည် လင်းဖန်၏ ရင်ခွင်ထဲတွင် မိန်းမငယ်လေးတစ်ယောက်အဖြစ်နဲ့ ခိုအောင်းနေသည်။
လင်းဖန်က စိတ်အေးလက်အေးဖြစ်နေကာ”မင်းနာမည်က ကျူဝမ် ဟုတ်တယ်မလား?”
“ဟုတ်ပါတယ်’’ ဝမ်ကျူက ကမန်းကတန်းပြောလိုက်သည်။
“မင်းတို့အိမ်ခြံမြေဘယ်လိုနေလဲ” လင်းဖန်က မေးသည်။
ဝမ်ကျူက “မစ္စတာလင်းရဲ့ ကျေးဇူးကြောင့်ပဲ မကြာသေးခင်ကမှ စီးပွားရေးက တော်တော်ကောင်းလာခဲ့တယ်” ဟု ပြောလိုက်သည်။
ဒီစာကြောင်းကိုဝမ်ကျူ က လုံးဝမဟုတ်မမှန်ပြောခဲ့တာမဟုတ်ပေ။
လင်းဖန်သည် ဝမ်ကျင်းဟန်အိမ်ကြီးနှင့်ရီကေအသိုင်းအဝိုင်းတစ်ခုလုံးကို တိုက်ရိုက်ငှားရမ်းထားသောကြောင့်ဖြစ်သည်။
သိရန်……
ဝမ်ကျင်းဟန်သည် ကျန်ပေ့ ၏အကောင်းဆုံးကျောင်းခရိုင်အိမ်ယာဖြစ်သောကြောင့်မငှားရမ်းရဖို့အတွက်လုံးဝစိတ်ပူစရာမလိုပေ။
ရီကေသည် ငှားရန်ပိုပြီးတောင်လွယ်ကူလေသည်။ဘာလို့ဆိုအဆင့်မြင့်ရုံးခန်းများစွာဖြင့် ဝန်းရံထားသည့် မြို့လယ်ရှိအိမ်ဖြစ်သောကြောင့်ဖြစ်သည်။
ဒါတွေကြောင့်ဝမ်ကျူ ဟာ လစဉ် ဝင်ငွေ အတော်အတန် ရရှိလာခဲ့သည်။
လင်းဖန်သည် စကားအနည်းငယ်ပြောပြီး နောက်ဟေးတီနှင့် အပြင်သို့ ထွက်လာခဲ့သည်။
စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကို ကြည့်ရင်းလမ်းလျှောက်လာကြသည်။
ဒီအချိန်မှာလင်းဖန် က “မင်း နည်းနည်း စိတ်ရှုပ်နေပုံပဲ၊ မင်းအလုပ်မှာ ပြဿနာရှိလို့လား”
လင်းဖန်သည် လင်းကျင်ခြံဝင်းထဲသို့ လျှောက်လာသောအခါ တွင်ဟေးတီသည် အနည်းငယ် မပျော်မရွှင်ဖြစ်နေပုံပေါ်သည်။
လင်းဖန်သည် သူ့မကိုယ်အလွန်ဂရုစိုက်သည်ကို မြင်လိုက်ရတော့ ဟေးတီရင်ထဲမှာ နွေးထွေးသွားသလို ခံစားလိုက်ရသည်။
သို့သော်လည်း သူမသည် တစ်ခုခုကို တွေးပြီး သက်ပြင်းအနည်းငယ်ချလိုက်ပြီး “ဒါက အလုပ်ကိစ္စမဟုတ်ပါဘူး...”
“ဒါ ငါ့အဖကေိစ်စပါ...”
“ကျွန်တော့်အဖေက ကိုယ်ပိုင်မူလတန်းကျောင်းမှာ ဆရာတစ်ယောက်ပါ။”
“အရင်တုန်းက ကောင်လေးတစ်ယောက်က ကောင်မလေးကို အနိုင်ကျင့်ဖို့လုပ်နေတုန်းငါ့ အဖေက တားပြီး ကောင်လေးကို ပြစ်တင်ဆုံးမခဲ့တယ်။”
“ဒီကလေးရဲ့အဖေက ကျောင်းဘုတ်အဖွဲ့ဝင်ဖြစ်တယ်ဆိုတာ ဘယ်လိုသိမှာလဲ၊ဒါကြောင့်အဖေကို ကျောင်းကထုတ်ပစ်တာခံရတာ သိပ်တောင်မကြာသေးဘူး”
“ဖေဖေက ဆရာတစ်ယောက်အနေနဲ့အလုပ်လုပ်ရတာကို အရမ်းကြိုက်တယ် ဒါပေမယ့် အခု အသက် 50 ရှိပြီလေ၊ကျောင်းဘုတ်အဖွဲ့ဝင်ကို စော်ကားလိုက်တာကြောင့်ကျောင်းတိုင်းက သူ့ကို လက်ခံဖို့ ဆန္ဒမရှိဘူးလေ...”
“အဲဒီကာလမှာ အဖေက နေရာတိုင်းကို နေ့တိုင်း အင်တာဗျူးလုပ်ပေမယ့် ပြင်းပြင်းထန်ထန် ငြင်းပယ်ခံရတယ်... ဒါကသူ့သမီးတစ်ယောက်အနေနဲ့နည်းနည်းတော့ အဆင်မပြေဘူး။”
“ငါသူ့ကို ကျောင်းဆရာအဖြစ်ကနေ အနားယူခိုင်းစေချင်တယ်၊ ဒါပေမယ့် သူကတော့ အနားမယူချင်သေးဘူးတဲ့လေ”
ဟေးတီစိတ်မသက်မသာဖြစ်သည်မှာလဲမဆန်းပေ။
သူ့မအဖေက ငယ်ငယ်ရွယ်ရွယ်နဲ့ ငြင်းပယ်ခံရရင် တော့ဒါကဘာမှဖြစ်မှာမဟုတ်ပေ။
ဒါပေမယ့် ပြဿနာက အသက်ကြီးနေပြီဖြစ်တဲ့သူ့အဖေကိုဆက်တိုက် ငြင်းပယ်ခံရတာက သူမရဲ့ နှလုံးသားထဲမှာ ကြီးမားတဲ့ နာကျင်မှုကို ခံစားရစေသည်။
လင်းဖန်က ဟေးတီ ပုခုံးကို ပုတ်ပြီး “စိတ်မပူပါနဲ့ ဒီကိစ္စကို ငါ့ကိုကိုင်တွယ်ခွင့်ပြုပါ...”
…………
ရှပ်အင်္ကျီအဖြူဝတ်ထားသောဟေးကျောက် သည် မူလတန်းကျောင်းမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
ကျောင်းတံခါးမှ ထွက်လာသောအခါ သူ့တစ်ကိုယ်လုံး အနည်းငယ် တုန်ခါသွားသည်။
မအောင်မြင်ဘူး။
အင်တာဗျူးက ထပ်ပြီးမအောက်မြင်ပေ။
ဟေးတီပြောခဲ့သလိုပဲ ဟေးကျောက် ဟာ ထပ်ခါတလဲလဲ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသောကြောင့်သူ့ရင်တ်ခုလုံးအလွန်နာကျင်နေသည်။
“ငါတကယ်မလုပ်နိုင်တာဖြစ်နိုင်ပါ့မလား”
မိမိကိုယ်ကို ငြင်းဆန်မှုအပြည့်ဖြင့် သူသည် လမ်းပေါ်တွင် လူသေကဲ့သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
“ကလင် ကလင် ကလင်”
ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။
ခဏအကြာတွင် ဟေးကျောက်သည် ဖုန်းကိုင်လိုက်သည်။
“ဟယ်လိုမစ္စတာဟေးကျောက်လား?”
ဖုန်းထဲတွင် အလွန်လေးစားသော အသံတစ်ခု ထွက်ပေါ်လာသည်။
ဟေးကျောက်က “ဟုတ်ပါတယ်၊ မင်းကဘယ်သူလဲ”
“မင်္ဂလာပါ မစ္စတာဟေး! ကျွန်ုပ်သည်အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်း ၏ မန်နေဂျာ ကိုင်ရှောင်ဂျေ ဖြစ်ပါသည်။ သင်၏ ကိုယ်ရေးအကျဉ်းကို လက်ခံရရှိထားပါသည်။ ယခု အင်တာဗျူးဖို့အတွက် အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်းသို့ လာရောက်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ အချိန်ရှိပါသလား။ ?”
ဟေးကျောက်သည်ခဏလောက် ထိတ်လန့်သွားသည်။
အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်း
ဒီကျောင်းက ကျန်ပေ့မြို့ရဲ့ ဇိမ်ခံကျောင်းမဟုတ်ဘူးလား။
ကျောင်းသားတစ်ဦးစီအတွက် သင်တန်းကြေးမှာ ယွမ် ၅၀၀,၀၀၀ ဖြစ်သည်။
အင်တာဗျူး?
ဒီကျောင်းအတွက် အင်တာဗျူးကို တင်သွင်းခဲ့တာလား။
သူသည်ဒီလိုသာတွေးနေပေမယ့် ဟေးကျောက် က “ငါအချိန်ရတယ်။လာခဲ့မယ်’’
ကျောင်းတစ်ခုက သူ့ကို အင်တာဗျူးဖြေဖို့ ဖိတ်ခေါ်နေသရွေ့သူသည်အကောင်းဆုံးကြိုးစားရလိမ့်မည်ဖြစ်သည်။
အင်တာဗျူးမဖြေရင် အခွင့်အလမ်းမရှိနိုင်ပေ။အင်တာဗျူးဖြေရင်တော့ အခွင့်အလမ်းရှိသေးသည်။
ဒါတောင် လူပေါင်းတစ်သောင်းမှာ တစ်ယောက်တောင်ဒီအခွင့်အရေးကိုရမှာမဟုတ်ပေ။
ထို့အပြင် ဟေးကျောက်သည် အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်းကို အချိန်အတော်ကြာအောင် သွားချင်ခဲ့သည်။
သို့သော် အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်းသည် သာမန်လူများ လုံးဝမဝင်ရပေ။
အခု အခွင့်အရေးတစ်ခုရလာလေငည်။
ကိုင်ရှောင်ဂျေက “မင်းဘယ်မှာလဲ။ ငါမင်းကိုလာခေါ်ဖို့ လူတစ်ယောက်ကို ကားမောင်းခိုင်းလိုက်ပးမယ်...”
ဟေးကျောက် က “မဟုတ်တာ မဟုတ်တာ မငါနေရာသိတယ်၊ ဒါကြောင့် ကားစီးပြီးပဲလာလိုက်ပါ့မယ်”
ကိုင်ရှောင်ဂျေ က “ကောင်းပြီ၊ ငါတို့ အက်ဒင်းအင်တာနစ်ရှင်နယ်ကျောင်းမှာနေပြီး မင်းအလာကိုစောင့်နေပါ့မယ်” လို့ မပြောခင် ကိုင်ရှောင်ဂျေ က ခဏတုံ့ဆိုင်းသွားသည်။