အတူတူသွားခြင်း
Vol. 27 Ch. 398
မျက်စိတစ်မှိတ်အတွင်းမှာ ရက်အနည်းငယ်ကုန်လွန်သွားလေသည်။
ထိုနေ့တွင် လင်းဖန်သည် အိပ်ရာထပြီးတာနဲ့ ဂဏန်းနဲ့လုပ်ထားသောဘာဂါနှင့်အမဲကင်စားပြီး လိမ္မော်သီးဖျော်ရည် တစ်ခွက်ကိုသောက်လိုက်သည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် စားပွဲပေါ်ရှိ လက်ကိုင်ဖုန်းက အသံမြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့လင်းယန်ထံမှဖြစ််ဆိုတာကိုသိလိုက်သည်။
လင်းဖန်သည် လုံးဝမတွန့်ဆုတ်ဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
“မင်္ဂလာနံနက်ခင်းပါ။”
ဖုန်းဖြေခလုတ်ကိုနှိပ်ပြီးတာနဲ့ လင်းယန်ရဲ့ သာယာတဲ့ အသံထွက်ပေါ်လာသည်။
ဒီအသံကိုကြားတော့ လင်းဖန်ဟာ စင်ပေါ်မှာနတ်သမီးလေးတစ်ယောက်လိုသီချင်းဆိုနေတဲ့ မြင်ကွင်းကို မတွေးပဲမနေနိုင်ပါ။
ဒါကိုတွေးရင်း လင်းဖန်က သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့သည်။
“ ကောင်းသောနံနက်ခင်းပါ!” လင်းဖန်က ပြုံးပြီးပြောလိုက်သည်။
ထို့နောက် နှစ်ယောက်သား ဖုန်းကနေဟာသအကြောင်းအရာတွေကိုစကားစမြည်ပြောရင်းတစ်ခါတစ်ရံ အချစ်အကြောင်းကိုလဲပြောနေကြသည်။
ခဏအကြာတွင်...
လင်းယန်က “လင်းဖန်၊ ဒီရက်ပိုင်း နင်အားလား။ ဟောင်ကောင်မှာငါကရွှေသံစဉ်ဆုအတွက် လျာထားခံရတယ်။ နေ့လည်ကျရင် ဟောင်ကောင်ကို သွားမှဖြစ်မယ်။”
“မထင်ထားဘူး။ငါရဲ့လင်းယန်က မကြာခင် ဆုရေတာ့မယ်ဆိုတာ။ ငါ့မှာအချိန်မရှိဘူးဆိုရင်တောင်မင်းရဲ့ အောင်မြင်တဲ့ အခိုက်အတန့်တွေကိုကြည့်ရဖို့အတွင်ဆိုငါကအချိန်ပြည့်အားတယ်” လင်းဖန်က ပြောသည်။
လင်းယန်က သူမရဲ့ လွပတဲ့ မျက်နှာပေါ်မှာအပြုံးတွေနဲ့ ပြည့်နှက်နေလေသည်။
သို့သော်လည်း သူမသည် ပါးစပ်ကိုဖွင့်ကာ “နာမည်စာရင်းတင်သွင်းခံရရုံနဲ့ဆုတစ်ခုသေချာပေါက်ရနိုင်တာမဟုတ်ဘူးလေ” ဟု ပြောကြားလိုက်သည်။
“မင်း သီချင်းဆိုတာအရမ်းကောင်းတာကိုဒါကြောင့်ဒိုင်တွေကလဲမင်းကို သေချာပေါက် ဆုပေးလိမ့်မယ်။” လင်းဖန်က ပြောသည်။
မူလက လင်းယန်သည်ကိုယ့်ကို ယုံကြည်ချက်သိပ်မရှိပေ။
သို့သော် လင်းဖန်၏စကားကိုကြားပြီးနောက် တွင်သူမသည်အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ချက်ချင်းပင် ယုံကြည်မှုအပြည့်ရှိလာတော့သည်။
နေ့လယ်။
လင်းဖန်က Cullinan(ကား)ဖြင့်လေဆိပ်ကို မောင်းသွားလိုက်လေသည်။
ဤအခိုက်အတန့်တွင် ဦးထုတ်အဝိုင်းကြီးကိုဆောင်းထားပြီးနှာခေါင်းစည်းနှင့် နေကာမျက်မှန်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် အဝေးတွင် ရပ်နေသည်။
သို့သော်လည်း သူမသည် ကိုယ်ကြပ်ဝတ်ထားလေသည်။
ထို့ကြောင့်သူမ၏ နှင်းဖြူဖွေးဖွေး အသားအရေနှင့် ပြီးပြည့်စုံသော အသွင်အပြင် (OYO)(ဒါကိုနားလည်တယ်မလားဂေါင်ကြီးတို့)ကြောင့် သူမသည် အလွန်လှပသော အလှလေးတစ်ယောက်ဖြစ်ကြောင်း သေချာပေါက် သိမြင်ရန် မခက်ခဲပေ။
သူမကတော့လင်းယန်ပင်ဖြစ်သည်။
လင်းယန်သည် နာမည်ကြီးအဆိုတော်တစ်ဦးဟု ဆိုနိုင်သည်။
တစ်ယောက်ယောက်ကသာမှတ်မိသွားရင်အရမ်းဒုက္ခရောက်သွားမှာသေချာသည်။
အထူးသဖြင့် ကျန်ပေ့ တွင် မှတ်မိနိုင်ခြေသည် အကြီးမားဆုံးဖြစ်သည်။
လင်းယန်သည် ကျန်ပေ့ကနေစတင် နာမည်ကြီးလာသောကြောင့်ဖြစ်သည်။
ဒီမှာကသူမပရိသတ်အများဆုံးရှိလေသည်။
သို့သော်လည်း လင်းဖန်သည် သူမကို တစ်ချက်ကြည့်တာနဲ့မှတ်မိလေသည်ထို့ကြောင့် ရှေ့သို့ လှမ်းကာ သူမ၏ သွယ်လျသောခါးကို ညင်သာစွာ ဖက်လိုက်လေသည်။
လင်းယန်သည်လဲလင်းဖန်ဆိုတာသိသောသောကြောင့်သူမသည်လဲလင်းဖန်ကိုပြန်ကာ ပွေ့ဖက်လိုက်ပြီး “လင်းဖန်နင်ရောက်လာပြီပဲ”
ယေဘူယျအားဖြင့် ပြောရလျှင် အနုပညာရှင်အေးဂျင့်များသည်သူတို့၏အမျိုးသမီး အနုပညာရှင်များကို အမျိုးသားများနှင့် အလွန်အကျွံ ရင်းနှီးစွာ ထိတွေ့စေလိုခြင်း မရှိပေ။
အထူးသဖြင့်တော့ အများသူငြာ နေရာတစ်ခု တွင်ဖြစ်သည်။
ဒါပေမယ့် သူ့ဘေးမှာ ရပ်နေတဲ့ အေးဂျင့် လီဖေးကေတာ့ သူတို့နှစ်ယောက်သား ပွေ့ဖက်နေတာကို မမြင်တဲ့အတိုင်းပြုမူနေလေသည်။
ဘာလို့အဲ့လိုလုပ်လဲဆိုရင်လင်းယန် ကို ပွေ့ဖက်ထားသူသည် လင်းဖန်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
လင်းဖန်သည်ရှောင်းမီအင်တာနက်၏ တကယ့်သူဌေးဖြစ်သည်။
လင်းဖန် က “ဒါတွေဝတ်ရတာ အဆင်မပြေဘူးမလား။ဒါကြောင့်လေယာဉ်ပေါ်ရောက်နဲ့ချွတ်လိုက်ပါ “
လေယာဉ်ပေါ်ရောက်တာနဲ့သူမကိုဖုံးထားတာတွေကိုဖယ်ခိုင်းတာလား။
လေယာဉ်ပေါ်တွင် လူများစွာ သတိပြုမိခြင်းသည် မလိုလားအပ်သော ပြဿနာများကို အလွယ်တကူ ဖြစ်စေနိုင်သည်။
လင်းယန်သည်ဒီလိုတွေးမိပေမယ့်။
သို့သော် သူမက ခေါင်းညိတ်ပြီး “အင်း!”ဟုပြောလိုက်လေသည်။
မူလက လင်းယန် နှင့် လီဖေး သည် လက်မှတ်ကို ကြိုတင်မှာထားပြီးဖြစ်သည်။
သို့ငေါ်လင်းဖန်က သူတို့လတ်မှတ်ကိုပယ်ထားခိုင်းလိုက်ပြီးနင်တို့အတွက်စီစဉ်ပေးထားတယ်လို့ ပြောလိုက်လေသည်။
လင်းယန်နှင့် လီဖေးတို့သည် အနည်းငယ် ပဟေဋိဖြစ်နေကြသည်။
သိရန်……
သူတို့က ပထမတန်းလေယာဉ်လတ်မှတ့်ဖတ်ထားတာပင်ဖြစ်သည်။
လင်းဖန်အစီအစဉ်ထားသည်လဲပထမတန်း ပဲဖြစ်တယ်မဟုတ်ဘူးလား။
သို့သော်လည်း သူမတို့သည်လင်းဖန်၏ ဆုံးဖြတ်ချက်ကိုလိုက်နာခဲ့ကြသည်။အထူးသဖြင့် လင်းဖန်အပေါ် လင်းယန်၏ ခံစားချက်သည် ခြွင်းချက်မရှိ နာခံမှုဟု ဆိုနိုင်သည်။(လင်းဖန်ဘာပြောပြောနားထောင်မယ်လို့ဆိုလိုတာပါ)
ထို့နောက်လင်းဖန် နှင့် လင်းယန် တို့သည် လက်ချင်းချိတ်ကာ ရှဂိုလေကြောင်းလိုင်း ဝန်ဆောင်မှုကောင်တာဆီသို့ လျှောက်သွားလိုက်ကြသည်။
လှပတင့်တယ်သော အသွင်အပြင်ရှိသောလေယာဉ်အမှုထမ်းများစွာသည် သူတို့ကိုမြင်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကြလေသည်။
၎င်းတို့အနက်မှ ချောမောလှပသော လေယာဉ်မယက “မစ္စတာလင်း၊ မင်္ဂလာပါ” ဟု ပြောသည်။
ဒါကိုတွေ့တော့လင်းယန်သည်ဘာမှ မတုံ့ပြန်ခဲ့ပေ။
ဘာကြောင့်လဲ ဆိုတော့ ဒီအချိန်မှာ သူမရဲ့ အတွေးတွေက လင်းဖန်အပေါ် ရောက်နေလို့ပင်ဖြစ်သည်။
သူမဘေးတွင်ရှိနေသည့် လီဖေးသည် သူမမျက်နှာပေါ်တွင် မယံကြည်နိုင်သောအမူအရာကိုပြသနေလေသည်။
သူမသည် လေယာဉ်ကို အကြိမ်များစွာ စီးနင်းခဲ့သောအတွေ့အကြုံများအရဒီလိုကြိုဆိုတာမျိုးသူမတစ်ဘဝလုံးမတွေ့ဖူးပေ။
လင်းဖန်သည် လီဖေး၏ စိတ်ထဲတွင် အတွေးများကို လျစ်လျူရှုလိုက်သည်။ သူက ခေါင်းညိတ်ပြီး “ငါတို့ကို လေယာဉ်ပေါ်ခေါ်သွားပေးပါ”
“ကောင်းပြီ၊ ဒီဘက်ကို့ကြွပါ” လှပသောလေယာဉ်မယ်က ပြောသည်။
မကြာခင်မှာပဲ လင်းဖန်၊လင်းဖန်၊လီဖေးတို့သည်လေယာဉ်ဘူတာသို့ရောက်လာပြီးဘူတာနားတွင်ရပ်ထားတဲ့ Mercedes-Benz မီနီဘတ်စ်ပေါ်တက်လိုက်ကြသည်။(ဘူတာဆိုတာကလေယာဉ်တွေရပ်ထားတဲ့နေရာကိုဆိုလိုတာပါ)
ထို့နောက် မကြာခင်မှာပဲလှပသော လေယာဉ်မယ်နှစ်တန်းနှင့် ဇိမ်ခံလေယာဉ်တစ်စင်းသည်သူတို့ရှေ့တွင် ပေါ်လာသည်။
လင်းဖန်နှင့် အခြားသူများသည် Mercedes-Benz မီနီဘတ်စ်မှ ဆင်းလာသောအခါတွင် လှပသော လေယာဉ်မယ်နှစ်တန်းသည် ခေါင်းကိုငုံ့ကာ “မစ္စတာလင်းကို ဒီလေယာဉ်ကနေကြိုဆိုပါတယ်။ ငါတို့ မင်းကို အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ကြိုးစားသွားမှာပါ”
မကြာသေးမီက သူသည်အီဂယ်နိုင်ငံကို သွားတုန်းက လင်းဖန့က ဒီလိုပုံစံမျိုးကို မြင်ဖူးလေငညယ
ဒါကြောင့် ဒီအချိန်မှာ သူကမအံ့သြပေ။
လင်းယန်၏ နှလုံးသားထဲတွင် လင်းဖန်ကြောင့်ဖြစ်ပျက်နေသောကိစ္စမှန်သမျှဘာပဲဖြစ်ဖြစ် အံ့သြစရာမဟုတ်ဘူးဟုယူဆထားလေငည်။
ထို့ကြောင့် သူမသည်လဲမအံ့သြပေ။
သူ့ဘေးနားရှိ လီဖေးကတော့ အံ့အားသင့်နေသည်။
လေယာဉ်မယ်တွေက ဒီလိုကြိုဆိုမှုမျိုးကို ဘယ်တုန်းက ပေးလိုက်တာလဲ။
လင်းဖန်သည် လင်းယန်၏ ကျောက်စိမ်းလိုလက်ကို ကိုင်ကာ “တက်ရအောင်” ဟု ပြောလေသည်။
လင်းယန်သည် သူမ၏လက်ထဲကနေနွေးထွေးမှုကို ခံစားလိုက်ရသည်။ထို့နောက်သူမက “အင်း!”ဟုပြောလိုက်လေသည်။
လီဖေးသည် သူ့မတို့နောက်သို့ အနီးကပ်လိုက်လာသည်။
လင်းယန်က “လင်းယန်၊ မင်းဦးထုပ်၊ နေကာမျက်မှန်နဲ့ မက်စ့်တွေကို ချွတ်လို့ရပြီ”
လင်းဖန်ပြောတာကိုကြားပြီးနောက်လင်းယန်ကသူမကိုသူမဖုံးထားတာတွေကိုဖယ်ထုတ်လိုက်လေသည်။
ထိုအချိန်တွင် လေယာဉ်အမှုထမ်းတစ်ဦးရောက်လာပြီး “မစ္စတာလင်း၊ အခုမောင်းလို့ရပြီလား” ဟု တိုးတိုးလေးမေးသည်။
လင်းဖန်က “ရပြီ။”
“ကောင်းပြီ။” လေယာဉ်အမှုထမ်းက ပြန်ဖြေပြီး လေယာဉ်ဦးခေါင်းပိုင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
“ဗွမ်း!”
ခဏအကြာတွင် လေယာဉ်တစ်ခုလုံးသည် ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် အရှိန်ပြင်းပြင်းနှင့်မောင်းထွက်သွားလေသည်။
နောက်ဆုံးတွင် လေယာဉ်သည်လေထဲတွင်ပျံသန်းလို့နေလေသည်။
ထို့နောက် လေယာဉ်အမှုထမ်းတစ်စုသည် ပင်လယ်ငှက်သိုက်၊ ထိပ်တန်းအမဲသားကင်၊ ဩစတြေးလျ ပေါင်မုန့်၊ကော့တေး စသည်ဖြင့် ဇိမ်ခံအစားအစာ နှင့် အချိုရည်မျိုးစုံပါသည့် လှည်းငယ်လေးကို တွန်းကာ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
လင်းဖန်သည် ပင်လယ်ငှက်သိုက်ကို ပထမဆုံး မြည်းစမ်းပြီး ခေါင်းညိတ်ကာ “မဆိုးဘူး လင်းယန်၊ မင်းလည်း စားကြည့်သင့်တယ်” လို့ ပြောလိုက်သည်။
လင်းယမ်လဲတစ်လုတ်လောက်စားပြီးတာနဲ့အရမ်းအရသာရှိတယ်ဆိုတဲ့အမူအရာသည်သူမမျက်နှာပေါ်တွင်ပေါ်နေလေသည်။
လီဖေးက သူ့မဘေးနားရှိ ဇိမ်ခံအစားအစာတွေ၊ ဝိုင်တွေ၊ လေယာဉ်တွေကို ကြည့်နေလေသည်။
ထို့အပြင် ၎င်းတို့သုံးဦးအတွက် အကောင်းဆုံးဝန်ဆောင်မှုကို ပေးနေသည့် လေယာဉ်မယ်များသည် သက်ပြင်းချကာ “ဒါက စင်းလုံးလေယာဉ်ငှားခြင်းရဲ့ပျော်ရွှင်မှုပဲ” လို့ ဆိုလိုက်သည်။
လင်းဖန်က ပြုံးပြီး “ငါကဒီလေယာဉ်တစ်စင်းကိုမငှားထားပါဘူး။ငါကရှဂိုလေကြောင်းလိုင်းရဲ့ အကြီးဆုံးရှယ်ယာရှင်မို့ငှားစရာမလိုဘူးလေ''
ဒါကိုကြားတော့လီဖေးသည် ကြောင်တက်တက်ဖြစ်သွားလေသည်။