ဥာဏ်ကြီးရှင်ဆရာဝန်
Vol. 27 Ch. 399
သိရန်……
ရှဂို လေကြောင်းလိုင်းသည် ၎င်းတို့၏ကိုယ်ပိုင်ဖြစ်သောလေယာဉ်တစ်ထောင်နီးပါးရှိသည့် အကြီးဆုံးပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်ပြီး ၎င်း၏ စုစုပေါင်းစျေးကွက်တန်ဖိုးသည်ဘီလီယံ ၁၀၀ နီးပါးရှိသည်။
အကြီးဆုံး အစုရှယ်ယာရှင်များသည်အနည်းဆုံးဘီလီယံဆယ်ဂဏန်းကို ပိုင်ဆိုင်နိုင်မည်ဆိုတာသေချာသည်။
လင်းဖန်သည် ရှောင်းမီအင်တာနက်၏ ပိုင်ရှင်လည်းဖြစ်သည်။
ရှောင်းမီအင်တာနက်၏စျေးကွက်တန်ဖိုးသည်ယွမ်20 ဘီလီယံရှိလေသည်။
လင်းဖန်... သူ့မှာ ပိုက်ဆံဘယ်လောက်တောင်ရှိလိုက်မလဲ။
ဒါတွေက လင်းဖန်အတွက်တော့သေးငယ်တဲ့ ပိုင်ဆိုင်မှုတစ်ခုဆိုတာလီဖေးဘယ်လိုသိမည်နည်း။
လီဖေး၏ အံ့သြမှုနှင့် မှိန်း(မှိန်းနေတယ်ဆိုတာကအံသြလွန်းပြီးတစ်နေရာထဲကိုမျက်တေညင်မခတ်ဘဲကည့်နေတာကိုပြောချင်တာပါ)နေပုံနှင့်နှိုင်းယှဉ်ကြည့်လျှင်လင်စယန်၏အမူအရာသည်သူမ၏အမူအရာခက်တည်ငြိမ်လေသည်။
ဘာကြောင့်လဲဆိုတော့ လင်းဖန်ဟာဖျော်ဖြေပွဲကျင်းပဖို့အတွက် သူ့ကိုယ်တခဲနက် ကြော်ငြာပေးထားတဲ့အဲဂရု၊ ပန်ကူဂရုနဲ့ လက်တာတို့ကကြေညာပေးခဲ့တဲ့ မြင်ကွင်းကို သူမ ဘယ်တော့မှ မေ့မှာမဟုတ်ပေ။
ယွမ်ငွေ သန်းရာနှင့်ချီ၍ ကုန်ကျသော စတိတ်စင်ကိုလည်း တည်ဆောက်ခဲ့သည်။
အခု လင်းဖန်ကိုဟွာရှနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးဖြစ်တယ်လို့ ပြောရင်တောင်မှသူမ တိုက်ရိုက်လက်ခံမှာသေချာသည်။
သိပ်မကြာခင်မှာပဲ အထူးလေယာဉ်ဟာ ဖြည်းညှင်းစွာ ဆင်းသက်ခဲ့သည်။
ဟောင်ကောင်သည် ကျန်ပေ့နှင့်မတူပေ။ ဟောင်ကောင်တွင်ဖျော်ဖြေရေးကဏ္ဍအလွန်တိုးတက်နေသည်။ နေရာတကာမှာတရုတ်နိုင်ငံရဲ့ နာမည်ကြီးတွေကိုတွေ့နိုင်တယ် လို့ ပြောလို့ရသည်။
ယင်းက ဟောင်ကောင်မြို့သူ၊မြို့သားများသည် နာမည်ကြီးကြယ်ပွင့်များကို မြင်သောအခါ အနည်းငယ် အံ့အားသင့်စေရုံသာရှိပီး ၎င်းတို့သည် အရမ်းရူးသွပ်(ရူးသွပ်တယ်ဆိုာကသူတို့ကြေိုက်တဲ့သူမြင်ရင်နာမည်အကျယ်ကြီးခေါ်ပြီးပြေးလိုက်တာကိုပြောချင်တာပါ)ခြင်းမရှိပေ။
ထို့ကြောင့် လင်းယန်သူမသည်လေယာဉ်မှ ဆင်းလိုက်သောအခါ ကျန်ပေ့တွင်ရှိစဉ်ကသူမကိုသူမဖုံးထားကိုမလုပ်တော့ပေ။
လင်းဖန်၊ လင်းယန်နှင့် လီဖေးတို့သည် လေဆိပ်မှ ထွက်လာပြီး Rolls-Royce Phantom(ကား) တစ်စီးကစောစီးစွာ စောင့်ဆိုင်းနေခဲ့သည်။
Rolls-Royce Phantom(ကား)နှင့်အတူ မိနစ်နှစ်ဆယ်ခန့်အကြာတွင်၊ ဟောင်ကောင်ရှိ အကြီးဆုံးနှင့် ခမ်းနားသော ပန်နီလာ ဟိုတယ်သည် သူတို့ရှေ့တွင် ပေါ်လာဆလသည်။
ဟိုတယ်ယ်ဝန်ထမ်း၏ လမ်းညွှန်မှုအောက်တွင် လီဖေး သည် အမှတ် 2 ပန်နီလာအခန်းတွင် နေထိုင်ခဲ့သည်။
ကျယ်ဝန်းပြီး ဇိမ်ခံခန်းကို သူမ ကြည့်လိုက်သောအခါအရမ်းပျော်ရွှင်သလိုခံစားလိုက်ရသည်။
ပန်နီလာဟိုတယ်တွင် တည်းခိုခွင့်ရသည့်အတွက် သူမ အလွန်ပျော်ရွှင်ခဲ့ရသော်လည်း သူမသည် VIPတွင် တည်းခိုမည်ဟု မထင်ခဲ့ပေ။
သင်သိသ့်သည်။ထိုသို့သောအခန်းတစ်ခန်းအတွက်နေ့စဉ်အခန်းခမှာ ယွမ် ၁၀၀,၀၀၀ ဖြစ်သည်။
လင်းဖန်သည် လီဖေး၏ အတွေးများကို ဂရုမစိုက်။ သူနှင့် လီဖေးသည် နံပါတ် 1 ပန်နီလာ အခန်းသို့ ရောက်ရှိနေပြီဖြစ်သည်။
လင်းဖန်သဘာဝအားဖြင့်လင်းယန်နှင့် လွတ်လွတ်လပ်လပ်နေချင်သည်။
သို့သော်လီဖေးသည် လင်းယန်၏ အေးဂျင့်ဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ယနေ့ကာလတွင် ဆွေးနွေးညှိနှိုင်းရန် အလုပ်အချို့ရှိကောင်းရှိနိုင်သည်။
ထို့ကြောင့်သူတို့သည်လီဖေးနားမှာနေထိုင်ခြင်းဖြစ်သည်။
အခန်းခက တစ်ညကို 100,000 ဆိုတာကသူ့အတွက်တော့ဘာမှမဟုတ်ပေ။ပြီးတော့ဒီစျေးနဲ့လဲတန်တယ်လို့ဆိုရမဘ်ဖြစ်သည်။
ပန်နီလာဟိုတယ်၏ ပန်နီလာ နံပါတ် 1 ၏ အလှဆင်မှုသည် ပန်နီလာဟိုတယ်တစ်ခုလုံးတွင် ဇိမ်အရှိဆုံးအခန်းဟု ဆိုနိုင်သည်။
အီတလီနိုင်င်ငံမှCs(ဆိုဖာတံဆပ်)ဆိုဖာများ၊ စားပွဲနှင့် ကုလားထိုင်..... ဟောင်ကောင်မြို့၏ ရှုခင်းကိုလဲကည့်နိုင်ပြီးရှုခင်းကိုတစ်ချက်ကြည့်လိုက်ခြင်းဖြင့် လူများကို စိတ်အေးလက်အေး ဖြစ်စေပြီး အိမ်မှာနေသကဲ့သို့ခံစားမှုကို ပေးစွမ်းနိုင်သည်။
မိသားစုလား?
လင်းယန်သည် ဤစကားလုံးကို ရေရွတ်ပြီးနောက် လင်းဖန်ထံသို့ ဖြည်းညှင်းစွာ မချဉ်းကပ်ဘဲမနေနိုင်ပေ။
( ̄ε ̄)
( ̄3)(ε ̄)
…………
မျက်စိတစ်မှိတ်အတွင်းမှာ သုံးနာရီဟာကုန်လွန်သွားတော့သည်။
ဒီအချိန်မှာ ကောင်းကင်ကြီးက မှောင်နေပြီဖြစ်သည်။
လင်းဖန်နှင့် လင်းယန်တို့သည် ရေချိုးပြီး အဝတ်အစားလဲပြီးနောက် ပန်နီလာဟိုတယ် တွင် အစားအသောက်အနည်းငယ်ကိုစားလိုက်ကြသည်။
ပြီးနောက်သူတို့သည်ဟောင်ကောင်မြို့ကိုစတင်လည်ပတ်တော့သည်။
ဟောင်ကောင်မြို့ကို စျေးဝယ်နတ်သူ
ဒ္ဓ(ပစ္စည်းစုံတာကိုပြောချင်တာပါ)လို့ ခေါ်ထိုက်တယ်လို့ ပြောရမည်ဖြစ်သည်။
ကျန်ပေ့မြို့တော်ဖြစ်ပြီး စျေးဝယ်စင်တာကြီးများစွာရှိသည်။
သို့သော် ဟောင်ကောင်မြို့နှင့် နှိုင်းယှဉ်ပါကကျန်ပေ့မြို့သည် အနည်းငယ် အရေးမပါလှတော့ပေ။
ဟောင်ကောင်မြို့ရှိလမ်းတိုင်းလိုလိုတွင် စျေးဝယ်စင်တာကြီးများရှိပြီး LV နှင့် အခြားဇိမ်ခံပစ္စည်းများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။
စျေးဝယ်ခြင်းဆိုသည်မှာ အမျိုးသမီးတစ်ဦး၏ သဘောသဘာဝဖြစ်သည်။
ဖို့ကြောင့်လင်းယန်တောင်မှခြွင်းချက်မဟုတ်ပေ။
သူမသည် စတိုးဆိုင်တစ်ခုစီသို့ လျှောက်သွားကာ အဆက်မပြတ်မေးမြန်းပြီးသူမ၏ လှပသော မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက်နေသည်။
လင်းဖန်သည်လင်းယန်နှစ်သက်သောအရာများကိုအရာများကို ဝယ်ယူရန် တုံ့ဆိုင်းမနေပေ။
တစ်နာရီလောက် ဈေးဝယ်ပြီးတောင်ယွမ် ၂ သန်းကုန်ကျခဲ့သည်။
…………
တရုတ်နိုင်ငံတွငိဇိမ်ခံအိမ်သုံးလုံးရှိသည်ဟု အချို့ကပြောကြသည်။
တစ်ခုမှာ ပေကျင်းရှိရှိ ပင်လယ်ကူး ချော်ရည်အိမိဖြစ်ပြီး၊ ဒုတိယ မှာ ဟောင်ကောင်မြို့ရှိ တောင်ပေါ်အိမ်ကြီး ဖြစ်ပြီး တတိယမှာ မှော်မြို့တော်ရှိ ဒန်နန်းတော် ဖြစ်သည်။
ယခုအချိန်တွင် ဟောင်ကောင်ရှိ တောင်ကုန်းပေါ်ရှိ ဗီလာတွင်၊
လူများစွာ စုဝေးကြပြီး ၎င်းတို့၏မျက်နှာများမှာလည်း ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။
ဝမ်းလြင်းအများစုသည်တန်မိသားစုမှဖြစ်သည်။
လီချမ်ရိုသည် ဟောင်ကောင်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဟု အချို့က ဆိုကြသည်။
တကယ်တော့ ဒီထုတ်ပြန်ချက်ဟာ မတိကျပါဘူး။ အမှန်တော့လီချမ်ရိုသည် ဟောင်ကောင်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်သည်။
တန်မင်းယွင်ကလဲသူနဲ့အတူတူပင်ဖြစ်သည်။
တန်မင်းယွင်သည် အလွန်နိမ့်ချစွာနေလေသည်။
သို့သော်လည်း သူ့တွင် လီချမ်ရို ထက် အာဏာနှင့်ငွေကြေးမနည်းလှပေ။
ယနေ့တွင် ဒီလိုချမ်းသာကြွယ်ဝသော အဘိုးအိုသည် ရုတ်တရက် နာမကျန်းဖြစ်ခဲ့သည်။
“ဘာဖြစ်နေတာလဲ မသိဘူး။”
“အဘိုးကြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။”
“ငါရောပဲ။”
…………
ခန်းမထဲတွင်၊ ဆွေးနွေးသံများနှင့် သက်ပြင်းချသံများသာရှိကြသည်။
ဒီအချိန်မှာ အပြင်မှာ ခြေသံများထွက်ပေါ်လာသည်။
ထို့နောက် လူနှစ်ယောက် ဝင်လာသည်။
၎င်းတို့ကိုမြင်ပြီးနောက်တွင် တက်ရောက်လာသူအားလုံးက “မင်္ဂလာပါ ဆရာကြီး ဇောင်’’ ဟု တလေးတစား နှုတ်ဆက်လိုက်ကြသည်။
ဤအဘိုးကြီးမှာ ပေကျင်းရှိ ဇောင်မိသားစုမှ ဇောင်တန်ဖြစ်သည်။
သူ့ဘေးက သက်လတ်ပိုင်းအရွယ် အမျိုးသားကတော့ ဇောင်မိသားစုရဲ့ဇောင်စန်းဟိုင် ဖြစ်သည်။
လူအိုကြီးဇောင်သည် လူတိုင်းထံမှ နှုတ်ခွန်းဆက်စကားများကို ဂရုမစိုက်ဘဲ “လာတန်မင်းယွင်ကျန်းမာရေး ဘယ်လိုနေလဲ” ဟု ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။
တန်ဟွမ်အမည်ရှိ အမျိုးသားတစ်ဦးက သက်ပြင်းချပြီး “မနက် ၂ နာရီမှာ သူ ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ပြီး အဲ့ကနေပြန်မနိုးတော့ဘူး။ ဆရာဝန်က သူ့ကို ကယ်ဆယ်ဖို့ ကြိုးစားနေတုန်းပဲ” ဟု ပြောလိုက်သည်။
အဘိုးကြီးဇောင်က သူ့ရှေ့က တံခါးကို စိုက်ကြည့်ပြီး စကားအများကြီး မပြောတော့ပေ။
သို့သော် သူ့သည် အလွန်စိုးရိမ်နေသည်။
ဒီလိုမှမဟုတ်ရင် သူ့သည် ဟောင်ကောင်ကို တမင်တကာ တမင်တကာ ခရီးထွက်ခဲ့မှာ မဟုတ်ပေ။
နာရီဝက်လောက်အကြာတွင်အခန်းတံခက ဖြည်းဖြည်းချင်းဖွင့်လာခဲ့သည်။
ထို့နောက် ဆရာဝန် သုံးယောက် မောပန်းသောပုံစံဖြင့်ထွက်လာကြသည်။
ခန်းမထဲမှာ စောင့်နေတဲ့ လူတွေက ကမန်းကတန်း ဝိုင်းဖွဲ့ပြီးဆရာဝန်သုံးယောက်အားမေးကြတော့သည်။
တန်ဟွမ်က စိုးရိမ်သောလေသံဖြင့်”အဘိုးအိုအဆက်ပြေတယ်မလး”
ဆရာဝန်သုံးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသော်လည်း သို့သော်ငူတို့ စကားမပြောဝံ့ကြပေ။
တန်ဟွမိက “ပြောလေ!”
အလယ်မှာရပ်နေတဲ့ ဆရာဝန်က “မင်းအဖေရဲ့ အခြေအနေက အရမ်းဆိုးတယ်။ မင်း စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားသင့်တယ်” လို့ ပြောလိုက်သည်။
ဒီစကညးပြေညပြီးတာနဲ့ အခင်းဖြစ်ပွားရာနေရာမှာ အော်ဟစ်ငိုကြွေးသံမေားအလိုလိုထွက်ပေါ်လာကြတော့သည်။
“အဖေ...”
“မလုပ်ပါနှင့်!”
ဇောင်တန်၏ မျက်လုံးများသည်လည်း အနည်းငယ်နီနေသည်။
တစ်စုံတစ်ယောက်က “အခြားနည်းလမ်းရှိရမယ်၊ ရှိရမယ်”
“ဟုတ်တယ်!”
…………
တန်မင်းယွင်သည် တန်မိသားစုကိုအလွန်ကောင်းစွာဆက်ဆံခဲ့သဖြင့်သူတို့ဒီစကားကိုသည်းမခံနိုင်ပေ။
ဒုတိယအနေဖြင့် တန်မိသားစုအတွက် တန်မင်းယွင်သည်အလွန်အရေးကြီးသောသူဖြစ်သည်။အကယ်၍ သူသာ ဆုံးသွားခဲ့ပါက တန်မိသားစုတစ်ခုလုံးသည် ဆိုးရွားသော အကျပ်အတည်းကို ရင်ဆိုင်ရပေလိမ့်မည်။
ဇောင်တန်မှာလဲ အကြံအစည်များမရှိပေ။
ဒီသူငယ်ချင်းဟောင်းကို ထားခဲ့ဖို့ သူတကယ် ဝန်လေးနေခဲ့သည်။
ဆရာဝန်သွားပြတာလား။
ဇောင်တန်၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
ခဏအကြာတွင်...
ဇောင်တန်သည် နောက်ဆုံးတွင် သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး လင်းဖန်၏အမည်ကို ရှာဖွေလိုက်သည်။
သူ ပါးစပ်ကိုဖွင့်ပြီးနောက် “အားလုံးပဲတိတ်တိတ်နေကြပါ။သူလာဖို့အချိန်ရှိမရှိကိုသိဖို့ ဉာဏ်ကြီးရှင်ဆရာဝန်ကိုငါဆက်သွယ်နေတယ်!”