← Chapters

တောင်ထိပ်ဗီလာနံပါတ်1

Vol. 27 Ch. 400

တောင်ထိပ်ဗီလာနံပါတ်1

Vol. 27 Ch. 400

ဇောက်တန် ၏ အသံ ဆုံးသည်နှင့်အမျှ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူသည် ဇောင်မိသားစုမှ လူအိုကြီးဇောင်တန် ဖြစ်သည်။

သူက ဉာဏ်ကြီးရှင် ဆရာဝန်လို့ပြောကတည်းက...သူကအရမ်းအံ့သြစရာကောင်းတဲ့ ဆရာဝန်ဖြစ်မှာသေချာလေသည်။

တခြားပါတီက အဘိုးအိုကို တကယ်ပဲ ကယ်တင်နိုင်လောက်သည်။

ဒါကိုတွေးရင်း လူတိုင်းက ဇောင်တန် ကို မျှော်လင့်နေတဲ့ မျက်လုံးတွေနဲ့ မျှော်ကြည့်နေကြတော့ငည်။

နောက်ဆုံးတွင်ဇောင်တန်က ဖုန်းခေါ်လိုက်သည်။

ခဏအကြာတွင် ဖုန်းကို ချိတ်ဆက်လိုက်သည်နှင့် လင်းဖန် ၏ ပြတ်သားသော အသံသည် အတွင်းမှ ထွက်ပေါ်လာသည်။

“အဘိုးဇောင်၊ ဒီနေ့ ငါ့ကို ဘာလို့ခေါ်ဖို့ စဉ်းစားလိုက်တာလဲ”

ဇောင်တန် မှာ မလိုအပ်ပြွးအဓိပ္ပါယ်မရှိတာကိုမပြောတော့ပဲ “လက်းဖန် တစ်ယောက်ယောက်ကို ကယ်ပေးဖို့ ဟောင်ကောင်ကို လာဖို့ အချိန်ရှိလားမသိဘူး” လို့ ပြောလိုက်ငည်။

လင်းဖန်က “ဟောင်ကောင်ကို လာရမှာလား။”

ဇောင်တန်က “ ဒီတောင်းဆိုချက်က နည်းနည်းရှက်စရာကောင်းတယ်ဆိုတာငါသိပါတယ်”

“ဒါပေမယ့် ငါလဲမတတ်နိုင်လို့သာမကူညီတောင်းရတာပါ”

“သူက ကျွန်တော့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်။”

“ကျွန်တော် သူ့ကို ဒီအတိုင်း ထားမသွားခိငြ်းစေချင်ဘူး”

လင်းဖန်က “လူအိုကြီးဇောင်မင်းနားလည်မှုလွဲနေပြီ၊ ငါ အခုလာခဲ့မယ် ၊ မင်းဘယ်မှာလဲ”

လင်းဖန်သည် သူ၏ကြင်နာမှုကို ပြန်လည်ပေးဆပ်တတ်ဖြစ်ပြီး ဇောင်တန်သည် သူ့ကို အကြိမ်ကြိမ်ကူညီခဲ့သည်။

ယခု ဇောင်တန်သည်တောင်းစရာတစ်ခုရှိနေသဖြင့် လင်းဖန်သည် သဘာဝအတိုင်း ငြင်းမည်မဟုတ်ပေ။

ဇောင်တန် သည် ဤစကားကိုကြားသောအခါ ဝမ်းသာအားရဖြစ်သွားလေသည်။

လင်းဖန် လာဖို့ ဆန္ဒရှိနေသည်။

ဆိုလိုတာကလူအိုကြီးတန်ကို ကယ်တင်နိုင်ပြီလို့ဆိုလိုတညမဟုတ်ဘူးလား။

သိရန်……

ဇောင်တန်ကိုယ်တိုင်လည်း လင်းဖန်ဆီကယ်တင်ခြငကိုခံခဲ့ရသည်။

ကယ်တင်ခြင်းခံရရုံသာမက လင်းဖန်ကြောင့်သူ့တွင်ရှိသောအခြားရောဂါများကိုလည်း ပျောက်ကင်းစေခဲ့သည်။

လွန်ခဲ့သည့်လအနည်းငယ်ကပင် သူ့တစ်ကိုယ်လုံးသည် နှစ်ပေါင်းများစွာငယ်သည်ဟုပင် ခံစားခဲ့ရသည်။

ထို့အပြင်၊ဇောင်တန်သည် လင်းဖန်မည်သူမည်ဝါဖြစ်သည်ကို သိရှိသည့် တရုတ်နိုင်ငံရှိ လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

နဂအဖွဲ့၏ ၁၀အဖွဲ့မြောက်၏ခေါင်းဆောင်လဲဖစ်ပြီးသူသင်္ချာပုစ္ဆာပေါင်းများစွာကိုဖြေရှင်းခဲ့ပြီး ကျူဝမ်မင်၏မြေးအသက်ကိုကယ်တင်ကာ ငလျင်ကြိုတင်ခန့်မှန်းစက်အား တီထွင်ခဲ့သူဖြစ်သည်။

ဒါတွေအားလုံးက လင်းဖန်ဟာ အရမ်းတော်တယ်ဆိုတာ ပြနေတာပင်ဖြစ်သည်။

ဤအချက်ကြောင့် ဇောင်တန်သည် လင်းဖန်အား ယဉ်ကျေးစွာပြောခြင်းဖြစ်သည်။

ဇောင်တန်က ကမန်းကတန်းပြောလိုက်သည်။”မင်းအတွက် လက်မှတ်တစ်စောင်ကို တစ်ယောက်ယောက်က နေပေးခိုင်းလိုက်ပြီး မငကိုလေဆိပ်ထိလိုက်ပို့ခိုင်းလိုက်မယ်”

လင်းဖန်က “မလိုတော့ပါဘူး။ကျနော်အခု ဟောင်ကောင်မှာနေနေတာ။ တည်နေရာကို ပြောပြရင် ကျနော်တိုက်ရိုက်လာခဲ့ပါ့မယ်”

ဇောင်တန်သည်ခဏတာ အံ့အားသင့်သွားသည်။

မကြာခင်မှာပဲ သူအရမ်းပျော်သွားပြီး “ကောင်းလိုက်တာ၊ ငါတို့က တောင်ထိပ်က ဗီလာတစ်ခုထဲမှာ ရှိနေတယ်” လို့ပြောလိုက်သည်။

တကယ်တော့​လင်းဖန် က လာဖို့ သဘောတူလိုက်သောအခါ ဇောင်တန်သည် သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေသေးသည်။

သူသည်လင်းဖန်ရဲ့ ဆေးပညာကျွမ်းကျင်မှုကို သံသယမ၀င်ပေ။

သို့သော် လင်းဖန်ရောက်လာသောအခါ တန်မင်းယွင်သေဆုံးနေပြီဖြစ်မည်ကို သူစိုးရိမ်နေခဲ့တာပင်ဖြစ်သည်။

ကျန်ပေ့သည် ဟောင်ကောင်နှင့် အနည်းငယ်ဝေးသည်။

သို့သော်လည်း ဇောင်တန်ကလင်းဖန်သည် ဟောင်ကောင်တွင် ရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။

ဤသည်မှာ သေချာပေါက် သတင်းကောင်းပင်ဖြစ်သည်။

ဖုန်းချသွားပြီးနောက်လင်းဖန်က လင်ယန် ကို “သူငယ်ချင်းတစ်ယောက် နေမကောင်းဖြစ်နေလို့ သွားကြည့်ဖို့...လိုနေတယ်အဲ့ဒါ...”

လင်းယန်က “ဒါဆို မင်း မြန်မြန်သွားလေ”

ထို့နောက် သူမသည် တုံ့ဆိုင်းပြီးပြောလိုက်သည်။”ကျွန်မလဲအဲဒီကို အတူတူသွားလို့ရမလား”

လင်းဖန်က ပြုံးပြီး “ရပါတယ်!”

ထို့နောက်ပန်နီလာဟိုတယ် ၏ ယာဉ်မောင်းကို ခေါ်လိုက်သည်။

ခဏအကြာတွင် Rolls-Royce (ကား) သည် သူ့တျု့ရှေ့တွင် ချောမွေ့စွာ ရပ်သွားသည်။

လင်းဖန်သည် သူဝယ်လာသမျှ အိတ်ကြီးငယ် အားလုံးကို ကားထဲသို့ ထည့်လိုက်သည်။

ထို့နောက် ယာဉ်မောင်းအား “တောင်ထိပ်ဗီလာ1” ဟုပြောသည်။

ကားမောင်းသူ အံ့အားသင့်သွားသည်။

သာမန်လူတော်တော်များများက အဝေးကနေတောင်ထိပ် ဗီလာကိုရှုခင်းကြည့်ဖို့လာကြသည်။

တောင်ထိပ်ဗီလာတွင် နေထိုင်သော လူများ အားလုံးမှာ ကြီးမြတ်သူများ ဖြစ်သည်ကို ကားသမားက သိသည်။

အထူးသဖြင့် ဗီလာနံပါတ် 1 သည် ဟောင်ကောင်ကျွန်းရှိ စူပါပါဝါနှစ်ခုထဲမှ တစ်ခုဖြစ်သည့် တန်မိသားစု၏ နေထိုင်ရာဖြစ်သည်။

အခု ဒီဧည့်သည် ဘယ်သွားတာလဲ။

ယာဉ်မောင်းက “တောင်ထိပ်ဗီလာ1ခ”

“ဟုတ်ပါတယ်” လင်းဖန်က ပြောသည်။

ကားမောင်းသူသည်လင်းဖန်၏ပြောစကကို ရရှိပြီးနောက်တွင် သူသည် လင်းဖန်ကိုပိုပြီးရိုသေလာခဲ့ငည်။

နာရီဝက်ခန့်အကြာတွင် တောင်ထိပ်ပေါ်ရှိ အလွန်တင့်တယ်သော အိမ်ကြီးတစ်လုံး အရှေ့ဘက်တွင် ပေါ်လာသည်။

ထိုအချိန်တွင် ကြံ့ခိုင်သန်မာသော လုံခြုံရေး အစောင့်နှစ်ဦးက ဖြတ်လျှောက်လာပြီး “ခွင့်လွှတ်ပါ၊ မင်းက ဘယ်သူလဲ၊ ဒီမှာ တစ်ခုခု ရှိလို့လား။”

အကယ်၍ အခြားနေရာ၌ လုံခြုံရေးအစောင့်တစ်ဦးသာ Rolls-Royce Phantom(ကား)မှ ထွက်လာသည်ကို တွေ့ရပါက၊ သူတို့သည် အလွန်ယဉ်ကျေးပြီးကထဲကထွက်လာသူကျေနပ်စေရန် အစွမ်းကုန် ကြိုးစားမည်မှာသေချာသည်။

သို့သော်လည်း တောင်ထပ်ဗီလာနံပါတ် 1 တွင် Rolls-Royce Phantom(ကာ)သည် ဘာမှမဟုတ်ပေ။

လုံခြုံရေးအစောင့်များသည် ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခြင်းမပြုမီ အချင်းချင်းသတိရှိလိုက်ကြသည်။

လင်းဖန်သည် ပြန်ပြောခါနီးတွင် လူအုပ်ကြီးသည် ပေါ်လာလေသည်။

ခေါင်းဆောင်မှာ ဇောင်မိသားစုမှ အဖိုးအို ဇောင်တန်ဖြစ်သည်။

“လင်းဖန်၊ မင်းဒီကို မကြာခင်ရောက်လာဖို့ကိုငါမမျှော်လင့်ထားဘူး။ လူအိုကြီးတန်ကို အခုကယ်နိုင်ပြီ!” ဇောင်တန်က ဝမ်းသာအားရပြောသည်။

အနောက်တွင် ရပ်နေသော တန်မိသားစုမှ လူတိုင်းသည် ထိုစကားကိုကြားပြီး အနည်းငယ် ထိတ်လန့်သွားကြသည်။

ဤလူငယ်သည် ဇောင်တန်၏ပါးစပ်မှထွက်သော ဉာဏ်ကြီးရှင်ဆရာဝန်ဖြစ်ကြောင်း ကို၏စကားများမှတစ်ဆင့်အလွယ်တကူ နားလည်နိုင်သည်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဉာဏ်ကြီးရှင် ဆရာဝန်တစ်ယောက်လား။

ဒါက ဇောင်တ်် ရဲ့ အကြံပြုချက်လည်း ဖြစ်သည်။ အခြားသူတစ်ဦးက ၎င်းကို အကြံပြုပါက တန် မိသားစုမှ လူတိုင်းသည် တစ်ဖက်လူကို အော်ဟစ်ဆဲဆိုမည်မှာသေချာသည်။

ဇောင်တန်က အဲဒီလောက်ကို လျစ်လျူရှုပြီး “လင်းဖန်၊ အချိန်က အရေးကြီးတယ်၊ ဒါကြောင့် ငါက မယဉ်ကျေးတော့ဘူး၊ မြန်မြန်ဝင်ရအောင်”

လင်းဖန်က “ကောင်းပြီ။”

ခဏကြာတော့ အားလုံးက ခန်းမထဲကို ရောက်လာကြသည်။

လင်းဖန် က လင်းယန်ကို “ငါလူနာကို အရင်သွားကြည့်လိုက်အုံးမယ်။ မင်းနဲ့မစ္စတာဇောင်က အပြင်မှာ ခဏစောင့်ပေးပါ’’

လင်းယန်က ခေါင်းညိတ်ပြီး “ကောင်းပြီ။”

တန်ခိုင်လို့အမည်ပေးထားတဲ့ အရပ်ရှည်ရှည်ပိန်ပိန်လူလတ်ပိုင်းတစ်ယောက်ဟာ လင်းဖန်အခန်းထဲကို လျှောက်သွားခါနီးမှာ “မစ္စတာလင်း၊ ငါတို့မှာ ဆရာဝန်တချို့ရှိတယ်၊ မင်းနောက်လိုက်ဖို့ လိုသေးလား”

စကားပြောနေရင်း သူ့ဘေးက ဆရာဝန်သုံးယောက်ကို လက်ညှိုးထိုးပြလိုက်သည်။

လင်းဖန်သည် ဇောင်မိသားစုမှ လူအိုကြီးဇောင် မှ ခေါ်သော ဉာဏ်ကြီးရှင် ဆရာဝန်ဖြစ်သည်။

ဇောင်တန်က သူ့အဖေကို ဘယ်တော့မှ ဒုက္ခမပေးဘူးဆိုတာကိုလည်း သူသိသည်။

သို့သော် လင်းဖန်သည် ငယ်လွန်းသည်။

လင်းဖန်က သူ့အတွေးများကို ဘာကြောင့် နားမလည်ပဲနေမည်နည်း။

ထို့ကြောင့်သုကအေးအေးဆေးဆေးပြောတလိုက်သည်။”မလိုပါဘူး၊ ငါရောဂါကို ကုသနိုင်တယ်၊ကုသတဲ့အချိန်တခြားသူတွေအနားမှာ မနေခိုင်းချင်ဘူး။ ငါတစ်ယောက်တညဆို လုံလောက်ပြီ။”

တန်ခိုင်က တစ်ခုခုထပ်ပြောချင်နေပုံရသော်လည်း တန်မိသားစု၏ တန်ဟွမ် က ရပ်တန့်လိုက်သည်။

ထို့နောက် တန်ဟွမ် က အနည်းငယ် ငုံ့ကာ “မစ္စတာလင်း၊ ငါ့အဖေ ကယ်ပေးပါ” လို့ အသနားခံတဲ့ လေသံနဲ့ ပြောလိုက်သည်။

သူ့လေသံက အရမ်းရိုးသားသောကြောင့်လင်းဖန်က အနည်းငယ် ခေါင်းညိတ်ပြီး “စိတ်မပူပါနဲ့” လို့ပြောလိုက်သည်။

စကားပြောပြီးနောက် ခန်းမရှိလူတိုင်း၏ အကြည့်အောက်တွင် သူသည် အခန်းဆီသို့ လမ်းလျှောက်လာခဲ့သည်။

All Chapters