← Chapters

ကယ်တင်ခြင်း

Vol. 27 Ch. 401

ကယ်တင်ခြင်း

Vol. 27 Ch. 401

“ကြီ’’

အသံတိုးတိုးလေးဖြင့်တံခါးကိုဖွင့်ပြီးနောက်တံခါးကိုပြန်ပိတ်လိုက်လေသည်။

…………

ဤအခန်းသည် 100 စတုရန်းမီတာခန့်ရှိပြီး အလွန်ကျယ်ဝန်းလှသည်။

လေထဲမှာလဲဆေးနံ့တွေနဲ့ပြည့်လို့နေသည်။

ကုတင်ကြီးပေါ်တွင် ပိန်လှီသောမျက်နှာနှင့် အဘိုးအိုတစ်ဦး အိပ်နေလေသည်။

ထင်ရှားသည်မှာ သူသည် တန်မင်းယွင် ဖြစ်တယ်ဆိုတာပင်ဖြစ်သည်။

တန်မင်းယွင်သည် ၎င်း၏နှာခေါင်းပေါ်တွင် အောက်ဆီဂျင်မျက်နှာဖုံးကို ၀တ်ဆင်ထားပြီး သူ့ဘေးနားရှိ လျှပ်စစ်ဓာတ်မှန်ရိုက်စက်မှာ လဲတဖြည်းဖြည်း ပြောင်းလဲလာသည်။

တန်မင်းယွင်၏ အခြေအနေသည် အလွန်ဆိုးရွားကြောင်း ပြသ​နေသည်။

လင်းဖန်သည် ခဏတာ ငြိမ်သက်စွာ ကြည့်ပြီးနောက် တန်မင်းယွင်၏ ပိန်လှီသော လက်ကောက်ဝတ်ပေါ်တွင် သူ့လက်ချောင်းကို တင်လိုက်သည်။

တစ်မိနစ်လောက်ကြာတော့ လင်းဖန်က သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်သည်။

“ပုံမှန် ကုသမှု နဲ့ သက်သာလာဖို့ကအနည်းဆုံး နှစ်လလောက် အချိန်ယူရလိမ့်မယ်”

လင်းဖန်သည် ဆေးဘုရင်၏ ပညာနှင့်အတွေ့အကြုံ ရှိသည်။

ဒါတောင် နှစ်လလောက် အချိန်ယူရဦးမည်ဖြစ်သည်။ တန်မင်းယွင်ကွယ်လွန်မည်ဟု ပြောခြင်းသည် ချဲ့ကားခြင်းမဟုတ်ပေ။

လင်းဖန်က “ဒါက ဒုက္ခပဲ ဒါဆို ဆေးရေကိုပဲသုံးလိုက်ရအောင်”

အဲဒီနောက်မှာတော့ လင်းဖန်က ယွမ် ၁၀ သန်းကို တိုက်ရိုက်အသုံးပြုပြီး ဆေးရေကို ဝယ်ယူလိုက်သည်။

ထို့နောက် တန်မင်းယွင် ၏ အောက်ဆီဂျင်မျက်နှာဖုံးကို ချွတ်ကာ ပါးစပ်ထဲသို့ ဆေးရေများလောင်းထည့်ပေးလိုက်သည်။

ဆေးကုသမှုခံယူပြီးနောက်...

ECG(ဇာတ်ကားတွေမှာတွေ့ရတဲ့အဖြူရောင်စက်ကနေသွေးခုန်၊ဘာညာစတာကိုပြတာပါ)သည် တဖြည်းဖြည်းတိုးလာသည်ကို တွေ့ရပါသည်။

ထို့နောက် တန်မင်းယွင်၏ မျက်နှာပေါ်တွင် သွေးရောင်ပြန်လွှမ်းလာခဲ့သည်။

ချက်ခြင်းပင် မလှုပ်မယှက်ဖြစ်နေသောခန္ဓာကိုယ်က အနည်းငယ် လှုပ်သွားဆလသည်။

နောက်ဆုံးတွင်တန်မင်းယွင်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

ထို့နောက်သူက မျက်နှာကျက်ကို အရင်ကြည့်လိုက်လေသည်။

ထို့နောက် သူ့အကြည့်က လင်းဖန်ထံသို့ရောက်သွားလေသည် ။

“မင်းက?” တန်မင်းယွင် က မေးလိုက်သည်။

“ကျုပ်နာမည်က လင်းဖန်ပါ၊ ဇောင်မိသားစုက လူအိုကြိးက မင်းကို ကယ်တင်ဖို့ တောင်းဆိုလို့ကယ်ပေးတာပါ” လင်းဖန်က ပြောလိုက်သည်။

“လူအိုကြီးဇောင် က အရမ်းစိတ်ဝင်စားဖို့ကောင်းသွားပြီပဲ ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်လူငယ်လေး’’ Tတန်မင်းယွင်က နောက်ပြောင်သောပုံစံဖြင့် ပြောလိုက်သည်။

“ငါအပြင်ကလူတွေကိုပြောလိုက်တော့မယ်။သူတို့လဲလူအိုကြီးတန်ကိုစိုးရိမ်နေကြ​တာမို့ပါ” လင်းဖန်က ပြောသည်။

စကားပြောပြီးနောက်အခန်းတံခါးကို ဖွင့်လိုက်လေသည်။

တံခါးဖွင့်သည်ကို တွေ့လိုက်သည်နှင့် အားလုံးက အခန်းထဲသို့ လှမ်းကြည့်လိုက်သည် ။

ဇောင်တန် က “လူအိုကြီးတန်အခြေအနေဘယ်လိုလဲ” ဟု မေးလိုက်သည်။

လင်းဖန်က “ကောင်းသွားပါပြီ။သူအခုနိုးနေပြီ၊မင်းသူ့ကိုသွားကြည့်လို့ရတယ်”

ကောင်းသွားပြီ။

နိုးနေပြီလား။

တကယ်တော့လင်းဖန်က အခန်းထဲကို ဝင်သွားတာ အခုအချိန်အထိဆိုမိနစ်အနည်းငယ်ပဲကြာသေးတာဖြစ်သည်။

အပြင်းဖျားနေသူကို မိနစ်အနည်းငယ်အတွင်း ပျောက်ကင်းအောင်ကုသနိုင်ပါသလား။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ !

လူများစွာ၏ မျက်နှာများတွင်လဲသံသယများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် အခန်းအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော တန်မင်းယွင် ကိုတွေ့လိုက်သောအခါတွင်၊ တန်မင်း​ယွင်၏အသားရောင်သည်သွေးရောင်လွှမ်းနေပြီးနိုးနေတာကိုတွေ့တော့အားလုံးက အလွန်စိတ်လှုပ်ရှားသွားကြသည်။

အိပ်ရာနိုးသည်!

တကယ်နိုးလာနေတာပဲ။

“ဖေဖေ၊ နိုးတာ ကောင်းတယ်!”

“အရမ်းကောင်းသည်!”

“ဆရာကြီး...”

…………

တန်ဟွမ် က ကမန်းကတန်း ရှေ့ကို လှမ်းပြီး “အဖေ၊ မင်း အဆင်ပြေရဲ့လား”

တန်မင်းယွင် က “ငါ တော်တော် အဆင်ပြေတယ်လို့ခံစားရတယ်” ဟု ပြောလိုက်သည်။

ပြတ်သားသော အတွေးများ၊ တည်ငြိမ်ပြီး အားကောင်းသော အသံ။

တန်ခိုင်က သူ့ဘေးနားက ဆရာဝန်ကို “မြန်မြန်သွားပြီးငါ့အဖေရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးကြည့်ပေးပါအုံး”

ဆရာဝန်သုံးယောက်က ‘’ဟုတ်ကဲ့’’ဟုပြန်ဖြေပြီးနောက်ရှေ့ကို တိုးလာကာ သွေးခုန်နှုန်း.....ကိုစမ်းလိုက်ကြသည်။

မကြာမီ သူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး သူတို့၏မျက်နှာများသည် မယုံနိုင်သောအမူအရာများဖြင့်ပြည့်နှက်နေသည်။

တန်ခိုင် က စိုးရိမ်တကြီးလေသံဖြင့်”အဘိုးကြီး ဘယ်လိုနေလဲ၊ မင်းတို့စကားပြောကြ

လေ”

ထိုမှသာ ထိပ်ပြောင်သောဆရာဝန်က တုံ့ပြန်ပြီး “အခြေအနေ... အခြေအနေအရမ်းကောင်းတယ်! ဒါပေမယ့်... ပိုပြီးအသေးစိတ်စစ်ဆေးတာ အကောင်းဆုံးပါပဲ...”

ဆရာဝန်၏ ကတိပြုချက်ကြောင့် တန်မိသားစုမှ လူတိုင်း ပိုမိုပျော်ရွှင်လာကြသည်။

တစ်ချိန်တည်းမှာပင် အားလုံးက လင်းဖန်ကိုကြည့်ပြီး အံ့သြနေကြသည်။

တန်မင်းယွင်က “လူအိုကြီးဇောင် မင်းက ငါ့အရိုးဟောင်းအတွက် ပေကျင်းကနေ ဒီကိုပြေးလာရတဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရတယ်”

ဇောင်တန် က “မင်းနဲ့ငါကြားမှာ ဒီလောက် ယဉ်ယဉ်ကျေးကျေး လုပ်နေစရာလိုလို့လား”

“ဟုတ်ငါးပဲ...” တန်မင်းယွင် ခေါင်းညိတ်ပြီးပြောသည်။

လူအုပ်ကြီးသည် အခန်းထဲတွင် အကြာကြီးမနေကြပေ။

ပထမအနေနဲ့ ဆရာဝန်သည် တန်မင်းယွင်ကို ထပ်မံစစ်ဆေးရန် လိုအပ်သည်။

ဒုတိယအနေနဲ့ တန်မင်းယွင်သည်အခုမှနိုးလာသောကြောင့်အနားယူဖို့ လိုလေသည်။

အဲဒီည……

လင်းဖန်၊ လင်းယန်၊ ဇောင်တန်နှင့် အခြားသူများသည်တန်မိသားစု၏ ဖိတ်ကြားချက်အရ တောင်ထိပ်ရှိ ဗီလာတွင် နေထိုင်ခဲ့ကြသည်။

အလွန်ဆူညံနေသော မြို့လယ်ရှိ ပန်နီလာဟိုတယ်နှင့် မတူပပေ။

တောင်ပေါ်ရှိ ဗီလာသည် ဆိတ်ငြိမ်သော တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိပြီး ကောင်းကင်မျှော်ကြည့်သောအခါတွင် ပြိုးပြိုးပြက်ပြက်ရှိသော ကြယ်များကို မြင်တွေ့နိုင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့သို့ရောက်သွားလေသည်။

လင်းဖန်နှင့် လင်းယန်တို့သည် အောက်ထပ်သို့ ဆင်းလာသောအခါ အဘိုးကြီးနှစ်ယောက်ဖြစ်သော တန်မင်းယွင် နှင့် ဇောင်တန် တို့သည် ခြံဝင်းထဲတွင် ထိုင်ကာ ရယ်စရာစကားများပြောကာ ရံဖန်ရံခါ ရယ်မောနေကြသည်။

လင်းဖန်ကိုမြင်ပြီးနောက် တန်မင်းယွင် က စိုးရိမ်သောလေသံဖြင့်”မင်း အိပ်တာဘယ်လိုနေလဲ”

လင်းဖန်က “လေက လတ်ဆတ်ပြီး ရှုခင်းက လဲကောင်းတယ်၊ပြီးတော့အရမ်း သက်တောင့်သက်သာရှိတယ်။ အဘိုးကြီးမင်းက နေရာရွေးတေည်တာပဲ” လို့လင်းဖန်က ပြောလိုက်သည်။

“တကယ်လား? မင်းကြိုက်ရင်ဆန့်ကျင်ဘက်တောင်ပေါ်မှာ နောက်တစ်အိမိရှိသေးတယ်၊ ဒါကိုမင်းကို ငါပေးလိုက်မယ်။” တန်မင်းယွင်က ပြောသည်။

တောင်ပေါ်ရှိ ဗီလာကို တိုက်ရိုက်ပေးနေသည်။

မင်းသိပါတယ်၊ တောင်ထိပ်အိမ်ကြီးတစ်လုံးရဲ့စျေးနှုန်းက ယွမ်ဘီလီယံနဲ့ချီပြီးရှိလေသည်။

ဒီလိုစျေးရှိတာတောင်ရောင်းမယ့်အိမ်ကမရှိပေ။

ပြီးတော့ဒီလိုအိမ်ကိုပိုက်ဆံရှိရင်တောင်ဝယ်လို့ရတဲ့အရာမဟုတ်ပေ။

လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “မေ့လိုက်ပါ၊ ငါ ဟောင်ကောင်ကျွန်းကို လာခဲတယ်” လို့ပြောလိုက်သည်။

“လာခဲတယ်ဆိုတာကမလာဘူးလို့ဆိုလိုတမှမဟုတ်ပဲ၊လက်ထဲမှာမရှိတာထက်စာရင်၊ရှိတာကပိုမကောင်းဘူးလား’’ တန်မင်းယွင် ပြောသည်။

သူ့ဘေးက ဇောင်တန်က ပြုံးပြီး “လင်းဖန်၊ လက်ခံလိုက်ပါ။ ဒါက အိမ်ကြီးတစ်ခုပဲလေ”

လင်းဖန်သည် ထိုစကားကိုကြားသောအခါ သူမငြင်းဆန်တော့ပေ။

လင်းယန်သည် ၎င်းကို အလွန်နှစ်သက်ပုံရသည်။

“ကောင်းပြီ ဒါဆို ငါလက်ခံလိုက်ပါ့မယ်” လင်းဖန်က ပြောသည်။

တန်ဟွမ်သည်အလှလေးတစ်ယောက်နဲ့အတူဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

တန်မင်းယွင်က “ တန်ဟွမ်မင်းဗီလာနံပါတ်6 ကိုလင်းဖန်ကိုပြောင်းဖို့ လုပ်ပါ”

“ကောင်းပြီ။” တန်ဟွမ်က ပြောလိုက်သည်။

ဗီလာနံပါတ် 6 က အရမ်းတန်ဖိုးရှိသည်။

သို့သော် တန်မင်ယွမ်၏ ကံကြမ္မာနှင့် နှိုင်းယှဥ်ကြည့်လျှင် လုံးဝ အရေးမပါတော့ပေ။

တန်မင်းယွင်၏ ဆေးစစ်ဆေးရေးရလဒ်ထွက်ပေါ်လာပြီဖြစ်သည်။

သူ့ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။

အဲ့အပြင်ခန္ဓာကိုယ်တန်ဖိုးသည် ရောဂါမဖြစ်မီကထက် ပိုကောင်းလာသည်။

ဒါတွေကလင်းဖန်ကြောင့်ဆိုတာသူတို့သိလေသည်။

ထို့ကြောင့် တန်ဟွမ်က တွန့်ဆုတ်မနေပေ။

“ နီမင်းလား” သူတို့ဘေးတွင် ရပ်နေချိန်တွင် စကားမပြောသည့် လင်းယန် သည် ရုတ်တရက် အံ့အားသင့်စွာ အော်ပြောလိုက်သည်။

ဂုဏ်သိက္ခာရှိပြီး ချောမောလှပသော အမျိုးသမီးက ပြုံးပြီး “ဒါက ငါပဲ” လို့ ပြောလိုက်သည်။

လင်းယန်က ဒါကိုကြားပြီး စိတ်လှုပ်ရှားစွာနဲ့ “ နီမင်း၊ ငါက မင်းရဲ့အမာခံတစ်ယောက်ပါ။ မင်းရဲ့ “စပရင်း” နဲ့ “ဖောစီစင်” အယ်လ်ဘမ်တွေကို ငါအကြိုက်ဆုံးပဲ”

ဤစကားသည် လင်းယန်၏ နှလုံးသားမှ ထွက်ပေါ်လာသောစကားဖြစ်သည်။

ဘားမှာ အဆိုတော် ဖြစ်ချင်ရတဲ့ အကြောင်းရင်း အများစုကတော့ နီမင်းရဲ့ လွှမ်းမိုးမှုကြောင့်ပင်ဖြစ်သည်။

သူမသည် နီမင်းကဲ့သို့ ခမ်းနားသော ဖျော်ဖြေပွဲများတွင် သီချင်းဆိုရန် စိတ်အားထက်သန်နေပြီး မရေမတွက်နိုင်သော လူများ၏ လက်ခုပ်သံကိုလဲရရှိချင်သည်။

နောက်ပိုင်းတွင် နီမင်းသည် ဖျော်ဖြေရေးအသိုင်းအဝန်းမှ ရုတ်တရက် နုတ်ထွက်ခဲ့သည်။အဲ့ကစပြီးသူမကိုမတွေ့ရတော့ပေ။

ယခုအချိန်တွင် သူမကိုတန်မိသားစုတွင်တွေ့လိုက်ရသည်။

All Chapters